News @ M-Media

Tag: Gaza

  • အစ္စရေး မှာ အကြမ်းဖက် နိုင်ငံဖြစ်သည့်ဟု ဘိုလီးဗီယား သမ္မတပြော၊ ဗီဇာ ကင်းလွတ်ခွင့် ဖျက်သိမ်း

    ဇူလိုင် ၃၁ ၊ ၂၀၁၄
    M-Media

    evo-morales

    – ဂါဇာဒေသအား ကျူးကျော်တိုက်ခိုက်နေသည့် အစ္စရေးနိုင်ငံကို အကြမ်းဖက် နိုင်ငံအဖြစ် ဘိုလီဗီးယားသမ္မတ အီဗို မိုရေးလ်စ်က ခေါ်ဝေါ် သမုတ်လိုက်ပြီး အစ္စရေးနှင့် ထားရှိသည့် ဗီဇာကင်းလွတ်ခွင့်ကိုလည်း ပယ်ဖျက်ခဲ့သည်ဟု သိရသည်။

    “၀မ်းနည်းစရာကောင်းတာက အစ္စရေးဟာ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာမှုမရှိပါဘူး” ဟု ယမန်နေ့က ပြုလုပ်ခဲ့သော ကတ်ဘိနက် အစည်းအဝေးတွင်း မိုရေးလ်စ်က ကြေားခဲ့သည်။ ထို့အပြင် အစ္စရေးနိုင်ငံအား “တတိယတန်းစား” စာရင်းထဲတွင် ထည့်သွင်းခဲ့သည်။ ထိုစာရင်းမှာ အကြမ်းဖက်နိုင်ငံများအား ထည့်သွင်းထားသည့် စာရင်းလည်းဖြစ်သည်။

    ထို့ပြင် နှစ်ပေါင်း ၄၀ ကြာရှိနေသည့် အစ္စရေးနိုင်ငံသားများ ဘိုလီဗီးယားနိုင်ငံအတွင်းသို့ ဗီဇာမလိုဘဲ ၀င်ရောက်ခွင့်ကိုလည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

    “၁၉၇၂ ခုနှစ် သြဂုတ်လ ၁၇ ရက်ကတည်းက အစ္စရေးနဲ့ သဘောတူညီခဲ့တဲ့ ဗီဇာကင်းလွတ်ခွင့်ကိုဖျက်သိမ်းဖို့ ကျွန်တော်တို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို ဘိုလီဗီးယား အာဏာရှင် လက်ထက်က သဘောတူညီခဲ့တာဖြစ်ပြီး အစ္စရေးနိုင်ငံသားတွေဟာ ဗီဇာမလိုဘဲ ဘိုလီဗီးယားထဲကို လွတ်လွတ်လပ်လပ် ၀င်ခွင့်ရခဲ့ပါတယ်” ဟု မိုရေးစ်လ်က ပြောကြားခဲ့သည်။

    ၂၀၀၉ ခုနှစ်က ဂါဇာကမ်းမြှောင်သို့ အစ္စရေးက ကျူးကျော်တိုက်ခိုက်စဉ်ကလည်း မိုးရေးလ်စ်အစိုးရမှာ အစ္စရေးနှင့် သံတမန်အဆက်အသွယ်ဖြတ်ခဲ့ပြီး အစ္စရေး၏ ထိုလုပ်ရပ်အား လူမျိုးတုန်းသတ်ဖြတ်မှုဟု ပြောကြားခဲ့သည်။

    ibTimes

  • ဂါဇာမှ မိဘမဲ့ ကလေးများအား ကူညီရန် ရန်ပုံငွေ ရှာဖွေပွဲ တက္ကဆက်တွင်ပြုလုပ်

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media
    USEmergency-Iftars-Offer-Gaza-Orphans-Help
    – ဂါဇာရှိ မိဘမဲ့ကလေးများအား ထောက်ပံ့ရန်အတွက် ရန်ပုံငွေရှာဖွေသည့် အစ်ဖ်သာရ် ညစာစားပွဲတစ်ခုကို အမေရိကန် အစ္စလာမ့်ကူညီကယ်ဆယ်ရေးအဖွဲ့ IRUSA  အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “ပါလက်စတိုင်းက ကလေးတွေအတွက် တစ်ခုခုလုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ကျွန်မတို့ ခံစားရပါတယ်။ ပြီးတော့ အလှူရှင်တွေကလည်း အဲဒီကလေးတွေအတွက် တစ်ခုခု လုပ်ပေးချင်ကြပါတယ်။ ကျွန်မတို့ (ဒီပွဲမှာ) ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်” ဟု ဟူစတန်အခြေစိုက် IRUSA မှ ကိုယ်စားလှယ် အတ်စ်မား ဆယဒ်က OnIslam.net သို့ ပြောကြားခဲ့သည်။

    အဆိုပါ အခမ်းအနားသို့ ဆော်ဒီအာရေဗျရှိ မဒီနာတက္ကသိုလ်မှ မာစတာဘွဲ့ရရှိထားသော ပညာရှင် ဂျိုးဖရက်ဖို့ဒ်တက်ရောက်ခဲ့ပြီး ပါလက်စတိုင်း ကလေးငယ်များ ကြုံတွေ့နေရသည့် ဒုက္ခများကို ပြောကြားခဲ့သည်။

    Islam for Working Professionals လှုပ်ရှားမှုကို ဆောင်ရွက်နေသည့် ဖဟဒ် သက်စ်လီမ်းကလည်း အကူအညီလိုအပ်နေသူများ အထူးသဖြင့် ဂါဇာတွင် ဒုက္ခသုက္ခ ခံစားနေရသူများအတွက် ယခုရန်ပုံငွေရှာဖွေရေး၏ အရေးကြီးပုံကို ဖွင့်ဟခဲ့သည်။

    IRUSAအဖွဲ့မှာ ထိုကဲ့သို့သော အစ်ဖ်သာရ် ညစာစားပွဲများကို နှစ်စဉ် အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင် ကျင်းပပြလုပ်လေ့ရှိသည်။ ထိုပွဲများတွင် စေတနာရှင်များမှာ မိမိတို့ကြိုက်နှစ်သက်သည့်နိုင်ငံမှ မိဘမဲ့ကလေးများကို ရွေးချယ် လှူဒါန်းနိုင်သည်။

    သို့သော်လည်း ဂါဇာတွင် လတ်တလောဖြစ်ပွားနေသည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများ ကြောင့် ယခုနှစ်ပြုလုပ်သော အဆိုပါပွဲတွင် ပါလက်စတိုင်းရှိ မိဘမဲ့ကလေးသူငယ်များအတွက် လှူဒါန်းရည် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ရန်ပုံငွေ ၁၅၅၀၀၀ ရရှိခဲ့သည်။ ဟူစတန်ရှိ ကလေးငယ်များ၏ အနုပညာလက်ရာများကိုလည်း လေလံစနစ်ဖြင့် ထိုပွဲ၌ ရောင်းချခဲ့ကာ ဒေါ်လာ ၁၂၀၀ ရရှိခဲ့သည်ဟု ဆယဒ်က ဆိုသည်။

    အဆိုပါ အစ်ဖ်သာရ် ညစာစားပွဲသို့ မလာရောက်နိုင်ခဲ့သူများအနေဖြင့် လှူဒါန်းလိုပါက  IRUSA ၀ဘ်ဆိုက်ဖြစ်သည့် www.irusa.org သို့ ယခုသီတင်းပတ် မကုန်ခင် ဆက်သွယ်လှူဒန်းနိုင်ဟု သိရသည်။ လာမည့်သီတင်းပတ်များတွင်လည်း ထိုကဲ့သို့သော အစ်ဖ်သာရ်ညစာစားပွဲများကို ထိုအဖွဲ့မှ ပြုလုပ်သွားရန်ရှိနေသည်။

    IRUSA မှာ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့် ကူညီကယ်ဆယ်ရေးအဖွဲ့ IRW ၏ အဖွဲ့ခွဲဖြစ်သည်။ IRWမှာ အကူအညီပေးရေး အေဂျင်စီ ၁၅ ခု စုပေါင်းထားသည့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံး ပြည်သူများ ခံစားနေရသည့် ဒုက္ခများကို လျော့ပါးစေရန် ရည်ရွယ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

    .onislam.

  • ဂါဇာမှ ဆေးရုံအား အစ္စရေးက တင့်ကားဖြင့်ပစ်၊ ၁၄ ရက်အတွင်း သေဆုံးသူ ၅၀၀ ကျော်ရှိပြီ

    ဇူလိုင် ၂၁ ၊ ၂၀၁၄
    M-Media
    140718160742-28-israel-gaza-horizontal-gallery
    – ဂါဇာဒေသအား အစ္စရေးက ယနေ့တွင်လည်း မြေပြင်မှ ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ဂါဇာကမ်းမြှောင်ရှိ အလ်-အက္ကဆာ ဆေးရုံအား တင့်ကားအမြောက်ဖြင့် ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    Deaths as Israeli tanks shell Gaza hospitalဒီယာ အလ်-ဘာလာဟ်ရှိ အဆိုပါဆေးရုံတတိယထပ်အား အနည်းဆုံး အမြောက်သုံးလုံး ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ရှိခဲ့သည်။ ဒီယာ အလ်-ဘာလာဟ်ဒေသမှာ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်းများ သွားရောက်ခိုလှုံရာ ဒေသလည်းဖြစ်သည်။

    အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တစ်ဦးကလည်း ဆေးရုံတွင် ဒဏ်ရာရသူများနှင့် ပြည့်နှက်လျက်ရှိပြီး မိမိတို့အနေဖြင့် မည်သည်ကိုမျှ လုပ်မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု၏ ပြောရေးဆိုခွင့်ရှိသူ မာ့က်ရီဂျစ်ဗ်ကမူ အဆိုပါဆေးရုံအား ဟားမက်စ်အဖွဲ့က အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။

    10500547_659075547507619_7197355862961422316_n11
    သို့သော်လည်း အလ်-အက္ကဆာဆေးရုံမှာ ဒါရိုက်တာဖြစ်သူ ဒေါက်တာ မဒ်ဟတ် အဘတ်စ်ကမူ အစ္စရေး၏ ထိုကဲ့သို့ပြောဆိုခြင်းမှာ အကြီးအကျယ် လိမ်ခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    “(ဒီစွပ်စွဲမှု မဟုတ်ဘူးဆိုတာကို) သက်သေပြဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘယ်သူ့ကိုမဆို ကျွန်တော်စိန်ခေါ်ပါတယ်။ ကျွန်တော်တို့ဆေးရုံမှာ ဘာလက်နက်မှ မရှိပါဘူး။ စုံးစမ်းစစ်ဆေးမှုခံယူဖို့ ကျွန်တော်တို့အသင့်ပါပဲ။ ဘယ်လိုနိုင်ငံတကာအဖွဲ့အစည်းမျိုးမဆို ကျွန်တော်တို့ဆေးရုံကိုလာရောက်ပြီး စစ်ဆေးလို့ရပါတယ်။ သူတို့(အစ္စရေးဟာ) ဖရော်ဖက်ရှင်နယ် လူလိမ်တွေ၊ လူသတ်သမားတွေပါ” ဟု အဘတ်စ်က ပြောကြားခဲ့သည်။

    ဂါဇာရှိဆေးရုံးအား အစ္စရေးတို့မှ တိုက်ခိုက်ခြင်းမှာ ယခုအချိန်တွင် ပထမဆုံးမဟုတ်ဘဲ ကြာသာပတေးနေ့ကလည်း ဘအက်စန် အီလာရှီထိ အလ်ဝါဖာ ဆေးရုံသို့ အစ္စရေးတင့်ကားများက အမြောက်ဖြင့် ပစ်ခတ်ခဲ့သည်။

    FC481E50-70B2-4002-A70F-6E00D77CA731_cx0_cy8_cw0_mw1024_s_n

    လွန်ခဲ့သည့် နှစ်ပတ်က စတင်ခဲ့သည့် ဂါဇာသို့ အစ္စရေး၏ ကျူးတိုက်ခိုက်မှုအတွင်း သေဆုံးသူမှာ ၅၃၂ ဦးရှိလာခဲ့ပြီးဖြစ်ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြသည်။ မြေပြင်တိုက်ခိုက်မှုများစတင်ခဲ့သည်မှာ ၄ ရက်ရှိပြီဖြစ်ပြီး တိုက်ခိုက်မှုများအတွင်း အစ္စရေး စစ်သား ၁၈ ဦးသေဆုံးခဲ့သည်။

    Al Jazeera
  • ဂါဇာကို အစ္စရေး ကျူးကျော် တိုက်ခိုက်နေမှု လန်ဒန်မြို့ခံ လူတစ်သိန်းခန့် ဆန့်ကျင် ဆန္ဒပြ

    ဇူလိုင် ၂၀ ၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ -ကျော်စိုးဝင်း

    “အစ္စရေးစစ်တပ်မှ ဂါဇာဒေသရှိ လူနေရပ်ကွက်များအပေါ်ဗုံးကြဲမှုနှင့် မြေပြင်မှ ကျူးးကျော်တိုက်ခိုက်နေမှုအား ဆန့်ကျင်သောအားဖြင့် လန်ဒန်မြို့ခံ တစ်သိန်းခန့် လမ်းလျှောက်ဆန္ဒပြ”

    10450150_737044029671403_8782697977251105655_n

    အစ္စရေးစစ်တပ်မှနေ၍ ပါလက်စတိုင်း ဂါဇာဒေသရှိ လူနေရပ်ကွက်များအပေါ်ဗုံးကြဲမှူနှင့် မြေပြင်မှ ကျူးးကျော်တိုက်ခိုက်နေမှူအား ဆန့်ကျင်သောအားဖြင့် လန်ဒန်မြို့ခံ တစ်သိန်းခန့်ဟာ ဇူလိုင်လ ၁၉ရက် စနေနေ့ နေ့လည် ၁၂နာရီတွင် အမှတ် ၁၀၊ ဝန်ကြီးချူပ်နေအိမ်ရှိသော ဒေါင်းနင်းလမ်းတွင် စုဝေးကာ ကင်ဆင်တန် အရပ်ရှိ အစ္စရေးသံရုံးရှိရာသို့ နွေရာသီ၏ ပြင်းထန်သော အပူချိန်အား အံတု၍ ၃မိုင်ကျော် အကွာအဝေးအား လမ်းလျှောက်ဆန္ဒပြခဲ့ကြပါသည်။

    ပါဝင်ဆန္ဒပြသူများ များပြားခဲ့သော် လည်း ခရီးလမ်းတလျှောက် ၁၀ဦးခန့် မူးမော်လဲကျခဲ့သည်မှ အပ ဆန္ဒပြပွဲဟာ ငြိမ်းချမ်းစွာဖြင့်ပြီးဆုံးသွား ခဲ့ကြောင်းသိရပါတယ်။ဆန္ဒပြပွဲတွင် လန်ဒန်မြို့ခံများ အပြင် ငြိမ်းချမ်းမှူကို လိုလားသော ဘောလုံးကလပ်အသင်း အားပေးသူများ၊ အင်္ဂလန်နှင့် ဝေလနယ်မှ မြို့ခံ၊ဒေသခံ ကောင်စီနယ်များ၊ တက္ကသိုလ်ကြီးများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အဆိုကျော်များ၊ရွေးကောက်ခံ မြို့နယ်အသီးသီးမှ ကောင်စီလွှတ်တော် အမတ်များ ဇီယွန်ဝါဒကို ဆန့်ကျင်သော အင်္ဂလန်နှင့် နိုင်ငံတကာမှ ဂျူးးအမျိုးသားများလည်း ပူးပေါင်းပါဝင်လာကြသည်ဟုလည်းသိရပါသည်။

    ထို့အပြင် လန်ဒန်မြို့ အခြားနေရာများနှင့် အတူ အင်္ဂလန်နိုင်ငံ အနှံ့အပြားရှိ ဘတ်ဖို့စ်၊လက်စ်စတာ၊ မန်ချက်စတာမြို့ကြီးများတွင် ပါလက်စတိုင်း အရေးကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြပွဲများဖြစ်ပွါးလျှက်ရှိကြပါသည်။

    လာမည့်အင်္ဂါနေ့တွင် အစ္စရေး သံရုံးရှေ့နှင့် စနေ့နေ့တွင် ဒေါင်းနင်းလမ်းမှ ကာကွယ်ရေးဝန်ကြီးငှါန ရုံးအထိ လမ်းလျှောက် ဆန္ဒပြကြဦးမည်ဟုသိရပါသည်။

    ရက်သတ္တပတ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ အစ္စရေးစစ်တပ်မှ ဝေဟင်၊မြေပြင် တိုက်ခိုက်မှူများကြောင့် ပါလက်စတိုင်း အရပ်သား ၃၀၀ကျော် သေဆုံး၊ ၁၅၀၀ကျော် ဒဏ်ရာရ၊ ၁၈၀၀၀ ကျော် အိုးအိမ်များ ဆုံးရှုံးခဲ့ရကာ သေဆုံးသူများ အနက်မှ ၇၀ကျော်ဟာ အသက် ငါးလခန့်မှ စ၍ အရွယ် မရောက်သေးသူ ကလေးငယ်များဖြစ်ကြပါသည်။ ပါလက်စတိုင်း ဟာ့မားစ်အဖွဲ့မှ ဒုံးကျည်များဖြင့်ပြန်လည် တိုက်ခိုက်မှုကြောင့် အစ္စရေး စစ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးတို့လည် သေဆုံးခဲ့ရကြောင်းသိရပါသည်၊

  • ဂါဇာကို မြေပြင်တပ်များဖြင့် အစ္စရေး ကျူးကျော်တိုက်ခိုက်

    ဇူလိုင် ၁၈ ၊ ၂၀၁၄
    M-Media
    179167537
    – ဂါဇာအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှု ၁၀ ရက်မြောက်လာခဲ့ပြီးနောက် ယနေ့တွင် ဂါဇာဒေသသို့ တင့်ကားများအပါအ၀င် အစ္စရေးခြေလျင် တပ်များ ၀င်ရောက်ကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

    အစ္စရေးပိုင်နက်အတွင်းသို့ ၀င်ရောက်ရန် ဖောက်လုပ်ထားသည့် ဟားမက်စ်အဖွဲ့၏ လှိုဏ်ခေါင်းများကို ဖျက်ဆီးရန်ဟုဆိုကာ ၀င်ရောက်တိုက်ခိုက်ခဲ့ခြစ်ဖြစ်ပြီး မြေပြင်တိုက်ခိုက်မှုများကို တိုးချဲ့ပြုလုပ်သွားမည်ဟု အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုက ပြောကြား ထားသည်။

    မြေပြင်တိုက်ခိုက်မှုများတွင် စစ်သားတစ်ဦးသေဆုံးခဲ့ပြီး အခြား နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု အစ္စရေးဘက်က ပြောကြားခဲ့သည်။ ဂါဇာတွင်နေထိုင်သူတစ်ဦးကမူ အစ္စရေးစစ်တပ်မှာ အစ္စရေး-ပါလက်စတိုင်းနယ်ခြားတွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ဂါဇာအား အစ္စရေးမှ တိုက်ခိုက်မှုများမှာ ၁၁ မြောက်လာခဲ့ပြီဖြစ်ပြီး ယမန်နေ့ည လေကြောင်းမှ တိုက်ခိုက်မှု တစ်ခုတည်းတွင်ပင် ပါလက်စတိုင်း အရပ်သား ၂၄ ဦးသေဆုံးခဲ့ပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၂၆၅ ဦးရှိလာခဲ့ပြီး၊ ဒဏ်ရာရရှိသူများမှာ ၂၀၀၀ နီးပါးရှိလာခဲ့ပြီဖြစ်သည်။

    Ref: : Al Jazeera and agencies