News @ M-Media

Tag: featured

  • ဘီးလင်းမြို့မှ အစ္စလာမ်ဘာသာကို ပုတ်ခတ်သည့် တရားပွဲများ တားမြစ်ပေးရန် အုပ်ချူပ်ရေးမှုးသို့ တိုင်ကြားထား

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၃
    M-Media

    မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ကျေးရွာအချို့ တရားပွဲများတွင် သံဃာတော်အချို့ အစ္စလာမ်ဘာသာကို ပုတ်ခတ်ထိခိုက်သည့် ထည့်သွင်းဟောပြောနေသည့် တရားပွဲများနှင့် လှုံဆော်မှုများကို တားမြစ်ပိတ်ပင်ပေးရန် ဘီးလင်းမြို့နယ် အုပ်ချူပ်ရေးမှုးသို့  သတင်းထောက်နှင်းမောင် (တပ်ကြပ်ကြီး-ငြိမ်း) မှာ တိုင်ကြားထားကြောင်း သိရပါသည်။ အုပ်ချူပ်ရေးမှူးသို့ ပေးပို့ထားသော စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    IMG_0138

    IMG_0139

  • ကချင် ဒုက္ခသည်များကို အစ္စလာမ် ဘာသာရေး(မန်း) အဖွဲ့သွားရောက် လှူဒါန်း

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃
    M-Media

    IMG_7830

    မန္တလေး။ ။ အစ္စလာမ်ဘာသာရေးအဖွဲ့၊ ဒုက္ခသည်များကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)မှ ကချင်ပြည်နယ် စစ်ဘေးဒဏ်ကြောင့် ခေတ္တထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူများအတွက် ကွတ်ခိုင်မြို့ ဒုက္ခသည်စခန်းများသို့ ၁၇.၂.၂၀၁၃ ရက်နေ့တွင် စားနပ် ရိက္ခာနှင့် ဆေးဝါး ပစ္စည်းများ သွားရောက် ကူညီလှူဒါန်းခဲ့ပါသည်။

    စားနပ်ရိက္ခာအနေနှင့် ဆန်-အိတ်(၅၀၀)၊ ကုလားပဲကြမ်း-အိတ်(၃၀)၊ ဆီ-(၅)ပေပါ၊ ဆား-အချိန်(၃၀၀)၊ ဆေးဝါးအနေနှင့် အခြေခံဆေးဝါးများဖြစ်သည့် ၀မ်းလျှော/ ၀မ်းပျက်၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး ပျောက်သည့်ဆေး စသည့်ဆေးဝါးများ (၁၇)သိန်းခန့် ဖြစ်ပြီး စုစုပေါင်း သိန်း(၁၂၀)၀န်းကျင်ခန့် လှူဒါန်းခဲ့ကြကြောင်းသိရှိပါသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)သည် ၂၀၁၂-ခု ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် ဘာသာ လူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ရခိုင်ကိစ္စတွင် လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်ခဲ့သလို နမ့်ဆန်မီးဘေးတွင်လည်း မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကို လှူဒါန်းခဲ့ပြီး ယခုအကြိမ် ကချင်စစ်ပြေး ဒုက္ခသည်များကို ကူညီပံ့ပိုးလှူဒါန်းခြင်းသည် တတိယအကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း သိရသည်။

    DSC_0143 DSC_0154 DSC_0171 IMG_7794 IMG_7811 IMG_7828 IMG_7832 IMG_7912 IMG_8067 IMG_8100 IMG_8151 IMG_8231 IMG_8264

  • မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မြန်မာမွတ်စလင် ပညာရှင်များ အထူးစိုးရိမ်

    ဖေဖော်ဝါရီ ၁၇ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    နိုင်ငံနှင့်အ၀ှမ်း ဖြစ်ပွားနေသော မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုအပေါ် မြန်မာမွတ်စလင် ပညာရှင်များ အထူးစိုးရိမ်၊

    13

    လက်တလောဖြစ်ပွားခဲ့သည့် သာကေတ အစ္စလာမ် ဘာသာရေး ကျောင်း ဖျက်စီးခံရမှုအပါအ၀င် နိုင်ငံနှင့်အ၀ှမ်း တွင်ဖြစ်ပွားနေသော မွတ်စလင်ဆန့်ကျင်ရေးနှင့် ပတ်သက်၍ မြန်မာမွတ်စလင် ပညာရှင်များ အထူးစိုးရိမ်နေကြသည်။

    ဘာသာရေး အကြောင်းပြချက်ဖြင့် ပဋိက္ခဖန်တီးနေမှုများကို တားဆီးနိုင်သည့် ဥပဒေများ ပြဌာန်းပေးရန် လိုအပ်ကြောင်း မြန်မာ မွတ်စလင် တရား လွတ်တော်ရှေ့နေတစ်ဦးမှ ပြောပါသည်။

    “မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ဧရာဝတီတိုင်းတွေ မှာ မွတ်စလင် ဆန့်ကျင်ရေးတွေ ထင်ထင်ရှားရှား ဖြစ်ပွား လာခဲ့တယ်။ လက်ရှိ အတည်ပြုကျင့်သုံးနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ မှာ ဘာသာရေး အကြောင်း ပြုပြီး ပဋိပက္ခဖန်တီး၊ လှုံဆော်တာ တွေကို တားမြစ်တဲ့ ဥပဒေပြဌာန်းနိုင်တယ် လို့ ဖော်ပြထားတယ်။ ဒါကြောင့် လွတ်တော်ကနေ ဘာသာရေး အကြောင်းပြုပြီး ပဋိပက္ခတွေမဖြစ်ပေါ်လာဖို့ ဥပဒေပြဌာန်းပေးဖို့ လိုအပ်ပါ တယ်။ တခြားနိုင်ငံတွေမှာလည်း ဥပဒေနဲ့ ထိထိရောက်ရောက် ကာကွယ်ထားတာ တွေ့ရတယ် ”ဟု ရှေ့နေ ဦးခင်မောင်ချိုက အကြံပြု ပြောကြား သည်။

    နိုင်ငံနှင့်အ၀ှမ်း ဖြစ်ပွားနေသော ဥပဒေမဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအား ထိရောက်စွာ အရေးယူခဲ့ခြင်း ၊ ပြည်သူ များထံ အဖြစ်မှန် တင်ပြခြင်း များ မရှိခဲ့သဖြင့်  ယင်းလှုပ်ရှားမှုတွင် နောက်ကွယ် ပယောဂများ ပါရှိဖွယ်ရှိကြောင်း မြန်မာမွတ်စလင် ပညာရှင် တစ်ဦးက သုံးသပ်သည်။

    “သာကေတဖြစ်စဉ် က ကြီးမားတဲ့ ပဋိပက္ခတစ်ခုအတွက် အစပျိုးတာလို့ အချို့ က ယူဆကောင်းယူဆနိုင်တယ်။ ဒါပေ မယ့့်  ဒီလိုမျိုး ကျွန်တော် မတွေ့ရဘူး။ တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ သာကေတကိစ္စမှာ အာဏာပိုင်တွေ ကိုယ်တိုင်ဘေးက ရပ်ကြည့် နေတယ် ဆိုတာသိရတယ်။ ဘာသာ ရေးအဆောက်အအုံကို ဥပဒေမဲ့ မင်းမဲစရိုက်ဆန်ဆန် ၀င်ရောက် ဖျက်စီးတဲ့ သူတွေကို ဥပဒေအရ ဖမ်းဆီး အရေးယူရမယ်။ ပြစ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးမှုတွေ မလုပ်ဘူး ဆိုရင်တော့ သာကေတ ဖြစ်စဉ်ကတော့ နောက်ကွယ်က ပယောဂပါနေတယ်လို့ ယူဆစရာရှိပါတယ်။ အာဏာ ပိုင် တွေ အနေနဲ့ ပြည် သူတွေ ထံ အဖြစ်မှန် ကိုရှင်းရှင်းလင်းလင်း တင်ပြပေးဖို့လိုအပ်ပါတယ် ” ဟု မော်လဝီ ပသီကျော်ဦးက ပြောပါသည်။

    576761_10150826579806383_685041382_11712483_1041883872_n
    ကချင်ပြည်နယ် အနောက်ဘက် မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တို့ ဆုတောင်း ဝတ်ပြုရာ ဝတ်ပြုဆောင်အား ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က ဥပဒေမဲ့ ဖျက်ဆီးခဲ့သည့်ပုံ
    Kama masjid
    မကွေးတိုင်းဒေသကြီး၊ ကံမမြို့နေ မွတ်စလင်မ်(၁၀)ဦီးကျော်၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော် တစ်လုံးတို့ကို (၁၃.၄.၂၀၁၂) တွင်အကြမ်းဖက်၊ ဖျက်ဆီး၊ လုယက်မှုများပြုလုပ်ခဲ့ကြပါတယ်။

    ရခိုင်အရေးအခင်း အတန်ငယ်ငြိမ်သက်ခဲ့ပြီးနောက်ပိုင်း အစ္စလာမ် သာသနာနှင့် မွတ်စလင်များအပေါ် မတရားစွပ်စွဲ ၀ါဒ ဖြန့်မှုများ၊ တိုက်ခိုက်မှုများမြင့်တက်ခဲ့သည်။ မွတ်စလင်ဆန့်ကျင်ရေး တရားပွဲများပြုလုပ်ခြင်း ၊ ဒီဗွီဒီ အခွေ များဖြန့် ချီခြင်း၊ တို့ဖြင့် မွတ်စလင်ဆန့်ကျင့်ရေး လှုပ်ရှားမှု ဖြစ်ပွားနေမှုအပေါ် အိုလမာ သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ် သာသနာရေးရာကောင်စီ ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင် လူငယ် များ (ဘာသာရေး)အဖွဲ့(မမလ) ၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မအဖ) ၊ မော်လ၀ီအဖွဲ့ချုပ် တို့မှ ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်ရန်  နှောင့်နှေးခဲ့သည်။

    “မောင်တောမြောက်ပိုင်း၊ မွန်ပြည်နယ် ဘက် ၊ ကရင်ပြည်နယ်ဘက် က ဖြစ်စဉ်တွေ က ဆက်တိုက်ဆိုသလို ဖြစ်ပွားလာ တာတွေ့ရတယ်။ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ဒီလိုဖြစ်ရပ်တွေ ရပ်တန့်အောင် ဆောင်ရွက်မှု တွေနှောက် နှေးနေပါ တယ်။ ဒီလိုအချိန်မှာ မွတ်စလင်အရေး ၊ သာသနာ့အရေးအတွက် ရှေ့တန်းထွက် ဆောင်ရွက်သင့်ပါတယ်” ဟု ရိုဟင် ဂျာ အရေးဆောင်ရွက်နေသူ  တစ်ဦးက ပြောပါသည်။

    ဘာသာတရားများအကြား ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေးသည် ဒီမိုကရေစီ ယဉ်ကျေးမှုရှိသော လူ့အဖွဲ့အစည်း တစ်ခုတွင် မရှိမဖြစ်သော အခြေအနေတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီ တန်ဖိုးနှင့်ဆန့်ကျင်သော ဘာသာတရားတစ်ခု၏ အဆောက်အအုံအား ဖျက်စီးခြင်းသည် လက်ခံဖွယ်ရာမရှိချေ။ ယင်းသို့သော မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူများ ထပ်မံမဖြစ်ပွားစေရန် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူပေးရန် အရေးကြီးသည်။

    “သာကတေ ကိစ္စက မဖြစ်သင့်တဲ့ကိစ္စပါပဲ ယဉ်ကျေးတဲ့ လူ့အဖွဲပအစည်းတစ်ခုမှာ ဘာသာရေး အဆောက် အအုံကို ဖျက်ဆီးတာဟာ လက်မခံနိုင်ပါဘူး။ မွတ်စလင်တွေအနေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်မှု မလုပ်ပဲ ၊ နိုင်ငံ တော်အစိုးရကို ဥပဒေ ကြောင်းအရ ဖြေရှင်းပေးဖို့ တောင်းဆိုရမယ်” ဟု   ၅၉ လမ်း ကုရ်အာန် အသိပညာပြန့်ပွားရေး ကော်မတီမှ မွဖ်သီ ဦးစန်း အောင်မှ သုံးသပ်ပြောကြားသည်။

    နေသစ်ထွန်း

  • သာကေတမြို့နယ်တွင် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းအား ၀ိုင်းဝန်းဖျက်ဆီး

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃
    M-Media
    သတင်း – အေးမောင်

    DSC09222

    သာကေတမြို့နယ်၊ မာန်ပြေ ၁၈x၁၉ လမ်းကြားရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း ၃၀၀-ခန့်ရှိ လူအုပ်စုကြီးမှ ဒီနေ့ မနက်ပိုင်းမှ စတင်၍ ၀ိုင်းဝန်း ဖျက်ဆီးကြပြီး နေ့လည်ပိုင်းတွင် လာရောက် တားဆီးသော မွတ်စလင်မ်တချို့အား ၀ိုင်းဝန်း ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။

    ယင်းဖြစ်စဉ်အား စုံစမ်းရာ သာကေတမြို့နယ် မာန်ပြေ ၁၈x၁၉ လမ်းကြားတွင်ရှိသော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းသည် ယခင်ကတည်းက တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် ခေါင်မိုးပျက်စီးလာ၍ စည်ပင်သာယာသို့ ပြင်ဆင်ခွင့်တောင်းခံခဲ့ရာ ပြင်ဆင်ခွင့် ရခဲ့၍ ခေါင်မိုးအားပြင်ဆင်ခဲ့သည်။

    ယင်းသို့ ပြင်ဆင်နေသည်ကို ရပ်ကွက် ဆယ်အိမ်မှူးမှလည်း မကျေနပ်ကြောင်း၊ ထို့ကြောင့် အစွန်းရောက် တစ်စုက ၀ိုင်းဝန်း ဖျက်ဆီးမှု ပြုလုပ်လာကြခြင်းဖြစ်ကြောင်း သိရသည်။

     

    OLYMPUS DIGITAL CAMERA

    “ကုလားတွေ လူပါးဝတယ်၊ ရခိုင်မှာလည်း ဒီလိုမျိုး လူပါးဝပြီး လုပ်ခဲ့တာ။ အခုလည်း ကျောင်းသေးသေးလေးကနေ အကြီးကြီးဆောက်ဖို့ လုပ်နေတယ်။ ဒါမျိုး လုပ်လို့မရဘူး။ ကုလားတွေကို မြန်မာ့မြေက ထုတ်ပစ်ရမယ်လို့ ပြောဆိုပြီး ၀ိုင်းဝန်းဖျက်ဆီးကြတာဖြစ်ပါတယ်။ အဲလိုဖျက်နေတဲ့ အချိန် အနားမှာ ရဲ ၂-ယောက် ရှိနေတယ်။ အဲဒီ ရဲ ၂-ယောက်ကလည်း အစွန်းရောက် လူတစု ကို နောက် ၂-ပတ်နေရင် ဖျက်ပေးမယ်လို့ပြောပြီး တားနေပေမယ့် တားလို့မရဘူး”ဟု မျက်မြင်တွေ့ခဲ့သူ ဗုဒ္ဓဘာသာ တစ်ဦးမှ ပြောပြလာပါတယ်။

    “အဲလို ဖျက်နေရင်းနဲ့ပဲ မွတ်စလင်မ် တစ်ယောက်ကို ၀ိုင်းပြီးရိုက်ကြပါတယ်။ သူ့ကိုလည်း ထိသွားတယ်။ ရဲတွေက အဲဒီ တစ်ယောက်ကို ခေါ်ထုတ်သွား လို့ ဟိုလူ နည်းနည်း သက်သာသွားတာ။ အခင်းဖြစ်ပြီး ခဏနေတော့ ရောက်လာတဲ့ ရခိုင် စုံစမ်းရေးကော်မရှင်မှာ ပါခဲ့ဖူးတဲ့ မွတ်စလင်မ် တစ်ယောက်က အဲဒီကဆယ်အိမ်မှူးကို အခုဖြစ်တဲ့အခြေအနေကို မေးတော့ ဆယ်အိမ်မှူးက မကျေမနပ်ဖြစ်ပြီး ချကွာ ချကွာလို့ ပြောတယ်။ အဲဒါနဲ့ အဲဒီ အစွန်းရောက်တွေထဲက တချို့လူတွေက အဲဒီမွတ်စလင်မ်ရယ် နောက်သူနဲ့ အတူပါလာတဲ့တစ်ယောက်ကို ၀ိုင်းပြီးထိုးကြတယ်”လို့ မျက်မြင်တစ်ယောက် က ပြောပြလာပါတယ်။

    ထိုသူပြောပြသည့် ၀ိုင်းဝန်းထိုးခံရသူ မွတ်စလင်မ်တစ်ယောက်ဆိုသည်ကို ဆက်လက်စုံစမ်းရာ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်တွင် ပါဝင်ခဲ့သူ ကိုတင်မောင်သန်းဖြစ်ပြီး ကိုတင်မောင်သန်းနှင့် အတူလိုက်ပါသွားသည့် ကိုဇော်မင်းလတ် လည်း လက်သီးနှင့် ထိုးခံရကြောင်းသိရသည်။

    “ကိုတင်မောင်သန်းက အခြေအနေကို အေးအေးဆေးဆေးမေးနေတာကို ဟိုဘက်က လူစုက ၀ိုင်းပြီး လက်သီးနဲ့ထိုးတာ မျက်နှာကို ထိုးမိသွားတယ်။ ကြီးကြီးမားမားတော့ ထိခိုက်မှု မဖြစ်သွားပါဘူး။ အခုဖြစ်ပွားတဲ့ ကိစ္စအတွက် အဖွဲ့ကြီး ၅-ဖွဲ့က အခု အစည်းအဝေး ထိုင်မယ်။ နေပြည်တော်ကိုလည်း စာတင်မယ်။ ပြီးတော့ the voice မှာ ဗလီဆောက်တယ်ဆိုပြီး သတင်းအမှား တင်တယ်။ the voice ကိုလည်း အဲဒါ ပြန်လည်ဖြေရှင်းပေးဖို့ အခု ဆွေးနွေးနေတယ်။ လုပ်သင့်တဲ့ ကိစ္စရပ်တွေကို အခုပဲ လုပ်နေကြပါပြီ”ဟု ယခု ကိစ္စတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးမှ M-Media ကို ပြောပြ လာပါတယ်။

     

    OLYMPUS DIGITAL CAMERA

    13

    ဓါတ့်ပုံများ ထပ်ကြည့်၇န်။

  • အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီ မှ ကချင်စစ်ပြေး ဒုက္ခသည်များသို့ သွားရောက် လှူဒါန်းမည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃
    M-Media
    သတင်း – အမ်တူးအေ

    kachin IDP
    ကချင် စစ်ပြေးဒုက္ခသည်များ photo-internet

    မန္တလေး။          ။ အစ္စလာမ်ဘာသာရေးအဖွဲ့၊ ဒုက္ခသည်များကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)မှ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များ ထွက်ပြေး တိမ်းရှောင်နေရသည့် ကွတ်ခိုင်မြို့သို့ ၁၆.၂.၂၀၁၃ ရက်နေ့တွင် သွားရောက်ပြီး ၁၇.၂.၂၀၁၃ ရက်နေ့တွင် ဒုက္ခသည်စခန်းများသို့ စားနပ် ရိက္ခာနှင့် ဆေးဝါး ပစ္စည်းများ သွားရောက် ကူညီလှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များကူညီပံ့ပိုးရေးကော်မတီတွင်ပါဝင်သည့် တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ မနက်ဖြန် ၁၅.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ကို ထွက်ခွာကြပါမယ်။ လှူဒါန်းမှာကတော့ ကွတ်ခိုင်မြို့ပေါ်က ဘုရားကျောင်း (၂)ကျောင်းမှာ ရောက်ရှိနေသည့် ကချင် ဒုက္ခသည် ၅၀၀-ကျော်ကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်းပါမယ်။ ဘုရားကျောင်း ၁-ကျောင်းမှာ ဒုက္ခသည် ၃၀၀-ကျော်နဲ့ နောက် ၁-ကျောင်းမှာတော့ ဒုက္ခသည် ၁၀၀-ကျော်ရှိပါတယ်။ အဲဒီ ၅၀၀-ကျော်က ကချင်ဒုက္ခသည်တွေပါ။ နောက်ပြီးတော့ ကွတ်ခိုင်မြို့နဲ့ ၆-မိုင်အကွာမှာရှိတဲ့ ရွာလေးမှာလည်း ပလောင် ဒုက္ခသည် ၄၀၀-ကျော်ကိုလည်း စားနပ်ရိက္ခာနဲ့ဆေးဝါးများကို လှူဒါန်းပါမယ်။ ကျွန်တော်တို့တွေ ဒုက္ခသည်စုစုပေါင်း ၁၀၀၀-ကျော်အတွက် လှူဒါန်းပါမယ်။ ၁၇.၂.၂၀၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့ပေါ်မှာပဲ ပစ္စည်းများပေးအပ်လှူဒါန်းပွဲလုပ်ပြီး ပေးအပ်ပါမယ်။ ပေးလှူမှာက တာဝန်ရှိ အာဏာပိုင်အဖွဲ့ကို ပေးအပ်မှာပါ။ ကျန်းမာရေးကလည်းပါမယ်။ လူဝင်မှုကြီးကြပ်ရေးကလည်းပါမယ်။ မြို့နယ်အုပ်ချုပ်ရေးကလည်းပါမယ်။ နောက်ပြီးတော့ ဒုက္ခသည်စခန်းက တာဝန်ခံတွေနဲ ညှိနှိုင်းပြီး ပေးအပ်မှာပါ။” လို့ M-Media ကို ပြောပြလာပါတယ်။

    စားနပ်ရိက္ခာအနေနှင့် ဆန်-အိတ်(၅၀၀)၊ ကုလားပဲကြမ်း-အိတ်(၃၀)၊ ဆီ-(၅)ပေပါ၊ ဆား-အချိန်(၃၀၀)၊ ဆေးဝါးအနေနှင့် အခြေခံဆေးဝါးများဖြစ်သည့် ၀မ်းလျှော/ ၀မ်းပျက်၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး ပျောက်သည့်ဆေး စသည့်ဆေးဝါးများ (၁၉)သိန်းကျော်ဖိုး လှူဒါန်းမည်ဖြစ်ပြီး စုစုပေါင်း သိန်း(၁၂၀)၀န်းကျင် တန်ဖိုးရှိသည်ဟု သိရသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ – ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီ (မန္တလေးတိုင်း၊ မန္တလေးမြို့)သည် ၂၀၁၂-ခု ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် ဘာသာ လူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ရခိုင်ကိစ္စတွင် လူမျိုးဘာသာမရွေးကူညီစောင့်ရှောက်ခဲ့သလို နမ့်ဆန်မီးဘေးတွင်လည်း မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကိုလှူဒါန်းခဲ့ပြီး ယခုအကြိမ် ကချင်စစ်ပြေးဒုက္ခသည်များကို ကူညီပံ့ပိုးလှူဒါန်းခြင်းသည် တတိယအကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း သိရသည်။