News @ M-Media

Tag: featured

  • ရိုဟင်ဂျာများသည် တရားမ၀င် အခြေချသူများ မဟုတ် ဟု ကမ္ဘာ့နိုဗဲလ်ဆုရှင်များပြောကြား

    ဖေဖော်ဝါရီ၊ ၂၁၂၀၁၃၊
    M-Media

    Ref:Mizzima News

     ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၌ တရားမ၀င် အခြေချသူများ မဟုတ် ဟု ကမ္ဘာ့နိုဗဲလ်ဆုရှင်များက ပြောကြား

    ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ တရားမ၀င်အခြေချသူများအဖြစ် သတ်မှတ်ခြင်းကိစ္စမှာ မမှန်ကန်ကြောင်း ၁၉၉၆ခုနှစ် နိုဗဲလ် ဆုရှင် Jose Ramos-Horta နှင့် ၂၀၀၆ခုနှစ် နိုဗဲလ် ဆုရှင် Muhammed Yunus တို့မှ ပြောကြားလိုက်သည်။

    lose-Ramos-Horta-and-Muhammed-Yunus.jpg.pagespeed
    ၁၉၉၆ခုနှစ် နိုဗဲလ် ဆုရှင် Jose Ramos-Horta နှင့် ၂၀၀၆ခုနှစ် နိုဗဲလ် ဆုရှင် Muhammed Yunus

    “ ကနေ့ ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံထဲ ၈ ရာစုနှစ်ကတည်းက ရောက်နေခဲ့တဲ့ အထောက်အထား အခိုင်အမာ ရှိနေပါတယ်။ ရခိုင်ပြည်နယ်အတွင်း ၁၅ ရာစုခေတ်ကတည်းက အတူယှဉ်တွေတည်ရှိလာခဲ့တဲ့ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းကြီးတစ်ရပ်ထဲ ကိုလိုနီခေတ်တစ်လျှောက်မှာ ရခိုင်ထဲပြောင်းရွှေ့အခြေချတဲ့ ဘင်္ဂလီမျိုးဆက်တွေနဲ့အတူ တိုးပွားလာခဲ့တယ်။ ဒါဟာ အကြောင်းရှာအငြင်းပွားဖွယ်ကိစ္စရပ် မဟုတ်ပါဘူး ” ဟု ၄င်းတို့မှ ထုတ်ဖော်ပြောကြားချက်ကို Huffington Post. မှ ရေးသားဖော်ပြသည်။

    မစ္စတာ Timor-Leste ၏အလျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာ Ramos – Horta နှင့် လူထုအကျိုးဆောင် ပုဂ္ဂိုလ်တစ်ဖြစ်လဲ ဘင်္ဂလားဒေ့ရှ်၏ ဘဏ်လုပ်ငန်းရှင် မစ္စတာ Yunus တို့၏ မှတ်ချက် များသည် အပြင်းအထန်အပြိုင်အဆိုင် အငြင်းပွား လျက်ရှိသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ လူ့အဖွဲ့အစည်း၏ သမိုင်းကြောင်း ဇစ်မြစ်များအတွက် မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

    “ လက်ရှိ လအနည်းငယ်အတွင်းမှာဘဲ လူတစ်ထောင်ထက်မနည်း သတ်ဖြတ်ခံရခြင်း၊ သောင်းနဲ့ချီတဲ့ အိုးအိမ်တွေရွှေ့ပြောင်းခံရခြင်းနဲ့အတူ ရိုဟင်ဂျာမွတ်စ်လင်မ်လူနည်းစုတွေဟာ စကားလုံးမဲ့နှိပ်စက်ညှင်းပန်းမှုတွေ ခံစားနေကြရတယ်။ ဒီအဖြစ်မှာ လုံခြုံရေးတပ်ဖွဲ့တွေဝင်တွေက အကာအကွယ် မပေးတဲ့အပြင် ကြံရာပါတွေအဖြစ် ထင်ထင်ရှားရှား ရေနစ်သူကိုဝါးကူထိုးနေကြတယ် ” ဟု ၄င်းတို့မှ ရေးသားခဲ့ကြသည်။

    မစ္စတာ Ramos – Horta နှင့် မစ္စတာ Yunus တို့က – ရိုဟင်ဂျာများကို နိုင်ငံ၏ပြည်သူပြည်သူများအဖြစ် အသိအမှတ်ပြုရန်ပျက်ကွက်နေသော၊ ၄င်းပြင် အာဏာပိုင်မှ ရိုဟင်ဂျာများအား ခရီးသွားလာခွင့်၊ ထိမ်းမြားလက်ထပ်ခွင့် ပိတ်ပင်ထားခြင်းနှင့်အတူ အဓမ္မချုပ်ချယ်မှုများ ဆင့်ကဲပြုလုပ် လာစေသော မြန်မာနိုင်ငံ၏  ၁၉၈၂ နိုင်ငံသားဆိုင်ရာ ဥပဒေကိုလည်း ဝေဖန်လိုက်သည်။

    မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လူနည်းစု ရိုဟင်ဂျာမွတ်စ်လင်မ် လူ့အဖွဲ့အစည်းကိစ္စနှင့်စပ်လျဉ်း၍ တစ်လုံးတစ်ပါဒမျှ အားပေးပြောကြားခြင်း မရှိ၊ ယင်းအခြေအနေအတွင်း ပါဝင်ခြင်း မှလည်း အသံတိတ်လျက် လုံးလုံးလျားလျား လက်ရှောင်နေခဲ့သည်။

    တဖန် “ ရိုဟင်ဂျာလို့ ခေါ်ဆိုကြတဲ့ လူမျိုးစုဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူး ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက အဖြစ်မှန်နှင့်ဆန့်ကျင်သည့် အဆိုတစ်ရပ်အား ကြာသပတေးနေ့၊ နေပြည်တော် ပြည်သူ့လွှတ်တော် ၌ ပြောဆိုလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာများမှ တင်ပြလာသည်။

  • ယေရှုခရစ်ကို ကြမ်းကြုတ်သူ အဖြစ် ရိုက်ကူးသော ရုပ်ရှင်ကို အမေရိကန် မွတ်စလင်များ ဒေါသဖြစ်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
    M-Media

    ကိုင်ရို။ ။ယေရှုခရစ်တော်အား ကြမ်းကြုတ်သူ၊ သွေးရူးသွေးတန်း ဖြစ်နေသူတစ်ဦးပုံစံ ရိုက်ကူးထားသည့် အမေရိကန် ရုပ်ရှင်တစ်ခုက ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင်များနှင့် ခရစ်ယာန် သန်းပေါင်းများစွာအား စော်ကား သကဲ့သို့ဖြစ်နေပြီး အမေရိကန်မွတ်စလင်များထံမှ ကန့်ကွက် ရှုတ်ချမှုကို ဖိတ်ခေါ်လျက်ရှိသည်။

    Jesus movie.jpg1

    “ယေရှု(ငြိမ်းချမ်းမှု သက်ရောက်ပါစေ) နဲ့ ပက်သက်ပြီး ဒီလို လွဲမှားစွာဖော်ပြမှုဟာ သူ့ရဲ့ သတင်းစကားကို ယုံကြည်သူအားလုံးနဲ့ မွတ်စလင်တွေကို လွန်လွန်ကျူးကျူး စော်ကားခြင်းသာ ဖြစ်ပါတယ်။ ” ဟု OnIslam.net မှ ဖေဖော်ဝါရီ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့က ရရှိသော ကြေညာချက်တွင် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (Council on American-Islamic Relations) ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ နီဟတ် အ၀ဒ် (Nihad Awad) က ပြောဆိုထားသည်။

    NBC ရုပ်သံဌာနက “Saturday Night Live” အစီအစဉ်တွင် ထုတ်လွှင်ခဲ့သော ရုပ်ရှင်နမူနာတွင် ယေရှုအား ကြမ်းကြုတ်သူ၊ သွေးရူးသွေးတန်း ဖြစ်နေသူ တစ်ဦးပုံစံအဖြစ် လည်းကောင်း၊ သေနတ်တ၀င့်ဝင့်ကိုင်ကာ ရောမတို့အား တိုက်ခိုက်ချေမှုန်းသူ တစ်ဦးအဖြစ်လည်းကောင်း ရိုက်ကူးပုံဖော်ထားသည်။

    “ရယ်ရွှင်ဖွယ်ရာ တုန့်ပြန်မှုတစ်ခုကို ဖြစ်စေဖို့ တုန်လှုပ်ဖွယ်ပုံရိပ်တွေ၊ ယုတ္တိကင်းမဲ့မှုတွေ အသုံးပြုထားတာကို ကျနော်တို့မြင်ရတဲ့အခါ၊ သန်းပေါင်းများစွာသော ခရစ်ယာန်တွေ၊ မွတ်စလင်တွေ ကြည်ညိုလေးစားတဲ့ ဘာသာရေး ပြယုဂ်တစ်ဦးကို ဒီလို မနှစ်မြို့ဖွယ် ပုံဖော်မှုဟာ ဟာသ စည်းမျဉ်းကို ကျော်လွန် လုပ်ဆောင်တာဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အားလုံးအတွက် လွတ်လပ်စွာ ပြောဆိုမှုကို ကျနော်တို့ လေးလေးနက်နက် ထောက်ခံပါတယ်။ ဒါပေမယ့် အခြားသူတွေရဲ့ ယုံကြည်မှုအတွက် လေးစားမှုနဲ့ လူမှုကျင့်ဝတ်တွေကို အလေးထားရပါလိမ့်မယ်။ ဒီလို မကောင်းတဲ့ ပုံဖော် ရိုက်ကူးမှုတွေကိုလည်း ရှောင်ရှားရပါလိမ့်မယ်။ ” ဟု အ၀ဒ် ကဆိုသည်။

    တမန်တော်များအား အသရေဖျက်ထားသည့် ရုပ်ရှင်ရိုက်ကူးမှုများမှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တမန်တော်မိုဟာမက် (ငြိမ်းချမ်းမှု သက်ရောက်ပါစေ) အား ပျက်ရယ်ပြုထားသည့် အမေရိကန်လုပ် ရုပ်ရှင်တစ်ခု ထွက်ရှိခဲ့လေသည်။ အဆိုပါ ရုပ်ရှင်ကြောင့် မွတ်စလင်ကမ္ဘာတွင် ကြီးမားသည့် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး လစ်ဗျားနိုင်ငံရှိ အမေရိကန် သံအမတ် အပါအ၀င် လူအများအပြား သေဆုံးခဲ့သည်။

    နောက်ပိုင်းတွင် ဘာသာရေးဆိုင်းရာစော်ကားမှုကို ပိတ်ပင်တားမြစ်ခြင်းနှင့်ပက်သက်၍ ကုလသမ္မဂ္ဂမှ အဖြေရှာရန် ဆော်သြမှုများလည်း ရှိခဲ့လေသည်။

    ကြီးကျယ်သော တမန်တော်တစ်ပါး

    မွတ်စလင်များက ယေရှုကို အလ္လာအရှင်မြတ်၏ တမန်တော်များထဲမှ တစ်ဦးအဖြစ် ကြည်ညိုလေးစားကြသည်ဟု အ၀ါဒ် ကဆိုသည်။

    “မွတ်စလင်တွေက ယေရှုကို အလ္လာဟ်ရှင်မြတ်စေလွှတ်တော်မူတဲ့ တမန်တော်တွေထဲက တစ်ပါးအဖြစ် ချစ်ခင်လေးစားကြတယ်ဆိုတာကို လူတော်တော် များများက မသိကြပါဘူး။ ယေရှုရဲ့ နာမတော်ကို ပြောတိုင်းပြောတိုင်းမှာ မွတ်စလင်တွေဟာ “ငြိမ်းချမ်းမှုသက်ရောက်ပါစေ” ဆိုတာကို ထည့်ပြောလေ့ရှိပါတယ်။” ဟု သူက ဆိုသည်။

    မွတ်စလင်များသည် ယေရှုအား အလ္လာဟ်အရှင်မြတ်၏ တမန်တော်များမှ တစ်ပါးအဖြစ်လည်းကောင်း၊ မေရီသခင်မ၏ သားအဖြစ်လည်းကောင်း လက်ခံ ယုံကြည်ကြပြီး အလ္လာဟ်အရှင်မြတ်၏ သားတော် အဖြစ် ယုံကြည်ခြင်းမရှိပေ။

    ယေရှုကို ကုန်အာန်ကျမ်းတော်မြတ်တွင် အီစာ(Isa) ဟုခေါ်ဝေါ်ပြီး၊ အလ်-မစီ(the Christ) ဟူ၍လည်းကောင်း၊ အစ်ဗနေ့ မရ်ယမ် (Son of Mary) ဟူ၍ လည်းကောင်း သုံးနှုန်းထားသည်။

    လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရခြင်းနှင့်ပက်သက်၍ မွတ်စလင်များက ယုံကြည်ခြင်းမရှိဘဲ၊ လက်ဝါးကပ်တိုင် အတင်မခံရဘဲ ကောင်းကင်သို့ ဆောင်ယူခြင်း ခံရသည် ဟူ၍သာ လက်ခံထားကြသည်။

    နောက်ဆုံးနေ့ မတိုင်မှီအချိန်တွင် အမှန်တရားနှင့် တရားမျှတမှုကို ရယူရန်၊ အလ်-မစီအား ဆန့်ကျင်သူကို တွန်းလှန်ရန်နှင့် ငြိမ်းချမ်းမှုကို ပြန်လည် ထိန်းသိမ်းရန် ယေရှုသည် ဤကမ္ဘာမြေသို့ ပြန်လည် ကြွရောက်လာမည်ဟု မွတ်စလင်များက ယုံကြည်ကြသည်။

    Ref:OnIslam

  • အာရှ၊ပစိဖိတ် ဘာသာပေါင်းစုံ လူငယ်ကွန်ယက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြို ညှိနှိုင်း အစည်းအဝေးပြုလုပ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
    M-Media
    သတင်း – ပသီဆောင်းနှင်းမှုံ

    P2210082

    Religions for Peace Asia & the Pacific Interfaith Youth Network Regional Pre-Assembly Meeting ကို ယနေ့ ဖေဖော်ဝါရီလ (၂၁)ရက်တွင် ရန်ကုန်မြို့ Chatrium Hotel Royal Lake Yangon ၌ နံနက် ၉-နာရီမှ ည ၉-နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

    Ratana Metta Organization, အစ္စလာမ်ဓမ္မဗိမာန် နှင့် St.Anthony’s Church တို့တွင်လည်း ၂-ရက်တိုင်တိုင် ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

    ထို ဘာသာပေါင်းစုံ အသိုင်းအ၀ိုင်းအသီးသီးမှ ကိုယ်စားပြုလူငယ် ကွန်ရက်၏ အကြို ညှိနှိုင်း ဆွေးနွေးပွဲသို့ အာရှတလွှားနိုင်ငံအသီးသီးမှ ကိုယ်စားပြုတက်ရောက်လာကြတဲ့ လူငယ်ခေါင်းဆောင်များ၊ မြန်မာနိုင်ငံမှ သီတဂူ ဆရာတော်ကြီး၏ ဗဟိုဌာန ရတနာမေတ္တာ၊ ခရစ်ယာန် အသင်းတော်များကောင်စီ၊ နှစ်ချင်း ခရစ်ယာန် အသင်းတော်၊ အစ္စလာမ်ဓမ္မဗိမာန်၊ ဂရုဏာ လူမူရေးလုပ်ငန်းများ ကောင်စီ၊ ဟိန္ဒူကောင်စီ တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

    P2210039

     

    ဓါတ်ပုံများ ကြည့်ရန်

  • အကြမ်းဖက်သမား ၂ဝဝ ခန့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်၊ ဆိုင်များကို ဖျက်စီး (ရုပ်သံ)

    အကြမ်းဖက်သမား ၂ဝဝ ခန့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်၊ ဆိုင်များကို ဖျက်စီး (ရုပ်သံ)

    ဖေဖော်ဝါရီ ၂၀ ၊၂၀၁၃
    Credit-Kamayut Media

    အကြမ်းဖက်သမား ၂ဝဝ ခန့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်၊ ဆိုင်များကို ဖျက်စီး

    ဘာသာရေး အစွန်းရောက် လူငယ် ၇ဝကျော်ဟာ ဖေဖော်ဝါရီ ၁၉ရက်နေ့ညက သာကေတမြို့နယ်က လုံခြုံရေးအရာရှိတွေကို ခဲတွေနဲ့ပစ်ပေါက်ပြီး ဖုန်းဆိုင်နဲ့ ကွမ်းယာဆိုင်တွေကိုလည်း အကြမ်းဖက် ဖျက်စီးခဲ့ပါတယ်။

  • သာကေတတွင် အစ္စလာမ် ဘာသာဝင်တို့ ၏ ဆိုင်များ လုယက် ဖျက်ဆီးခံရ

    ဖေဖော်ဝါရီလ ၂၀၊၂၀၁၃
    M-Media
    ဇာဇာလှိုင်

    535596_618077821541586_873658057_n
    Photo – Skyheart Winko

    ဖေဖော်ဝါရီ ၁၉ ရက် ယမန်နေ့ညက သာကေတမြို့နယ် ရန်ပြေ (၄)လမ်း ၊(၅) လမ်း၊ (၇) လမ်း နှင့် ရန်အောင် လမ်းထိပ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ဆိုင်ခန်းများအား လူအုပ်စု တစ်စုမှ လိုက်လံ လုယက် ဖျက်ဆီးခဲ့ကြောင်း ည ၁၁နာရီ ၃၀မိနစ် က သာကေတမြို့နယ် အဆိုပါ ယင်းဆိုင်ခန်း ပိုင်ရှင်များ၏ ဆက်သွယ်ပြောပြချက်များ အရ သိရှိရသည်။

    ရန်ပြေ (၄)လမ်း (၅)လမ်း တောက်လျှောက်ရှိ လက်ဖက်ရည်ဆိုင်၊ကွမ်းယာဆိုင်၊ မုန့်ဆိုင်၊ဖုန်းဆိုင် စသည့် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဆိုင်များကိုသာ ရွေး၍ ၀င်ရောက် ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။လူများကို မထိခိုက်ခဲ့ကြောင်း သိရသည်။ လုံခြုံရေး ရဲများစွာချထားကြောင်းလဲသိရပါသည်။

    ရန်ပြေမှ လူတစ်ယောက်မှ ပြောတာက “သူတို့ရပ်ကွက်မှာ တခါမှ မမြင်ဖူးဘူးတဲ့ … ရပ်ကွက်လူကြီးကတစ်ယောက်က အပြင်မထွက်ဖို့ လိုက်အော်နေတယ် … ကျွန်တော်ဖုန်းဆက်တော့ နောက်မှ ပြန်ဆက်ဖို့တိုးတိုးလေးပြောသွားတယ် … အိမ်ကိုမီးအမှောင်ချပြီးနေကြဖို့ပြောတယ် … ”ဟု သိရသည်။

    အဆိုပါ ဖြစ်ရပ်များကြောင့် သာကေတနေ ပြည်သူ သက်ကြီးရွယ်အို၊ ကလေးသူငယ်မှ အစ လူကြီး၊လူငယ် အားလုံး စိုးရိမ် ပူပန်နေရကြောင်း၊ဘယ်သူမှ မအိပ်ရဲကြကြောင်း၊သတိဝီရိယဖြင့် နေနေရကြောင်း သိရသည်။သာကေတ မြို့နယ်တွင်း မတည်ငြိမ်အောင် နည်းမျိုးစုံဖြင့် ဖန်တီးနေကြသဖြင့် သာကေတမြို့နယ်တွင်း နေထိုင်သူများ အားလုံးမှာ ထိုလူစု လူဝေးကိုရှောင်ရှားပြီး အိမ်တံခါးများ သော့ခတ်ကာ မီးများပိတ်ထားလျက်ရှိသည်။

     The Myanma Age
    သာကေတမြို့နယ်တွင် ဆူပူ အကြမ်းဖက်လိုသူများမှ အစ္စလာမ် ဘာသာဝင်တို့ရဲ့ ကလေးငယ်များ ဘာသာရေးစာသင့်ကျောင်းများ နှင့် နေအိမ် ဈေးဆိုင်များကို တိုက်ခိုက်မှု့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ချထားရစဉ်
    Photo-The Myanma Age

    ယခုရက်ပိုင်းအတွင်း ဖြစ်စဉ်များတွင် ပါဝင် ဖျက်ဆီးဆူပူကြသော လူစုများမှ ရန်ပြေ(၁၆)လမ်းတွင် နေထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦးအား တာဝန်ရှိသူများက ထိန်းသိမ်းထားကြောင်း နှင့် ရန်ပြေနှင့် မာန်ပြေရပ်ကွက်များတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၏ လက်မှတ်ထိုးဖြင့် ဆူပူမှုများပြုလုပ်ပါက ဖမ်းဆီးအရေးယူခြင်း ခံရမည်ဟု ပါဝင်သောစာရွက်များအား (၃)မာန်ပြေ ဥက္ကဌ ဦးကံထွန်းမှတဆင့် ရပ်ကွက်အတွင်း လိုက်လံဝေငှထားသည် ဟု မြန်မာခေတ် မီဒီယာရဲ့ FB သတင်းစာမျက်မှာ မှာ ဖော်ပြထားချက်ရ သိရသည်။
    လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က (၃)မာန်ပြေရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင် ကလေးငယ်များ ဘာသာရေး စာသင်ကြားသည့် အဆောက်အအုံ ပြုပြင်ခြင်း မကျေနပ်ဟု ဆိုပြီး လူစုလူဝေးဖြင့် ဝိုင်းဝန်း ဖျက်ဆီး ပြိးနောက် သာကေတမြို့နယ်မှ ရပ်ကွက်အချို့တွင် အစ္စလာမ်ဘာသာဝင်တို့နှင့် စီးပွားရေးလုပ်ငန်းများကို လုယက် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။