News @ M-Media

Tag: EPL

  • ဂိုးပြတ်နိုင်ပွဲအတွက် အသင်းအား ပဲလေ့စ်နည်းပြ ချီးကျူး

    ဂိုးပြတ်နိုင်ပွဲအတွက် အသင်းအား ပဲလေ့စ်နည်းပြ ချီးကျူး

    ဧပြီ ၁၂၊ ၂၀၁၅
    M-Media

    perdew

    – ဆန်းဒါးလန်းအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အသင်း၏ စွမ်းဆောင်ရည်အား ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးက ချီးကျူးလိုက်ပြီး အသင်းမှာ ထိုထက်ပို၍ ဂိုးများသင့်သည်ဟု ပြောကြားခဲ့သည်။

    အဝေးကွင်းတွင် သွားရောက်ကစားခဲ့ရသည့် ခရစ္စတယ်ပဲလေ့စ်မှာ ပထမပိုင်းတွင် ပွဲအား မစိုးမိုးနိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၁၁ မိနစ်တွင် သွင်းယူခဲ့သည့် ယန်နစ်က် ဘိုလာဆီ၏ ဟက်ထရစ်သွင်းဂိုးအပါအ၀င် ဆန်းဒါးလန်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဇန်န၀ါရီလ ပါဂျူး တာဝန်ယူပြီးကတည်းက ရရှိခဲ့သည့် ပုံစံကောင်းကို ဆက်လက် ထိန်းထားနိုင်ခဲ့သည်။

    နယူးကာဆယ်နည်းပြဟောင်းဖြစ်သူ ပါဂျူးကမူ ထိုနိုင်ပွဲအတွက် ပျော်ရွှင်နေပြီး အသင်းမှာ အဆုံးတွင် ဒီထက်ပို၍ ဂိုးများများခဲ့ရမည်ဟု ဆိုသည်။

    “ဒါဟာ ပြတ်သားတဲ့အနိုင်ပါပဲ။ ဂိုးရလဒ်ကတော့ ကျွန်တော်တို့အတွက် တရားမမျှတခဲ့ပါဘူး။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းခဲ့တယ်။ ပြီးတော့ အဝေးကွင်း ၈ ပွဲမှာ ၇ ပွဲတောင်နိုင်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်အဆင့်မှာ ဒါဟာ မယုံကြည်နိုင်လောက်စရာပါပဲ” ဟု ပါဂျူးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းအား လှိုက်လှိုက်လှဲလှဲ အားပေးခဲ့သည့် ပရိတ်သတ်များကိုလည်း ပါဂျူးက ချီးကျူးခဲ့သည်။

    “ကျွန်တော်တို့ ပရိတ်သတ်တွေရဲ့ ကျွေးကျော်သံတွေက ဘရာဇီးလ်ပွဲကို ကြည့်နေရသလိုပါပဲ။ ကျွန်တော်တို့ လက်ဖျားခါလောက်အောင် ကောင်းခဲ့ပါတယ်။ ဆန်းဒါးလန်းကိုလည်း ပြဿနာတွေများကြီး ဖြစ်စေခဲ့ပါတယ်”

    Ref: Goal.com

  • ဘန်လေ၏ ကစားပုံအား ၀င်းဂါးချီးကျူး

    ဘန်လေ၏ ကစားပုံအား ၀င်းဂါးချီးကျူး

    ဧပြီ ၁၂၊ ၂၀၁၅
    M-Media

    winger

    – ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြသခဲ့သည့် ဘန်လေအသင်း၏ ခြေစွမ်းအတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးပြောဆိုလိုက်သည်။

    ထိုပွဲတွင် အာဆင်နယ်မှာ ဘန်လေအား ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ရမ်ဆေး၏ ၁၂ မိနစ် သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံးမှ ချယ်ဆီးအား ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ ရာသီကုန်ရန် ၆ ပွဲလိုသေးသည့်အချိန်တွင် ဘန်လေမှာ အဆင့် ၁၉ နေရာတွင်ရှိနေပြီး တန်းဆင်းဇုန်မှ လွတ်ကင်းသည့် အဆင့် ၁၇ နေရာနှင့် ၂ မှတ် ကွာဟနေသည်။

    “အသင်းကစားပုံနဲ့ပတ်သက်လို့ ကျွန်တော်ကျေနပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သာမန်စွမ်းဆောင်ရည်ထက်စာရင် အနိုင်ရလိုတဲ့ စွမ်းဆောင်ရည် ပိုရှိခဲ့လို့ပါပဲ။ ပြီးတော့ တစ်ဖက်အသင်းနဲ့ ပတ်သက်လို့လည်း လူတွေက ကျွန်တော်တို့ကို မေးကြပါတယ်။ ဘန်လေရဲ့ အရည်အသွေးက ကျွန်တော်တို့ကို အံ့သြစေခဲ့တယ်လို့ ပြောရမှာပါပဲ” ဟု ၀င်းဂါးက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဘန်လေအသင်းမှာ အံ့သြလောက်ဖွယ် စုစည်းမှုရှိသောကြောင့် တန်းဆင်းသွားရပါက ရှက်စရာဖြစ်ကြောင်း၊ ဘန်လေမှာ ဖိအားပေးနိုင်ပြီး ညီညွတ်မှုနှင့် ကြံ့ခိုင်မှုလည်းရှိကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။ ၀င်းဂါးမှာ အသင်း၏နောက်တန်းနှင့် ဂိုးသမားတို့ကိုလည်း ချီးကျူးခဲ့သည်။

    အာဆင်နယ်မှာ ၂ ပွဲကစားရန် ကျန်ရှိနေသည့် ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၄ မှတ်ကွာဟနေပြီး ဆက်လက်ဖိအားပေးထားကာ ၀င်းဂါကမူ အသင်း၏ ချန်ပီယံဖြစ်ခွင့်အတွက် ပယ်ချခဲ့သည်။

    “ဘာမှမပြောင်းလဲပါဘူး။ ချယ်ဆီးဟာ သက်တောင့်သက်သာရှိနေတုန်းပါပဲ။ ကျွန်တော်တို့ အမှားအယွင်းမရှိ ဆက်သွားဖို့လိုပြီး သူတို့အတွက်ဆိုရင်တော့ အဲဒီလို မလိုချင်ပါဘူး” ဟု ၀င်းဂါးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ဗန်ဂါးလ်မှာ မကောင်းဆိုးဝါးနှင့်တူသည်ဟု မာရာဒိုနာပြော

    ဗန်ဂါးလ်မှာ မကောင်းဆိုးဝါးနှင့်တူသည်ဟု မာရာဒိုနာပြော

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media

    van gal

    – ကိုလံဘီယာတိုက်စစ်မှူး ရာဒါမဲလ် ဖယ်လ်ကာအိုအား ဆက်ဆံမှုနှင့်ပတ်သက်၍ မန်ယူတိုက်စစ်မှူး ဗန်ဂါးလ်အား မာရာဒိုနာက ဝေဖန်လိုက်ပြီး ဗန်ဂါးလ်မှာ မကောင်းဆိုးဝါးဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နွေရာသီက မိုနာကိုမှ မန်ယူသို့ အငှားဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဖယ်လ်ကာအိုမှာ ပရီးမီးယားလိဂ်တွင် ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး အပြီးသတ်ပြောင်းရွှေ့မှုမှာလည်း ဖြစ်လာနိုင်သည့် အလားအလာ မရှိတော့ပေ။ မာရာဒိုနာကမူ ဖယ်လ်ကာအို ခြေစွမ်းမပြနိုင်မှု၏ ပြဿနာမှာ ဗန်ဂါလ်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

    “ဗန်ဂါးလ်ဟာ အေးအေးဆေးဆေး လူတစ်ယောက် မဟုတ်ပါဘူး။ သူဟာ မကောင်းဆိုးဝါးနဲ့ တူပါတယ်” ဟု ကိုလံဘီယာတွင် ကစားမည့် ငြိမ်းချမ်းရေးသရုပ်ပြပွဲမတိုင်ခင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုပွဲ၌ ပါဝင်မည့် မာရာဒိုနာက တင်းထောက်များအား ပြောကြားခဲ့သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကိုလံဘီယာအသင်းတွင် ဖယ်လ်ကာအိုမှာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ မာရာဒိုနာကမူ ဖယ်လ်ကာအို ပါဝင်ပါက ကိုလံဘီယာအသင်းမှာ အောင်မြင်မှုတစ်ခုခု ရရှိမည်ဟု ဆိုသည်။

    “တကယ်လို့ ဖယ်လ်ကာအိုသာ ပါဝင်မယ်ဆိုရင် ကိုလံဘီယာဟာ ကမ္ဘာ့ဖလားအောင်မြင်မှုကို ရကောင်းရနိုင်မှာပါ။ သူ့ရဲ့ ဆိုးရွားတဲ့ ဒဏ်ရာကြောင့် ဖယ်လ်ကာအိုဟာ ချန်လှပ်ခံခဲ့ရပါတယ်။ ပြင်သစ်ကနေ အင်္ဂလန်ကို ပြောင်းသွားတဲ့အခါမှာလည်း သူဟာ ခက်ခဲခဲ့ပါတယ်။ ပြီးတော့ သူဟာ အသားကျဖို့ လိုအပ်နေပါတယ်” ဟု မာရာဒိုနာက ဆိုသည်။

    ထို့ပြင် ကမ္ဘာ့ဖလားတွင် ခြေစွမ်းပြခဲ့သည့် တိုက်စစ်မှူး ဂျိမ်စ်ရော်ဒရီဂက်စ်ကိုမူ ချီးကျူးခဲ့သည်။

    “ဂျိမ်းစ်ဟာ ပါရမီရှိတဲ့ ဘယ်ခြေပိုင်ရှင်တစ်ယောက်ပါ။ အခြားသော ဘယ်ခြေကစားသမားတွေလိုပါပဲ သိမ်မွေ့တယ်။ စံပြကစားသမားလည်း ဖြစ်ပါတယ်”

    Ref: Goal

  • PFA တစ်နှစ်တာ အကောင်းစာရင်းအတွက် ဂျွန်တယ်ရီ၏ ရွေးချယ်မဲပေးမှု ထွက်ပေါ်လာ

    PFA တစ်နှစ်တာ အကောင်းစာရင်းအတွက် ဂျွန်တယ်ရီ၏ ရွေးချယ်မဲပေးမှု ထွက်ပေါ်လာ

    ဧပြီ ၁၂၊ ၂၀၁၅
    M-Media

    terry's PFA

    – ချယ်ဆီးအသင်းအခေါင်းဆောင် ဂျွန်တယ်ရီက PFA ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားနှင့် အကောင်းဆုံးအသင်းအတွက် ၎င်း၏ မဲပေးမှုကို ဖော်ထုတ်လိုက်ပြီး ထိုအထဲတွင် အကောင်းဆုံး ကစားသမားအဖြစ် လီဗာပူးလ် အလယ်တန်းလူ ဖိလစ်ပီ ကော်တင်ဟိုအား ရွေးချယ်ထားသည်။

    ယခုနှစ် လီဗာပူးလ်အား ချယ်ဆီးက ရှုံးနိမ့်ခဲ့သည့် ၃ ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိသော်လည်း အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီမှာ ဘရာဇီးလ်ကစားသမား ကော်တင်ဟို၏ စွမ်းရည်ကို အထင်ကြီးခဲ့သည်။ ကော်တင်ဟိုမှာ ပရီးမီးယားလိဂ်တွင် ၄ ဂိုးသာ သွင်းထားသည်။

    အကောင်းဆုံး လူငယ်ကစားသမားစာရင်းတွင်မူ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းအား တယ်ရီက ရွေးချယ်ခဲ့သည်။ အသက် ၂၁ နှစ်အရွယ် ဟယ်ရီကိန်းမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်တွင် ၁၉ ဂိုး သွင်းယူပေးထားပြီး PFA ၏ အကောင်းဆုံး လူငယ်ကစားသမားစုကို ရရှိရန် သေချာနေသည်။

    တစ်နှစ်တာအကောင်းအဆုံးအသင်း၏ ဂိုးသမားနေရာ၌ မန်ယူတွင် အကောင်းဆုံး လက်စွမ်းပြနေသည့် ဒေးဗစ် ဒီ ဂီယာကို ရွေးခဲ့ပြီး နောက်ခံလူနေရာများတွင် ဆောက်သက်တမ်မှ ၃ ဦးနှင့် အာဆင်နယ်မှ ကွန်စီယဲလ်နီတို့ ပါဝင်ခဲ့သည်။

    အလယ်တန်းနေရာတွင် လီဗာပူးလ်မှ ကော်တင်ဟိုနှင့် စတာလင်၊ ချယ်ဆီးမှပြောင်းသွားပြီး မန်ယူတွင် ရုန်းကန်ခဲ့ရကာ ယခုနှစ်တွင် အကောင်းဆုံးခြေစွမ်းများ ပြန်ရခဲ့သည့် ဂျူအန်မာတာနှင့် ဆောက်သက်တမ်မှ ဆာဒီယို မန်နီတို့ကို ရွေးချယ်ခဲ့သည်။

    ရှေ့တန်းတွင်မူ နောက်ဆုံး ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေသည့် မန်စီးတီးတိုက်စစ်မှူး အဂူရိုနှင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့အား ရွေးချယ်ထားသည်။

    PFA ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားများ မဲပေးရာတွင် ၀က်စ်ဘရွန်း အလယ်တန်းလူ မူလမ်ဘူမှာ တစ်နှစ်တာအကောင်းဆုံး ကစားသမားနေရာတွင် ဟယ်ရီကိန်းနှင့် အကောင်းဆုံး လူငယ်ကစားသမားနေရာတွင် ချယ်ဆီးကွင်းလယ်လူ ဟဇာ့ဒ်တို့အား မှားယွင်းဖြည့်စွက်မိသည်ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    Ref: Goal.com

  • ပရီးမီးယားလိဂ်ရမည်ဟု ဟာဇာ့ဒ်ယုံကြည်နေ

    ပရီးမီးယားလိဂ်ရမည်ဟု ဟာဇာ့ဒ်ယုံကြည်နေ

    ဧပြီ ၁၀၊ ၂၀၁၅
    M-Media

    eden-hazard-chelsea_tr5pev4gaqfp1a0rtoq0rjldv

    – အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သည့် မိမိတို့အသင်း၏ ယုံကြည်ချက်မြင့်မားခြင်းက ပရီးမီးယားလိဂ်ဖလားအား
    မျက်စောင်းထိုးနေသည်ဟု ချယ်ဆီးအသင်း၏ ကွင်းလယ်လူ အေဒင် ဟဇာ့ဒ်က ပြောကြားလိုက်သည်။

    ရာသီကုန်ရန် ၇ ပွဲသာ လိုတော့ချိန်တွင် ချယ်ဆီးမှာ ဒုတိယနေရာမှ အာဆင်နယ်ထက် တစ်ပွဲလျော့ ၇ မှတ်ဖြင့် ဇယားအား ဦးဆောင်ထားနိုင်ခြင်းဖြစ်ပြီး ဟဇာ့ဒ်ကမူ အသင်းကစားသမားများမှာ ကျန်ရှိသည့် ပွဲများကို အာရုံစိုက်ထားသည်ဟု ဆိုသည်။ သို့သော်လည်း ၂၀၀၉.-၂၀၁၀ နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မည်ဟု ယုံကြည်နေသည်။

    “ကျွန်တော်တို့ အသင်းလိုက် ယုံကြည်မှုရှိနေပါတယ်။ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးရောက်နေပြီး တစ်ပွဲပြီးတစ်ပွဲ ကစားသွားရုံပါပဲ။ စတုတ်နဲ့ပွဲမှာ ကျွန်တော်တို့ဟာ လှလှပပ ကစားနိုင်ခဲ့ပါတယ်။ သုံးလေးဂိုးလောက် သွင်းဖို့ ကျွန်တော်တို့ ထိုက်တန်ခဲ့တာပါ။ ဒါပေမယ့် အရေးပါဆုံးက နိုင်ပွဲရခဲ့တာပါပဲ။ စတမ်းဖို့ဒ်ဘရစ်ခ်ျကို ကျွန်တော်တို့ ဖလားကြီး သယ်လာချင်ပါတယ်” ဟု ဟဇာ့ဒ်က Daily Express သို့ ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ တနင်္ဂနွေနေ့တွင် ကျူပီအာရ်အသင်းနှင့် အဝေးကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည်။

    Ref: Goal.com