News @ M-Media

Tag: EPL 2017-2018

  • မိုဟာမက်ဆာလာဟ်၏ ဘောလုံးကန်ဖိနပ်ကို ဗြိတိသျှပြတိုက်တွင် ပြသမည်

    မိုဟာမက်ဆာလာဟ်၏ ဘောလုံးကန်ဖိနပ်ကို ဗြိတိသျှပြတိုက်တွင် ပြသမည်

    မေ ၁၇၊ ၂၀၁၈
    M-Media

    ဆာလာဟ်၏ ဘောလုံးကန်ဖိနပ်

    – ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်သစ်တင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုနှစ်ဘောလုံးရာသီမှာ သူစီးခဲ့တဲ့ဖိနပ်ကို ဗြိတိသျှပြတိုက်မှာ ပြသသွားမယ်လို့ သိရပါတယ်။

    ဆာလာဟ်ဟာ ပရီးမီးယားလိဂ်မှာ ၃၂ ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့သလို ၃၈ ပွဲကစားတဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ်မှာ သူ ၀တ်ဆင်ကစားခဲ့တဲ့ဖိနပ်ကို ဗြိတိသျှပြတိုက်က အီဂျစ်ဆိုင်ရာပြခန်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။

    “ဒီဖိနပ်က ယူကေမှာအစွမ်းပြခဲ့တဲ့ ခေတ်သစ် အီဂျစ်နာမည်ကျော်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို ပြောပြမှာပါ။ ၂၀ ရာစုနဲ့ ၂၁ ရာစု အီဂျစ်နိုင်ငံရဲ့ နေ့စဉ်ဘ၀အကြောင်းကို ဖော်ကျူးနေမယ့်အရာတွေကို စုဆောင်းရေး ကျွန်တော်တို့ရဲ့ လတ်တလော စီမံကိန်းမှာ ဒီဖိနပ်က အားဖြည့်ပါဝင်မှာပါ” လို့ ပြခန်းစီစဉ်သူ နီးလ် စပန်ဆာက ပြောကြားခဲ့ပါတယ်။

    အီဂျစ်အသင်း ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပွဲ အောင်မြင်မှုမှာလည်း မိုဟာမက် ဆာလာဟ်ဟာ အဓိကအကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

    Ref: BBC

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    မေ ၁၃၊ ၂၀၁၈
    M-Media

    လီဗာပူးလ်တိုက်စစ်မှူးဆာလာဟ် ပရီးမီးယားလိဂ်တွင် သမိုင်းသစ်ရေးထိုး
    =============
    ဘရိုက်တန်ကို ၄ ဂိုး ဂိုးမရှိနဲ့နိုင်တဲ့ ဒီနေ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာ ၁ ဂိုးသွင်းယူပေးခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ ၃၈ ပွဲကစားတဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီဂိုးနဲ့ဆိုရင် ဆာလာဟ်ရဲ့ အခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုးဟာ ၃၂ ဂိုး ရှိလာပြီး ရှီးယားရား၊ ရော်နယ်ဒိုနဲ့ ဆွာရက်ဇ်တို့တင်ထားတဲ့ ၃၁ ဂိုး စံချိန်ကို ကျော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းထားတဲ့ စာရင်းမှာလည်း စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ၃ ဂိုးဖြတ်ကာ ဦဆောင်ထားတာကြောင့် ဆာလာဟ်ဟာ ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ် တစ်နှတာ အကောင်းဆုံးကစားသမားအဖြစ် ဒီကနေ့မှာ ပူပူနွေးနွေး ရွေးချယ်ခံထားရပါတယ်။

    ပရီးမီးယားလိဂ် ရာသီသိမ်းပြီ
    ==============
    ပရီးမီးယားလိဂ် ရာသီနောက်ဆုံးပွဲတွေကို ဒီနေ့မှာ ကစားခဲ့ပြီး ချယ်ဆီးအသင်းဟာ အဆင့် ၅ သာ ရရှိတာကြာင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ကာ ယူရိုပါလိဂ်သာ မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးတို့ အဝေးကွင်းမှာ နယူးကာဆယ်ကို ၃ ဂိုးပြတ်နဲ့ရှုံးတဲ့အချိန် လီဗာပူးလ်က နိုင်ပွဲရခဲ့တာကြောင့် မန်စီးတီး၊ မန်ယူ၊ စပါးနဲ့ လီဗာပူးလ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ ဆွမ်ဆီး၊ စတုတ်နဲ့ ၀က်စ်ဘရွန်းတို့ကတော့ တန်းဆင်းသွားပါတယ်။

    ဒဏ်ရာကြောင့် ဘရာဇီးလ်နောက်ခံလူ အဲလ်ဗက်စ် ကမ္ဘာ့ဖလား လွဲချော်မည်
    ===============
    လာမယ့်လ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရမယ်လို့ သိလိုက်ရတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက ၀ိဉာဉ်ထွက်သွားသလိုမျိုး ခံစားလိုက်ရတယ်လို့ ဘရာဇီးလ်နောက်ခံလူ ဒန်နီ အဲလ်ဗက်စ်က ပြောကြားလိုက်ပါတယ်။ အဲလက်စ်ဟာ ပီအက်စ်ဂျီက အနိုင်ရဗိုလ်စွဲခဲ့တဲ့ ပြင်သစ် ရှုံးထွက်ဖလား ဗိုလ်လုပွဲမှာ ဒူးဒဏ်ရာ ဆိုးဆိုးရွားရွား ရရှိခဲ့တာဖြစ်ပါတယ်။ သူကတော့ ပြိုင်ပွဲမှာ ၀င်မကစားရပေမယ့် ဘရာဇီးလ်ကို အားပေးသွားမှာဖြစ်ကြောင်း၊ ပါရမီရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘရာဇီးလ်ဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘွန်ဒစ်လီဂါမှ ဟမ်းဘတ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တန်းဆင်း
    ==========
    ဂျာမန်ဘွန်ဒစ်လီဂါက အသင်းတစ်သင်းဖြစ်တဲ့ ဟမ်းဘတ်ဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတဲ့အတွက် ပရိတ်သတ်တွေက ကွင်းအတွင်း ဆူပူမှုတွေ လုပ်ခဲ့ကြပါတယ်။ ဟမ်းဘတ်ဟာ ၁၉၆၃ ခုနှစ် ဂျာမန်ဘွန်ဒစ်လီဂါ စတင်ကတည်းက တန်းမဆင်းရဘဲ ရှိနေတဲ့ တစ်ခုတည်းသော အသင်းဖြစ်ပြီး ဒိုင်နိုဆောလို့တောင် ခေါ်ဆိုခံခဲ့ရကာ ဘွန်ဒစ်လီဂါဖလား ၆ ကြိမ်နဲ့ ၁၉၈၃ ခုနှစ်မှာ ဥရောပချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ စနေနေ့ပွဲအပြီးမှာ ပရိတ်သတ်တွေက အသင်းတန်းဆင်းရမှုကို မကျေနပ်တဲ့အတွက် မီးရှူးမီးပန်းတွေ ပစ်ဖောက်တာတွေ၊ ဆူပူတာတွေ လုပ်ခဲ့ကြပါတယ်။

    Ref: BBC, Goal

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    မေ ၁၀၊ ၂၀၁၈
    M-Media

    ရာသီကုန်လျှင် အမေရိကန်ပြောင်းတော့မည့် ရူနီ

    စံချိန်တင် အမှတ် ၁၀၀ ရရန် မန်စီးတီးပစ်မှတ်ထား
    ===============
    ဒီနှစ်ဘောလုံးရာသီကို စံချိန်တင် အမှတ် ၁၀၀ နဲ့ သိမ်းချင်တယ်လို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မနေ့က အိမ်ကွင်းမှာ ဘရိုက်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံ မန်စီးတီးဟာ ၃၇ ပွဲကစား ရမှတ် ၉၇ မှတ်ရရှိထားပြီ ၂၀၀၄-၀၅ မှာ မော်ရင်ဟိုရဲ့ ချယ်ဆီးအသင်း တင်ထားတဲ့ တစ်ရာသီ အမှတ်အများဆုံးစံချိန် ၉၅ မှတ်ကို ကျော်ဖြတ်ခဲ့ပါတယ်။ ဂွါဒီယိုလာက ဂိုးတွေ၊ နိုင်ပွဲတွေ အများအပြားရပြီး ၉၇ မှတ် ရရှိခဲ့တာဟာ မိမိတို့ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့တာဖြစ်ကြောင်း အမှတ် ၁၀၀ သာရမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

    အဲဗာတန်တိုက်စစ်မှူးရူနီ မေဂျာလိဂ်သို့ ပြောင်းမည်
    ========================
    အဲဗာတန်အသင်းရဲ့တိုက်စစ်မှူး ၀ိန်းရူနီဟာ အမေရိကန် မေဂျာလိဂ်ကလပ် DC United အသင်းကို ကန်ဒေါ်လာ ၁၂.၅ သန်းနဲ့ ရာသီကုန်ရင် ပြောင်းရွှေ့ဖို့အတွက် သဘောတူညီချက် ရရှိသွားပါတယ်။ မန်ယူတိုက်စစ်မှူးဟောင်း အသက် ၃၂ နှစ်အရွယ် ၀ိန်းရူနီဟာ သူ့ရဲ့ ကစားသမားဘ၀စတင်ရာ အဲဗာတန်အသင်းကို ၂၀၁၇ ခုနှစ်မှာ ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရူနီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ကို ရောက်ရှိနေပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ အဲဗာတန်နည်းပြ ဆမ်အလာဒိုက်က ရူနီကို အဲဗာတန်မှာပဲ ဆက်ရှိနေစေချင်နေပါတယ်။

    လာမည့်နှစ်တွင် ပရီးမီးယားလိဂ်ကို အာဆင်နယ်စိန်ခေါ်နိုင်မည်
    =================
    လာမယ့်နှစ်မှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာမယ်လို့ ရာသီကုန်ရင် အသင်းကထွက်တော့မယ့် နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ မနေ့က လက်စတာကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရာသီပြီးဆုံးဖို့ တစ်ပွဲသာလိုတော့တဲ့အချိန် အဆင့် ၆ နေရာမှာ ရပ်တည်နေကာ ချန်ပီယံ မန်စီးတီးနဲ့ ၃၇ မှတ်အထိ ကွာဟနေပါတယ်။ ၀င်းဂါးကတော့ သူ့ကို ဆက်ခံသူဟာ အပြောင်းအလဲတစ်ချို့လုပ်ပြီး ပရီးမီးယားလိဂ်ကို စိန်ခေါ်သူဖြစ်လာနိုင်ကြောင်း၊ အသင်းမှာ ထူးခြားတဲ့စွမ်းရည်ရှိပြီး လာမယ့်နှစ်မှာ ဒါကို မြင်တွေ့ရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

    ချန်ပီယံလိဂ်ဝင်ခွင့်ကို ဖလားရသည်ထက် စပါးက ပိုမိုဂုဏ်ယူ
    ===============
    နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိတာကို ဖလားရရှိတာထက် ပိုပြီး ဂုဏ်ယူမိတယ်လို့ စပါးအသင်းခေါင်းဆောင် ဟူဂို အလ်လိုရစ်က ပြောကြားလိုက်ပါတယ်။ မနေ့က နယူးကာဆယ်နဲ့ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ရာသီပြီးဆုံးဖို့ တစ်ပွဲသာလိုတော့တဲ့အချိန် တတိယနေရာမှာ ရှိနေကာ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် သေချာခဲ့ပါတယ်။ ဒါဟာ ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်ရတာလည်း ဖြစ်ပါတယ်။ ဂိုးသမား အလ်လိုရစ်က ချယ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့အထက်နဲ့ ရာသီသိမ်းရတာဟာ အလွန်အဓိပ္ပါယ်ရှိကြောင်း၊ လူတွေက မိမိတို့ကို ဒီလိုလုပ်နိုင်မယ်လို့ မထင်ပေမယ့် တောင့်တင်းတဲ့ အသင်းတစ်ခုအဖြစ် ပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: BBC, Goal

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    မေ ၈၊ ၂၀၁၈
    M-Media

    ၁၉၉၄ ကမ္ဘာ့ဖလားကို အမေရိကန်တွင် ကျင်းပခဲ့စဉ်က

    လူမျိုးရေးခွဲခြားမှုအတွက် ရုရှားဘောလုံးအဖွဲ့ချုပ် ဒဏ်ရိုက်ခံရ
    ===========
    မတ်လအတွင်းက ပြင်သစ်နဲ့ ချစ်ကျည်ရေးပွဲတစ်ခုမှာ ပရိတ်သတ်တွေက လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံတွေကို ဟစ်အော်ခဲ့တဲ့အတွက် ဖီဖာက ရုရှားဘောလုံးအဖွဲ့ချုပ်ကို ပေါင် ၂၂၀၀၀ ဒဏ်ရိုက်လိုက်ပါတယ်။ ရုရှားမှာကစားခဲ့တဲ့ ဒီပွဲမှာ ပြင်သစ်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပေါ့ဘာ၊ ဒမ်ဘီလီနဲ့ ကန်တီတို့ဟာ ရုရှားပရိတ်သတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရတာပါ။ ဖီဖာကတော့ သူတို့အနေနဲ့ လူမျိုးရေးခွဲခြားမှုကို လုံးဝ သည်းခံမှာမဟုတ်ဘူးလို့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    အာဆင်နယ်နည်းပြသစ်အဖြစ် အလ်လီရီဂရီနှင့် အာတီတာတို့ ရေပန်းစား
    ===============
    အာဆင်နယ်အသင်းရဲ့ နည်းပြသစ်အဖြစ် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ရေပန်းအစားဆုံးဖြစ်လာပြီး အာဆင်နယ် ကွင်းလယ်ကစားသမားဟောင်း အာတီတာလည်း ပစ်မှတ်စာရင်းမှာ ပါဝင်လာပါတယ်။ အလ်လီဂရီဟာ ပြီးခဲ့တဲ့ ၂ ပတ်က လန်ဒန်ကို ရောက်လာခဲ့ပြီး နိုင်ငံရပ်ခြားမှာ စိန်ခေါ်မှုအသစ် ရှာချင်နေတယ်လို့လည်း သတင်းတွေ ထွက်ထားပါတယ်။ အာတီတာကတော့ ၂၀၁၆ ခုနှစ် အာဆင်နယ်ကနေ အနားယူသွားပြီးတဲ့နောက်ပိုင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောက်ရွက်နေပါတယ်။

    ၂၀၂၆ ကမ္ဘာ့လားတွင် အမြတ် ၁၁ ဘီလီယံရမည်ဟု ဖီဖာခန့်မှန်း
    ============
    အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ အိမ်ရှင်အဖြစ် စာရင်းပေးထားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အကျိုးအမြတ် ဒေါ်လာ ၁၁ ဘီလီယံလောက် ရရှိလိမ့်မယ်လို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောကြားလိုက်ပါတယ်။ ၂၀၂၆ အတွက် မော်ရိုကိုကလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် တင်ထားပြီး ဇွန်လ ၁၃ ရက်နေ့ မော်စကိုမှာ အိမ်ရှင်ရွေးချယ်မှာပါ။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကားလို့စ် ကော်ဒီရိုကတော့ သူတို့သာ ကျင်းပခွင့်ရရင် အအောင်မြင်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

    လီဗာပူးလ်နောက်ခံလူ ဒဏ်ရာကြောင့် ချန်ပီယံလိဂ်နှင့် ကမ္ဘာ့ဖလားပွဲ လွဲမည်
    ===============
    အင်္ဂလန်လက်ရွေးစင် လီဗာပူးလ်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂျိုး ဂိုးမက်ဇ်ဟာ ခြေချင်းဝတ် ခွဲစိပ်မှုကြောင့် မေလ ၂၆ ရက်နေ့မှာကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ မတ်လက နိုင်ငံအသင်းအတွက် ချစ်ကျည်ရေးပွဲကစားချိန်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လီဗာပူးလ်အတွက် ၂ ပွဲ ကစားပေးခဲ့ပါသေးတယ်။ ဂိုးမက်ဇ်ကတော့ အမြန်သက်သာလာအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး ဘောလုံးရာသီရဲ့ ပြိုင်ပွဲကြီးနှစ်ခုကို အားပေးဖို့ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: BBC, Goal

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    မေ ၇၊ ၂၀၁၈
    M-Media

    ယခုနှစ် ပရီးမီးယားလိဂ် အကောင်းဆုံး ၁၁ ယောက်

    ဖာဂူဆန်အတွက် ရွိင်ယန်ဂစ် ဆုတောင်းပေး
    ============
    ဆရာဟောင်း ဆာအဲလက်စ်ဖာဂူဆန် နေကောင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးတယ်လို့ ဝေးလ်နည်းပြ မန်ယူတိုက်စစ်မှူးဟောင်း ရွိုင်ယန်ဂစ်က ပြောကြားလိုက်ပါတယ်။ အသက် ၇၆ နှစ်အရွယ် ဖာဂူဆန်ဟာ ဦးနှောက် သွေးယိုစီးမှုကြောင် စနေနေ့မှာ ခွဲစိပ်ကုသမှု လုပ်ခဲ့ရပြီး ခွဲစိပ်မှုအောင်မြင်ပေမယ့် အထူးကြပ်မတ် ကုသနေ ရဆဲဖြစ်ပါတယ်။ ဂစ်က ဖာဂူဆန်ဟာ ဖိုက်တာတစ်ယောက်ဖြစ်ပြီး လက်ရှိ အခြေအနေကနေ ပြန်လည်သက်သာလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရော်နယ်ဒိုဒဏ်ရာအတွက် စိတ်မပူဟု ဇီဒိန်းပြော
    ==============
    မန်နေ့က ဘာစီလိုနာနဲ့ပွဲမှာ ရော်နယ်ဒိုဒဏ်ရာရှိမှုအတွက် မစိုးရိမ်ဘဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ပြန်လည်သက်သာလာလိမ့်မယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ၂ ဂိုးစီသရေကျခဲ့တဲ့အဲဒီပွဲမှာ ပထမဂိုးသွင်းယူပြီးတဲ့နောက် ရော်နယ်ဒိုဟာ ဒဏ်ရာရခဲ့တာပါ။ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ ၂၆
    ရက်နေ့မှာ ကစားမှာ ဖြစ်ပြီး ၃ ကြိမ်ဆက် ချန်ပီယံဖြစ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဇီဒိန်းက ဆိုပါတယ်။

    ပရီးမီးယားလိဂ် အကောင်းဆုံး ၁၁ ယောက်စာရင်းထွက်လာ
    ============
    ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ၁၁ ယောက်စာရင်း ထွက်လာခဲ့ပြီး ချန်ပီယံ မန်စီးတီးအသင်းက စတာလင်၊ ဒီရူနီ၊ ဆေးလ်ဗားနဲ့ ဝေါလ်ကာတို့ ၄ ဦးအထိ ပါဝင်လာပါတယ်။ လီဗာပူးလ်က ၃ ယောက် ပါဝင်ခဲ့ပြီး ဆာလာဟ်၊ ဖာမီနိုနဲ့ ရောဘတ်ဆန်တို့ ဖြစ်ပါတယ်။ စပါးက ၂ ယောက်၊ မန်ယူနဲ့ ဘန်လေတို့က တစ်ယောက်စီ အသီးသီး ပါဝင်ခဲ့ပါတယ်။

    မန်ယူသို့မသွားဟု ဟဇာ့ဒ်ပြော
    =============
    မန်ယူကို ပြောင်းမယ်ဆိုတဲ့ သတင်းတွေကို ချယ်ဆီးတိုက်စစ်မှူး အေဒင် ဟဇာ့ဒ်က ငြင်းဆိုလိုက်ပါတယ်။ ဟာဇာ့ဒ်ဟာ ချယ်ဆီးရဲ့ ကိုယ်ပိုင်ကစားသမားလိုမျိုး ဖြစ်နေပေမယ့် ရီးယဲလ်က ခေါ်ယူမယ်လို့ အရင်က သတင်းထွက်ခဲ့ဖူးပါတယ်။ မန်ယူနည်းပြဖြစ်တဲ့ မော်ရင်ဟိုဟာ ချယ်ဆီးက တပည့်ဟောင်း ဟဇာ့ဒ်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ လတ်တလောမှာ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

    Ref: BBC,Goal