News @ M-Media
Tag: EPL 2016-2017
  • ရိုင်းစိုင်းသည့် မှတ်ချက်ကြောင့် မန်ယူနည်းပြဟောင်း မိုယက်စ် တရားစွဲခံရ
    ရိုင်းစိုင်းသည့် မှတ်ချက်ကြောင့် မန်ယူနည်းပြဟောင်း မိုယက်စ် တရားစွဲခံရ
    ဧပြီ ၂၆၊ ၂၀၁၇
    M-Media
    – မန်ယူနည်းပြဟောင်းဖြစ်ပြီး လက်ရှိတွင် ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်နေသည့် နည်းပြ ဒေးဗစ်မိုယက်စ်မှာ BBC သတင်းထောက်ကို စော်ကားပြောဆိုခဲ့သည့်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ တရားစွဲဆိုမှုကို ခံခဲ့ရသည်ဟု သိရသည်။
    မတ်လအတွင်းက ဘန်လေအသင်းနှင့် သရေကျခဲ့သည့်ပွဲတွင် သတင်းထောက် ဗီကီ စပါ့က်က ဆန်းဒါးလန်းအသင်း၏ ပိုင်ရှင် အီလစ်ရှော့ ရှိနေမှုမှာ ၎င်းအပေါ် ပို၍ ဖိအားဖြစ်စေသည်လားဟု မေးမြန်းရာ မိုက်ယက်စ်က ‘နိုး’ ဟု ဖြေကြားခဲ့သည်။
    သို့သော်လည်း အင်တာဗျူးအပြီးတွင် စပါ့က်အနေဖြင့် အမျိုးသမီးဖြစ်သော်လည်း ထိုမေးခွန်းအတွက် ‘ပါးရိုက်ခံရနိုင်ကြောင်း’၊ နောက်တစ်ကြိမ် လာရောက်မေးမြန်းသည့်အခါတွင် သတိထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ထိုမှတ်ချက်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီး မိုယက်စ်ကမူ နောက်ပိုင်းတွင် ထိုသို့ ပြောဆိုခဲ့မှုအတွက် နောင်တရမိကြောင်း ပြောကြားခဲ့သည်။
    FA ၏ ကြေငြာချက်တွင် ၎င်း၏ အဆိုပါ မှတ်ချက်မှာ မသင့်လျော်ပဲ၊ ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်ပြိုင်ပွဲအား သိက္ခာကျစေကြောင်း ဖော်ပြခဲ့သည်။ မိုယက်စ်မှာ ဧပြီလ ၂၆ ရက် (ယနေ့တွင်) တရားစွဲဆိုမှုအား ရင်ဆိုင်ရမည်ဖြစ်သည်။
    Ref: BBC
  • ငွေကြေးမသမာမှုအတွက် ပရီးမီးယားလိဂ်အသင်းတစ်ချို့ စီးနင်းမှု ခံရ
    ငွေကြေးမသမာမှုအတွက် ပရီးမီးယားလိဂ်အသင်းတစ်ချို့ စီးနင်းမှု ခံရ
    ဧပြီ ၂၆၊ ၂၀၁၇
    M-Media
    – ငွေကြေးမသမာမှုများနှင့် ပတ်သက်၍ နယူးကာဆယ်နှင့် ၀က်စ်ဟမ်းအသင်းတို့၏ ကွင်းများကို ယူကေအာဏာပိုင်များက ၀င်ရောက်စီးနင်းခဲ့ပြီး လူအများအပြားကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။
    ယူကေ အခွန်ဆိုင်ရာ အာဏာပိုင်အဖွဲ့ HMRC က ၎င်းတို့၏ တပ်ဖွဲ့ဝင် ၁၈၀ ကို ယူကေနှင့် ပြင်သစ်တို့တွင် တပ်ဖြန့်ချထားပြီး ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းများတွင် အလုပ်လုပ်နေသူ အမျိုးသားအများအပြားကို ဖမ်းဆီးထားသည်ဟု ပြောကြားခဲ့သည်။
    ထိုအဖွဲ့မှာ အင်္ဂလန် အရှေ့မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ဘောလုံးကွင်းများသို့လည်း ၀င်ရောက် စီးနင်း ရှာဖွေခဲ့သည်။
    ပြီးခဲ့သည့်နှစ်က တန်းဆင်းသွားခဲ့ပြီးနောက် တနင်္လာနေ့က ပရီးမီးယားလိဂ်သို့ ပြန်လည်တက်ရောက်ခွင့် ရရှိခဲ့သည့် နယူးကာဆယ်အသင်း၏ စိန့်ဂျိမ်းစ်ပါ့ခ် ကွင်းမှာလည်း ၀င်ရောက်စီးနင်း ခံခဲ့ရသည်။
    Ref : BBC
  • တစ်နေ့တွင် အာဆင်နယ်မှ ထွက်ခွာမည်ဟု ၀င်းဂါးပြော
    တစ်နေ့တွင် အာဆင်နယ်မှ ထွက်ခွာမည်ဟု ၀င်းဂါးပြော
    ဧပြီ ၂၄၊ ၂၀၁၇
    M-Media
    – နောက်ဆုံးတစ်နေ့တွင် အသင်းမှ ထွက်ခွါသွားမည်ဖြစ်ပြီး အာဆင်နယ်အသင်းမှာ ကြီးကျယ်သည့် အသင်းအဖြစ် ကျန်ရှိနေမည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အသင်း၏ ရလဒ်များ ဆိုးရွားမှုကြောင့် ၀င်းဂါးအပေါ် ပရိတ်သတ်များ၏ ဆန့်ကျင်မှုများလည်း ရှိနေပြီး၊ ၎င်းကမူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
    “အသင်းက အင်မတန်ခိုင်မာတဲ့ အနေအထားမှာ ရှိနေတယ်။ အခြေအနေအားလုံးမှာ ကျွန်တော်တို့ဟာ တော်တော်လေး ခိုင်မာနေပြီး၊ တောင့်တင်းတဲ့အသင်းလည်း ဖြစ်ပါတယ်။ တစ်နေ့မှာ ကျွန်တော် အသင်းက ထွက်ခွါသွားမှာပါ။ အာဆင်နယ်အသင်းဟာ လူတိုင်းလေးစားရတဲ့ ကြီးကျယ်တဲ့အသင်းတစ်သင်းအဖြစ် ဆက်ရှိနေမယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ယမန်နေ့က FA ဖလား ဆီမီးဖိုင်နယ်ပွဲတွင် အချိန်ပို၌ မန်းစီးတီးအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့မှာ အလွန်ခက်ခဲသည့် ကာလတစ်ခုကို ဖြတ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ညီညွတ်သည့် တုန့်ပြန်မှုကိုလည်း ပြသခဲ့ပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
    Ref : Goal
  • PFA တစ်နှစ်တာအကောင်းဆုံးဆု ချယ်ဆီးကွင်းလယ်လူ ကန်တီ ရရှိ
    PFA တစ်နှစ်တာအကောင်းဆုံးဆု ချယ်ဆီးကွင်းလယ်လူ ကန်တီ ရရှိ
    ဧပြီ ၂၄၊ ၂၀၁၇
    M-Media
    – ချယ်ဆီးအသင်း၏ ကွင်းလယ်လူ အန်ဂိုလို ကန်တီမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း (PFA) မှ ရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည်ဟု သိရသည်။
    အသက် ၂၆ နှစ်အရွယ် ကန်တီမှာ လက်စတာစီးတီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့် ယမန်နှစ်ကလည်း အဆိုပါဆု၏ ဇကာတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထိုစဉ်က အသင်းဖော် ရီယာ့ဒ် မဟ်ရက်ဇ်က ရရှိခဲ့သည်။
    ယခုနှစ်တွင်မူ ကန်တီမှာ အသင်းဖော် ဟဇာ့ဒ်၊ မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ အဲဗာတန်တိုက်စစ်မှူး လူကာကူ၊ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။
    ကန်တီမှာ အမှတ်ပေးဇယားအား ဦးဆောင်နေသည့် ချယ်ဆီးအသင်း၏ အဓိက မောင်းနှင်အားဖြစ်ပြီး မတူညီသော အသင်းများနှင့် ပရီးမီးယားလိဂ်ဖလားကို ရရှိသည့် ပထမဆုံး ကစားသမား ဖြစ်လာရန် မျှော်လင့်နိုင်သည့် အနေအထားတွင် ရှိနေသည်။
    PFA ၏ လူငယ်ကစားသမားဆုကို စပါးမှ ဒဲလီအလီ၊ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို မန်ယူမှ လူစီ ဘရုန်းဇ်က ရရှိခဲ့သည်။ ဘရုန်းဇ်မှာ ၂၀၁၄ ခုနှစ်ကလည်း ဘာမင်ဂမ်အသင်းနှင့်အတူ ထိုဆုကို ရရှိခဲ့ဖူးသည်။
    အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းမှာ ပရီးမီးယားလိဂ်အပေါ် ကူညီခဲ့မှုများအတွက် Merit ဆုကို ရရှိခဲ့သည်။ ဆုပေးပွဲကို ယမန်နေ့က လန်ဒန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
    Ref: ESPN
  • အာရွန်ရမ်ဆေးကို ၀င်းဂါးက လမ်းပတ်နှင့် ခိုင်းနှိုင်း
    အာရွန်ရမ်ဆေးကို ၀င်းဂါးက လမ်းပတ်နှင့် ခိုင်းနှိုင်း
    ဧပြီ၊ ၂၃၊ ၂၀၁၇
    M-Media
    – အသင်း၏ ကွယ်လယ်သူ အာရွန်ရမ်ဆေးကို အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးလိုက်ပြီး ကြံ့ခိုင်မှု ပြည့်ဝနေပါက ချယ်ဆီးကွင်းလယ်ကစာသမားဟောင်း လမ်းပတ်ကဲ့သို့ ဖြစ်လာမည်ဟုလည်း ဆိုသည်။
    ၂၀၁၃-၁၄ နှင့် ၂၀၁၄-၁၅ ဘောလုံးရာသီများတွင် ၂၆ ဂိုး သွင်းယူပေးခဲ့သည့် အသက် ၂၆ နှစ်အရွယ် ရမ်ဆေးမှာ ဒဏ်ရာများကြောင့် ယခုနှစ်ပရီးမီးယားလိဂ်တွင် ၈ ပွဲသာ ပါဝင်ကစားခဲ့ရသည်။
    “ရမ်ဆေးဟာ တစ်နှစ်ကို ၁၀ ဂိုးကနေ ၁၅ ဂိုးလောက်အထိ ဂိုးသွင်းမယ့် ကစားသမား ဖြစ်လာမယ်လို့ ကျွန်တော်ခေါင်းထဲမှာ တွေးထားပါတယ်။ သူဟာ ဖရန့်လမ်းပတ်လို ပုံစံမျိုးပါပဲ။ သူဟာ ပြေးအားကောင်းကောင်းနဲ့ ဂိုးဧရီယာထဲကို ၀င်လာတတ်သူမျိုးပါ။ ရုပ်ပိုင်းဆိုင်ရာမှာလည်း သူဟာ သက်လုံကောင်းပြီး ပါဝါမြင့်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် ရမ်ဆေးမှာ ဒဏ်ရာများ ရရှိနေခြင်းအတွက် စိတ်ပျက်မိကြောင်း၊ ၎င်း၏ ဒဏ်ရာများမှာ အသေးစားလေးများဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    အာဆင်နယ်မှာ ယနေ့တွင် FA ဖလား ဆီမီးဆိုင်နယ်အဖြစ် မန်စီးတီးအသင်းနှင့် ကစားရမည်ဖြစ်သည်။ ရမ်ဆေးမှာ ၂၀၁၄ FA ဖလားဖိုင်နယ် ဟူးလ်စီးတီးနှင့်ပွဲတွင် နာကျင်အချိန်ပို၌ အနိုင်ဂိုးသွင်းယူကာ သူရဲကောင်း ဖြစ်ခဲ့ဖူးသည်။
    Ref: Goal