News @ M-Media

Tag: Gaza

  • အစ္စရေး၏ ဆက်လက်တိုက်ခိုက်မှုကြောင့် ဂါဇာတွင် သေဆုံးသူ ၁၀၃ ဦးအထိရှိလာ

    ဇူလိုင် ၁၁၊ ၂၀၁၄
    M-Media
    10491281_684906101565278_2335234872707471199_n
    – ဂါဇာအား လေကြောင်းမှ တိုက်ခိုက်မှုများကို အစ္စရေးက ယနေ့တွင်လည်း ဆက်လက်ပြုလုပ်နေပြီး သေဆုံးသူ ပါလက်စတိုင်းအရပ်သားများ၏ အရေအတွက်မှာ အနည်းဆုံး ၁၀၃ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

    ယနေ့တွင် အစ္စရေး၏ နောက်ဆုံးတိုက်ခိုက်မှုမှာ အီဂျစ်နယ်စပ်ရှိ ရာဖာနယ်ခြားဒေသဖြစ်ပြီး ၅ ဦးသေဆုံးခဲ့ကာ အဆောက်အဦးများတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားများက ကယ်ထုတ်နေရသည်။

    အလ်ဂျာဇီးရားသတင်းထောက်၏ ပေးပို့မှုအရ အစ္စရေး၏ စစ်ဆင်ရေးတွင်ဂါဇာရှိ အိမ်ရာပေါင်း အနည်းဆုံး ၃ ထောင်ကျော် တိုက်ခိုက်ခံရပြီး ၂၀၀ ကျော်မှာ လုံးဝ ပျက်ဆီးခဲ့ကာ ကျန်အိမ်ရာများမှာ တစ်စိတ်တစ်ပိုင်း ပျက်ဆီးမှုများရှိခဲ့သည်။

    အစ္စရေးဘက်ကမူ ၎င်းတို့မှာ ဂါဇာရှိ ပစ်မှတ် ၁၁၀၀ ကျော်အား တိုက်ခိုက်ပြီးဖြစ်ကာ ပစ်မှတ်ရာနှင့်ချီ၍ ကျန်ရှိသေးသည်ဟု ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ နဗီပီလေးကမူ အစ္စရေး၏ စစ်ဆင်ရေး၊ ဂါဇာတွင် အရပ်သားများသေဆုံးမှုမြင့်တက်လာခြင်းနှင့် ဂါဇာကမ်းမြှောင်ဒေသအား ဒုံးကျည်ပစ်လွှတ်မှုများအား စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    Ref: Al Jazeera and agencies

  • အစ္စရေး လေကြောင်းမှ တိုက်ခိုက်မှု ပါလက်စတိုင်း ၇၂ ဦး သေဆုံး အများစုမှာ အမျိုးသမီးနှင့် ကလေးများဖြစ်

    ဇူလိုင် ၁၀၊ ၂၀၁၄
    M-Media
    Israel pounds Gaza as campaign widens
    – စစ်သွေးကြွများမှ ဒုံးကျည်ဖြင့် ပစ်ခတ်သည်ဟု လက်တုံ့ပြန်သည်ဟု ဆိုကာ ဂါဇာကမ်းမြှောင်ဒေသအား အစ္စရေးက လေကြောင်းမှ တဖက်သတ် ကျူးကျော် တိုက်ခိုက်နေမှုမှာ ၃ ရက်တာ ကြာမြင့်လာခဲ့ပြီး ယမန်နေ့ကထိ သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၇၂ ဦးရှိလာခဲ့ပြီဖြစ်သည်။

    သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြပြီး ဒဏ်ရာရသူ အရေအတွက်မှာ ၅၅၀ ရှိသည်ဟု ပါလက်စတိုင်း ကျန်းမာရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ခဲ့သည်။

    ယနေ့နံနက်ပိုင်းတွင်လည်း ဂါဇာဒေသအား အစ္စရေးမှ လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ် ခဲ့သည်။ ခန်ယူနစ်ရှိ ကော်ဖီဆိုင်တစ်ခုကို တိုက်ခိုက်မှုတွင် လူ ၆ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့ပြီး၊ ဂါဇာအလယ်ပိုင်း နူစီရတ် ဒုက္ခသည် စခန်းရှိ နေအိမ်တစ်ခုကို တိုက်ခိုက်မှုတွင်လည်း ၁ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့သည်။

    screen-shot-from-auphr-palestinian-loss-of-land-1946-2012

    Khan Yunis ရှိ အခြားလူနေအိမ်နှစ်လုံးကိုလည်း အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သေးသည်။ နေအိမ် အတွင်းရှိ လူများ အိပ်ပျော်နေစဉ် ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှု အတွင်း အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့သည်။

    အစ္စရေးဘက်ကမူ မိမိတို့မှာ ဂါဇာစီးတီ၊ ဘီအစ်ဟန်နွန်နှင့် Khan Yunis ရှိ ပစ်မှတ်ပေါင်း ၅၅၀ ကျော်ကို လေကြောင်းမှ တိုက်ခိုက်ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးတင့်ကားများမှာ ဂါဇာနယ်စပ် တစ်လျှောက်တွင် ကင်းလှည့်နေပြီး စစ်သားလေးသောင်းမှာလည်း ဂါဇာ အတွင်းသို့ ၀င်ရောက် တိုက်ခိုက်ရန် အသင့် အနေအထားတွင် ရှိနေသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု သတိပေးထားသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယနေ့နံနက် ၁၀ နာရီတွင် အရေးအပေါ် အစည်းဝေးပြုလုပ် သွားရန် စီစဉ်ထားပြီး၊ နောက်ပိုင်းတွင် လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံပါဝင်သည့် တံခါးပိတ် အကြံဥာဏ်ပေးမှုကို ပြုလုပ်မည်ဖြစ်သည်။

    Ref: AFP

  • ပျောက်ဆုံးလူငယ် သုံးဦး၏ အလောင်းအား တွေ့ရှိခဲ့ပြီးနောက် ဂါဇာသို့ အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ပြန်

    ဇူလိုင် ၂  ၊ ၂၀၁၄
    M-Media
    Israel bombs Gaza after settlers found killed
    – ဇွန်လ ၁၂ ရက်နေ့က ပျောက်ဆုံးသွားခဲ့သည့် ဂျူးလူငယ်သုံးဦး၏ အလောင်းကို ယမန်နေ့က တွေ့ရှိခဲ့ပြီးနောက် ဂါဇာကမ်းမြှောင်ဒေသအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဂါဇာဘက်မှ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သောအနေဖြင့် လေကြောင်း တိုက်ခိုက်မှု ၃၄ ခုကို ယနေ့နံနက် စောစောပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အနောက်ဘက်ကမ်းခြေ ဂျီနင်ဒေသ၌ အစ္စရေးက ယနေ့တွင်ပြုလုပ်သော စစ်ဆင်ရေးတွင်လည်း ပါလက်စတိုင်းတစ်ဦး ပစ်သတ်ခံခဲ့ရသည်။

    ထိုလူငယ်သုံးဦးမှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေ ဘက်သလီဟမ်နှင့် ဟီဘရွန်မြို့ကြား အစ္စရေး၏ တရားမ၀င်အိမ်ရာရှိ သင်တန်းတစ်ခုမှ အိမ်သို့အပြန် ဇွန် ၁၂ ရက်နေ့က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဟားမက်စ်လက်ချက်ဟု အစ္စရေးက စွပ်စွဲခဲ့သည်။

    ထို့ပြင် ၎င်းတို့အား ရှာဖွေရန်ဟုဆိုကာ ပါလက်စတိုင်းတို့၏ အိမ်ရာများကို အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်းခဲ့ပြီး ပါလက်စတိုင်း ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ထိုဖမ်းဆီးမှုများအတွင် ပါလက်စတိုင်း ၅ ဦး ပစ်သတ်ခံခဲ့ရသည်။

    Ref: aljazeera

  • ပျောက်ဆုံးနေသည့် လူငယ်သုံးဦး ရှာဖွေရန် အစ္စရေး၏ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှု လူ့အခွင့်အရေးအဖွဲ့က ရှုတ်ချ

    ဇွန်လ ၁၆ ၊ ၂၀၁၄
    M-Media
    201461591459770734_20
    – ပြန်ပေးဆွဲခံခဲ့ရသည့် အစ္စရေးလူငယ်သုံးဦးကို ရှာဖွေရန် ပါလက်စတိုင်းရှိ ဟီဘရွန်ဒေသနှင့် ဂါဇာတ် ကမ်းမြှောင်တို့အား ပိတ်ဆို့ကာ ပါလက်စတိုင်းများကို ဖမ်းဆီးနေမှုများကို လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချခဲ့ပြီး မဆိုင်သူများကို  စုပေါင်း အပြစ်ပေးခြင်း ဖြစ်တယ်လို့  ပြောကြားခဲ့သည်။

    ယမန်နေ့ညနှင့် ယနေ့နံနက်ပိုင်းတွင်ပြုလုပ်သည့် စစ်ဆင်ရေးများတွင် အစ္စရေးစစ်တပ်မှာ ဟားမတ်စ်အဖွဲ့ အကြီးတန်း တာဝန်ရှိသူများ အပါအ၀င် အနည်းဆုံး ပါလက်စတိုင်း ၈၀ အား ဖမ်းဆီးထားသည်။ အဆိုပါ လူငယ် ၃ ဦးမှာ အစ္စရေးက ထိန်းချုပ် ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် လွန်ခဲ့သည့် ၃ ရက်က ပျောက်ဆုံး ခဲ့ခြင်းဖြစ်သည်။

    “ဒီလိုလက်စားချေမှုနည်းလမ်းတွေဟာ နိုင်ငံတကာ ဥပဒေမှာ ဖော်ပြထားတဲ့ စုပေါင်းအပြစ်ပေးတဲ့ ပုံစံနဲ့ တူညီနေပါတယ်”  ဟု Ahrar လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဖူအဒ် အလ်-ခူ ဖက်ရှ်က ဆိုသည်။

    ဖမ်းဆီးမှုများကို ဟီဘရွန်၊ ရာမာလာ၊ တူဘတ်စ်၊ ဘက်သလီဟမ်၊ ဂျီနင်နှင့် နဘလူစ် ဒေသများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် ပါလက်စတိုင်း ပါလီမန်အဖွဲ့ဝင်များ၊ ယခင်ဝန်ကြီးဟောင်းများလည်း ပါဝင်ခဲ့သည်။ ထို့ပြင် လာမည့်ရက်များအတွင်း အခြားနေရာများတွင်လည်း ဖမ်းဆီးမှုများ ပြုလုပ်ဖွယ်ရှိသည်ဟု အလ်-ခူဖက်ရှ်က ပြောကြား ခဲ့သည်။

    ယနေ့တွင်ပြုလုပ်ခဲ့သည် အစ္စရေးကက်ဘိနတ်အစည်းအဝေးတွင်မှု အစ္စရေးလူငယ်များအား ပြန်ပေးဆွဲမှုတွင် ဟားမက်စ် အဖွဲ့က တာဝန်ရှိသည်ဟု ၀န်ကြီးချုပ် နေတန်ရာဟုက စွပ်စွဲခဲ့သည်။ ပျောက်ဆုံးနေသည့် အဆိုပါ လူငယ်များကို ရှာဖွေရန်အတွက် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်က ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို အမိန့်ပေးထားသည်။

    Ref: Al Jazeera

  • ပါလက်စတိုင်း အစိုးရသစ် ၀န်ကြီးလောင်းသုံးဦးအား ဂါဇာသို့ ၀င်ရောက်ခွင့် အစ္စရေးပိတ်ပင်

    ဇွန် ၂ ၊ ၂၀၁၄
    M-Media
    index
    – ညီညွတ်သော ပါလက်စတိုင်းအစိုးရ၏ ၀န်ကြီးလောင်းသုံးဦးအား အနောက်ဘက်ကမ်းခြေမှ ဂါဇာသို့ ၀င်ရောက်ခွင့်မပြုဟု ပါလက်စတိုင်းနယ်မြေရှိ အစ္စရေး စစ်တပ်အကြီးအကဲ ယိုအဗ် မိုဒီချိုင်က ရေဒီယိုမှတစ်ဆင့် ယနေ့တွင် ပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ်ရုံးနှင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ AFP က ဆက်သွယ်ရာတွင် ထိုသတင်းအားနှင့် ပတ်သက်၍ ဖြေကြားရန် ငြင်းဆိုခဲ့သည်။ ဖာတာနှင့် ဟားမတ်စ် နှစ်ဖွဲ့ ပေါင်းစည်းပြီးနောက် ဖွဲ့စည်းမည့် ပါလက်စတိုင်းအစိုးရသစ်ကို တနင်္လာနေ့တွင် ကြေညာမည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်က စနေနေ့တွင် ပြောကြားခဲ့ပြီး ထိုအစိုးရအား သပိတ်မှောက်မည်ဟု အစ္စရေးက အကြောင်းကြားထားသည်ဟု ၎င်းက ဆိုသည်။

    ဂါဇာတွင်အခြေစိုက်သည့် ဟားမတ်စ်အဖွဲ့နှင့် မဟ်မူဒ်အဘတ်စ်ခေါင်းဆောင်သည့် ဖာတာအဖွဲ့မှာ ပြီးခဲ့သည့် ဧပြီလက ပြန်လည်ပေါင်းစည်းခဲ့သည်။ ထို့ပြင် အချိန်ကြာညောင်းစွာ နှောင့်နှေးနေခဲ့ရသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန်အတွက် လွတ်လပ်သော အစိုးရဖွဲ့စည်းရေးကိုလည်း သဘောတူခဲ့ကြသည်။

    AFP