News @ M-Media

Tag: EPL

  • မန်ယူဂိုးသမား ရီးယဲလ်ပြောင်းတော့မှာလား

    မန်ယူဂိုးသမား ရီးယဲလ်ပြောင်းတော့မှာလား

    မတ် ၁၄၊ ၂၀၁၅
    M-Meida

    816422_heroa

    – မန်ချက်စတာမြို့မှာ ရေခဲသေတ္တာအအနောက်ဖက်ထက် ပို၍ အရုပ်ဆိုးသည်ဟု မန်ယူဂိုးသမား ဒီဂီယာ၏ ချစ်သူက ပြောကြားခဲ့ပြီးနောက် ဒီဂီယာမှာ ရီးယဲလ်သို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိသည်ဆိုသည့် ကောလဟာလများမှာ ပိုမိုမြင့်တက်လာခဲ့သည်။

    အသင်း၏ အဓိကဂိုးသမား ကာဆီးလက်စ်၏ နေရာတွင် ရေရှည်အစားထိုးရန်အတွက် ရီးယဲလ်က ခေါ်ယူရန် ပစ်မှတ်ထားနေသူများတွင် ဒီဂီယာမှာ ထိပ်ဆုံးမှပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။ ဒီဂီယာ၏ ချစ်သူမှာ ၂၀၁၅ ခုနှစ် စပိန်သီချင်းဆိုပြိုင်ပွဲတစ်ခုတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ အက်ဒူရ်နီ ဂါစီယာဆိုသူဖြစ်ပြီး မန်ချက်စတာမြို့တွင် နေထိုင်ရသည့်ဘ၀အတွက် ဝေဖန်ပြောဆိုလိုက်ကာ မွေးရပ်စပိန်တွင်သာ ပိုပျော်သည်ဟု ဆိုသည်။

    “မန်ချက်စတာဟာ ရေခဲသေတ္တာအနောက်ဖက်ထက် ပိုပြီးအရုပ်ဆိုးတယ်လို့ ကျွန်မ ပြောခဲ့ဖူးပါတယ်။ သိပ်မကောင်းပါဘူး။ သေချာပါတယ်။ အခြားနေရာတွေ – ကောင်းမွန်တဲ့နေရာတွေကို ရှာဖွေရပါမယ်။ ဒါပေမယ့် စပိန်ကတော့ ပိုကောင်းပါတယ်။ ကျွန်မကြိုက်ရတဲ့အကြောင်းက ဒေးဗစ် (ဒီဂီယာ) အဲဒီမှာရှိလို့ပါ။ သူနဲ့အတူ အဲဒီမှာရှိနေတယ်ဆိုရင် အရာအားလုံးဟာ အံ့သြစရာပါပဲ” ဟု ယခုသီတင်းပတ် အစောပိုင်းတွင် ဂါစီယာက ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုသို့ ပြောကြားခဲ့သည်။

    ဂါစီယာက ထိုသို့ပြောဆိုမှုကြောင့် ဒီဂီယာမှာ ယခုနှစ် ရာသီအကုန်တွင် မန်ယူမှထွက်ခွာတော့မည်ဟူသည့် ကောလဟာလများမှာ ပိုမိုမြင့်တက်လာခဲ့သည်။ ဒီဂီယာမှာ ရုန်းကန်နေသည့် မန်ယူအသင်းတွင် အကောင်းဆုံးလက်စွမ်းပြနေသူဖြစ်ပြီး အချို့သောပွဲများတွင် ၎င်း၏ လက်စွမ်းကြောင့် မန်ယူမှာ အမှတ်အချို့ကို ရယူနိုင်ခဲ့သည်။

    မန်ချက်စတာမြို့နှင့်ပတ်သက်၍ ဂါစီယာ၏ ထိုကဲ့သို့ ဝေဖန်မှုကို မြို့တော်ကောင်စီဝင်တစ်ဦးက ပြန်လည်ချေပခဲ့ပြီး မိမိတို့မြို့တွင် ဖျော်ဖြေရေး၊ ယဉ်ကျေးမှု၊ ဈေးဝယ်ထွက်ခြင်း၊ ပွဲတော်များ စသဖြင့် ဆွဲဆောင်နိုင်စရာ အမြောက်အများရှိပြီး ဂါစီယာတို့၏ ချစ်သူနှစ်ဦး မတွေ့မမြင်ရသေးသည့် အရာများကို လိုက်လံပြသခွင့်ရပါက ၀မ်းမြောက်ဝမ်းသာ ဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref: Goal.com

  • Twitter တွင်ဆဲရေးခဲ့သည့် ကာလ်တန်ကိုးလ် ဒဏ်ငွေ ရိုက်ခံရ

    Twitter တွင်ဆဲရေးခဲ့သည့် ကာလ်တန်ကိုးလ် ဒဏ်ငွေ ရိုက်ခံရ

    မတ် ၁၃၊ ၂၀၁၅
    M-Media

    1034082_heroa

    – ဘောလုံသမားတစ်ယောက်အနေဖြင့် မသင့်တော် မလျော်ကန်သည့် မှတ်ချက်မျိုးကို ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည့် ၀က်စ်ဟမ်းတိုက်စစ်မှူး ကာလ်တန်ကိုးလ်အား FA က ပေါင် ၂၀၀၀၀ ဒဏ်ငွေရိုက်ခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်လက စပါးအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ၀က်စ်ဟမ်းမှာ ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၂ ဂိုးပြန်ပေးလိုက်ရကာ သရေကျသည့် ပွဲအပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ Twitter စာမျက်နှာတွင် ပေးထားသော ပြိုင်ဘက်ပရိတ်သတ်တစ်ယောက်၏ မှတ်ချက်ကို ကာလ်တန်ကိုးလ်က ဆဲရေးတိုင်းထွာကာ ပြန်လည် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

    ထိုအပြုမှုမှာ FA ၏ စည်းမျဉ်းစည်းကမ်းများဖြင့် ငြိစွန်းသည်ဟုမှတ်ယူသောကြောင့် FA က ထိုကဲ့သို့ အရေးယူခဲ့ခြင်ဖြစ်ပြီး ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် “အနာဂတ်အပြုအမူအတွက် ပြင်းပြင်းထန်ထန် သတိပေးခံထားရတဲ့ ၀က်စ်ဟမ်းကစားသမား (ကာလ်တန်ကိုးလ်) က သူ့ရဲ့ Twitter မှာရေးတဲ့မှတ်ချက်ဟာ FA ရဲ့ ဥပဒေ E3 ကို ချိုးဖောက်တဲ့ ဆဲရေးသော သို့မဟုတ် စော်ကားသော၊ သို့မဟုတ် မသင့်လျော်သော သို့မဟုတ် ပြိုင်ပွဲအား မလေးမစားဖြစ်စေသော မှတ်ချက်ဆိုတာ ၀န်ခံခဲ့ပါတယ်” ဟု ဖော်ပြခဲ့သည်။

    ကာလ်တန်ကိုးလ်မှာ ဆိုရှယ်မီဒီယာတွင် မှတ်ချက်ရေးခဲ့မှုအတွက် အရေးယူခံရခြင်းမှာ ယခုအချိန်သည် ပထဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၁ ခုနှစ် မေလအတွင်းက အင်္ဂလန်နှင့် ဂါနာတို့၏ ခြေစမ်းပွဲအပြီး လူမျိုးရေး ထိခိုက်စေသော မှတ်ချက်ကို Twitter တွင်ရေးသားခဲ့သည့်အတွက် ဒဏ်ငွေရိုက်ခဲ့ရပြီး ၎င်းက နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့သည်။

    Ref: Goal.com

  • မော်ရင်ဟိုမှာ မိမိအတွက် စပါယ်ရှယ်မဟုတ်ဟု ဒေးဗစ်လူဝစ်ဆို

    မော်ရင်ဟိုမှာ မိမိအတွက် စပါယ်ရှယ်မဟုတ်ဟု ဒေးဗစ်လူဝစ်ဆို

    မတ် ၉၊ ၂၀၁၅
    M-Media

    luis

    – မော်ရင်ဟိုမှာ စပါယ်ရှယ်တစ်ယောက် မဟုတ်ဘဲ မိမိတို့ ပီအက်စ်ဂျီအသင်းမှာလည်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခွင့် ရှိနေသည်ဟု နောက်ခံလူ ဒေးဗစ်လူးဝစ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ပဲရစ်တွင် ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ချယ်ဆီးနှင့် ပီအက်စ်ဂျီတို့မှာ ၁ ဂိုးစီ သရေကျခဲ့သည်။ လူးဝစ်မှာ မော်ရင်ဟိုလက်ထက်တွင် ချယ်ဆီး၌ စိတ်ပျက်စရာများ ကြုံတွေ့ခဲ့ရပြီးနောက် ပြီးခဲ့သည့်နှစ် ဇွန်လက ပေါင် သန်း ၅၀ ဖြင့် ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ပြီး မော်ရင်ဟိုနှင့် အပြန်အလှန် စကားစစ်ထိုးမှုများ ရှိခဲ့သည်။

    ယခုတွင်လည်း လူးဝစ်က မော်ရင်ဟိုအား ထပ်မံ၍ စကားနာထိုးခဲ့သည်။

    “သူက ခင်ဗျားအတွက်တော့ စပါရှယ်ဖြစ်ရင် ဖြစ်မှာပေါ့။ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ချယ်ဆီးမှာ ကျွန်တော်ဟာ ကောင်းမွန်တဲ့အချိန်တွေကို ရခဲ့ပြီး ဖလားအများအပြားလည်း ရခဲ့ပါတယ်။ ကျွန်တော် ပျော်ပါတယ်” ဟု လူးဝစ်က L’Equipe သို့ ပြောကြားခဲ့သည်။

    အဝေးကွင်းတွင် သရေကျထားပြီး ၁ ဂိုးသွင်းထားနိုင်၍ ချန်ပီယံလိဂ် ဒုတိယအကျော့အတွက် ချယ်ဆီးက အသာရနေပြီး လူးဝစ်ကမူ မိမိတို့အနေဖြင့် ချယ်ဆီးအား မည်ကဲ့သို့ ကစားရမည်ကို သိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ စီမံကိန်းရှိပါလိမ့်မယ်။ ပြီးတော့ စွမ်းဆောင်မှုကောင်းရရှိဖို့အတွက် အကောင်းဆုံးနည်းလမ်းကို အကောင်အထည်ဖော်သွားမှာပါ။ ကျွန်တော်တို့ ၂ သင်းစလုံး နောက်တစ်ဆင့် တက်နိုင်ပါတယ်”

    Ref: Goal.com

  • မန်ယူနှင့်ပွဲတွင် တံတွေးဖြင့်ထွေးခဲ့သည့် နယူးကာဆယ်တိုက်စစ်မှူး ဆစ်စီ ၇ ပွဲ ပယ်ခံရမည်

    မန်ယူနှင့်ပွဲတွင် တံတွေးဖြင့်ထွေးခဲ့သည့် နယူးကာဆယ်တိုက်စစ်မှူး ဆစ်စီ ၇ ပွဲ ပယ်ခံရမည်

    မတ် ၆၊ ၂၀၁၅
    M-Media

    evans

    – ဗုဒ္ဓဟူးနေ့ညက စိန့်ဂျိမ်းစ်ပါ့က်တွင် ကစားခဲ့သည့် မန်ယူနှင့်ပွဲတွင် မန်ယူနောက်ခံလူ အီဗန့်စ်အား တံတွေးဖြင့် ထွေးခဲ့သည်ဆိုသော FA ၏ တရားစွဲဆိုမှုအား နယူးကာဆယ်တိုက်စစ်မှူး ပါပစ် ဆစ်စီက လက်ခံလိုက်သည်ဟု
    သိရသည်။

    ပထမပိုင်းပြီးကာနီးတွင် အီဗန့်စ်၏ ဖြတ်ထုတ်မှုနှင့်ပတ်သက်၍ ဆစ်စီနှင့် အချင်းများရာ အီဗန့်စ်က တံတွေးဖြင့် ပထမဆုံး ထွေးခဲ့ပြီးနောက် ဆစ်စီကလည်း တံတွေးဖြင့် သိသိသာသာပင် ပြန်ထွေးခဲ့သည်။

    သို့သော်လည်း ပွဲအပြီးတွင် အီဗန့်စ်က ကြေညာချက်ထုတ်ကာ မိမိ တံတွေးဖြင့်ထွေးခဲ့သည်ဟု စွပ်စွဲခြင်းနှင့်ပတ်သက်၍ တုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီး ဆစ်စီကမူ ၎င်း၏ လုပ်ရပ်အတွင် ၀န်ခံခဲ့ကာ ထိုကဲ့သို့ မကောင်းသောလုပ်ရပ်နှင့်ပတ်သက်၍ တောင်းပန်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။

    FA တာဝန်ရှိသူများမှာ အဆိုပါပွဲ၏ ဗီဒီယိုကို ပြန်လည်ကြည်ရှုခဲ့ပြီးနောက် ကစားသမားနှစ်ဦးစလုံးမှာ အနီကဒ်ပြစ်ဒဏ်နှင့် ထိုက်တန်သည်ဟု ယမန်နေ့က ဆုံးဖြတ်ချက်ချခဲ့ပြီး ၎င်းတို့ ၂ ဦးစလုံးအား စွဲချက်တင်ခဲ့သည်။

    FA ၏ စွဲချက်အား လက်ခံခဲ့သောကြောင့် ဆစ်စီမှာ ၇ ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံရမည်ဖြစ်ပြီး ၎င်း၏ ယခုနှစ်ရာသီ ဒုတိယမြောက် အနီကဒ်အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ အီဗန့်စ်ကမူ အဆိုပါ စွဲချက်အား လက်ခံခြင်း သို့မဟုတ် အပြစ်ရှိကြောင်း တွေ့ရှိရပါက ၆ ပွဲပယ်ခံရမည်ဖြစ်သည်။

    Ref: Goal.com

  • ပွဲတိုင်း ပါဝင်ကစားရန် အဆင်သင့်ဟု လီဗာပူးလ်တိုက်စစ်မှူး စတားရစ်ခ်ျဆို

    ပွဲတိုင်း ပါဝင်ကစားရန် အဆင်သင့်ဟု လီဗာပူးလ်တိုက်စစ်မှူး စတားရစ်ခ်ျဆို

    မတ် ၅၊ ၂၀၁၅
    M-Media

    str

    – နည်းပြရော်ဂျာက ဒဏ်ရာရမည်စိုးသောကြောင့် ချန်ထားရန် စိတ်အားထက်သန်နေသော်လည်း မိမိအနေဖြင့် ပွဲစဉ်တိုင်းကို ပါဝင်ကစားရန် အဆင်သင့်ဖြစ်နေသည်ဟု လီဗာပူးအသင်းတိုက်စစ်မှူး ဒန်နီယဲလ်စတားရစ်ခ်ျက ပြောကြားလိုက်သည်။

    ဘန်လေအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ယနေ့မနက်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ရော်ဂျာက ဒဏ်ရာမှ ပြန်လည်သက်သာလာရုံရှိသေးသည့် စတားရစ်ခ်ျ ပြန်လည် ဒဏ်ရာရသွားမည်ကို စိုးရိမ်မိသောကြောင့် ပွဲတိုင်းတွင် သုံးရန် ချင့်ချိန်နေရသည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဘန်လေနှင့်ပွဲတွင် ၁ ဂိုးသွင်းယူပေးခဲ့သည့် စတားရစ်ခ်ျကမူ မိမိမှာ ကျန်ရှိသည့်ပွဲများတွင် ပါဝင်ကစားခွင့်ရရန် စိတ်အားထက်သန်နေသည်ဟု တုံ့ပြန်ခဲ့သည်။

    “ကျွန်တော်ကောင်းနေပါတယ်။ ဒဏ်ရာကနေ ပြန်လာပြီးတဲ့နောက်ပိုင်းမှာ တကယ့်ကို ကောင်းတယ်လို့ ခံစားရပါတယ်။ ပြီးတော့ ပွဲတိုင်းကို ပါဝင်ကစားဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော့် သက်သာရာရတာမျိုး မလိုချင်ပေမယ့် နည်းပြရဲ့ ဆန္ဒလို့ ယူဆပါတယ်” ဟု စတားရစ်ခ်ျက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဘန်လေနှင့် ယနေ့မနက်ပွဲတွင် ပါဝင်ကစားရခြင်းမှာ ဒဏ်ရာမှသက်သာပြီးနောက်ပိုင်း စတားရစ်ခ်ျ၏ ဒုတိယမြောက်ပွဲဖြစ်ပြီး ထိုပွဲအနိုင်မှာ လီဗာပူးလ်၏ လေးပွဲဆက်အနိုင်လည်း ဖြစ်ခဲ့သည်။

    Ref: Goal.com