News @ M-Media

Tag: Europe

  • အီတလီ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုစဉ် သေနတ်သမား တစ်ဦး ပစ်ခတ်မှုကြောင့် ရဲ ၂ ဦး ဒဏ်ရာရ

    ဧပြီ-၂၈-၂၀၁၃
    M-Media

    Italy gunman

    “အီတလီနိုင်ငံ ရောမမြို့မှာ သေနတ်သမားတစ်ဦးက အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုနေချိန် အတွင်း နိုင်ငံရေးသမားများကို လုပ်ကြံရန် ကြိုးစားရာမှ မအောင်မမြင်ဖြစ်ကာ ရဲအရာရှိနှစ်ဦး အပြင်းအထန် ဒါဏ်ရာရရှိ”

    အီတလီနိုင်ငံ ရောမမြို့မှာ သေနတ်သမားတစ်ဦးက အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုနေချိန်အတွင်း နိုင်ငံရေးသမားများကို လုပ်ကြံရန် ကြိုးစားရာမှ မအောင်မမြင်ဖြစ်ကာ ရဲအရာရှိနှစ်ဦး အပြင်းအထန် ဒါဏ်ရာရရှိသွားခဲ့ပါတယ်။လုပ်ကြံသူဟု သံသယ ရှိဖွယ် အသက် ၄၉ နှစ် အရွယ်ရှိ “Luigi Preiti” အမည်ရှိ အလုပ်လက်မဲ့ လူတစ်ဦးကို အခင်းဖြစ်ပွါးချိန် အတွင်းမှာပင် ရဲတပ်ဖွဲ့များမှ ဖမ်းဆီးရရှိခဲ့ပါတယ်။ သံသယရှိဖွယ် တရားခံဟာ နိုင်ငံရေးသမားများကို ပစ်မှတ်ထားဖို့ ကြံရွယ်ခဲ့သော်လည်း မအောင်မမြင်ဖြစ်ပြီးတဲ့နောက် ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့လဲ သိရပါတယ်။

    သံသယ ရှိဖွယ် တရားခံဟု ယူဆရသူ “Luigi “ဟာ အလုပ်လက်မဲ့တစ်ဦးဖြစ်ကာ အိမ်ထောင်ကွာရှင်းပြတ်စဲထားပြီး ထိုအိမ်ထောင်မှ သားတစ်ယောက် ရရှိခဲ့တယ်လို့ ဆိုပါတယ်၊ ထို ပစ်ခတ်မှူမှ ရဲအရာရှိတစ်ယောက်ကတော့ ကျောရိုးမကြီးထိ ဒါဏ်ရာရရှိသွားခဲ့ကာ စိုးရိမ်ရတဲ့ အနေအထားမှာရှိပြီး နောက်ထက် ရဲအရာရှိတစ်ဦးလဲ အပြင်းအထန် ဒါဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    အီတလီနိုင်ငံဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ရွေးကောက်ပွဲကာလ အတွင်း နိုင်ငံရေး အကြပ်အတည်းများကြုံတွေ့လျက်ရှိကာ မရေရာ တဲ့ရွေးကောက်ပွဲရလဒ်များ ရရှိခဲ့ပြီး နှစ်လအကြာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် အတွက် သဘောတူညီမှူ ရအပြီး အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်အတွင်း ဤပစ်ခတ်မှူဖြစ်ပွါးခဲ့ခြင်းဖြစ်တယ်လို့လဲ သိရပါတယ်။ယခင် ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီဟာ အစိုးရသစ် တွင် ပါဝင်မှာ မဟုတ်တော့ပဲ အရင် ဥရောပ သမဂ္ဂ ကော်မရှင်နာမင်းကြီး Emma Bonino ကတော့ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို့ သိရပါတယ်။

    BBC News

  • ဇီးကုန်း မြို့မှ အုပ်ချူပ်ရေးပိုင်း တာဝန်ရှိသူများမှ အကြမ်းဖက်မှုများ ထပ်မဖြစ်စေရဟု အာမခံပြောကြား

    ဧပြီလ ၂၈၊ ၂၀၁၃
    M-media
    သတင်း- ဆူးထက်

    P7150056
    ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဇီးကုန်းမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်သမားများနှင့် လုံခြုံရေး ရဲတပ်ဖွဲဝင်များ၏ မြင်ကွင်းဖြစ်ပါသည်။

    ဇီးကုန်းမြို့ခံ တစ်ဦးမှ “၂၇ရက်နေ့ ညကတော့ မြို့က ဆရာ ဦးမျိုးညွှန့်( ယခင် အမှတ်၎ ရယက ဥက္ကဌ ) ၊ဒေါ်အေးအေးခိုင် (ဒု လ၀က ဦးစီးမှူး)၊ ၊ကိုသက်နိုင်ဦး (ဗဟိုတရားရုံး ရှေ့နေ) နှင့် မြို့မိ  မြို့ဖ နှင့် ဌါနဆိုင်ရာ ရဲစစ်သား အုပ်ချုပ်ရေးမှူး အားလုံး အဖြစ်မခံဘူး ဆိုကာ ၀ိုင်းဝန်းစောင့်ရှောက်ကြပါသည်။ အဖျက်သမားများ ဘက်မှ ၄.၅.၂၀၁၃ နေ့အထိ target ထားရအောင် ဖျက်ဆီးမယ်လို့ သတင်းလွှင့်ထားတဲ့ အတွက် မွတ်စလင်တွေ အကုန်လုံး ထိတ်လန့် စိုးရိမ်နေရပါတယ်။ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသရွေ့ ကူညီပေးကြပါ ” ဟု M-Media သို့ပြောပြလာပါသည်။

    ပဲခူးတိုင်း ဇီးကုန်းမြို့တွင် ယမန့်နေ့ည ၂၇.၄.၂၀၁၃ နှင့် ယနေ့ညတွင် တစ်ကျောပြန်၍ ထပ်မံဖျက်ဆီးမည်ဟု ပြောဆိုနေမှု သတင်းများ ပျံနှံလျက်ရှိသောကြောင့် မွတ်စလင်မ်များ အချို့မှာ ယာယီ နေရာပြောင်းရွှေ့မှုများ ပြုလုပ်နေပြီး စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

    ဇီးကုန်းမြို့နယ် ဖျက်ဆီးခံရမှု့ မှတ်တမ်းနှင့် ပျက်ဆီးဆုံးရှုံးမှု စာရင်းများ ဖတ်လိုလျင် http://www.m-mediagroup.com/news/12814

  • သစ်လွင် မွတ်စလင်များအား ဂုဏ်ပြုသည့် အခမ်းအနား ဟော်လန်တွင် ကျင်းပပြုလုပ်

    ဧပြီ ၁ ၊ ၂၀၁၃

    M-Media

    Muslim Converts Meet in Amsterdam

    အမ်စတာဒမ်။ ။ အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်လာသည့် မွတ်စလင်သစ်လွင်များအား ဂုဏ်ပြုသည့် အခမ်အနားတစ်ခုကို ဟော်လန်မွတ်စလင်များက မတ်လ ၃၁ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ထင်ရှားသော အစ္စလာမ့်ပညာရှင်များနှင့် အစ္စလာမ်သာသာသို့ ပြောင်းလဲသက်ဝင်ခဲ့သော ဒခ်ျလူမျိုးများလည်း တက်ရောက်ခဲ့ကြသည်။

    “ဒီနေ့ ကျနော်အရမ်းပျော်ပါတယ်။ (အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ဖို့) ကျနော့်ရဲ့သား၊ ချွေးမနဲ့ မြေးသုံးယောက်က ကျနော့်ကို လွှမ်းမိုးခဲ့တာပါ။ ” ဟု အသက် ၇၂ နှစ်ရှိသူ ဒခ်ျလူမျိုး ဟန့်စ်(Hans) က ကူဝိတ်နယူးစ်(KUNA) အေဂျင်စီ သို့ပြောကြားခဲ့သည်။ အဆိုပါ စကားမှာ အမ်စတာဒမ်မြို့ အပြာရောင်ဗလီ (Blue Mosque) တွင်ပြုလုပ်သော National Converts Day of Dutch Muslims အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    ၎င်းမှာ အစ္စလာမ်သာသနာကို သက်ဝင်သော ဒခ်ျလူမျိုး မွတ်စလင်သစ်လွင်ကိုးဦးတွင် ပါဝင်ခဲ့သည်။ သားဖြစ်သူမိသားစု၏ ငြိမ်းချမ်သောဘ၀ကို တွေ့မြင်ရပြီးနောက်၊ အစ္စလာမ်သာသနာက သူ့အား ဆွဲဆောင်ခဲ့သည်ဟု သူက ဆိုသည်။

    “ကျနော့်သားနဲ့ ကျနော့်ချွေးမရဲ့ ၀တ်ပြုမှု၊ အေးအေးဆေးဆေး ပြောဆိုဆက်ဆံမှု၊ အလ္လာဟ်အရှင်မြတ်ရဲ့ အကူအညီနဲ့ ပြဿနာတွေကို အဖြေရှာနိုင်မှု၊ ဒါတွေကို ကျနော်တွေ့မြင်ရတဲ့အခါ တော်တော်သဘောကျခဲ့ပါတယ်။ အခု ကျနော် အစ္စလာမ်ကို ပိုပြီးနားလည်အောင် ကြိုးစားမယ်၊ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း လေ့လာမယ်၊ ပြီးတော့ ဓမ္မဟောပြောပွဲတွေကိုလည်း တက်ပါမယ်။” ဟု ဟန့်စ် က ပြောကြားခဲ့သည်။

    ၎င်း၏သားဖြစ်သူမှာ လွန်ခဲ့သည့် ၈ နှစ်အရင်ကပင် အစ္စလာမ်သာသနာသို့ သက်ဝင်လာခဲ့ပြီး၊ တူနီးရှားလူမျိုး ဇနီးဖြစ်သူက အစ္စလာမ်ကို စတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

    ၆ ကြိမ်မြောက် National Converts Day ကို Discover Islam Foundation နှင့် ဟော်လန်ရှိ National Platform for New Muslims တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုအခမ်းအနားသို့ လူပေါင်း ၁၀၀၀ ကျော် လာရောက်ကြပြီး၊ အမေရိကန်မွတ်စလင် တရားဟောဆရာ ယူစွဖ်အီစ်(Yusuf Estes)၊ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခဲ့သော ဂရိလူမျိုး ဟမ်ဇာ တီဇော့ဇစ်(Hamza Tzortzis) နှင့် ၂၀၀၈ ခုနှစ်က ဧ၀ရတ်တောင်ထိပ်သို့ တက်နိုင်ခဲ့သည့် ပထမဦးဆုံးဆော်ဒီနိုင်ငံသား အလ် ဇူမာန်(Al Zouman)တို့လည်း တက်ရောက်ခဲ့ကြသည်။

    ဒခ်ျလူမျိုးများ အစ္စလာမ်သာသာသို့ ပြောင်းလဲသက်ဝင်လာမှုမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မြင့်တက်လာခဲ့ပြီး လူဦးရေ ၁၂၀၀၀ မှ ၁၅၀၀၀ အထိရှိလာခဲ့သည်ဟု ထိုအခမ်းအနား၏ ပြောရေးဆိုခွင့်ရှိသူ ဂျာကော့ဗ် ဗွန် ဒါ ဘလွမ်(Jacob von der Blom) က ဆိုသည်။

    ပြီးခဲ့သည့်လကလည်း ရှေးရိုးစွဲ နိုင်ငံရေးသမား Geert Wilders ၏ပါတီကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ အာနော့ဒ် ဗန် ဒေါန်(Arnoud Van Doorn) သည် အစ္စလာမ်ဘာသာနှင့် မွတ်စလင်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ပြီးနောက် အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ခဲ့လေသည်။ ဟော်လန်နိုင်ငံတွင် လူဦးရေ ၁၆ သန်းရှိပြီး၊ လူဦးရေ တစ်သန်းမှာ အစ္စလာမ်သာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

  • မွတ်စလင် မဟုတ်သည့် ဗြိတိန်ကျောင်းသားများ အစ္စလာမ်သာသနာ အကြောင်းစူးစမ်းလေ့လာ

    မတ်လ ၁၁ ၊ ၂၀၁၃
    M-Media

    British Students Discover Islam, Hijabနယူးကာဆယ်။ ။ သူငယ်ချင်း မိတ်ဆွေများအား အစ္စလာမ်သာသနာ၏ တရားစစ် တရားမှန်များကို ရှာဖွေလေ့လာရန် တိုက်တွန်းလျက် အစ္စလာမ် သာသနာနှင့်ပက်သက်၍နားလည်သိရှိစေရန်၊ သာသနာအပေါ် အထင်အမြင်လွဲမှားနေမှုများကို ပပျောက်စေရန် နယူးကာဆယ် တက္ကသိုလ်မှ မွတ်စလင်ကျောင်းသူ၊ ကျောင်းသားများက “အစ္စလာမ်လေ့လာရေးသီတင်းပတ်”( “Discover Islam Week) အမည်ရသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

    “လူတွေမှာ အစ္စလာမ်နဲ့ ပတ်သက်ပြီး မကောင်းတဲ့အမြင်တွေရှိနေတယ်လို့ ကျမထင်ပါတယ်။ ဒီကနေ့တော့ ကျမဟာ လုံးဝ ပြောင်းလဲသွားပြီး ကျမရဲ့ အဲဒီမကောင်းတဲ့အမြင်တွေကိုလဲ ရှင်းလင်းပစ်လိုက်ပါပြီ။” ဟု အဆိုပါသီတင်းပတ်တွင် ပါဝင်လေ့လာခဲ့သူ စမာသာ မက်ဂရီဂေါ်(Samantha McGregor) က မတ်လ ၁၁ရက် တနင်္လလာနေ့တွင် Sky Tyne and Wear  သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၄င်းမှာ အစ္စလာမ်ဘာသာဝင်တစ်ဦး မဟုတ်ချေ။

    ကျောင်းသူ၊ ကျောင်းသားများအကြား အစ္စလာမ်သာသနာအကြောင်း ပိုမိုသိရှိနားလည်စေရန် ထိုတက္ကသိုလ်ရှိ အစ္စလာမ့် အသိုင်းအ၀ိုင်းမှ ထိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်မှန်သည့် အစ္စလာမ်သာသနာကို ရှာဖွေလေ့လာခြင်းဖြင့် အဟန့်အတားများကို ချေဖျက်ရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ထိုလှုပ်ရှားမှုကို ဦးဆောင်ကျင်းပသူများက ဆိုသည်။

    “အခုခေတ် မီဒီယာတွေမှာ မွတ်စလင်တွေနဲ့ ပက်သက်ပြီး မကြာခဏတွေ့မြင်နေရတဲ့ သမရိုးကျပုံစံတွေကို ပပျောက်သွားစေဖို့ပါ။ ဘာကြောင့်လဲဆိုတော့ ဒီဟာ (ပုံစံ)တွေဟာ ဗြောင်လိမ်ထားတာဖြစ်ပြီး၊ လူ့အဖွဲ့အစည်းကိုလည်း အန္တရာယ် ဖြစ်စေပါတယ်။” ဟု အဆိုပါလှုပ်ရှားမှုကို ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သူ အဟ်မဒ် ဂတ်နရှ်(Ahmed Gatnash) က ပြောကြားခဲ့သည်။

    အဆိုပါသီတင်းပတ်အတွင်း မွတ်စလင်မဟုတ်သည့် ကျောင်းသူများအား ခေါင်းစည်းပုဝါကို စမ်းသပ်ဝင်ဆင်ရန် “ဟီဂျဘ်စိန်ခေါ်မှု”( The Hijab Challenge) ဟူသည့် အစီအစဉ်တစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။ ထိုအစီအစဉ်မှာ ဗြိတိန်တွင် မွတ်စလင် အမျိုးသမီး တစ်ဦးဖြစ်ရသကဲ့သို့ အတွေ့အကြုံကို ရရှိစေသည့် နည်းလမ်းလည်းဖြစ်သည်။

    “လူတွေက ကျမကို စိုက်ကြည့်ကြပါတယ်။ ‘သူရူးများရူးနေသလား၊ တကယ်တော့ သူ မွတ်စလင်မဟုတ်ပါဘူး’ ဆိုပြီး သူတို့ တွေးနေကြမလားဆိုတာ ကျမ မသိပါဘူး။ ‘ငါကို ကြည့်တာရပ်လိုက်။ ငါ ဘာအမှားမှမလုပ်ဘူး’ လို့ ပြောရတာကို ကျမ နှစ်သက်ပါတယ်။ ဟီဂျဘ် ၀တ်ထားတဲ့အခါ ရှင်ရဲ့ဆံပင်ကို ရှင့်ခင်ပွန်းကလွဲလို့ ဘယ်သူမှ မမြင်နိုင်ပါဘူး။ အဲဒီ အိုင်ဒီယာကို ကျမ ကြိုက်ပါတယ်။ ဒါ(ဟီဂျဘ် ၀တ်ဆင်မှု)ဟာ သိပ်ကောင်းတယ်ဆိုတာ ကျမသိခဲ့ပါတယ်။” ဟု တစ်နေ့တာလုံး ဟီဂျဘ်ဝင်ဆင်ခဲ့သူ ဂရီဂေါ် က ဆိုသည်။

    ထိုကဲ့သို့ ခေါင်းစည်းပုဝါများဝတ်ဆင်ခြင်းက ဟီဂျဘ်နှင့် ပက်သက်သည့် သူမတို့၏ အမြင်များကို ပြောင်းလဲစေခဲ့သည်ဟု မွတ်စလင်မဟုတ်သည့် ကျောင်းသူများက ဆိုသည်။

    အခွင့်အရေး

    ဟိဂျဘ်ဝတ်ဆင်ခြင်းမှာ မွတ်စလင် အမျိုးသမီးများအား ‘ဖိနှိပ်ချုပ်ချယ်သည့် သင်္ကေတစ်ခုဖြစ်သည်’ဟူသည့် နားလည်မှုလွဲမှားနေခြင်းကို ပပျောက်စေခဲ့သည်ဟု ထိုလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်သူများက ဆိုသည်။

    “ဟိဂျဘ်ဝတ်ဆင်ခြင်းဟာ တကယ့်ကို ချုပ်ချယ်မှုကင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အသိုင်းအ၀ိုင်းက ဒါမှမဟုတ် ဖက်ရှင်အရ ၀တ်သင့်တယ်ဆိုပြီး ကျမတို့ကို အတင်းအကျပ် ဖိအားပေးထားလို့ ၀တ်နေတာမဟုတ်ပါဘူး။ ကျမတို့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ၀တ်ဆင်နေတယ်ဆိုတာကို ပြသဖို့ ဒီလှုပ်ရှားမှုကို ဆောင်ရွက်တာပါ။” ဟု Northumbria တက္ကသိုလ် အစ္စလာမ် အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ်သူ ရိုကီယာ ဘေဂွန်(Rokeya Begum) က ပြောကြားခဲ့သည်။

    အစ္စလာမ်က ဟီဂျဘ်ကို မလုပ်မနေရအဖြစ် သတ်မှတ်ထားပြီး၊ တစ်စုံတစ်ခုနှင့် နှီးနွယ်မှုကို ပြသည့် ဘာသာရေး သင်္ကေတ ပုံစံမျိုးမဟုတ်ချေ။

    “ကျမတို့ဟာ သာမန်လူတွေပါ။ တခြားလူတွေက ကျမတို့ရဲ့ ၀တ်ဆင်မှုကိုကြည့်ပြီး မဝေဖန်သင့်ပါဘူး။” ဘေဂွန် က ဆိုသည်။

    ထိုလှုပ်ရှားမှု သီတင်းပတ်အတွင်း မွတ်စလင်များမှ မိန့်ခွန်းတိုများ၊ အမေးအဖြေ ကဏ္ဍများ၊ အကျွေးအမွေးအစီအစဉ်များကိုလည်း ပြုလုပ်ခဲ့ကြသည်။

    ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကို ကမ္ဘာ့ ဟီဂျပ်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ထိုနေ့တွင် ဘာသာရေးအရ သည်းခံနိုင်မှုနှင့် နားလည်နိုင်မှုကို အာပေးရန် မွတ်စလင်မဟုတ်သူအမျိုးသမီးများက ဟီဂျဘ်ကို တစ်နေ့တာ ၀င်ဆင်ခဲ့ကြသည်။

    မွတ်စလင်မဟုတ်သူ အမျိုးသမီးများကို ဟီဂျဘ်ဝင်ဆင်ရန်နှင့် ထိုအတွေ့အကြုံကို သိရှိခံစားစေရန် အဆိုပါ ဟီဂျဘ် လှုပ်ရှားမှုကို နယူယောက်မြို့မှ အမျိုးသမီး နဇ်မာခန်း(Nazma Khan)က စတင်ပြုလုပ်ခဲ့သည်။

    ဗြိတိန်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ ၂ ဒဿမ ၅ သန်းခန့်ရှိပြီး၊ ၂၀၁၁ ခုနှစ်တွင်ကောက်ယူခဲ့သော စစ်တမ်းများအရ အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၃ ရာခိုင်နှုန်းမှ ၄ ဒဿမ ၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကာ အစ္စလာမ်သာသနာမှာ အလျင်မြန်ဆုံး တိုးတက်နေသာ အယူဝါဒ တစ်ခု ဖြစ်လာခဲ့သည်။

    Ref: OnIslam

  • အစ္စလာမ်ဆန့်ကျင်သည့် ဒတ်ခ်ျ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

    မတ်လ ၅ ၊ ၂၀၁၃
    M-Media

    Far-right-Dutch-Politician-Reverts-to-Islam

     အမ်စတာဒမ်။ ။ ဟော်လန် နိုင်ငံရေးသမား ဂျာတ် ၀ိုင်းလ်ဒါး (Geert Wilder) ၏ ရှေးရိုးစွဲ ပါတီကို ဦးဆောင်သူ တစ်ဦးဖြစ်သူသည် အစ္စလာမ်သာသနာနှင့် မွတ်စလင်များ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်  လေ့လာပြီးနောက် အစ္စလာမ် သာသနာသို့  သက်ဝင်လာခဲ့သည်။

    “လူတွေက သံသယတွေဖြစ်လိမ့်မယ်ဆိုတာ ကျနော်နားလည်ပါတယ်။ အထူးသဖြင့် တော်တော်များများက မထင်ကြဘူးလေ။ ဒါဟာ တော်တော်ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ပေါ့ပေါ့တန်တန် ချမှတ်ခဲ့တာတော့ မဟုတ်ပါဘူး။” ဟုအာနော့ဒ် ဗန်ဒေါန်(Arnoud Van Doorn) က အလ်ဂျာဇီးယား သတင်းဌာန သို့ ပြောကြားခဲ့သည်။

    ဒေါန်၏ အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ကြောင်း သတင်းမှာ လွန်ခဲ့သည်လက သူ၏ တွစ်တာ စာမျက်နှာတွင် “အသစ်တစ်ဖန် စတင်ခြင်း” ဟု ရေးသားပြီးနောက်ပိုင်း လုထုကြားသို့ ရောက်ရှိ လာခဲ့သည်။ နောက်ပိုင်းတွင် ဒေါန်သည် ရှဟာဒါ (အစ္စလာမ်သာသနာကို လက်ခံကြောင်း သက်သေထွက်ဆိုချက်) ၏ အာရဗီအသံထွက်ကို တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့လေသည်။ ထို့နောက် အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ကြောင်း ကြေညာခဲ့ပြီး ထိုဆုံးဖြတ်ချက်၏ နောက်ကွယ်တွင်ရှိသည့် အကြောင်းအရင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

    photo-2

    “ကျနော်နဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက လူတစ်ချို့ကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကျနော်ဟာ ကုရ်အာန်ကျမ်းတော်မြတ်၊ ဟဒီးဆ်(တမန်တော်မြတ်၏ သြ၀ါဒတော်များ)၊ စွန်နာ(တမန်တော်မြတ်၏ ကျင့်စဉ် ကျင့်ရပ်များ)နဲ့ အခြား အစ္စလာမ့် စာပေတွေကို လေ့လာနေတယ်ဆိုတာ သိကြပါတယ်။ ဒါ့အပြင် အစ္စလာမ့်အကြောင်းကို မွတ်စလင်တွေနဲ့ တော်တော်များများ ဆွေးနွေးခဲ့ပါတယ်။” ဟု သူက ဆိုသည်။

    သူ၏ပါတီမှ အစ္စလာမ်အား ဆန့်ကျင်တိုက်ခိုက်သည့် ရေးသားချက်များကြောင့် ဒေါန်သည် မိမိကိုယ်တိုင် အစ္စလာမ်သာသနာအကြောင်းကို ထဲထဲဝင်ဝင်လေ့လာရန် ဆုံးဖြတ်ချက် ချခဲ့လေသည်။

    “အစ္စလာမ်နဲ့ပက်သက်ပြီး အဆိုးမြင်သတင်းတွေကို ကျနော် တော်တော်များများ ကြားခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်ဟာ ကိုယ် ကိုယ်တိုင်လေ့လာမှုမပြုဘဲနဲ့ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေနောက်ကို လိုက်လေ့ရှိသူ မဟုတ်ပါဘူး။ ဒါကြောင့် အစ္စလာမ်သာသနာကို တကယ့်ကို နက်နက်ရှိုင်းရှိုင်းနဲ့ စတင်လေ့လာခဲ့ပါတယ်။ Hague မြို့ မြို့တော်ကောင်စီက ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ အဘိုး ကောက်လာနီ (Aboe Khoulani) က ကျနော့်ကို အက်စ် ဆိုအန်နာ(As-Soennah) ဗလီဝတ်ကျောင်းတော်ဆီ ခေါ်သွားပါတယ်။ အဲဒီကနေ ကျနော်အများကြီး သင်ယူခဲ့ပါတယ်။” ဟု ဒေါန်က ဆိုသည်။

    ဟော်လန်ပါလီမန်နှင့် Hague မြို့ မြို့တော်ကောင်စီ၏ အဖွဲ့ဝင်ဖြစ်သူ ဒေါန်သည်ဟော်လန် နိုင်ငံရေးသမား တစ်ယောက်ဖြစ်သည့် ၀ိုင်းလ်ဒါး၏ အစ္စလာမ်ကို ဆန့်ကျင် တိုက်ခိုက်သည့် ရှေးရိုးစွဲ PVV ပါတီတွင် အချိန်အတော်ကြာ အဖွဲ့ဝင်ဖြစ်ခဲ့လေသည်။ ၀ိုင်းလ်ဒါး ကိုယ်တိုင်မှာ အစ္စလာမ်သာသနာကို စော်ကားပုတ်ခတ်သူ အဖြစ် ဟော်လန်နိုင်ငံတွင် လူသိများလေသည်။

    အသစ်တဖန် စတင်ခြင်း

    ဒေါန်၏ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ယုံကြည်မှုနှင့်ပက်သက်ပြီး ဟော်လန်နိုင်ငံတွင် တုံ့ပြန့်မှု အမျိုးမျိုးရှိလေသည်။

    “လူအချို့ရဲ့အဆိုအရတော့ ကျနော်ဟာ သစ္စာဖေါက်ပါ။ အခြားလူတော်တော်များများကတော့ ကျနော်ဟာ အင်မတန်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်ဆိုပြီး ထင်မြင်ကြပါတယ်။ တုံ့ပြန်မှုတွေကတော့ များသောအားဖြင့် အပြုသဘောဆောင်ပါတယ်။ တွစ်တာ စာမျက်နှာကနေပြီးတော့လည်း ထောက်ခံမှုတော်တော်များများကို ရရှိခဲ့ပါတယ်။ ကျနော်နဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုမရှိတဲ့သူတွေက ကျနော်ရဲ့အခြေအနေကို နားလည်မှုပေးတာ၊ ကျနော့်ရဲ့ရွေးချယ်မှုကို ထောက်ခံအားပေးတာတွေရတော့ ပီတိဖြစ်မိပါတယ်။” ဟု သူက ဆိုသည်။

    သူအတွက် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခြင်းက သူ၏ဘ၀တွင် တရားလမ်းမှန်ကို ညွှန်ကြားပြသနေခြင်းပင် ဖြစ်လေသည်။

    “အခြားသူတွေလိုပဲ ကျနော်လည်း ဘ၀မှာ အမှားတွေလုပ်ခဲ့မိပါတယ်။ အဲဒီအမှားတွေကနေ ကျနော် တော်တော်များများ သင်ယူခဲ့ပြီးပါပြီ။ ပြီးတော့ အစ္စလာမ် သာသနာကို ပြောင်းလဲသက်ဝင်ခြင်းဟာ လမ်းမှန်ကို တွေ့ရှိသွားတယ်လို့ ကျနော် ခံစားရပါတယ်။ ဒါဟာ အသစ်စတင်ခြင်းဖြစ်တယ်၊ သင်ယူစရာတွေ အများကြီး ရှိနေတုန်းပဲဆိုတာကိုလည်း ကျနော် သဘောပေါက်ပါတယ်။ ” ဒေါန်ကဆိုသည်။

    ဒေါန်သည် PVV ပါတီမှ နှုတ်ထွက်ခဲ့ပြီး သူ၏ နိုင်ငံရေးသမားဘ၀တွင် အတိုက်အခံများစွာ ရှိမည်ဟု ယူဆနေသည်။

    “အစိုးအရအဖွဲ့အစည်းအချို့ဆီက အတိုက်အခံလုပ်ဆောင်မှု တော်တော်များများကို ဆက်လက်ရင်ဆိုင်သွားရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒီအချိန်တွေကို ဖြတ်သန်းဖို့ အလ္လာဟ်အရှင်မြတ်က ကျနော်ကို့ ကူညီလိမ့်မယ်၊ ညွှန်ကြားလမ်းပြပေးမယ်လို့လည်း ကျနော် အပြည့်အ၀ ယုံကြည်ပါတယ်။” ဟု သူက ပြောကြားခဲ့သည်။

    Ref: OnIslam