News @ M-Media
Tag: EPL 2017-2018
  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    ဇွန် ၆၊ ၂၀၁၈
    M-Media
    မန်ယူက ခေါ်ယူလိုက်သည့် ပေါ်တိုလူငယ်နောက်ခံလူ ဒါလော့
    ပေါ်တို လူငယ်နောက်ခံလူကို မန်ယူက ပေါင် ၁၉ သန်းဖြင့် ခေါ်ယူ
    =========
    မန်ယူအသင်းဟာ ဥရောပက အကောင်းဆုံး လူငယ်နောက်ခံလူလို့ သမုတ်ခံရတဲ့ ပေါ်တိုကစားသမား ဒီယိုဂို ဒါလော့ကို ပေါင် ၁၉ သန်းနဲ့ ၅ နှစ်စာချုပ် ချုပ်လိုက်ပါတယ်။ ဒါလော့က ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကလပ်အသင်းကို လာရောက်ဖို့ အခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုက ဒါေ
    လာ့ဟာ အင်မတန်ကို ပါရမီရှိတဲ့ လူငယ်ကစားသမားဖြစ်ပြီး အသင်းမှာ ကြီးကျယ်တဲ့ကစားသမားတစ်ယောက် ဖြစ်လာဖို့အတွက် အရည်သွေးအားလုံး ရှိနေတယ်လို့ ဆိုပါတယ်။
    ခရိုအေးရှား ဘောလုံးဂုရု ခြစားမှုဖြင့် ထောင် ၆ နှစ်ကျ
    ===============
    ခရိုအေးရှားဘောလုံးလောကရဲ့ ထိပ်တန်းပုဂ္ဂိုတစ်ဦးဖြစ်သူ ဇဒရာ့ဗ်ကို မာမစ်ဟာ ဒိုင်နမိုဇာဂရဘ်အသင်းရဲ့ အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်စဉ် မသမာတဲ့နည်းလမ်းနဲ့ ပြောင်ရွှေ့ကြေး ယူရိုသန်းချီ ရယူခဲ့မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံလိုက်ရပါတယ်။ မာမစ်ခြစားမှုကိစ္စမှာ ဒိုင်နမိုကစာသမားဟောင်းတွေလည်း တရားစွဲဆိုခံရပြီး ခရိုအေးရှားအသင်းခေါင်းဆောင် လူကာမိုဒရစ်ဟာ တရားခွင်မှာ လိမ်လည်ထွက်ဆိုမှုနဲ့ တရားရင်ဆိုင်နေရပါတယ်။
    ဂျာမနီမှာ ၂၀၁၄ ထက် ပိုကောင်းသည်ဟု တိုက်စစ်မှူး မူလာပြော
    ==============
    ၂၀၁၄ ခုနှစ် ချန်ပီယံဖြစ်ခဲ့တဲ့အသင်းထက် လက်ရှိအသင်းက ပိုကောင်းတယ်လို့ ဂျာမနီအသင်းတိုက်စစ်မှူး သောမတ်စ်မူလာက ပြောကြားလိုက်ပါတယ်။ ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ ဂျာမနီဟာ အာဂျင်တီးနားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့တာပါ။ ၂၀၁၈ ခြေစစ်ပွဲမှာလည်း ဂျာမနီဟာ ၁၀ ပွဲကစား ၁၀ ပွဲစလုံး နိုင်ထားပါတယ်။ မူလာက တစ်ဦးချင်းပိုင်းမှာဆိုရင် သူတို့အသင်းက ပိုကောင်းတယ်ဆိုတာ ငြင်းမရကြောင်း၊ လက်ရှိချန်ပီယံဖြစ်တဲ့ မိမိတို့အသင်းအနေနဲ့ ယုံကြည်မှုအပြည့်အ၀ရှိကြောင်း ပြောကြားခဲ့ပါတယ်။
    ရုရှားတွင် နေးမာတောက်ပမည်ဟု ရီဗယ်ဒို ဟောကိန်းထုတ်
    =============
    ရုရှားကမ္ဘာ့ဖလားမှာ နေးမာဟာ ပိုပြီး တောက်ပလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ဘရာဇီးလ်ဂန္တ၀င်ကစားသမား ရီဗယ်ဒိုက ပြောကြားလိုက်ပါတယ်။ ဘရာဇီးလ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေတာပါ။ ရီဗယ်ဒိုကတော့ ဖိအားတွေဟာ နေးမာအတွက် ကောင်းမွန်တဲ့အရာဖြစ်ကြောင်း၊ ဘရာဇီးလ်အသင်
းသားတိုင်းဟာ ကောင်းကောင်းကစားရမှာကြောင့် နေးမာအနေနဲ့လည်း အားလုံးမျှော်လင့်ထားတဲ့အဆင့်မှာ ကစားနိုင်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: BBC,Goal
  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    ကြာသာပတေးနေ့ ဘောလုံးသတင်းများ
    မေ ၃၁၊ ၂၀၁၈
    M-Media
    အာဆင်ဝင်းဂါး အသင်းသစ်နှင့် မကြာမီပြန်လာမည်
    ================
    ဘောလုံးအပေါ် စွဲလမ်းနှစ်သက်နေတဲ့အတွက် မကြာခင်မှာ ထိပ်တန်းအသင်းကို ပြန်လာချင်တယ်လို့ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ ၀င်းဂါးဟာ အာဆင်နယ်ကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးတဲ့နောက် အခုနှစ်ဘောလုံးရာသီအကုန်မှာ ထွက်ခွာခဲ့တာပါ။ ဒါပေမယ့် အခုလက်ရှိ အလုပ်မရှိတဲ့ အတွက် ပြင်းနေကြောင်း၊ အသင်းသစ်နဲ့ စမ်းသပ်ခွင့်ရမယ့်အတွက် စိတ်လှုပ်ရှားမိကြောင်း၊ မိမိဟာ ဘ၀စာမျက်နှာတစ်ခု ဖွင့်လှစ်ဖို့အတွက် အဆင်သင့်ဖြစ်နေကြောင်း ၀င်းဂါးက မနေ့မှာ ပြောဆိုခဲ့ပါတယ်။
    မန်စီးတီးက တိုက်စစ်နှင့် အလယ်တန်းကစားသမားနှစ်ဦး တစ်ပြိုင်တည်းခေါ်မည်
    ============
    မန်စီးတီးအသင်းဟာ လက်စတာတိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်နဲ့ နာပိုလီအလယ်တန်းကစားသမား ဂျော်ဂင်ဟိုတို့ကို ခေါ်ယူဖို့နီးစပ်နေတယ်လို့ သတင်းထွက်လာပါတယ်။ မဟ်ရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ကုန်ကျဖွယ်ရှိနေပြီး ဂျော်ဂင်ဟိုအတွက်က ၄၂ သန်းရှိမယ်လို့ ခန့်မှန်းရပါတယ်။ မဟ်ရက်ဇ်ဟာ လက်စတာစီးတီးအသင်းအတွက် ၁၇၉ ပွဲ ကစားကာ ၄၈ ဂိုး သွင်းယူပေးခဲ့ပြီး လက်စတာ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ ၂၀၁၆ခုနှစ်မှာ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
    ချယ်ဆီးကွင်းလယ်လူဟောင်းလမ်းပတ် ဒါဘီနည်းပြဖြစ်လာ
    =============
    ချယ်ဆီးကွင်လယ်လူဟောင်း လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။ နည်းပြနေရာအတွက် လျှောက်ထားသူ ၂၀ ထဲကနေ လမ်းပတ်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး အသက် ၃၉ နှစ်အရွယ် လမ်းပတ်ကလည်း သူ့အနေနဲ့ ဒီရာထူးအတွက် အချိ
    န်အတိုင်းအတာတစ်ခုအထိ ဆွေးနွေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: BBC,Goal
  • ၁၆ နှစ်အရွယ်က မျက်ရည်ကြောင့် ကမ္ဘာကျော်အဆင့် တက်လှမ်းနိုင်ခဲ့တဲ့ မိုဟာမက် ဆာလာဟ်
    ၁၆ နှစ်အရွယ်က မျက်ရည်ကြောင့် ကမ္ဘာကျော်အဆင့် တက်လှမ်းနိုင်ခဲ့တဲ့ မိုဟာမက် ဆာလာဟ်
    မေ ၂၆၊ ၂၀၁၈
    M-Media
    ယခုနှစ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနှင့်အတူ တွေ့ရသည့် မိုဟာမက် ဆာလာဟ်
    – ဒီနေ့ည ရီးယဲလ်မက်ဒရစ်နဲ့ကစားမယ့် ချိန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မိုဟာမက် ဆာလာဟ်ဟာ လီဗာပူးလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်လာမှာပါ။
    ပရီးမီးယားလိဂ်မှာ တစ်ရာသီ စံချိန်တင်သွင်းဂိုး ၃၂ ဂိုးသွင်းခဲ့ပြီး အသင်းနဲ့ ထူးခြားဆန်းကြယ်တဲ့ ပွဲဦးထွက်ရာသီကိုရရှိခဲ့တဲ့ သူဟာ ဒီနေ့ညဖိုင်နယ်မှာ ဂိုးသွင်းပေးခဲ့မယ်ဆိုရင်တော့ အခုနှစ် အကောင်းဆုံး ဘောလုံးသမားဆု Balon d’Or ကို ရရှိဖို့ အစောဆုံးရေပန်းစားသူတစ်ယောက် ဖြစ်လာမှာ ဖြစ်ပါတယ်။
    ကလပ်အသင်းပြိုင်ပွဲရဲ့ အမြင့်ဆုံးအဆင့်မှာ သူ့ရဲ့သွင်းဂိုးတွေနဲ့ ရီးယဲလ်ကို ချေမှုန်းနိုင်ခဲ့မယ်ဆိုရင်လည်း ဘယ်သူမှ အံ့သြမှာ မဟုတ်တာ သေချာပါတယ်။ တကယ့်လည်း သူ့အတွက် အံ့သြစရာ မရှိပါဘူး။
    ဒါပေမယ့် အသက် ၁၆ နှစ်အရွယ်မှာ ငိုကြီးချက်မ မဖြစ်ခဲ့ဘူးဆိုရင် ဆာလာဟ်တစ်ယောက် ဒီကနေ့လို ကမ္ဘာ့အကြောက်ရဆုံး တိုက်စစ်မှူးတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။
    ဆာလာဟ်ဟာ အသက် ၁၁ နှစ်အရွယ်မှာ Al-Mokawloon အသင်းမှာ စတင်ကစားခဲ့ပါတယ်။ အသင်းရဲ့ အကယ်ဒမီအကြီးအကဲ ဟမ်ဒီ နူးဟ်က “သူ့ပါရမီက သူဘာလဲဆိုတာ ပြနေတာ” လို့ ပြောကြားခဲ့ပါတယ်။
    ကိုင်ရိုမြောက်ပိုင်းက သူ့ရဲ့ဇာတီ နီဂရီဂ်မှာ ဆာလာဟ်ဟာ အဲဒီအချိန်ကတည်း ဘောလုံးစွမ်းရည်ကြောင့် နာမည်ကျော်နေပါပြီ။
    “တော်တော်ငယ်ငယ်ကတည်းက ပါရမီကို ပြသနိုင်တာကြောင့် ရွာကလူတိုင်းဟာ သူ့အတွက် ကောင်းမွန်တဲ့အနာဂတ်တစ်ခုကို မျှော်လင့်ခဲ့ကြပါတယ်။ ရွာကလည်း သူ့ကြောင့်ပဲ ထင်ရှားခဲ့ပါတယ်” လို့ ဆာလာဟ်ရဲ့ ၀မ်းကွဲညီအစ်ကို ဟာမဒ် ဂါလီက ပြောကြားခဲ့ပါတယ်။
    “သူဟာ သုညကနေ စခဲ့ရပြီး မိသားစုကလည်း တော်တော်ပံ့ပိုးပေးပါတယ်။ Al-Mokawloon မရောက်ခင်ကတည်းက ဥရောပမှာကစားဖို့ သူဟာ အမြဲတမ်း အိပ်မက် မက်ခဲ့တာပါ။ အင်္ဂလိပ်ပရီးမီးယားလိဂ်ကို ရောက်သွားပေမယ့် သူအကြိုက်ဆုံး ကစားသမားတွေက ဇီဒိန်းနဲ့ လူးဝစ် ဖီဂိုတို့ပါ”
    Al-Mokawloon လူငယ်အသင်းမှာ နေရာတစ်နေရာရဖို့အတွက် ဆာလာဟ်ဟာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ဆာလာဟ်ဟာ အစပိုင်းမှာ နောက်ခံဘယ်အစွန်လူအဖြစ် ကစားပြီး အီဂျစ်လက်ရွေးစင်အသင်း အောင်မြင်မှုရတဲ့ ၃-၅-၂ က စားကွက်မှာ တောင်ပံကစားသမားအဖြစ် ကစားပါတယ်။
    နောက်ခံလူအဖြစ်ကစားတဲ့ အဲဒီအချိန်ကတည်းက ဆာလာဟ်ဟာ သွင်းဂိုးတွေကို ဆာလောင်ခဲ့တယ်ဆိုတာ Al-Mokawloon ရဲ့ ယူ-၁၆၊ ယူ-၁၇ နည်းပြ စအစ် အလ် ရှီရှီနီက ပွဲတစ်ပွဲမှာ သိရှိခဲ့ပါတယ်။
    “တော်တော်ကောင်းတဲ့ ENPPI အသင်းနဲ့ အဝေးကွင်းမှာ ကျွန်တော်တို့ အရေးပါတဲ့ပွဲကို ကစားရတယ်။ ၄ ဂိုး ၀ ဆိုတဲ့ လက်ဖျားခါလောက်တဲ့ရလဒ်နဲ့ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး အောင်ပွဲခံနေတဲ့အချိန်မှာ မိုဟာမက်က ဒီသမိုင်းဝင်နိုင်ပွဲမှာ ဂိုးမသွင်းရတဲ့အတွက် ငိုကြွေးခဲ့ပါတယ်”
    “သူဟာ ဂိုးသွင်းဖို့ ဘယ်လောက်တောင် ဆန္ဒပြင်းပြလဲဆိုတာကို ဒီအချက်ကြောင့် ကျွန်တော် သိသွားပါတယ်။ နောက်ခံဘယ်စွန်လူဆိုတဲ့ သူ့နေရာကနေ ပြိုင်ဘက်ရဲ့ဂိုးအထိ ရောက်ဖို့အတွက် သူဟာ​ ရုန်းကန်ကြိုးစားခဲ့ရတာပါ”
    “ဒီကိစ္စဟာ မိုဟာမက် ဆာလာဟ်ရဲ့ ဘောလုံးသမားဘ၀မှာ အလှည့်အပြောင်းတစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပွဲအပြီးမှာ သူနဲ့ကျွန်တော် ဆွေးနွေးခဲ့ပြီး သူ့ရဲ့ မြန်ဆန်တဲ့ပြေးနှုန်း၊ ဂိုးဆာလောင်မှုတွေကို အသုံးချဖို့အတွက် နေရာပြောင်းပေးမယ်လို့ ပြောခဲ့တာကြောင့်ပါ။ မှန်ကန်တဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်။ တိုက်စစ်မှူးနေရာရောက်တဲ့အခါ သူဟာ ယူ-၁၆ နဲ့ ယူ-၁၇ အသင်းတွေမှာ တစ်ရာသီကို ၃၅ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်”
    အဲဒီနောက်မှာတော့ ဆာလာဟ်ဟာ အသင်းကြီးမှာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အသင်းကြီးကို ‘ဇီဇို’ လို့ အမည်ပြောင်ရှိတဲ့ နည်းပြ မိုဟာမက် အဘ်ဒဲလ်အဇစ်က ကိုင်တွယ်တာပါ။ အဘ်ဒဲလ်အဇစ်ဟာ Al-Mokawloon ရဲ့ ယူ-၁၄ အသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး ဆာလာဟ်ရဲ့ စိတ်နှစ်မြှုပ်မှု၊ သင်ယူလိုစိတ်ကို အလွန် အထင်ကြီးခဲ့ပါတယ်။
    “ဆာလာဟ်ဟာ သိပ်ပြီး စည်းကမ်းရှိတဲ့ ကစားသမားပါ။ လေ့ကျင့်ခန်းကို ဘယ်တော့မှနောက်မကျဘူး။ နည်းပြ မိုဟာမက် ရဒ်ဝမ်နဲ့ ကျွန်တော်တို့ဟာ သူရဲ့ပြေးအားကနေ အကောင်းဆုံးရလဒ် ရဖို့အတွက် သီးသန့်လေ့ကျင့်ခန်းအစီအစဉ်ကို ပြုလုပ်ပေးခဲ့ပါတယ်” လို့ ဇီဇိုက ပြောကြားခဲ့ပါတယ်။
    ဆာလာဟ်ဟာ အစပိုင်းမှာ ဘောလုံးကို ခြေထဲမှာ တော်တော်ကြာကြာ ကိုင်ထားတတ်ပြီး ဒီအချက်ကို ပြင်ပေးနိုင်ခဲ့ကြောင်း၊ အသက်ငယ်ပေမယ့် ဘောလုံးရာသီတစ်ခုကို အောင်မြင်စွာ ဖြတ်သန်းခဲ့ကာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာကြောင်း ဇီဇိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ကျွန်တော်ရယ် အသင်းခေါင်းဆောင် မိုဟာမက် အလ် အကွာဘာဝီရယ် သူနဲ့အတူထိုင်ပြီး အသင်းရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ အချိန်ကျပြီလို့ သူ့ကို ပြောခဲ့ပါတယ်။ သူ့ရဲ့ ရို့ကျိုးမှုကို သိနေတဲ့အတွက် သူဘ၀မြင့်သွားမှာကို ကျွန်တော် မစိုးရိမ်ပါဘူး။ အဲဒီစကားဝိုင်းမှာပဲ ကျွန်တော်က ပြည်တွင်းနာမည်ကြီး Zamalek နဲ့ Al Ahly ကို ပြောင်းဖို့လောက်သာမဟုတ်ဘဲ ဥရောပမှာ ကစားဖို့အတွက် ရည်မှန်းချက် ကြီးကြီးမားမားထားဖို့ အကြံပေးခဲ့ပါတယ်”
    ဘေဆယ်မှာခြေစွမ်းပြခဲ့ပေမယ့် မော်ရင်ဟိုရဲ့ချယ်ဆီးမှာ ဆာလာဟ်တစ်ယောက် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် စီးရီးအေမှာ ဖီအိုရင်တီးနား၊ ရိုးမားတို့နဲ့အတူ ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံး တောင်ပံ့ကစားသမားတစ်ဦးအဖြစ် ဂုဏ်သတင်းကျော်ဇော်ခဲ့ပါတယ်။
    လီဗာပူးလ်ကိုအရောက်မှာတော့ သူဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ဆယ်ကျော်သက်ဘ၀က အံ့သြဖွယ် ဂိုးသွင်းနှုန်းကို ပြန်လည်ရရှိနေပြီ ဖြစ်ပါတယ်။
    အခုနှစ်အတွင်း ဆုတံဆိပ်တွေ အများအပြား ရရှိထားပေမယ့် ဆာလာဟ်ဟာ ဘာမှ မပြောင်းလဲပါဘူး။ သူ့ရဲ့ ရို့ကျိုးမှု၊ ပါရမီတွေကြောင့် နီဂရီဂ်မှာ သူရဲကောင်းတစ်ယောက်အဖြစ် ရှိနေဆဲပဲလို့ ၀မ်းကွဲညီအစ်ကိုက ပြောပါတယ်။
    “ဒီကလူတိုင်းက သူ့ကိုချစ်တယ်။ သူဟာ မိသားစုနဲ့ ဇာတိမြေကသူတွေကို ခင်တွယ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူတို့နဲ့ အမြဲတမ်းဆက်သွယ်နေပြီး ဘယ်သူ့အပေါ်မှာမှ မမောက်မာပါဘူး။ အရင်ကအတိုင်းပဲ ယဉ်ကျေးတယ်။ တစ်ဆင့်ပြီးတစ်ဆင့် သူက တွေးတယ်။ အဆင့်တစ်ခုကိုရောက်ပြီဆိုတာနဲ့ နောက်တစ်ဆင့် ထပ်တက်ရမယ်ဆိုတာကို သူ သိပါတယ်။ သူ့ရဲ့ရည်မှန်းချက်က အကန့်အသတ် မရှိပါဘူး” လို့ ဂါလီက ပြောပါတယ်။
    နေရာပြောင်းပေးခဲ့ပြီး ကစားသမားဘ၀ တစ်ခုလုံးကို ပြောင်းလဲစေခဲ့တဲ့ နည်းပြ အလ် ရှီရှီနီအပေါ် အကြွေးတင်နေတဲ့ ဆာလာဟ်အတွက် ဒီနေ့ည ချန်ပီယံလိဂ်အောင်ပွဲဟာ တကယ့်ကို ထူးခြားတဲ့ စတင်မှုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
    Ref: Goal
    (
    Goal.com တွင် ဖော်ပြထားသည့် How teenage tears turned Liverpool’s humble hero Salah into a
    goalscoring superstar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    မေ ၂၃၊ ၂၀၁၈
    M-Media
    အာဆင်နယ်နည်းပြသစ်က အသင်းကို ဥရောပထိပ်သီး ပြန်ဖြစ်ရန် ရည်ရွယ်
    ===========
    အာဆင်နယ်အသင်းကို ဥရောပရဲ့ ထိပ်သီးအသင်းတစ်ခု ပြန်ဖြစ်စေချင်တယ်လို့ နည်းပြသစ် ယူနိုင်း အမ်မရီက သူ့ရဲ့ ဒီကနေ့ပြုလုပ်တဲ့ တရားဝင် ခန့်အပ်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ၀င်းဂါးနေရာကို ဆက်ခံဖို့အတွက် အာဆင်နယ်အသင်းဟာ ဇကာတင် နည်းပြ ၈ ယောက်ထဲကမှ အမ်မရီကို ရွေးချယ်ခဲ့တာပါ။ အမ်မရီက ချ
    န်ပီယံလိဂ်မှ ၂ နှစ်ဆက် ပါဝင်နိုင်ခြင်းမရှိတဲ့နောက်ပိုင်း ပရီးမီးယားလိဂ်နဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း ပြန်ဖြစ်ရေး လုပ်ဆောင်ဖို့ အသင်းအတွက် အလွန်အရေးကြီးတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အမ်ရီဟာ ပီအက်စ်ဂျီနဲ့ ဆီးဗီးလားအသင်းတို့မှာ အောင်မြင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
    မန်ယူအသင်းမှာ ဥရောပတန်ဖိုးအမြင့်ဆုံးအဖြစ် ဆက်ရှိနေဆဲ
    ==============
    မန်ယူအသင်းဟာ ဥရောပမှာ တန်ဖိုးအမြင့်ဆုံး အသင်းအဖြစ် ဆက်ရှိနေတယ်လို့ စီးပွားရေးအုပ် KPMG ရဲ့ မနေ့က ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။ ၂၀၁၅-၁၆ နဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီတွေကို အခြေခံကာ အကျိုးအမြတ်ရရှိမှု၊ ရုပ်သံလွှင့်ခွင့်၊ လူကြိုက်များမှု၊ အားကစားဆိုင်ရာ အလားအလာ၊ ကွင်းတန်ဖိုးတွေကို တွက်ချက်ခဲ့ ရာမှာ မန်ယူအသင်းရဲ့တန်ဖိုးဟာ ယူရို ၃.၂၅ ဘီလီယံ ရှိနေတာပါ။ ဥရောပတစ်ဝှမ်း အသင်းကြီး ၃၂ သင်းကို လေ့လာဆန်းစစ်ခဲ့ရာမှာ ပရီးမီးယားလိဂ်ကလပ် ၆ သင်းဟာ ထိပ်ဆုံး ၁၀ နေရာ ၀င်ခဲ့ပါတယ်။ မန်ယူနောက်မှာ ရီးယဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်၊ မန်စီးတီး၊ အာဆင်နယ်၊ ချယ်ဆီး၊ လီဗာပူးလ်၊ ဂျူဗင်တပ်စ်နဲ့ စပါးတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။
    ==============
    အခုနှစ် အပြောင်းအရွှေ့ရာသီမှာ စံချိန်တင်ငွေကြေး သုံးစွဲသွားမယ်လို့ ၀က်စ်ဟမ်းအသင်းရဲ့ ပူးတွဲပိုင်ရှင် ဒေးဗစ်ဂိုးလ်ဒ်က ပြောကြားလိုက်ပါတယ်။ ၀က်စ်ဟမ်းရဲ့ နည်းပြသစ်အဖြစ် မကြာခင် ခန့်အပ်တော့မယ့် မန်နျူယဲလ် ပယ်လီဂရီနီဟာ အသင်း တန်းဆင်းဇုန်မှာ ရုန်းကန်နေရတာကို ပြောင်းလဲဖို့အတွက် ကစားသမား ၄ ဦးကနေ ၅ ဦးအထိ ခေါ်ယူဖို့ ရှိနေပါတယ်။ ပရိတ်သတ်တွေက အသင်းပိုင်ရှင်တွေ ငွေကြေးမသုံးစွဲမှုအတွက် ဝေဖန်မှုတွေ ရှိခဲ့ပြီး ဂိုးလ်ဒ်က ဒီနှစ်မှာတော့ အရင်နှစ်တွေကနဲ့မတူတဲ့ ငွေကြေးမျိုး သုံးစွဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: BBC
  • သောကြာနေ့ ဘောလုံးသတင်းများ
    သောကြာနေ့ ဘောလုံးသတင်းများ
    မေ ၁၈၊ ၂၀၁၈
    M-Media
    အာဆင်နယ်ကိုကိုင်တွယ်ရန် ကွင်းလယ်လူဟောင်း အာတီတာ သဘောတူ
    ================
    အာဆင်နယ်အသင်းကို ကိုင်တွယ်ဖို့အတွက် ကွင်းလယ်လူဟောင်း အာတီတာဟာ မူအရ သဘောတူလိုက်ပါတယ်။ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်နေတဲ့ အာတီတာဟာ ၀င်းဂါးနေရာကို အစားထိုးဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရေပန်းစားလာခဲ့ပြီး ၀င်းဂါးကိုယ်တိုင်ကလည်း အာတီတာကို ထောက်ခံထားပါတယ်။ အာဆင်နယ်နဲ့ အာတီတာတို့ မူအရ သဘောတူညီချက်ရခဲ့ပေမယ့် လက်မှတ်ရေးထိုးတာ မရှိသေးဘဲ လာမယ့်ရက်ပိုင်းမှာ တရားဝင်ကြေငြာဖို့ ရှိနေပါတယ်။ အာတီတာကို အာဆင်နယ်အသင်းက ၀န်ထမ်းတွေကလည်း ထောက်ခံထားပါတယ်။
    အသင်းအခြေအနေကို FA ဖလားဗိုလ်ပွဲနှင့် သုံးသပ်၍မရဟု မော်ရင်ဟိုပြော
    =================
    မန်ယူအသင်းရဲ့ အခုနှစ်ဘောလုံးရာသီ စွမ်းဆောင်ရည်ကို မနက်ဖြန်ကစားမယ့် FA ဖလား ဗိုလ်လုပွဲရလဒ်နဲ့ ဆုံးဖြတ်လို့မရဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မန်ယူဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့ ရာသီသိမ်းခဲ့ပြီး ၂၀၁၂-၁၃ နောက်ပိုင်း အမြင့်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။ မနက်ဖြန်မှာကစားမယ့် ချယ်ဆီးနဲ့ FA ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်မယ်ဆိုရင် မန်ယူဟာ ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်းမှာပါ။ မော်ရင်ဟိုကတော့ တစ်ပွဲတည်းနဲ့ သူ့အသင်းအခြေအနေကို သုံးသပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
    အင်္ဂလန်အသင်းမှ ချန်လှပ်ခံရမှုအတွက် ဂျိုးဟတ် မကျေနပ်
    =============
    လာမယ့်လ ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းကနေ ချန်လှပ်ခံရမှုကို လက်ခံဖို့ ခက်ခဲတယ်လို့ ၀က်စ်ဟမ်းဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျိုးဟတ်ဟာ အင်္ဂလန်အသင်းအတွက် ၇၁ ပွဲ ကစားပေးထားပြီး ပြီးခဲ့တဲ့ အဓိကပြိုင်တွေမှာ ဆက်တိုက် ပါဝင်ကစားခွင့် ရခဲ့တာပါ။ ဒါပေမယ့် အခုတစ်ပါတ်အတွင်း ထွက်လာတဲ့ နည်းပြဆောက်ဂိတ်ရဲ့ ၂၃ ဦးလူစာရင်းမှာတော့ ချန်လှပ်ခံခဲ့ရပါတယ်။ ဂျိုးဟတ်က ဒီအတွက် မကျေနပ်ဘဲ အသင်းကို သူဘာတွေပေးဆပ်ခဲ့သလဲဆိုတာ သူသာအသိဆုံးလို့ ဆိုပါတယ်။
    ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ရော်နယ်ဒို အကောင်းဆုံးအနေအထားတွင် ရှိနေ
    =================
    မေလ ၂၆ ရက်နေ့မှာကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ရေး တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုဟာ ၁၂၀ ရာခိုင်နှုန်း ရှိတယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ အခုလအစောပိုင်း ဘာစီလိုနာနဲ့ သရေကျခဲ့တဲ့ လာလီဂါပွဲမှာ ရော်နယ်ဒိုဟာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။ ဇီဒိန်းကတော့ မနက်ဖြန်ကစားမယ့် ဗီလာရီးယဲလ်နဲ့ လာလီဂါနောက်ဆုံးပွဲမှာပါ ရော်နယ်ဒို ပါဝင်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: BBC, Goal