News @ M-Media
Tag: EPL
  • မိမိတို့အသင်း ဝေဖန်မှုနှင့်ထိုက်တန်သည်ဟု မန်စီးတီးနောက်ခံလူ ပြော
    မိမိတို့အသင်း ဝေဖန်မှုနှင့်ထိုက်တန်သည်ဟု မန်စီးတီးနောက်ခံလူ ပြော
    ဧပြီ ၉၊ ၂၀၁၅
    M-Media
    gael-clichy_50xl24age48s1b5vsvknivaes
    – ယခုသီတင်းပတ်များအတွင်း အသင်း၏ ရလဒ်များ ဆိုးရွားမှုကြောင့် မိမိတို့အသင်း ဝေဖန်ခံရမှုမှာ ထိုက်တန်ပြီး၊ အသင်း၏အခြေအနေကို ပြောင်းလဲပစ်မည်ဟု မန်စီးတီးနောက်ခံလူ ကလစ်ချီက ပြောကြားလိုက်သည်။
    မန်စီးတီးအသင်းမှာ ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား၏ စတုတ္ထနေရာအထိ ရောက်ရှိသွားခဲ့ကာ တစ်ပွဲကစားရန် ရှိနေသော ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၉ မှတ် ကွာဟသွားခဲ့သည်။
    “(ဝေဖန်မှုတွေဟာ) ထိုက်တန်ပါတယ်။ ပဲလေ့စ်ဟာ နည်းပြပြောင်းပြီးကတည်းက ကစားပုံကောင်းလာတာကြောင့် တနင်္လာနေ့ပွဲဟာ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ပြီးတော့ ရည်မှန်းချက်တွေရှိနေတဲ့ ကျွန်တော်တို့လိုအသင်းမျိုးဟာ ဒီပွဲကို နိုင်ရမယ်ဆိုတာလည်း ကျွန်တော်တို့ သိခဲ့ပါတယ်။ ကျွန်တော်တို့ ဘာကိုမှ ပုန်းမရှောင်ပါဘူး။ ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ ကိစ္စအချို့လည်း ရှိနေပြီး ဒါတွေကနေလည်း ရှောင်မပြေးချင်ပါဘူး။ ရလဒ်က ဒါမျိုးမဟုတ်သလို ကျွန်တော်တို့ ပိုကောင်းဖို့လိုပါတယ်” ဟု ကလစ်ချီက Sky Sports သို့ ပြောကြားခဲ့သည်။
    မန်စီးတီးမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် တတိယနေရာမှ မန်ယူအသင်းနှင့် ကစားရမည်ဖြစ်ပြီး ကလစ်ချီကမူ ထိုနေ့ကို ပရိတ်သတ်များအတွက် ပျော်ရွှင်ဖွယ်ရာနေ့အဖြစ် မိမိတို့ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
    “တနင်္ဂနွေနေ့မှာ ယူနိုက်တက်နဲ့ ကစားရမှာဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ တိုင်မင်တွေက ပြည့်စုံနေပါတယ်။ ကျွန်တော်တို့ ဒုတိယနေရာကို လက်လွှတ်ခဲ့ရပြီးပါပြီ။ ပရိတ်သတ်တွေအတွက် ပြီးပြည့်စုံအောင် ကျွန်တော်တို့ လုပ်ပေးရပါတော့မယ်” ဟု ကလစ်ချီက ဆိုသည်။
    ထို့ပြင် မိမိအနေဖြင့် ချန်ပီယံဖြစ်ရေး ပြောနေခြင်းမဟုတ်ဘဲ လက်ရှိအချိန်တွက် ထိုအောင်မြင်မှုအတွက် အလှမ်းဝေးနေကြောင်း၊ သို့သော်လည်း ရာသီကို ခိုင်ခိုင်မာမာဖြင့် အဆုံးသတ်နိုင်လျှင်၊ အမှတ်ဆုံးရှုံးမှုကို ရပ်တန့်နိုင်လျှင် ရာသီအဆုံး၌ ဘာဖြစ်နိုင်သည်ကို ဘယ်သူမှ မသိနိုင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal.com
  • ရှုံးသော်လည်း ကစားပုံကောင်းခဲ့သည်ဟု မန်စီးတီးနည်းပြ ပြော
    ရှုံးသော်လည်း ကစားပုံကောင်းခဲ့သည်ဟု မန်စီးတီးနည်းပြ ပြော
    ဧပြီ ၇၊ ၂၀၁၅
    M-Media
    manuelpellegrini-cropped_13388l1ub0e2p1rmec1i2v0ube
    – ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အသင်းမှာ ကစားပုံကောင်းခဲ့ပြီး ယခုရလဒ်ထက် ပို၍ ထိုက်တန်သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။
    ယနေ့နံနက်က ကစားခဲ့သည်အဆိုပါပွဲတွင် မန်စီးတီးမှာ ကစားကွက် အသာရခဲ့သော်လည်း ဦးဆောင်ဂိုး ၂ ဂိုး အရင်ပေးခဲ့ရကာ ၁ ဂိုးသာ ပြန်သွင်းနိုင်ခဲ့သောကြောင့် အရှုံးပေးခဲ့ရပြီး ထိပ်ဆုံးမှ ချယ်ဆီးအား အမှီလိုက်ရေးမျှော်လင့်ချက်မှာ မှေးမှိန်ခဲ့ရသည်။
    “ကျွန်တော်တို့ ပွဲအစကနေ အဆုံးအထိ ကားပုံကောင်းခဲ့ပါတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ သူတို့ရဲ့ လူကျွံဂိုး ၁ ဂိုးနဲ့ လှပတဲ့ ဖရီးကစ်တစ်ဂိုးကြောင့် ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတာပါ။ ဒိုင်လူကြီးနဲ့ပတ်သက်လို့တော့ ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒိုင်လူကြီးကို ဝေဖန်ဆန်းစစ်ဖို့ဆိုတာ နည်းပြတစ်ယောက်အတွက် လုပ်ကောင်းတဲ့အလုပ် မဟုတ်ပါဘူး” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။
    ပဲလေ့စ်၏ ပထမဦးဆောင်ဂိုးမှာ လူကျွံဘောဖြစ်နေသည်ကို အနှေးပြကွက်များအရ တွေ့ရပြီး မိမိတို့အသင်း အဘယ့်ကြောင့် ရှုံးရသည်ဟု ဆိုလျှင် လူကျွံဘောနှင့် လှပသည့် ဖရီးကစ်ကြောင့် ဖြစ်သည်ဟု ထပ်ပြောချင်ကြောင်း ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။
    ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်ချက် မှေးမှိန်သွားပြီလားဟု မေးမြန်းရာ ပယ်လီဂရီနီက မိမိတို့အသင်းမှာ တစ်ပွဲချင်းစီ ဆက်လက်ကစားသွားမည်ဟု ဖြေကြားခဲ့သည်။
    “ဗိုလ်စွဲဖို့အတွက် ကျွန်တော် ပြောနေတာမဟုတ်ပါဘူး။ ပွဲတွေကို နိုင်ဖို့ပဲ ကြိုးစားနေတာပါ။ ရာသီအကုန်မှာ ကြည့်ကြတာပေါ့ဗျာ။ အမှတ်လျော့သွားတဲ့ အချိန်တိုင်းမှာ ရိုက်ခတ်မှုကြီးတွေကတော့ ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ ကစားခဲ့သလိုမျိုး နောက်ပွဲတွေမှာ ထပ်ကစားဖို့ ကြိုးစားရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ သာမန်ဆိုရင် ကျွန်တော်တို့ နိုင်လေ့ရှိလို့ပါ”
    မန်စီးတီးမှာ လက်ရှိအချိန်တွင် ဦးဆောင်သူချယ်ဆီးနှင့် တစ်ပွဲအသာ ၉ မှတ်လျော့ဖြင့် တတိယနေရတွင်ရှိနေသည်။
    Ref: Goal.com
  • ထိပ်ဆုံးနဲ့ အောက်ဆုံးကအသင်းတွေ နိုင်ပြီး ချန်ပီယံလိဂ်နဲ့ တန်းဆင်းဇုန်အတွက် အကြိတ်အနယ်ရှိလာတဲ့ ပရီးမီးယားလိဂ်
    ထိပ်ဆုံးနဲ့ အောက်ဆုံးကအသင်းတွေ နိုင်ပြီး ချန်ပီယံလိဂ်နဲ့ တန်းဆင်းဇုန်အတွက် အကြိတ်အနယ်ရှိလာတဲ့ ပရီးမီးယားလိဂ်
    ဧပြီ ၆၊ ၂၀၁၅
    M-Media
    original
    – ဒီတစ်ပတ် စနေ၊ တနင်္ဂနွေမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ မှာတော့ လီဗာပူးကလွဲလို့ အသင်းကြီးတွေအားလုံး အနိုင်ရခဲ့ပြီး တန်းဆင်းဇုန်နားက အသင်းတစ်ချို့လည်း အနိုင်ရခဲ့ပါတယ်။
    စနေနေ့က အစောဆုံးကစားခဲ့တဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ပွဲမှာ အိမ်ရှင်အာဆင်နယ်တို့ အကောင်းဆုံးခြေစွမ်းနဲ့ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အာဆင်နယ်က ပိုကောင်းခဲ့ပေမယ့် ဂိုးသွင်းခွင့်ရခဲ့တာကတော့ လီဗာပူးလ်ဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးရအောင် မသွင်းနိုင်ခဲ့ဘဲ ပထမပိုင်း ၃၇ မိနစ်ကနေ ၄၅ မိနစ်အတွင်း ၈ မိနစ်ဆိုတဲ့ အချိန်လေးမှာ ဘယ်လာရင်၊ အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ရဲ့ သွင်းဂိုး ၃ ဂိုးက လီဗာပူးလ်ရဲ့ အခြေအနေကို ဆိုးရွားစေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးလ်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် စတားရစ်ခ်ျကြောင့်ရတဲ့ ပင်နယ်တီကို ဟန်ဒါဆင်က ကန်သွင်းနိုင်ခဲ့တာကြောင့် နှစ်သိမ့်ဂိုး ၁ ဂိုးသာ လီဗာပူးလ်တို့ ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ လီဗာပူးလ်နောက်ခံလူ အမ်ရီကန် ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပြီး ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ဂျရူးက အာဆင်နယ်အတွက် တစ်လုံး ထပ်သွင်းခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ဒီနိုင်ပွဲဟာ နောက်ဆုံး ၁၁ ပွဲမှာ ၁၀
    ပွဲမြောက်အနိုင်ဖြစ်ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ရယူထားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်နည်းပြ ရော်ဂျာကတော့ သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တော်တော်လေးခက်သွားပြီလို့ ပွဲအပြီးမှာ ၀န်ခံခဲ့ပါတယ်။
    အိုးထရက်ဖို့ဒ်က မန်ယူနဲ့ အက်စတွန်ဗီလာတို့ပွဲမှာတော့ အိမ်ရှင်တို့ ကစားပုံမကောင်းခဲ့ပေမယ့် ဟာရဲရားနဲ့ ရူနီတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင် ၃ မှတ်တော့ ရယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့် ၅ ကြိမ်လောက်သာ ရတဲ့အချိန်မှာ ၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ မန်ယူကစားတွေရဲ့ အဆုံးသတ်ကောင်းမွန်မှုက အဆုံးအဖြတ်ပေးသွားတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူဟာ နောက်တစ်ပတ်ကစပြီး ထိပ်ဆုံ ၃ သင်းနဲ့ တွေ့ရတော့မှာဖြစ်တာကြောင့် ဗန်ဂါးလ်က သူတို့အသင်း ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ မလွယ်သေးဘူးလို့ ပြောခဲ့ပါတယ်။
    ထိပ်ဆုံးက ချယ်ဆီးကလည်း အိမ်ကွင်းမှာ အမှားအယွင်းမရှိခဲ့ပါဘူး။ ဟာဇာ့ဒ်ရဲ့ ပင်နယ်တီနဲ့ ၃၉ မိနစ်မှာ ဦးဆောင်နိုင်ခဲ့တဲ့ ချယ်ဆီး ၄၄ မိနစ်မှာတော့ ချယ်လီ အဒမ်ရဲ့ ချေပဂိုး ၁ ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒီဂိုးဟာ စတုတ်ရဲ့ ၆ နှစ်အတွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျ ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဂိုးရဖို့ ကြိုးစားလာတဲ့ ချယ်ဆီးအတွက် တိုက်စစ်မှူး ရီမီက စတုတ်ဂိုးသမား အက်စ်မီရ် ဘီဂိုဗစ်ရဲ့ အမှားကို အကောင်းဆုံး အသုံးချပြီး ၆၂ မိနစ်မှာ အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ချယ်ဆီးတို့ အပိုင် ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ပေမယ့် စတုတ်ဂိုးသမား အကောင်းဆုံး ကာကွယ်သွားနိုင်တာကြောင့် ၂ ဂိုးနဲ့သာ အနိုင် ၃ မှတ်ရခဲ့တာဖြစ်ပါတယ်။
    ထိပ်ဆုံး လေးသင်းဝင်ဖို့ ကြိုးစားနေတဲ့ စပါးကတော့ ဘန်လေကွင်းမှာ ဂိုးမရှိသရေနဲ့ သရေတစ်မှတ်သာ ရခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းစက် ဟယ်ရီကိန်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပေမယ့် ဂိုးပေါက်တော့ ရှာမတွေ့ခဲ့ပါဘူး။
    ဇယားအောက်ခြေက ၂ သင်းဖြစ်တဲ့ ကျူပီအာရ်နဲ့ လက်စတာတို့လည်း နိုင်ပွဲတွေကိုယ်စီရခဲ့ပြီး တန်းဆင်းဇုန်တိုက်ပွဲမှာ အကြိတ်အနယ်ဖြစ်လာပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အနိုင်အရှုံးရလဒ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အာဆင်နယ် ၄-၁ လီဗာပူးလ်
    အဲဗာတန် ၁-၀ ဆောက်သက်တမ်
    လက်စတာ ၂-၁ ၀က်စ်ဟမ်း
    မန်ယူ ၃-၁ အက်စတွန်ဗီလာ
    ဆွမ်ဆီး ၃-၁ ဟားလ်စီးတီး
    ချယ်ဆီး ၂-၁ စတုတ်
    ဘန်လေ ၀-၀ စပါး
    ဆန်းဒါးလန်း ၁-၀ နယူးကာဆယ်
  • ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာသေးဟု ဗန်ဂါးလ်ပြော
    ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာသေးဟု ဗန်ဂါးလ်ပြော
    ဧပြီ ၅၊ ၂၀၁၅
    M-Media
    louis-van-gaal-manchester-united-aston-villa-04042015_6qiuwnr3e5zl13jsom5ut7evr
    – လာမည့်နှစ် ချန်ပီယံလိဂ်တွင် ၀င်ရောက်ကစားခွင့်ရရန်အတွက် မိမိတို့အသင်းမှာ မသေချာသေးဟု မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ လူးဝစ် ဗန်ဂါးလ်က ပြောကြားလိုက်သည်။
    ဥရောပ၀င်ခွင့် ရှာဖွေနေသည့် မန်ယူအသင်းမှာ ယမန်နေ့က အက်စတွန်ဗီလာအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အဆင့်လေးနေရာတွင်ရှိနေပြီး အဆင့် ၅ မှ လီဗာပူးလ်ကို ၈ မှတ်ဖြတ်ထားနိုင်သည်။ သို့သော်လည်း ဗန်ဂါးလ်ကမူ မိမိတို့အသင်းမှာ ချယ်ဆီး၊ အာဆင်နယ်၊ မန်စီးတီးတို့နှင့် တွေ့ဆုံရန် ရှိနေသောကြောင့် ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန် မသေချာနိုင်သေးဟု ဆိုသည်။
    “ထိပ်ဆုံး ၃ သင်းနဲ့ ကျွန်တော်တို့ ကစားရအုံးမှာပါ။ မပြီးဆုံးသေးပါဘူး။ ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့ဟာ အမှတ်ကွာဟမှုရှိအောင် လုပ်ထားတာကြောင့် ကျွန်တော်တို့ ရှုံးလည်း ရှုံးသွားနိုင်ပါတယ်။ ကျွန်တော်က ပိုမြင့်မြင့်ကိုပဲ ကြည့်ပါတယ်။ ကျွန်တော်တို့ ပွဲတိုင်းနိုင်ဖို့ လိုပါတယ်။ အရာရာတိုင်းဟာ ဖြစ်နိုင်ပါတယ်” ဟု ဗန်ဂါလ်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် လီဗာပူးလ်မှာ မိမိတို့ထက် ၈ မှတ်ကွာနေကြောင်း၊ မိမိတို့မှာလည်း ထိပ်ဆုံးမှ ချယ်ဆီးထက် ၈ မှတ်ကျော် ပြန်ကွာနေကြောင်း သာမန်အားဖြင့် မိမိတို့မှာ ချန်ပီယံမဖြစ်နိုင်သော်လည်း ချယ်ဆီးအား ဖိအားပေးသွားမည်ဖြစ်ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။
    ယမန်နေ့က အက်စတွန်ဗီလာနှင့်ပွဲတွင် ကစားပုံမကောင်းခဲ့သော်လည်း ဟာရဲရား၊ ရူနီတို့၏ ဂိုးများဖြင့် မန်ယူက အနိုင်ရခဲ့ပြီး
    ဗန်ဂါးလ်ကမူ လိဂ်ပွဲ ၅ ပွဲဆက် အနိုင်ဖြစ်ခဲ့သည့်အတွက် ကျေနပ်နေသည်။
    “ရလဒ်အတွက် ကျွန်တော် ကျေနပ်ပါတယ်။ ကစားပုံက ပိုကောင်းရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ခဲ့ပြီး ဒါက အရေးပါဆုံး အရာပါပဲ”
    Ref: Goal.com
  • FA ၏ ငယ်မွေးခြံပေါက်ကစားသမားအစီအစဉ် ပူးလစ်ကန့်ကွက်
    FA ၏ ငယ်မွေးခြံပေါက်ကစားသမားအစီအစဉ် ပူးလစ်ကန့်ကွက်
    ဧပြီ ၄၊ ၂၀၁၅
    M-Media
    tony-pulis-west-brom-southampton-premier-league-28022015_zu2c6ckhreb01vtuv5ri1wi9j
    – ပရီးမီးယားလိဂ်တွင် ပြည်တွင်းမှ ငယ်မွေးခြံပေါက် ကစားသမားများ သတ်မှတ်ချက်ဖြင့် ထည့်သွင်းရေး FA ၏ အဆိုပါပြုချက်ကို ၀က်စ်ဘရွန်းနည်းပြ တူနီပူးလစ်က ကန့်ကွက်လိုက်ပြီး လူငယ် ကစားသမားများမှာ အောက်တန်းလိဂ်များတွင်သာ ကစားသင့်သည်ဟု ပြောကြားလိုက်သည်။
    FA အကြီးအကဲဖြစ်သူ ဒိုက်ကီက အင်္ဂလန်လက်ရွေးစင်အသင်းတိုးတက်ရေးအတွက် အင်္ဂလိပ်ကစားသမားများမှာ ပြည်တွင်းအမြင့်ဆုံးလိဂ်ဖြစ်သော ပရီးမီးယားလိဂ်တွင် ပိုမိုပါဝင်ရမည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်း အကြံပြုခဲ့သည်။
    သို့သော်လည်း ပူးလစ်ကမူ အဆိုပါအယူအဆကို သဘောမတူဘဲ အငယ်တန်းလိဂ်များတွင် ချိတ်ဆက်ကစားခြင်းကသာ ပါရမီရှိ ကစားသမားများ တိုးတက်ဖြစ်ပေါ်လာရေးအတွက် ပိုကောင်းသည့် နည်းလမ်းဖြစ်သည်ဟု ဆိုသည်။
    “အင်္ဂလိပ်ကစားသမား ၁၂ ယောက်လောက်ကို အသင်းမှာခေါ်ထားတာ သူတို့ကို (ပရီးမီးယားလိဂ်အသင်းတွေမှာ) အငှားချထားတာဟာ မကောင်းပါဘူး။ အင်္ဂလိပ်ကစားသမားတွေအတွက် ဖြစ်သင့်တာက သူတို့ကို အသင်းငယ်တွေမှာ အငှားချပြီး ဒုတိယနဲ့ တတိယအဆင့် လိဂ်တွေမှာသင်ယူစေဖို့ပါပဲ။ ဟယ်ရီကန်း ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ကြည့်ပါ” ဟု ပူးလစ်က ပြောကြားခဲ့သည်။
    အင်္ဂလိပ်ကစားသမားများ ပရီးမီးယားလိဂ်တွင် နေရာမရခြင်းမှာ နိုင်ငံခြားကစားသမားများ ကြီးစိုးမှုကြောင့်ဟု ဝေဖန်မှုများရှိနေပြီး ပူးလစ်ကမူ နိုင်ငံခြားကစားသမားများ ၀င်ရောက်ခြင်း
    ရပ်တန့်သွားအောင်လုပ်ခြင်းမှာအင်္ဂလိပ်ကစားသမားများ နေရာရလာရေးအတွက် နည်းလမ်းဟု မမြင်ကြောင်း၊ နိုင်ငံခြားသား
    ထိပ်တန်းကစားသမားများက ကစားသမားကောင်းဖြစ်လာရေး လေးစားအားကျမှုသာ ဖြစ်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် အင်္ဂလိပ်အသင်းများ၏ ဘောလုံးအကယ်ဒမီစနစ်များကိုလည်း ဝေဖန်ခဲ့ပြီး ယူ ၂၁ လူငယ်အသင်းများ၏ ကစားပွဲများကလည်း ကစားသမားများ တိုးတက်ရေးအတွက် လုံလောက်အောင် ကောင်းမွန်းခြင်းမရှိဟု ဆိုသည်။
    Ref: Goal.com