News @ M-Media
Tag: EPL
  • ထိပ်တန်းအသင်းတစ်ခုခုသို့ ပြောင်းချင်သည်ဟု အဲဗာတန်တိုက်စစ်မှူး လူကာကူပြော
    ထိပ်တန်းအသင်းတစ်ခုခုသို့ ပြောင်းချင်သည်ဟု အဲဗာတန်တိုက်စစ်မှူး လူကာကူပြော
    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
    M-Media
    lukaku
    – အဲဗာတန်တွင် ခြေစွမ်းကောင်းများပြသနိုင်သည့် မိမိမှာ အသင်းဟောင်းချယ်ဆီးကဲ့သို့ ထိပ်တန်းကလပ်တစ်ခုခုတွင် ကစားချင်သည်ဟု တိုက်စစ်မှူး လူကာကူက ပြောကြားလိုက်သည်။
    လူကာကူမှာ ပြီးခဲ့သည့်နှစ်က အဲဗာတန်အသင်းသို့ ချယ်ဆီးမှ အငှားဖြင့်ပြောင်းရွှေ့လာခဲ့ပြီးနောက် ဇူလိုင်လတွင် ပေါင် ၂၈ သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့သည်။ အဲဗာတန်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် လူကာကူမှာ ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီး ၎င်းက အနာဂတ်တွင် ထိပ်တန်းကလပ်အသင်းတစ်ခုခုသို့ ပြောင်းရွှေ့ရန် အာရုံစိုက်နေသည်။
    “သူတို့ (ချယ်ဆီး)က ကျွန်တော် ကစားသမားကောင်းဆိုတာ သိပါတယ်။ ပြီးတော့ ကျွန်တော် တိုးတက်ချင်ပြီး နောက်ဆုံးမှာ
    ချယ်ဆီးလိုအသင်းမျိုးမှာ ကစားချင်ပါတယ်။ အဲဒီ(ချယ်ဆီး) ကို ပြန်ပြောင်းဖို့တော့ ကျွန်တော့်မှာ လျှို့ဝှက် စီမံကိန်းတွေဘာတွေ မရှိပါဘူး။ ကမ္ဘာပေါ်မှာ အခြားကလပ်တွေလည်း ရှိနေပါတယ်” ဟု လူကာကူက The Sun သတင်းစာသို့ ပြောကြားခဲ့သည်။
    လူကာကူမှာ အသင်းသို့ စတင်ရောက်ရှိစဉ်က ခြေစွမ်းကောင်းများကို ပြသခဲ့သော်လည်း နောက်ပိုင်းတွင် ခြေစွမ်းပြန်လည်ကျဆင်းခဲ့ကာ ယခုနှစ်တွင် အဲဗာတန်အတွက် ၃၃ ပွဲကစားပေးထားပြီး ၁၀ ဂိုး သာ သွင်းယူပေးထားသည်။
    Ref: goal.com
  • FA ဖလားအာရုံစိုက်မှုက ချန်ပီယံလိဂ်ကို ထိခိုက်သည်ဟု အာဆင်ဝင်းဂါးဆို
    FA ဖလားအာရုံစိုက်မှုက ချန်ပီယံလိဂ်ကို ထိခိုက်သည်ဟု အာဆင်ဝင်းဂါးဆို
    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
    M-Media
    winger
    – မိမိမှာ အသင်းအား FA ဖလားရရှိရန် ပိုအားသန်ခဲ့ပြီး ထိုအကြောင်းအရင်းက ချန်ပီယံလိဂ်တွင် ထိခိုက်ရခြင်းဖြစ်သည်ဟု
    အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အာဆင်နယ်မှာ ပြီးခဲ့သည့်နှစ်က ဟားလ်စီးတီးအသင်းအား အနိုင်ကစား၍ FA ဖလားကို ရယူခဲ့ပြီး ၉ နှစ်ကြာ ဖလားမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့သည်။ ယခုနှစ် FA ဖလားတွင်လည်း အာဆင်နယ်မှာ ပဉ္စမအဆင့်သို့ ရောက်နေပြီး မနက်ဖြန်တွင်ကစားမည့် မစ်ဒယ်ဘရော့နှင့်ပွဲ အနိုင်ရပါက ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
    အာဆင်ဝင်းဂါးကမူ မိမိမှာ FA ဖလားအား ပိုမိုရယူချင်သည့် စိတ်ဓာတ် ပိုများသည်ဟု ၀န်ခံခဲ့ပြီး ထိုဆန္ဒကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း အသင်း၏ ချန်ပီယံလိဂ်ယှဉ်ပြိုင်မှုတွင် ထိခိုက်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
    “(FA ဖလားဟာ) ကျွန်တော်တို့အတွက် အရေးကြီးပြီး သေသေချာချာကို အရယူခဲ့ပါတယ်။ အမြဲတမ်းရအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့လက်ထက်မှာ ၅ ကြိမ်ရရှိခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်းမှာ ဘယ်အသင်းမှ အဲဒီလောက် မရခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အမြဲတမ်း သေသေချာချာ ကစားခဲ့တာ့ပါ။ တစ်ခါတစ်ရံမှာ အရမ်း ဂရုစိုက်ခဲ့လို့ ချန်ပီယံလိဂ်မှာ ထိခိုက်ခဲ့ရပါတယ်” ဟု အာဆင်ဝင်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် FA ဖလားပြိုင်ပွဲမှာ များသောအားဖြင့် ချန်ပီယံလိဂ်မတိုင်ခင် တစ်ပတ်အလိုတွင် ကစားရသောကြောင့် FA ဖလားတွင်
    ဖိကစားခဲ့သည့် မိမိတို့အသင်းမှာ ချန်ပီယံလိဂ်အတွက် ကစားသမားများဆုံးရှုံးကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    ယခုနှစ်ပရီးမီးယားလိဂ်အခြေအနေနှင့်ပတ်သက်၍မူ မိမိတို့အသင်းမှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန်ဟု ဆိုသည်။
    “ကျွန်တော်တို့အမြဲတမ်း ချန်ပီယံဖြစ်ချင်ခဲ့တာပါ။ အမှတ်ပေးဇယားကို ကြည့်လိုက်ရင် ဒီရာသီမှာ ဒါဟာ အရမ်းခက်ခဲပါတယ်။
    အခုအချိန်မှာ ပွဲတိုင်းဟာ အသည်းအသန်ကစားရမယ့် ပွဲတွေပါပဲ”
    Ref: goal.com
  • ချယ်ဆီးမှာ စပါယ်ရှယ်ဝမ်းအသင်းမဟုတ်ဟု မန်စီးတီးကွင်းလယ်လူ နာဆရီဆို
    ချယ်ဆီးမှာ စပါယ်ရှယ်ဝမ်းအသင်းမဟုတ်ဟု မန်စီးတီးကွင်းလယ်လူ နာဆရီဆို
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media
    nsr
    – လက်ရှိအချိန်တွင် ဇယားအား ဦးဆောင်နေသော်လည်း ချယ်ဆီးမှာ စပါယ်ရှယ်အသင်းမဟုတ်ဘဲ ခြေချော်လိမ့်မည်ဟု မန်စီးတီးကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ၀ီလီယံ၏ နောက်ဆုံးမိနစ် နာကျင်အချိန်ပိုဂိုးဖြင့် အဲဗာတန်အား အနိုင်ရခဲ့သည့် ချယ်ဆီးအသင်းမှာ ယခုအချိန်တွင် ဒုတိယနေရာမှ မန်စီးတီးအသင်းအား ၇ မှတ်ဖြတ်ထားနိုင်သည်။ နာဆရီကမူ မိမိတို့အသင်းအနေဖြင့် အမှတ်ကွာဟမှုကို လျှော့ချနိုင်မည်ဟု ယုံကြည်နေသည်။
    “ကျွန်တော်ဟာ မော်ရင်ဟိုရဲ့ ပရိတ်သတ်တစ်ဦးပါ။ ဒါပေမယ့် သူ့အသင်းကိုတော့ အထင်မကြီးပါဘူး။ လုံးဝပါပဲ။ သူတို့နဲ့ ကျွန်တော်တို့ ၂ ကြိမ်ကစားခဲ့ပြီးပါပြီ။ တစ်ကြိမ်ကတော့ ၁၀ ယောက်နဲ့ပါ။ ကျွန်တော်တို့ သူတို့ထက် ပိုကောင်းခဲ့ပါတယ်။ နောက်တစ်ကြိမ် စတမ်းဖို့ဘရစ်ခ်ျမှာ ကစားတော့လည်း ကျွန်တော်တို့ကသာ ပိုကောင်းခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ သူတို့ဟာ လုံးဝ စပါယ်ရှယ်မဟုတ်ပါဘူး။ သူတို့အမှားတွေလုပ်အုံးမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု နာဆရီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    မန်စီးတီးနှင့်ပတ်သက်၍လည်း နာဆရီက မိမိတို့အသင်းမှာ ပွဲများကိုအနိုင်ကစားရမည်ဖြစ်ပြီး မည်သည့်အရာဖြစ်လာသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အခြေအနေမှာ တစ်ရာသီလုံး ယခုအတိုင်ဖြစ်သွားမည်ဖြစ်ပြီး မည်သူကမှ ရာသီပြီးဆုံးရန် ၁၀ ပွဲအလိုတွင် ဖလားအား ရနိုင်မည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    Ref:goal.com
  • အက်စတွန်ဗီလာအသင်းနည်းပြအား ရာထူးမှထုတ်ပယ်
    အက်စတွန်ဗီလာအသင်းနည်းပြအား ရာထူးမှထုတ်ပယ်
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
    M-Media
    pal
    – ၁၀ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး တန်းဆင်းဇုန်အတွင်းသို့ ကျရောက်ခဲ့ပြီးနောက် အက်စတွန်ဗီလာအသင်းက ၎င်းတို့၏
    နည်းပြဖြစ်သူကို ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။
    “အက်စတွန်ဗီလာအသင်းဟာ ဒီညနေ့မှာ နည်းပြ ပေါ်လမ်ဘာ့တ်နဲ့ လမ်းခွဲလိုက်ပါပြီ။ ပထမအသင်းနည်းပြ စကော့ မာရှဲလ်နဲ့ ဂိုးနည်းပြ အန်ဒီမာရှဲလ်တို့က လာမယ့်စနေနေ့ FA ဖလားပွဲအတွက် အသင်းကို ဆက်လက်ပြင်ဆင်သွားပါမယ်” ဟု ဗီလာအသင်းက ၎င်းတို့၏ ၀ဘ်ဆိုက်တွင် ယမန်နေ့က ကြေညာခဲ့သည်။
    အသက် ၄၅ နှစ်အရွယ်ရှိ လမ်ဘာ့တ်မှာ ၂၀၁၂ ခုနှစ်မှစ၍ အက်စတွန်ဗီလာအသင်းအား ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ ရာသီတွင် အဆင့် ၁၅ ဖြင့်သာ ရာသိမ်းနိုင်ခဲ့သည်။ ယခုနှစ်တွင်လည်း လမ်ဘာ့တ်မှာ အသင်းအား ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ ပြီးခဲ့သည့် အင်္ဂါနေ့ ဟားလ်စီးတီးအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပရိတ်သတ်များက ၎င်းအား အသင်းမှနှုတ်ထွက်ရန် ဆိုင်းဘုတ်များကိုင်ကာ တောင်းဆိုခဲ့ကြသည်။
    ဗီလာမှာ နောက်ဆုံး ၂၁ ပွဲတွင် ၂ ပွဲသာ အနိုင်ရရှိထားပြီး ဟားလ်စီးတီးပွဲအရှုံးက အသင်းအား တန်းဆင်းဇုန်အတွင်းသို့ ရောက်ရှိစေခဲ့သည်။ ဗီလာမှာ လိဂ်ဖလားတွင်လည်း တတိယတန်းကလပ် လေတန် အော်ရီးယန့်အသင်းအား ရှုံးနိမ့်ကာ
    ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး FA ဖလားတွင် ပဉ္စမအဆင့်သို့ ရောက်ရှိနေသည်။
    လမ်ဘာ့တ်မှာ ခရစ္စတယ်ပဲလေ့စ်နည်းပြ နီးလ်ဝါနော့၊ ၀က်စ်ဘရွန်းနည်းပြ အလန် အာဗင်း၊ နယူးကာဆယ်နည်းပြ အလန်ပါဂျူးနှင့် ကျူပီအာရ်နည်းပြ ဟယ်ရီရက်နက်တို့ပြီးနောက် ယခုနှစ်တွင် ပရီးမီးယားလိဂ်အသင်းများဖြင့် လမ်းခွဲခဲ့သည့် ၅ ယောက်မြောက်နည်းပြလည်း ဖြစ်လာခဲ့သည်။
    Ref: channelnewsasia
  • ဘာလော့တယ်လီ ပရီးမီးယားလိဂ်ဂိုး ဈေးဦးပေါက်ပြီး အသင်းကြီးတွေအားလုံး အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅
    ဘာလော့တယ်လီ ပရီးမီးယားလိဂ်ဂိုး ဈေးဦးပေါက်ပြီး အသင်းကြီးတွေအားလုံး အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
    M-Media
    plm
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ကိုတော့ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ ကစားခဲ့ပြီး ပြီးခဲ့တဲ့ ပွဲစဉ် ၂၄ မှာ အခြေမလှခဲ့တဲ့ မန်ယူ၊ လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီး စတဲ့ အသင်းကြီးတွေအားလုံး အနိုင်ရခဲ့ကြပါတယ်။
    အင်္ဂါနေ့က အစောဆုံးကစားခဲ့တဲ့ အာဆင်နယ်နဲ့ လက်စတာတို့ရဲ့ ပွဲမှာတော့ အာဆင်တို့ အနိုင်ရခဲ့ပါတယ်။ လက်စတာတို့ ခြေစွာခဲ့ပြီး ၂၇ မိနစ်နဲ့ ကွန်စီယဲလ်နီနဲ့ ၄၁ မိနစ်မှာ ဝေါလ်ကော့တို့က အာဆင်နယ်အတွက် ဦးဆောင်ဂိုး ၂ ဂိုး အရင်သွင်းပေးနိုင်ခဲ့တာက အာဆင်နယ်ကို အသက်ရှုချောင်စေခဲ့ပါတယ်။ ၆၁ မိနစ်မှာ အန်ဒရက်ဂ်ျ ကရာမာရစ်က ချေပဂိုး တစ်ဂိုးပြန်သွင်းပေးခဲ့ပြီး နောက်ပိုင်းမှာလည်း ဂိုးသွင်းခွင့်တော်တော်များများကို ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိတာကြောင့် အာဆင်နယ်တို့ အနိုင် ၃ မှတ် သေချာခဲ့တာဖြစ်ပါတယ်။
    လီဗာပူးလ်ကလည်း ခြေစွာတဲ့စပါးအသင်းကို အကြိတ်အနယ်ကစားခဲ့ရပြီး ဂိုးတွေအပြန်အလှန်သွင်းကာ ဘာလော့တယ်လီရဲ့ ၈၃ မိနစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပွဲအစငြိမ်ခဲ့တဲ့ လီဗာပူးလ်တို့ ၁၅ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ပြီး လာဇာ မာကိုဗစ်က သွင်းပေးခဲ့တာပါ။ ဒီဦဆောင်ဂိုးဟာ ၁၁ မိနစ်သာခံခဲ့ပြီး ၂၆ မိနစ်မှာ စပါးရဲ့ ဂိုးသွင်းစက် ဟယ်ရီကိန်းက ချေပဂိုး သွင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စပါးအသင်းက အသာရခဲ့ပေမယ့် ဂိုးသွင်းနိုင်ခြင်းတော့ မရှိခဲပါဘူး။ ဒုတိယပိုင်း ၅၃ မိနစ်မှာ ဂျရတ်က ပင်နယ်တီကနေတစ်ဆင့် ဂိုးသွင်းပေးခဲ့တာကြောင့် လီဗာပူးလ်တို့ ပြန်ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီတစ်ခါ ဦးဆောင်မှုဟာလည်း ၈ မိနစ်သာခံခဲ့ပြီး မူဆာ ဒမ်ဘီလီက စပါးအတွက် ချေပဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အနိုင်ဂိုးရဖို့အတွက် လီဗာပူးလ်က တင်ကစားလာခဲ့ပြီး လူစားဝင်လာတဲ့
    ဘာလော့တယ်လီက အနိုင်ဂိုးသွင်းပေးခဲ့တာကြောင့် လီဗာပူးလ်တို့ အဖိုးတန် အနိုင် ၃ မှတ် ရခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ဘာလော့တယ်လီရဲ့ ပရီးမီးယားလိဂ် ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။
    စတမ်းဖို့ဒ်ဘရစ်ခ်ျမှာကစားခဲ့တဲ့ ချယ်ဆီးနဲ့ အဲဗာတန်ပွဲမှာတော့ ဂိုသမားတင်ဟောင်းဝပ်ရဲ့ လက်စွမ်းပြမှုကြောင့် ချယ်ဆီးတို့ နောက်ကျဂိုး တစ်ဂိုးတည်းနဲ့သာ အနိုင်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ၈၉ မိနစ်မှာ ၀ီလီယံက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ပွဲမှာ ၀က်စ်ဟမ်းကို နောက်ကျဂိုးနဲ့ သရေတစ်မှတ်ရခဲ့တဲ့ မန်ယူကတော့ နောက်ခံလူ ခရစ္စစမောလင်းရဲ့ ဂိုး ၂ ဂိုးနဲ့အတူ ဘန်လေကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်မှာ စမောလင်းက ခေါင်းတိုက်ပြီး ဂိုးစသွင်းနိုင်ခဲ့ပေမယ့် ၁၂ မိနစ်မှာ ဒန်နီအင်စ့်က ဘန်လေအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မန်ယူတို့ ကစားပုံ သိပ်မကောင်းခဲ့ပေမယ့် ဇယားအောက်ခြေက ဘန်လေကို အနိုင်ရဖို့အတွက်တော့ မခက်ခဲခဲ့ပါဘူး။ ပထမပိုင်း နာကျင်အချိန်ပိုမှာ စမောလင်းက ဒုတိယဂိုးသွင်းပေးခဲ့ပြီး ၈၂ မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကို ဗန်ပါစီက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် မန်ယူတို့ အနိုင်သုံးမှတ် ရယူနိုင်ခဲ့ပါတယ်။ ဗန်ဂါးလ်ကလည်း သူ့အသင်းကစားတာ မကြိုက်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    အဆင့် ၃ နေရာက ဆောက်သက်တမ်က ခြေမာတဲ့ ၀က်စ်ဟမ်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး အဆင့် ၄ ကို ဆင်းပေးလိုက်ရကာ
    မန်စီးတီးကတော့ အဂူရို၊ မီလ်နာနဲ့ နာဆရီတို့ရဲ့ဂိုးတွေနဲ့ စတုတ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးက ချယ်ဆီးကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။
    pml 4အသင်းဟောင်းနယူးကယ်ဆယ်နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ခရစ္စတယ်ပဲလေ့စ်နည်းပြ ပါဂျူးက ၁ ဂိုးစီသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီတစ်ပတ်မှာ ဇယားအောက်ခြေက သုံးသင်းစလုံး ရှုံးနိမ့်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အာဆင်နယ် ၂-၁ လက်စတာ
    ဟားလ်စီးတီး ၂-၀ အက်စတွန်ဗီလာ
    ဆန်ဒါးလန်း ၀-၂ ကျူပီအာရ်
    လီဗာပူးလ် ၃-၂ စပါး
    ချယ်ဆီး ၁-၀ အဲဗာတန်
    မန်ယူ ၃-၁ ဘန်လေ
    ဆောက်သက်တမ် ၀-၀ ၀က်စ်ဟမ်း
    စတုတ် ၁-၄ မန်စီးတီး
    ခရစ္စတယ်ပဲလေ့စ် ၁-၁ နယူးကာဆယ်