News @ M-Media
Tag: EPL
  • ရလဒ်ဆိုးသော်လည်း မိမိတွင် ဖိအားမရှိဟု မန်စီးတီးနည်းပြဆို
    ရလဒ်ဆိုးသော်လည်း မိမိတွင် ဖိအားမရှိဟု မန်စီးတီးနည်းပြဆို
    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
    M-Media
    plgrn
    – ၂၀၁၅ နှစ်စကတည်းက ရလဒ်ကောင်းများရရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း မိမိအနေဖြင့် ဖိအားများကို ခံစားရခြင်းမရှိဘဲ ကြောက်ရွံ့နေမည်လည်းမဟုတ်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးမှာ ယခုနှစ်အစမှစ၍ ရလဒ်များ ဆိုးရွားနေပြီး ပြီးခဲ့သည့်တစ်ပတ် ဟားလ်စီးတီးနှင့်ပွဲတွင်လည်း နောက်ဆုံးမိနစ်မှ မီလ်နာ၏ ဂိုးဖြင့် သရေတစ်မှတ် ရယူနိုင်ခဲ့သည်။
    သို့သော်လည်း ပယ်လီဂရီနီကမူ မိမိတို့အသင်းမှာ ပြီးခဲ့သည့်နှစ်က ယခုအချိန်နှင့် နှိုင်းယှဉ်ကြည့်လျှင် ၁ မှတ်သာလျော့သေးကြောင်း၊ ထို့ကြောင့် ယခုကိစ္စမှာ အသင်းအတွက် ပြဿနာမဟုတ်ကြောင်း ပြောကြားခဲ့သည်။
    “ဘယ်တုန်းကမှ ဖိအားဒဏ် မခံစားခဲ့ရပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကလိုပါပဲ။ တစ်ခုတည်းသောဖိအားက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးဖိအားပါပဲ။ ကျွန်တော်တို့ဟာ သာမန်အခြေအနေမှာ ရှိနေပြီး ချန်ပီယံလိဂ်မှာလည်း ကျွန်တော်တို့ ပါဝင်နေပါတယ်။ တကယ်လို့ မနက်ဖြန်ပွဲနိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ မနှစ်ကထက် တစ်မှတ်လောက်ပဲ နည်းမှာပါ။ ဖိအားဆိုထက် ပိုပြီးအရေးပါတဲ့ အခြား စဉ်းစားရမယ့်အရာတွေ အများကြီးရှိပါတယ်။ အသင်းထဲကရော အပြင်ကပါ ဘယ်လိုဖိအားမျိုးမှ ကျွန်တော်မခံစားရပါဘူး” ဟု ပယ်လီဂရီနီက ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    မန်စီးတီးမှာ ယနေ့တွင် စတုတတ်စီးတီးနှင့် ကစားပြီးနောက် အားလပ်ရက် ၁၀ ရက် ရရှိမည်ဖြစ်ပြီး ပယ်လီဂရီနီကမူ မိမိတို့မှာ တောင့်တင်းသည့်အသင်းနှင့်ကစားရမည့် အဆိုပါပွဲကို အနိုင်ရရန်လိုအပ်ကြောင်း၊ တစ်သင်းလုံးမှာ ကြံ့ခိုင်မှုပြည့်ဝနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref:goal.com
  • ချယ်ဆီးကလွဲလို့ အသင်းကြီးတွေ မျက်နှာပန်းမလှခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄
    ချယ်ဆီးကလွဲလို့ အသင်းကြီးတွေ မျက်နှာပန်းမလှခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄
    ဖေဖော်ဝါရီ ၉၊ ၂၀၁၅
    M-Media
    pml 2
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အသင်းကြီးတွေထဲမှာ ချယ်ဆီးတစ်သင်းသာ အနိုင်ရပြီး ကျန်တဲ့အသင်းတွေကတော့ သရေ၊ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
    စနေနေ့က အစောဆုံးကစားခဲ့တဲ့ လန်ဒန်ဒါဘီ စပါးနဲ့ အာဆင်နယ်တို့ပွဲမှာ ၀င်းဂါးရဲ့အသင်း အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲအစမှာ အိမ်ရှင်တို့ ပိုသွက်ခဲ့ပေမယ့် အိုဇေးလ်က ၁၁ မိနစ်မှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နှစ်ဘက်စလုံး တင်ကစားလာခဲ့တာကြောင့် ပွဲက ပိုမြိုင်လာခဲ့ပြီး စပါးတို့က ဂိုးသွင်းခွင့် ပိုမိုရရှိခဲ့ပါတယ်။ အားထားရတဲ့ တိုက်စစ်မှူး ဆန်းချက်ဇ် ဒဏ်ရာကြောင့် မပါဝင်နိုင်တာက အာဆင်နယ်အတွက် အားနည်းချက်တစ်ခုဖြစ်ခဲ့ပြီး အိမ်ရှင်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ဟယ်ရီကိန်းက ၅၆ နဲ့ ၈၆ မိနစ်တွေမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ချယ်ဆီးကတော့ ကစားရခက်တဲ့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ဟာဇာ့ဒ်နဲ့ အိုင်ဗန်နိုဗစ်ရဲ့ဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲအစအဆုံး ချယ်ဆီးကသာ အသာရခဲ့ပြီး ဒီပွဲအနိုင်ဟာ ဗီလာကွင်းမှာ မော်ရင်ဟိုရဲ့ နောက်ဆုံး ၅ ပွဲ ပထမဆုံးအနိုင်လည်း ဖြစ်ပါတယ်။
    ချယ်ဆီးကို အမှီလိုက်နေတဲ့ မန်စီးတီးကတော့ အိမ်ကွင်းမှာ ဇယားအောက်ခြေက ဟားလ်စီးတီးကို အံ့သြဖွယ် သရေကျခဲ့ပါတယ်။ ဒါတောင် ကံကောင်းထောက်မစွာနဲ့ သရေကျခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဟားလ်စီးတီးဟာ ၃၅ မိနစ်မှာ ဒေးဗစ်မေလာရဲ့ဂိုးနဲ့ လက်ရှိချန်ပီယံမန်စီးတီးကို ပွဲပြီးတဲ့အထိ ဦးဆောင်နေခဲ့တာပါ။ မန်စီးတီးက တရစပ်ဖိအားပေးခဲ့ပြီး ဟားလ်စီးတီးဂိုးပေါက်ကို အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း နာကျင်အချိန်ပို ၂ မိနစ်မှာမှ ဂျိမ်းစ်မီလ်နာက ဂိုးသွင်းပေးခဲ့တာကြောင့် သရေတစ်မှတ် ရရှိခဲ့တာဖြစ်ပါတယ်။
    မန်ယူကလည်း ၀က်စ်ဟမ်းကွင်းမှာ နောက်ကလိုက်ကစားခဲ့ရပြီး ၉၂ မိနစ်မှာမှ ဘလင်းက ချေပဂိုးသွင်းပေးနိုင်ခဲ့ကာ သေpmlရတစ်မှတ်ရရှိခဲ့ပါတယ်။ အဆင့်လေးက ဆောက်သက်တမ်ကလည်း ကျူပီအာရ်ကို ဒုတိယပိုင်း နာကျင်အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး တတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။ လီဗာပူးလ်ကတော့ အဲဗာတန်ကို အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။
    ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    စပါး ၂-၁ အာဆင်နယ်
    အက်စတွန်ဗီလာ ၁-၂ ချယ်ဆီး
    လက်စတာ ၀-၁ ခရစ္စတယ်ပဲလေ့စ်
    မန်စီးတီး ၁-၁ ဟားလ်စီးတီး
    ကျူပီအာရ် ၀-၁ ဆောက်သက်တမ်
    ဆွမ်ဆီး ၁-၁ ဆန်းဒါးလန်း
    အဲဗာတန် ၀-၀ လီဗာပူးလ်
    ဘန်လေ ၂-၂ ၀က်စ်ဘရွန်း
    နယူးကာဆယ် ၁-၁ စတုတ်
  • ဆာခိုအား အာဖရိကဖလားပွဲသို့ မလွှတ်ခဲ့သည့် ၀က်စ်ဟမ်းကို ဖီဖာ ဒဏ်ငွေရိုက်
    ဆာခိုအား အာဖရိကဖလားပွဲသို့ မလွှတ်ခဲ့သည့် ၀က်စ်ဟမ်းကို ဖီဖာ ဒဏ်ငွေရိုက်
    ဖေဖော်ဝါရီ ၆၊ ၂၀၁၅
    M-Media
    skho
    – တိုက်စစ်မှူးဆာခိုအား အာဖရိကဖလားပွဲ ကစားနေသည့် ဆီနီဂေါအသင်းသို့ မလွှတ်ဘဲပြည်တွင်းပွဲတွင် ထည့်သုံးခဲ့သည့် ၀က်စ်ဟမ်းအသင်းကို ဖီဖာက ဒဏ်ငွေ ပေါင် ၇၁၀၀၀ ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။
    ဆာခိုမှာ နောက်ကျောဒဏ်ရာရနေသောကြောင့် ဆီနီဂေါအသင်းနှင့် အာဖရိကဖလားပြိုင်ပွဲတွင် မကစားနိုင်ဟု ၀က်စ်ဟမ်းအသင်းက ပြောဆိုခဲ့သော်လည်း ဇန်န၀ါရီ ၂၅ ရက်နေ့က ကစားခဲ့သော FA ဖလားပြိုင်ပွဲတွင် ၀က်စ်ဟမ်းအသင်းအတွက် ပါဝင်ကစားပေးခဲ့ကာ ၁ ဂိုး သွင်းယူပေးခဲ့သည်။
    ထို့ကြောင့် ဆီနီဂေါအသင်းက ဖီဖာသို့ တိုင်ကြားခဲ့ပြီးနောက် ဖီဖာက ယခုကဲ့သို့ ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၀က်စ်ဟမ်အား FA ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း မပြုခဲ့ပေ။
    ဖီဖာစည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ထုတ်ပြန်သောကြေညာချက်တွင် ၀က်စ်ဟမ်းအသင်းနှင့် ဆာခိုတို့မှာ ဖီဖာ၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းကြောင့် ၀က်စ်ဟမ်းအသင်းကို ဆွဇ်ဖရန့် ၁၀၀၀၀၀(ပေါင် ၇၁၀၀၀၀) ဒဏ်ရိုက်ခဲ့ပြီး ဆာခိုကိုလည်း သတိပေးမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
    Ref: goal.com
  • ဒူးဒဏ်ရာက မန်ယူတွင် ရုန်းကန်ရခြင်း၏ အဓိကပြဿနာဟု အန်ဒါဆန်ဆို
    ဒူးဒဏ်ရာက မန်ယူတွင် ရုန်းကန်ရခြင်း၏ အဓိကပြဿနာဟု အန်ဒါဆန်ဆို
    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media
    ads
    – မန်ယူတွင် ခြေစွမ်းကောင်းများကို ပြသချင်သော်လည်း မိမိ၏ ဒူးဒဏ်ရာက ထိုအခွင့်အရေးအား ပိတ်ပင်တားဆီးခဲ့ပြီး ယခုအသင်းသစ်တွင်မူ ခြေစွမ်းပြနိုင်အောင် ကြိုးစားသွားမည်ဟု မန်ယူအလယ်တန်းလူဟောင်း အန်ဒါဆန်က ပြောကြားလိုက်သည်။
    အန်ဒါဆန်မှာ မန်ယူသို့ ၂၀၀၇ ခုနှစ်တွင် ရောက်ရှိခဲ့သော်လည်း ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့် ရာသီက အသင်းအတွက် ၅ ပွဲသာ ကစားခွင့်ရခဲ့ကာ နည်းပြသစ် ဗန်ဂါးလ်လက်ထက်တွင် တစ်ပွဲမှ ပါဝင်ကစားခွင့် မရသေးချေ။
    ဘရာဇီး စီးရီးအေ ကလပ် Internacional အသင်းသို့ ယမန်နေ့က ပြောင်းရွှေ့ခဲ့သည် အန်ဒါဆန်ကမူ မန်ယူအသင်း၌ စိတ်ပျက်ဖွယ်ကောင်းသည့် အချိန်ကာလများ ကြုံတွေ့ခဲ့ရခြင်းမှာ ဒဏ်ရာကြောင့်လည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။
    `မန်ယူမှာ ၈ နှစ်ကစားခဲ့ပြီး အသင်းကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ပထမလေးနှစ်မှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ ကမ္ဘာ့ကလပ်ချန်ပီယံ စသဖြင့် ဖလားတိုင်းကို ကျွန်တော်ရခဲ့ပါတယ်။ ကျွန်တော် ဒူးဒဏ်ရာရခဲ့ပြီး ခဏလေးနဲ့ ပြန်ကစားနိုင်ခဲ့ပေမယ့် အရင်ကလိုမကောင်းတော့ပဲ ဒူးကလည်း ဒဏ်ရာပြန်ရခဲ့ပါတယ်´ ဟု Guradian သတင်းစာသို့ အန်ဒါဆန်က ပြောကြားခဲ့သည်။
    မိမိအား ဝေဖန်ခြင်းနှင့်ပတ်သက်၍ အန်ဒါဆန်က ကစားသမားတစ်ဦးမှာ အမြဲတမ်း ဝေဖန်ခံရမည်ဖြစ်ကြောင်း ယခင်ကဒဏ်ရာရခဲ့သော်လည်း ယခုအချိန်တွင် အတော်ကောင်းမွန်နေပြီး ကွင်းထဲ၌ သက်သေပြသွားမည်ဖြစ်ကြောင်း၊ Internacional အသင်းတွင် ကစားရသည်ကို ပျော်ရွှင်မိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: goal.com
  • FA ဖလားအတွက် ရေကုန်ရေခန်းကစားသွားမည်ဟု လီဗာပူးလ်နည်းပြဆို
    FA ဖလားအတွက် ရေကုန်ရေခန်းကစားသွားမည်ဟု လီဗာပူးလ်နည်းပြဆို
    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media
    rg
    – လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသော်လည်း နောက်ဆုံးကျန်ရှိနေသည့် အခွင့်အရေးဖြစ်သည့် FA ဖလားအတွက် ရေကုန်ရေခန်း ကြိုးစားသွားမည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    လီဗာပူးလ်မှာ ချယ်ဆီးအား နှစ်ကျော့ပေါင်းရလဒ် ၂ ဂို ၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြီးခဲ့သည့် တစ်ပတ်က လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ပြည်တွင်းတွင် နောက်ဆုံးမျှော်လင့်နိုင်သည့် ဖလားအဖြစ် FA ဖလားသာ ကျန်ရှိတော့သည်။
    FA ဖလား စတုတ္ထအဆင့်သို့ ရောက်ရှိနေသည့် လီဗာပူးလ်မှာ ဘော်လ်တန်နှင့် ဇန်န၀ါရီ ၂၄ ရက်နေ့က ကစားခဲ့ပြီး ဂိုးမရှိသရေကျခဲ့သောကြောင့် ယနေ့တွင် ပြန်ကစားရမည်ဖြစ်သည်။ ရော်ဂျာကမူ ချယ်ဆီးနှင့်ပွဲက မိမိတို့အား စိတ်ပျက်စေခဲ့သော်လည်း မိမိတို့၏ စွမ်းဆောင်ရည်က အားတစ်ခုဖြစ်စေပြီး အကောင်းဆုံးပုံစံ မကြာမီပြန်ရလာတော့မည်ဟု ဆိုသည်။
    `(FA ဖလားမှာ) ကျွန်တော်တို့အသင်းဟာ ကောင်းနေတုန်းပါပဲ။ ကျွန်တော်ပြောသလိုပါပဲ ကျွန်တော်တို့ ဖြတ်ကျော်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဘော်လ်တန်နဲ့ပွဲဟာ ခက်ခဲမယ့်ပွဲပါပဲ။ ဒါပေမယ့် တစ်ပွဲချင်းဆီကို ဖြတ်ကျော်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုရောက်ဖို့ အခွင့်အလမ်းရှိလိမ့်မယ်ကို အကောင်းမြင်ရပါမယ်´ ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
    လီဗာပူးလ်မှာ ဥရောပတွင် ယူရိုပါလိဂ်၌ ပါဝင်ကစားနေပြီး ရော်ဂျာကမူ ထိုပြိုင်ပွဲနှစ်ခုတွင် မိမိတို့ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    Ref:goal.com