News @ M-Media
Tag: EPL
  • အသင်းတိုင်းက ချယ်ဆီးကဲ့သို့ ဖြစ်ချင်နေသည်ဟု မော်ရင်ဟိုဆို
    အသင်းတိုင်းက ချယ်ဆီးကဲ့သို့ ဖြစ်ချင်နေသည်ဟု မော်ရင်ဟိုဆို
    ဧပြီ ၃၀၊ ၂၀၁၅
    M-Media
    morihho
    – ပရီးမီးယားလိဂ် ဖလားရရန် ၃ မှတ်သာလိုတော့သည့် အသင်းအား ချယ်ဆီးနည်းပြ မော်ရင်ဟိုက ချီးကျူးလိုက်ပြီး အသင်းတိုင်းက မိမိတို့ကဲ့သို့ ဖြစ်ချင်နေကြသည်ဟု ပြောကြားလိုက်သည်။
    ယနေ့နံနက်ပိုင်းက ကစားခဲ့သော လက်စတာနှင့်ပွဲတွင် ချယ်ဆီးမှာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေရာမှာ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိအောင် ကစားသွားနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး သေချာသလောက် ဖြစ်သွားပြီဖြစ်သည်။
    “(ကစားသမားတွေ) လုပ်ဆောင်ခဲ့တာက အံ့သြလောက်စရာပါပဲ။ ပွဲစဉ် ၁ ထဲက ထိပ်ဆုံးမှာရပ်တည်ရတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ၁၂ မှတ်မှာ ၁၂ မှတ်စလုံး ရအောင်ယူနိုင်ခဲ့ပြီး စိတ်အားထက်သန်မှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေနဲ့အတူ လက်ဖျားခါလောက်တဲ့ ပုံစံမျိုးရနေတဲ့ အသင်းနဲ့ သူ့ရဲ့ အိမ်ကွင်းမှာ ကစားရတာက ပထမပိုင်းမှာ ရှုံးနိမ့်ရတာပါပဲ။ ဒုတိယပိုင်းမှာ ပြန်လာနိုင်တာ၊ ကျွန်တော့်ကစားသမားတွေ လုပ်ဆောင်ခဲ့တာတွေက တကယ့်ကို လက်ဇျားခါလောက်စရာပါ။ ကျွန်တော်တို့ဟာ ဘာလဲဆိုတာ ကျွန်တော် အသေအချာသိပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ အသင်းတိုင်းက ဖြစ်ချင်တဲ့ ပုံစံမျိုးမှာ ရှိနေတယ်လို့လည်း
    ကျွန်တော်ထင်ပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ချယ်ဆီးမှာ သြဂုတ်လ နှောင်းပိုင်းမှစ၍ ပရီးမီးယားလိဂ်ဇယားအား ဆက်တိုက် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး မော်ရင်ဟိုကမူ လာမည့် တနင်္ဂနွေနေ့တွင် အိမ်ကွင်းပွဲ၌ ဖလားရရေး ကြိုးပမ်းမှုတွင် အသင်းအား တွန်းအားပေးကြရန် ပရိတ်သတ်များကို တိုက်တွန်းခဲ့သည်။
    “စတမ်းဖို့ဒ်ဘရစ်ခ်ျကို နိုင်ဖို့လိုအပ်တာပါ။ အောင်ပွဲခံဖို့မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဖလားမှ မရသေးတာ။ ကျွန်တော်တို့လိုအပ်နေတဲ့ ၃ မှတ်ရဖို့အတွက် စတမ်းဖို့ဘရစ်ခ်ျက တွန်းအားပေးတာမျိုးကိုပဲ ကျွန်တော်တို့ လိုပါတယ်”
    Ref: Goal
  • လာမည့်နှစ်တွင် လီဗာပူးလ်အား ရော်ဂျာ လူသစ်ဖြည့်တင်းမည်
    လာမည့်နှစ်တွင် လီဗာပူးလ်အား ရော်ဂျာ လူသစ်ဖြည့်တင်းမည်
    ဧပြီ ၂၉၊ ၂၀၁၅
    M-Media
    Roger
    – အသင်း၏ ချန်ပီယံလိဂ် မျှော်လင့်ချက် ပျက်ပြယ်သလောက် ဖြစ်သွားခဲ့ရသော်လည်း လာမည့်နွေရာသီတွင် အသင်းအား အင်အားဖြည့်တင်းသွားမည်ဖြစ်ပြီး အသင်းပိုင်ရှင်များကလည်း ထောက်ပံ့မည်ဟု မျှော်လင့်ကြောင်း လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    ယန့နံနက်က ဟားလ်စီးတီးအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်မှာ ကစားရန် ၄ ပွဲသာ ကျန်ရှိတော့သည့်အချိန်တွင် အဆင့် ၄ နေရာမှ မန်ယူထက် ၇ မှတ်ကွာဟသွားခဲ့ကာ ထိပ်ဆုံးလေးသင်းဝင်ရေး မျှော်လင့်ချက်မှာ မှေးမှိန်ခဲ့ရသည်။ ရော်ဂျာကမူ လာမည့် နွေရာသီအပြောင်းအရွှေ့တွင် အသင်းအား အင်အားဖြည့်တင်းရန် ဆန္ဒရှိနေသည်ဟု ၀န်ခံခဲ့ပြီး မိမိ၏ ထိုဆန္ဒအတွက် အသင်းတာဝန်ရှိသူများကလည်း လိုအပ်သည့်ရန်ပုံငွေ ထုတ်ပေးမည်ဟု ယုံကြည်နေသည်။
    “အသင်းကြီးတိုင်းက လုပ်ကြမယ့် လူအင်အားတောင့်တင်းဖို့ ကျွန်တော်တို့လည်း လုပ်ရမှာပါ။ ပရိတ်သတ်တွေနဲ့ ကစားသမားတွေအတွက် အဓိက ကစားသမားတွေ ရောက်လာတာဟာ ကောင်းပါတယ်။ ပြီးတော့ တစ်ယောက်၊ နှစ်ယောက်လောက်တော့ ကျွန်တော်တို့ လိုမှာပါ။ အသင်းပိုင်ရှင်တွေကလည်း ထောက်ခံအားပေးမှာပါ” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
    လီဗာပူးလ်မှာ လက်ရှိအချိန်တွင် PSV မှ မမ်ဖစ် ဒီပေးအား မန်ယူထက်အရင် စာချုပ်ချုပ်နိုင်ရန် ဆောင်ရွက်နေပြီး ရော်ဂျာကလည်း ဒဏ်ရာရနေသည့် ဒန်နီယဲလ် စတားရစ်ခ်ျ၊ ဘာစီလိုနာသို့ ထွက်ခွာသွားသည့် လူးဝစ်ဆွာရက်ဇ်တို့ကြောင့် အားနည်းနေသည့် တိုက်စစ်ပြဿနာကို ဖြေရှင်းရန်အတွက် တိုက်စစ်အားသန်သည့် ကစားသမားများကို မဖြစ်မနေ ဖြည့်တင်းရမည်ဟု ၀န်ခံခဲ့သည်။
    “ဆွာရက်ဇ်နဲ့ စတားရစ်ခ်ျတို့ ရှိတာတောင်မှာ မနှစ်က ကျွန်တော်တို့ဟာ ထိပ်ဆုံး လေးသင်းဝင်မယ်လို့ တစ်ပေးခြင်း မခံရပါဘူး။ အခုတော့ စိန်ခေါ်မှုက ပိုပြီး ကြီးလာပါပြီ။ ကစားသမားတွေက စိန်ခေါ်မှုနဲ့ အသင်းရဲ့ စံချိန်ကို ဖြည့်ဆည်းဖို့ အကောင်းဆုံး ပေးဆပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မနှစ်ကအဆင့်တော့ မရောက်ခဲ့ပါဘူး။ ဒါဟာ နောက်နှစ် ကျွန်တော်တို့အတွက် စိန်ခေါ်မှုပါပဲ။ လှိုင်းကြမ်းလေကြမ်းကို ဖြတ်နိုင်မယ့် အသင်းတစ်သင်း တည်ဆောက်ဖို့ပေါ့ဗျာ”
    Ref: Goal.com
  • အာဆင်နယ် ပရီးမီးယားလိဂ်ဖလား လိုချင်လျှင် ကစားသမား ၄ ဦး ၀ယ်ရမည်ဟု ဟင်နရီပြော
    အာဆင်နယ် ပရီးမီးယားလိဂ်ဖလား လိုချင်လျှင် ကစားသမား ၄ ဦး ၀ယ်ရမည်ဟု ဟင်နရီပြော
    ဧပြီ ၂၈၊ ၂၀၁၅
    M-Media
    arsenal
    – လာမည့်နှစ် ပရီးမီးယားလိဂ်ဖလားကို ဗိုလ်စွဲချင်ပါက အာဆင်နယ်အသင်း အနေဖြင့် နောက်ထပ် ကစားသမား ၄ ဦး ၀ယ်ယူရမည်ဟု ယုံကြည်ကြောင်း အသင်း၏ ဂန္တ၀င်တိုက်စစ်မှူးဟောင်း သီယာရီ ဟင်နရီက ပြောကြား လိုက်သည်။
    တနင်္ဂနွေနေ့က ချယ်ဆီးနှင့် ဂိုးမရှိသရေ ကျသွားခဲ့ပြီးနောက် အာဆင်နယ်မှာ ထိပ်ဆုံးမှ ချယ်ဆီးအား လိုက်မီရေး မျှော်လင့်ချက် ပျက်သွားခဲ့သည်။ ဟင်နရီကမူ အာဆင်နယ်မှာ ချယ်ဆီးက ကျင့်သုံးနေသည့် လူသစ်ခေါ်ယူမှု ဗျူဟာကို ပုံတူ ကူးသင့်သည်ဟုဆိုသည်။
    “အာဆင်နယ်ဟာ ကစားသမား ၄ ယောက်လောက်ဝယ်ဖို့ လိုပါတယ်။ မဖြစ်မနေလိုတာပါ။ သူတို့မှာ ဂိုးသမားလိုတယ်၊ နောက်တန်းအလယ်လူတစ်ယောက် လိုတယ်၊ ကွင်းလယ် တစ်ယောက်လည်း လိုပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်ကို ထပ်ရဖို့ သုတို့ဟာ ထိပ်တန်းအရည်အသွေးရှိတဲ့ တိုက်စစ်မှူးတစ်ဦး လိုပါတယ်။
    ကျွန်တော့် အတွက် အကောင်းဆုံး ဥပမာကတော့ ချယ်ဆီးပါပဲ” ဟု ဟင်နရီက Sky Sports သို့ ပြောကြားခဲ့သည်။
    ထို့ပြင် ဟင်နရီက ချယ်ဆီးမှာ ပြီးခဲ့သည့်နှစ်က ရုန်းကန်ခဲ့ရသော်လည်း ယခုနှစ်တွင် ဂိုးသမားကော်တိုအစ်၊ မာတစ်၊ ဖာဘရီဂက်စ်နှင့် ဒီယေဂိုကော်စတာတို့ ရှိလာကာ ချန်ပီယဘွဲ့ကို စိန်ခေါ်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။
    အာဆင်နယ်မှာ ပြီးခဲ့သည့်နှစ်က အလက်ဇစ်ဆန်းချက်၊ ဒေးဗစ်အော့စ်ပီနာတို့ အပါအ၀င် ကစားသမား ၅ ဦး ခေါ်ယူခဲ့သည်။ ဟင်နရီကမူ ယခုနှစ်နွေရာသီတွင် အသင်း၏ အပြောင်းအရွှေ့ ရန်ပုံငွေ၌ ငွေပိုထည့်ရန် အတွက်လည်း ၀င်းဂါးအား တိုက်တွန်းခဲ့သည်။
    Ref: Goal.com
  • အာဆင်နယ်၏ ဖလားလက်မဲ့ဖြစ်မှုကို မော်ရင်ဟို ခနဲ့
    အာဆင်နယ်၏ ဖလားလက်မဲ့ဖြစ်မှုကို မော်ရင်ဟို ခနဲ့
    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    morinho
    – ခံစစ်အားပြုသည့် မိမိတို့အသင်းက ပျင်းစရာကောင်းသည်မဟုတ်ဘဲ ၁၀ နှစ်ခန့် ဖလားလက်မဲ့ဖြစ်ရခြင်းကသာ ပျင်းစရာကောင်းခြင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက အာဆင်နယ်ပရိတ်သတ်မျာားး ခနဲ့လိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် အာဆင်နယ်အသင်းနှင့် လန်ဒန်ဒါဘီပွဲစဉ်တွင် ချယ်ဆီးမှာ မရှုံးအောင်သာ အဓိကထား၍ ကစားသွားခဲ့ပြီး ပွဲမှာ မြိုင်ဆိုင်ခြင်း မရှိခဲ့ပ။ ထို့ကြောင့် အာဆင်နယ်ပရိတ်သတ်များက “ပျင်းစရာကောင်းတဲ့ ချယ်ဆီး” ဟု သံပြိုင်ဟစ်အော်ကာ ချယ်ဆီးအား လှောင်ပြောင်ခဲ့သည်။
    မော်ရင်ဟိုကမူ ပွဲအပြီးတွင် အာဆင်နယ်အသင်း၏ ဖလားလက်မဲ့ရာသီများကို ရည်ညွှန်း၍ ပြန်လည်ချေပခဲ့သည်။
    “၁၀ နှစ်လောက် ဖလားမရတာကသာ ပျင်းစရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဖလားရဖို့ ၁၀ နှစ်လောက် စောင့်ရင်း၊ စောင့်ရင်း၊ စောင့်ရင်းနဲ့ ပျင်းစရာကောင်းသွားတာပါ။ ဒီလိုအော်ကြတာ (ပျင်းစရာကောင်းတယ်လို့ အာဆင်နယ်ပရိတ်သတ်တွေပြောတာ) ကျွန်တ်ာတို့ကိုပြောတာ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ အိမ်ကွင်းမှာကစားတဲ့ပွဲမှာ (အာဆင်နယ်က) တိုက်စစ်မှူးကို ထုတ်ထားတယ်…. သူတို့ (ပရိတ်သတ်တွေ) က ဂျရူးနဲ့ ၀ဲလ်ဘတ်ကို အတူတွဲကစားတာ မြင်ကောင်းမြင်ချင်မှာပါ” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် ပျင်းစရာကောင်းသည့် မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်တွင် ဒုတိယဂိုးအများဆုံးသွင်းထားကြောင်း၊ ရဂိုး၊ ပေးဂိုး ကွာခြားချက်မှာလည်း အကောင်းဆုံး ဖြစ်နေကြောင်း၊ ထိပ်တန်းအသင်းများကသာ ရာသီအစကတည်းက ထိပ်ဆုံးတွင် ရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထိုပွဲအနိုင်ကြောင့် ချယ်ဆီးမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအတွက် လက်ကျန် ၅ ပွဲတွင် ၂ ပွဲသာ အနိုင်ကစားရန်လိုတော့ပြီး အာဆင်ဝင်းဂါးကလည်း ချယ်ဆီးမှာ ခြေမချော်နိုင်တော့ဟု ပြောကြားခဲ့သည်။
    Ref: Goal.com
  • ချန်ပီယံဖြစ်ဖို့ သေချာသလောက်ဖြစ်လာတဲ့ ချယ်ဆီး၊ မန်ယူတို့ ရှုံးပွဲထပ်တွေ့ခဲ့ပြီး တန်းဆင်းဇုန်မှာ အကြိတ်အနယ်ဖြစ်လာတဲ့ ပရီးမီးယားလိဂ်
    ချန်ပီယံဖြစ်ဖို့ သေချာသလောက်ဖြစ်လာတဲ့ ချယ်ဆီး၊ မန်ယူတို့ ရှုံးပွဲထပ်တွေ့ခဲ့ပြီး တန်းဆင်းဇုန်မှာ အကြိတ်အနယ်ဖြစ်လာတဲ့ ပရီးမီးယားလိဂ်
    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    epl 2
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ လီဗာပူးလ်ကလွဲလို့ အသင်းကြီးတွေအားလုံး နိုင်ပွဲမရခဲ့ဘဲ သရေပွဲ ၄ ပွဲအထိ ရှိခဲ့ပါတယ်။ လန်ဒန်ဒါဘီမှာ ချယ်ဆီးက သရေကစားသွားပြီး ချန်ပီယံဖြစ်ရေးအတွက် အကောင်းဆုံး အနေအထားကို ရောက်ရှိလို့ လာခဲ့ပါတယ်။
    ဒီတစ်ပတ်မှာ နောက်ဆုံးကစားသွားတဲ့ အာဆင်နယ်နဲ့ ချယ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီဟာ စွဲမက်စရာမရှိဘဲ သရေပွဲနဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ ချယ်ဆီးက သူတို့ရဲ့ ပုံစံအတိုင်း ခံစစ်ကို အထိုင်ချကစားသွားပြီး အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ချယ်ဆီးနောက်တန်းကိုတော့ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ဘဲ ကွင်းလယ်မှာ အချိန်ကုန်ခဲ့ပါတယ်။ ပထမပိုင်းမှာ အော်စကာက အာဆင်နယ်ဂိုးသမား အော့စ်ပီနာကိုကျော်ပြီး ကန်သွင်းမှုကို ဘယ်လာရင် ဂိုးစည်းပေါ်ကနေ
    ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြီးကာနီးမှာ အာဆင်နယ်တို့ ဂိုးသွင့်အချို့ ရခဲ့ပေမယ့် ဂိုးပေါက်တောင် မတည့်ခဲ့ပါဘူး။ ဒီပွဲသရေကြောင့် ချယ်ဆီးဟာ ၁၀ မှတ်အသာနဲ့ ဇယားကို ဆက်လက်ဦးဆောင်ထားပြီး လက်ကျန် ၅ ပွဲမှာ ၂ ပွဲ နိုင်တာနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရရှိမှာ ဖြစ်ပါတယ်။
    အီတီဟတ်မှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ပွဲမှာ အိမ်ရှင်တို့ ခြေစွမ်းမပြနိုင်ဘဲ ပွဲအစ ၃ မိနစ်မှာ အဂူရို၊ ၆၆ မိနစ်မှာ ကိုလာရော့ဗ်ရဲ့ဂိုးတွေနဲ့ ၂ ဂိုး ဂိုးမရှိ ဦးဆောင်ထားနေရာကနေ ၂ ဂိုးပြန်ပေးလိုက်ရပြီး ဖာနန်ဒင်ဟိုရဲ့ ၈၈ မိနစ်ဂိုးကြောင့်သာ အနိုင် ၃ မှတ် ရခဲ့တာဖြစ်ပါတယ်။ အက်စတွန်ဗီလာကတော့ ဒီပွဲအရှုံးကြောင့် တန်းဆင်းဇုန်နဲ့ ၂ မှတ်သာ ကွာတော့ပြီး လက်ကျန်ပွဲတွေမှာ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်မှာ ချယ်ဆီးကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် အရှုံးပေးခဲ့ရတဲ့ မန်ယူတို့ မနေ့ကပွဲမှာလည်း အဲဗာတန်ကို အဝေးကွင်းမှာ ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ အဲဗာတန်တို့က ချယ်ဆီးရဲ့ပုံစံအတိုင်း ခံစစ်ကို အာရုံစိုက်ခဲ့ပြီး ပွဲအစ ၅ မိနစ်မှာ ဂျိမ်းစ် မက်ကာသီရဲ့ ဦးဆောင်ဂိုးက အိမ်ရှင်တို့အတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။ ၃၅ မိနစ်မှာ ဂျွန်စတုန်းစ်က ဒုတိယဂိုးသွင်းပေးခဲ့ပြီး ၇၄ မိနစ်မှာ ကီဗင် မီရာလက်စ်က တတိယဂိုးသွင်းပေးခဲ့တာကြောင့် အဲဗာတန်တို့ ၃
    ဂိုးပြတ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ပါတယ်။
    လီဗာပူးလ်ကတော့ အဝေးကွင်းမှာ ဂိုးကံခေတာကြောင့် ၀က်စ်ဘရွန်းကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။ တန်းဆင်းဇုန်ကလွတ်ဖို့ကြိုးစားရင်း နောက်ပိုင်းမှာ နိုင်ပွဲတွေဆက်လာတဲ့ လက်စတာက ဘ၀တူ ဘန်လေကို ဂျာမီဗာဒီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာမှာ ရှိနေပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဆောက်သက်တမ် ၂-၂ စပါး
    ဘန်လေ ၀-၁ လက်စတာ
    ခရစ္စတယ်ပဲလေ့စ် ၀-၂ ဟားလ်စီးတီး
    နယူးကာဆယ် ၂-၃ ဆွမ်ဆီး
    ကျူပီအာရ် ၀-၀ ၀က်စ်ဟမ်း
    စတုတ် ၁-၁ ဆန်းဒါးလန်း
    မန်စီးတီး ၃-၂ အက်စတွန်ဗီလာ
    အဲဗာတန် ၃-၀ မန်ယူ
    အာဆင်နယ် ၀-၀ ချယ်ဆီး