News @ M-Media

Tag: EPL 2016-2017

  • ကစားသမားတိုင်းကို ယုံကြည်မှုရှိသည်ဟု ချယ်ဆီးနည်းပြပြော

    ကစားသမားတိုင်းကို ယုံကြည်မှုရှိသည်ဟု ချယ်ဆီးနည်းပြပြော

    ဧပြီ ၂၃၊ ၂၀၁၇
    M-Media

    – မိမိအနေဖြင့် ကစားသမား တစ်ဦးစီတိုင်းကို ယုံကြည်မှုရှိပြီး၊ ၎င်းတို့အားလုံးမှာ အသင်း၏ အစိတ်အပိုင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်သည်။

    ယမန်နေ့ ၀င်ဘလေကွင်းတွင် FA ဖလား ဆီးမီးဖိုင်နယ်အဖြစ် စပါးအသင်းအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ကွန်တီမှာ အဓိကကစားသမားများကို အနားပေးကာ ပြီးခဲ့သည့်နှစ်က မာဆေးလ်မှ ရောက်ရှိလာပြီး ပရီးမီးယားလိဂ်တွင် ပွဲထွက်ခွင့် မရသေးသည့် မီချီ ဘတ်ရှူဝါယီ၊ အကယ်ဒမီမှ လူငယ်ကစာသမား နသန် အေကီ၊ ပရီးမီးယားလိဂ်တွင် ပုံမှန်မကစားရသည့် ၀ီလီယံတို့ အပါအ၀င် အရန်ကစားသမားများကို ပွဲထွက်ခဲ့သည်။

    ချယ်ဆီးအသင်းမှာ စပါးအသင်းကို အကောင်းဆုံး ဦးဆောင်ကစားသွားနိုင်ခဲ့ပြီး ၀ီလီယံ၊ ဟဇာ့ဒ်နှင့် မာတစ်တို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ပရီးမီးယားလိဂ်တွင်လည်း ချယ်ဆီးမှာ စပါးအင်းအား ၄ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ကွန်တီကမူ ကစားသမားများကို ချီးကျူးခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အယူအဆ၊ ကစားပုံမှာ ကစားသမားအားလုံး ပါဝင်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော် ကျေနပ်ရမှာပါ။ ဒီလိုအချိန်မှာ ဒီပွဲဟာ တော်တော်လေး အရေးပါပြီး ကစားသမားတိုင်းကလည်း သူတို့ဟာ ဒီစီမံကိန်းရဲ့ အစိတ်အပိုင်းအဖြစ် ခံစားရမှာပါ”ဟု ကွန်တီက ပြောကြားခဲ့ပြီး ကစားသမားတိုင်းကို ယုံကြည်မှုရှိသည်ဟုလည်း ဆိုသည်။

    Ref: Goal

  • တယ်ရီမှာ ပရီးမီးယားလိဂ်တွင် အကြီးကျယ်ဆုံးဟု လမ်းပတ်ပြော

    တယ်ရီမှာ ပရီးမီးယားလိဂ်တွင် အကြီးကျယ်ဆုံးဟု လမ်းပတ်ပြော

    ဧပြီ ၁၈၊ ၂၀၁၇
    M-Media

    – ချယ်ဆီးအသင်း၏ အသင်းခေါင်းဆောင် ဂျွန်တယ်ရီမှာ ပရီးမီးယားလိဂ်သမိုင်းတွင် အကြီးကျယ်ဆုံး နောက်ခံလူတစ်ဦးဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျရှိ ‘မယုံလောက်စရာ ခေတ်ကာတစ်ခု၏ နောက်ဆုံးကျန်ရှိသောသူ’ ဟု အသင်းဖော်ဟောင်း လမ်းပတ်က ချီးကျူးလိုက်သည်။

    ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းပြည့်မည့် အသက် ၃၆ နှစ်အရွယ် တယ်ရီမှာ အသင်းမှ ထွက်ခွာတော့မည်ဟု ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ယခင်က လမ်းပတ်နှင့်တွဲ၍ အသင်း၏ အဓိကကစားသမားအဖြစ် ၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၀၉-၁၀ တို့တွင် ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့သည့် တယ်ရီမှာ နည်းပြကွန်တီလက်ထက်တွင် အသင်း၌ ရံဖန်ရံခါမှသာ ပါဝင်ကစားရသည်။

    ပရီးမီးယားဖလား ၄ ကြိမ်၊ FA ဖလား ၅ ကြိမ်၊ EFL ဖလား ၃ ကြိမ်၊ ချန်ပီယလိဂ်နှင့် ယူရိုပါလိဂ်တစ်ကြိမ်စီ ရရှိထားသည့် တယ်ရီကို လမ်းပတ်က Instagram တစ်ဆင့် ချီးကျူးခဲ့ပြီး၊ တယ်ရီနှင့် တွဲကစားရသည့်အတွက် ဂုဏ်ယူမိသည်ဟု ဆိုသည်။

    “သူဟာ အရင်တုန်းက ဂန္တ၀င်ကစားသမား ဖြစ်ခဲ့သလို၊ အခုလည်း ဖြစ်နေဆဲပါ။ သူ့ရဲ့ ပါရမီသာကမဘဲ သူကိုယ်တိုင်နဲ့ သူရဲ့ ၀န်းကျင်မှာရှိတဲ့ ကစားသမားတွေအတွက် အကောင်းဆုံးကို လိုလားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒ့ါကြောင့်ပဲ အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံး အသင်းခေါင်းဆောင် ဖြစ်ခဲ့တာပါ။ ကွင်းပြင်ပမှာတော့ သူဟာ ကျွန်တော့်အတွက် အသင်းကလူတွေအတွက်၊ အသင်းပြင်ပကလူတွေအတွက် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ပါတယ်” ဟု လမ်းပတ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ချယ်ဆီးတွင် ကာလရှည်နေသွားရန် ကွန်တီ ဆန္ဒရှိနေ

    ချယ်ဆီးတွင် ကာလရှည်နေသွားရန် ကွန်တီ ဆန္ဒရှိနေ

    ဧပြီ ၁၆၊ ၂၀၁၇
    M-Media

    – ပရီးမီးယားလိဂ်ဖလား ရရှိရန် အခြေအနေကောင်းနေသည့် ချယ်ဆီးအသင်း၏ နည်းပြ ကွန်တီက မိမိအနေဖြင့် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကာလရှည် နေထိုင်သွားရန် ဆန္ဒရှိနေသည်ဟု ပြောကြားလိုက်သည်။

    ဧပြီလ ၁၂ ရက်နေ့က အသင်းနှင့် ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့သည့် ကွန်တီမှာ ၎င်း၏ ပထမဆုံး ရာသီမှာပင် အသင်းအား ရလဒ်ကောင်းများ ဆောင်ကျဉ်းပေးနိုင်ခဲ့ပြီး လက်ရှိတွင် ဒုတိယနေရာမှ စပါးအသင်းကို ၇ မှတ်ဖြတ်ကာ ဇယားကို ဦးဆောင်နေသည်။

    အီတလီဇာတိဖြစ်သည့် ကွန်တီကို Suning Group လုပ်ငန်းလက်အောက် ရည်မှန်းချက်ကြီးလာသည့် အင်တာမီလန်အသင်းက ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေပြီး ကွန်တီကမူ ချယ်ဆီးတွင် ဆက်ရှိနေမည်ဟု ဆိုသည်။

    “ဒီမှာ အချိန်အကြာကြီး ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ နည်းပြတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ပြီးတော့ ရလဒ်ပေါ်မှာလည်း အများကြီး မှီခိုနေပါတယ်” ဟု ကွန်တီက Sky Sports သို့ ပြောကြားခဲ့သည်။

    ထို့ပြင် လုံးဝကွဲပြားခြားနားသည့် အခြေအနေတစ်ခု ဖြစ်သောကြောင့် ချယ်ဆီးသို့ စတင်ရောက်ရှိစဉ်အခါက စိုးရိမ်မိခဲ့ကြောင်း၊ မိမိ၏ အယူအဆနှင့် ကစားသမားများ အံဝင်ခွင့်ကျဖြစ်ရန်အတွက် အချိန်အနည်းငယ် ယူခဲ့ရပြီး ကစားသမားများထံမှ စိတ်နှစ်မြှုပ်မှု၊ ကြိုးစားအားထုတ်မှုကို ရရှိခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: Goal

  • ထုတ်ပယ်ခံရမှုအတွက် လက်စတာကစားသမားများကို ရာနီယေးရီ အပြစ်မတင်

    ထုတ်ပယ်ခံရမှုအတွက် လက်စတာကစားသမားများကို ရာနီယေးရီ အပြစ်မတင်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    – ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းမှ မကြာသေးမီက ထုတ်ပယ်ခံလိုက်ရသည့် ကလော်ဒီယို ရာနီယေးရီက ကစားသမားများ၏ သစ္စာဖောက်မှုကြောင့် ယခုကဲ့သို့ ထွက်ခဲ့ရသည်ဆိုသည့် ပြောကြားမှုများကို ငြင်းဆိုလိုက်သည်။

    ပြီးခဲ့သည့် ဘောလုံးရာသီတွင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ရလဒ်မကောင်းခဲ့သောကြောင့် ရာနီယေးရီမှာ ဖေဖော်ဝါရီလတွင် ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။

    ထိုအချိန်ကတည်းကစ၍ ရာနီယေးရီမှာ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးခဲ့သော်လည်း ကစားသမားများ၏ သစ္စာဖောက်မှုကြောင့် ယခုအခြေအနေအထိ ဖြစ်သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ရာနီယေးရီကမူ ထိုသတင်းများကို ယမန်နေ့တွင် Sky Sport ၏ တွေ့ဆုံမေးမြန်းမှု၌ ငြင်းဆိုခဲ့သည်။

    “နိုး ကျွန်တော် မယုံကြည်ပါဘူး။ ကစာသမားတွေက ကျွန်တော့်ကို ချောက်ချလိုက်တယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ နိုး နိုး နိုး။ ကစာသမားတွေက ရေကုန်ရေခမ်း မကစားတာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပါ ဘာ့ကြောင့်လည်းဆိုတော့ အခြားပြဿနာတွေလည်း ရှိတာကိုး ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    သို့သော်လည်း အသင်းက ၎င်းက ထောက်ခံအားပေးသည်ဆိုသည့် ကြေငြာချက်ထုတ်ပြန်ပြီး နှစ်ပတ်အကြာမှာပင် ရာထူးမှ ထုတ်ပယ်ခံရမှုကို တုန်လှုပ်မိခဲ့ကြောင်း ၎င်းက ဖွင့်ဟခဲ့သည်။

    Ref: Telegraph

  • နံပါတ် ၇ ဂျာစီ ၀တ်ဆင်မှု အကြောင်းအရင်းကို ရော်နယ်ဒိုဖွင့်ဟ

    နံပါတ် ၇ ဂျာစီ ၀တ်ဆင်မှု အကြောင်းအရင်းကို ရော်နယ်ဒိုဖွင့်ဟ

    ဧပြီ ၄၊ ၂၀၁၇
    M-Media

    – မိမိ ကျောနံပါတ် ၇ ဂျာစီကို ၀တ်ဆင်ရတဲ့ အကြောင်းအရင်းက မန်ယူနည်းပြဟောင်း ဆာ အဲလက်စ်ဖာဂူဆန်ကြောင့် ဖြစ်တယ်လို့ ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။

    အိုးထရက်ဖို့ဒ်ကို စရောက်တဲ့အချိန်မှာ “ဒီမှာကြည့် – မင်းကို နံပါ ၇ အင်္ကျီ ၀တ်စေချင်တယ်” လို့ ဖာဂူဆန်က ပြောကြားခဲ့တာပါ။

    “ကျွန်တော် အံ့အားသင့်သွားတယ်ဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီဂျာစီကို ၀တ်ခဲ့တဲ့သူတွေအားလုံးက ကြီးကျယ်တဲ့ကစားသမားတွေပဲ မဟုတ်လား” လို့ ရော်နယ်ဒိုက မနေ့က အခမ်းအနားတစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။

    ရီးယဲလ်မက်ဒရစ်ရောက်သွားတဲ့အချိန်မှာ ဘောလုံးလောကရဲ့ အထွတ်အထိပ်ကို ရောက်ခဲ့တာ မှန်ပေမယ့် အင်္ဂလန်မှာကတည်းက ကြီးကျယ်တဲ့ ကစားသမားတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ပထမဆုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရခဲ့ပါတယ်။

    “အိုးထရက်ဖို့ဒ်ဟာ ကျွန်တော့်ရဲ့ အောင်မြင်တဲ့အဆင့်တစ်ခုရဲ့ အစပါ။ အဲဒီမှာ ဘောလုံးကျွမ်းကျင်မှုသာမက၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်း တိုးတက်ခဲ့ပါတယ်။ အဲဒီမှာကစားခဲ့တဲ့ ၅ နှစ်အတွင်း ဘောလုံးရဲ့ အနုပညာကို ကျွန်တော် သင်ယူနိုင်ခဲ့တယ်။ အသင်းနဲ့အတူ ဖလားတွေလည်း အများကြီး ရခဲ့ပါတယ်။ ဒါဟာ က
ျွန်တော့်အတွက် အိပ်မက်တစ်ခု ပါပဲ” လို့ ရော်နယ်ဒိုက ဆိုပါတယ်။

    Ref: Goal