News @ M-Media

Tag: Gaza

  • အပစ်အခတ်ရပ်စဲရေး အီဂျစ်ကြားဝင် ကမ်းလှမ်းမှုအား အစ္စရေးသဘောတူ ၊ ဟားမက်စ် လက်မခံ

    ဇူလိုင် ၁၅ ၊ ၂၀၁၄
    M-Media
    iRq2uiXmmz3o
    – တစ်ပတ်တာကြာမြင်ခဲ့ပြီး လူ ၁၉၂ ဦးသေဆုံးခဲ့သည့် အစ္စရေးက ပါလက်စတိုင်းအား ကျူးကျော်တိုက်ခိုက်နေမှုကို အဆုံးသတ်ရန် အီဂျစ်၏ အပစ်ရပ်ရေး ကမ်းလှမ်းမှုအား အစ္စရေးကတ်ဘိနတ်က လက်ခံလိုက်သည်ဟု သိရသည်။

    ယနေ့နံနက်အစောပိုင်းတွင် ပြုလုပ်သည့် အဆိုပါကမ်းလှမ်းမှုအား ကတ်ဘိနတ်က သဘောတူခဲ့ပြီးနောက် ဒေသစံတော်ချိန် ယနေ့ နံနက် ၉ နာရီတွင် အပစ်ရပ်ရေး စတင်သက်ရောက်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်။

    အစ္စရေး၏ တိုက်ခိုက်မှုရပ်တန့်ရေး သံတမန်နည်းလမ်းအရ ဆောင်ရွက်မှုကို အသိအမှတ်ပြုသည့် ဟားမက်စ်အဖွဲ့ကမူ ထိုအပစ်ရပ်ရေး ကမ်းလှမ်းမှုအား လက်ခံကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    နေတန်ယာဟုကမူ ဟားမက်စ်အနေဖြင့် ထိုကမ်းလှမ်းမှုအား လက်မခံပါက စစ်ဆင်ရေးများကို တိုးမြှင့်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    အီဂျစ်က ကမ်းလှမ်းခဲ့သည့် အဆိုပါအပစ်အခတ်ရပ်စဲရေးတွင် ၁၂ နာရီအတွင်း တိုက်ခိုက်မှုများကို နှစ်ဖက်စလုံး ခြွင်းချက်မရှိရပ်တန့်ရန်၊ ဂါဇာနယ်ခြားကို အစ္စရေးက ပြန်လည်ဖွင့်ပေးရန်နှင့် ၂ ရက်အတွင်း ကိုင်ရိုတွင် ဆွေးနွေးပွဲပြုလုပ်ရန်တို့ပါဝင်သည်။

    နောက်ဆုံးရရှိသည့်သတင်းများအရ အီဂျစ်၏ အပစ်ရပ်ရေးကမ်းလှမ်းမှုအား ဟားမက်စ်အဖွဲ့က လက်မခံသောကြောင့် ဂါဇာအား အစ္စရေးဘက်မှ တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်နေသည်ဟု သိရသည်။

    Ref:Al Jazeera and agencies

  • ဂါဇာအား အစ္စရေးက ကျူးကျော် တိုက်ခိုက်မှု ၇ ရက်မြောက်လာ၊ သေဆုံးသူ ၁၇၀ ကျော်

    ဇူလိုင် ၁၄ ၊ ၂၀၁၄
    M-Media
    israeli_air_strike_afp-600x276
    – ဂါဇာအား အစ္စရေးက ယနေ့တွင်လည်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး သေဆုံးသူမှာ ၁၇၂ ဦးရှိလာပြီဖြစ်သည်။

    ယနေ့နံနက်စောစောပိုင်းက ဂါဇာကမ်းရိုးတန်းဝန်းကျင် ဟားမက်၏ အဖွဲ့ခွဲ ကာစမ်ဘရီဂိတ်၏ လေ့ကျင့်ရေးစခန်း သုံးခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရမှုမရှိဟု ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

    ထို့ပြင် ဂါဇာမြောက်ပိုင်း ဂျာဘာလီယာမြို့၊ တောင်ပိုင်း ဒီယာ အလ်-ဘာလာမြို့နှင့် ဂါဇာစီးတီးရှိဆောက်အဦးများကိုလည်း တိုက်ခိုက်ခဲ့ကြပြီး လူအနည်းငယ်ဒဏ်ရာရရှိခဲ့ကြသည်။

    666x405
    အစ္စရေး၏တိုက်ခိုက်မှုကြောင့် သေဆုံသူ ၁၇၂ ဦးအပြင် ဒဏ်ရာရရှိသူမှာ ၁၂၃၀ ရှိနေသည်။ သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြပြီး ပါလက်စတိုင်းများအတွက် ကုလမှပြုလုပ်ပေးထားသော ဒုက္ခသည်စခန်းများတွင် လာရောက်လိုလှုံသူမှာ ၁၇၀၀၀ ခန့်ရှိလာခဲ့သည်ဟု ကုလ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    ထိုပြဿနာအားဖြေရှင်းရန်အတွက် ကမ္ဘာ့ခေါင်းဆောင်များက ဆွေးနွေးရန်စီစဉ်နေသည်။ နိုင်ငံတကာတွင်လည်း အစ္စရေး၏ အဆိုပါကျူးကျော်တိုက်ခိုက်မှုအား ဆန့်ကျင် ရှုတ်ချနေပြီး ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တယ်လီဖုန်းဆက် ပြောကြားခဲ့သော်လည်း  အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ထိုတိုက်ခိုက်မှုအား မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မသိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

    AFP

  • ဂါဇာအား မြေပြင်မှ အစ္စရေးတို့ ၀င်ရောက်ကျူးကျော်ပြီ

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    gaza
    – ဟားမက်စ်တို့၏ ဒုံးကျည်ပစ်ခတ်မှုများကို လက်တုံ့ပြန်တိုက်ခိုက်သည်ဟုဆိုကာ ဂါဇာအား အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်နေခြင်းမှာ ၆ ရက်မြောက်ရှိလာခဲ့ပြီး ယမန်နေ့ညတွင် အစ္စရေး မရိန်းတပ်များမှ ဂါဇာသို့ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ဂါဇာမြောက်ပိုင်းဒေသသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ဟားမက်စ် အဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရကာ အစ္စရေးစစ်သားလေးဦးမှာ ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု အစ္စရေးက သတင်းထုတ်ပြန်ခဲ့သည်။ ဟားမက်စ်ကလည်း အစ္စရေးစစ်တပ်နှင့် ရင်ဆိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး အစ္စရေးတို့ ဂါဇာနယ်မြေထဲသို့ ကျူးကျော်ခွင့်မရရန် တိုက်ခိုက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    ထိုဒေသရှိ ပါလက်စတိုင်းများ မိမိတို့၏နေအိမ်များကို စွန့်ခွာရန် အစ္စရေးက သတိပေးစာများ ကြဲချခဲ့ပြီး မြေပြင်တပ်ဖွဲ့မှ တိုက်ခိုက်မှုများ ပိုမိုပြုလုပ်သွားရန် အလားအလာရှိနေသည်။

    ယမန်နေ့ညက အစ္စရေးရဲတပ်ဖွဲကအကြီးအကဲ တေဆီယာ အလ်-ဘတ်ရှ်၏ အိမ်ကို အစ္စရေးမှ ဗုံးကြဲခဲ့ရာ ကလေးငယ်များ အပါအ၀င် မိသားစုဝင် ၁၈ ဦးသေဆုံးခဲ့သည်။ ယမန်နေ့ည လေကြောင်းမှတိုက်ခိုက်မှုတွင်ပင် စုစုပေါင်း ၅၆ ဦးသေဆုံးခဲ့ပြီး အစ္စရေးတို့၏ ၆ ရက်တာတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၆၆ ဦးရှိလာခဲ့ပြီဖြစ်သည်။

    သေဆုံးသူများ၏ လေးပုံသုံးပုံမှာ အရပ်သားများဖြစ်ကြသည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည့် ပါလက်စတိုင်း ၄၀၀၀ ခန့်မှာ ဒုက္ခသည်များအတွက် ကုလက စီစဉ်ပေးထားသော ကျောင်း ၈ ခုတွင် ယာယီနေထိုင်နေရပြီး၊ ထိုနေရာများသို့ လာရောက်ခိုလှုံသူများမှာ အချိန်နှင့်အမျှ တိုးပွားလာနေသည်။

    Al Jazeera and agencies

  • ဂါဇာရှိ မသန်စွမ်းသူများ ပြုစု ပျိုးထောင်ရေး စင်တာတစ်ခုကို အစ္စရေး ဗုံးကြဲတိုက်ခိုက်၊ စုစုပေါင်း သေဆုံးသူ ၁၂၄ ဦးရှိလာ

    ဇူလိုင် ၁၂ ၊ ၂၀၁၄
    M-Media
    gaza_2972740b
    – ဂါဇာအား အစ္စရေးမှ လေကြောင်းမှတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး ယနေ့တိုက်ခိုက်မှုများတွင်လည်း အရပ်သားသေဆုံးမှုများရှိခဲ့ကာ သေဆုံးသူအရေအတွက်မှာ ၁၂၄ ဦးအထိ ရှိလာပြီဖြစ်သည်။

    ယနေ့နံနက်တွင် ဂါဇာစီးတီး ဂျာဘာလီယာဒေသရှိ မသန်စွမ်းသူများ ပြုစုပျိုးထောင်ပေးသည့် စင်တာတစ်ခုကို အစ္စရေးက ဗုံးကြဲခဲ့ပြီး လူနာသုံးဦးနှင့် သူနာပြုတစ်ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့သည်။

    ထို့ပြင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဘီအစ်ဘာဟီယာဒေသတွင်ရှိသည့် မသန်စွမ်းသူများအား ရန်ပုံငွေရှာဖွေပေးသော အဖွဲ့တည်ရှိရာ အဆောက်အဦး၌ လူ ၂ ဦး၊ တူဖာဒေသတွင် ၃ ဦးနှင့် ဂါဇာစီးတီး အနောက်ဘက်ခြမ်းတွင် ၃ ဦး အသီးသီးသေဆုံးခဲ့သည်။

    ယမန်နေ့ညက ဂါဇာအလယ်ပိုင်း နူဆာရီရတ်ဒေသအား တိုက်ခိုက်မှုတွင်လည်း လူ တစ်ဒါဇင်ကျော် သေဆုံးခဲ့ကာ ဗလီဝတ်ကျောင်းတော် တစ်လုံးလည်း ပြိုပျက်ခဲ့သည်။ ၅ ရက်တာကြာမြင့်နေပြီဖြစ်သည့် အစ္စရေး၏ တိုက်ခိုက်မှုများတွင် လူပေါင်း ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။

    အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ၀ါရှင်တန်၊ လန်ဒန်နှင့် ကမ္ဘာတစ်ဝှမ်း မြို့ကြီးအချို့တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ပြုလုပ်ခဲ့ကြသည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ နိုင်ငံတကာမှဖိအားပေးမှုများကို ဂရုမစိုက်ဘဲ တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ယမန်နေ့ညပိုင်းက ပြောကြားခဲ့သည်။

    Ref: Al Jazeera and agencies

  • ပါလက်စတိုင်းအား အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုကို လန်ဒန်တွင် လူပေါင်း သောင်းချီ ဆန္ဒပြ

    ဇူလိုင် ၁၂ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ – ကျော်စိုးဝင်း
    10492212_797808656910000_8463177290887770466_n
    လန်ဒန်။    ။ အစ္စရေး စစ်တပ်မှ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်နေမှုကို ချက်ခြင်းရပ်တန့်ဖို့ ပါလက်စတိုင်းထောင်ခံသူ ထောင်ပေါင်း များစွာဟာ ဇူလိုင်လ ၁၁ ရက်နေ့က လန်ဒန်မြို့မှာ လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

    သောင်းချီတဲ့ ဆန္ဒပြ လူုအုပ်တွင် ဇီယွန်ဝါဒ လက်မခံတဲ့ ဂျူး လူမျိုးများလဲ ပူးပေါင်း ပါဝင်ခဲ့ကြပြီး လန်ဒန်မြို့ အနောက်ပိုင်းမှာရှီတဲ့ အစ္စရေး သံရုံးရဲ့ အပြင်ဘက်မှာ ပိုဆန္ဒတာများ ၊ ကြွေးကြော်သံများ ဖြင့် တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

    အစ္စရေးလေတပ်မှာ ဂါဇာဒေသကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဇူလိုင်လ(၁၁) ရက်နေ့က ထိ ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီး နှင့် ကလေးငယ်များ ဖြစ်ကြကြောင်း သိရပါတယ်။

    အစ္စရေးရဲ့ လုပ်ရပ်ကို ကမ္ဘာတဝှမ်းမှာ ဆန္ဒပြပွဲများ ပြုလုပ်ကာ ရှုတ်ချ လျက်ရှိကြောင်းပါ။