News @ M-Media

Tag: Germany Muslim

  • ဘာသာကြီး သုံးခု စုပေါင်း ၀တ်ပြုနိုင်မည့် အဆောက်အဦး ဘာလင်တွင် တည်ဆောက်မည်

    သြဂုတ် ၉ ၊ ၂၀၁၄
    M-Media

    ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာ သုံးခု စုပေါင်း ၀တ်ပြုနိုင်မည့် အဆောက်အဦး ဘာလင်တွင် တည်ဆောက်မည်

    gregorhohberghouseonebringtogetherjewsaj4wi7smxwbl-1

    – ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာသုံးခု တစ်မိုးအောက်တည်းတွင် ၀တ်ပြုနိုင်ရန်အတွက် ၀တ်ပြုဆောင်သုံးခုပါဝင်သည့် အဆောက်အဦးတစ်ခုကို ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် တည်ဆောက်မည်ဟု သိရသည်။

    House of One ဟု အမည်ပေးထားသည့် အဆိုပါအဆောက်အဦး ဆောက်လုပ်ရန်အတွက် ဂျူဘုန်းကြီး၊ ခရစ်ယာန်ဘုန်းကြီးနှင့် ရှေ့ဆောင်အီမာမ်တို့ သုံးဦးပေါင်းကာ ကြိုးစားနေခြင်းဖြစ်သည်။

    ထိုအဆောက်ဦးတွင် ဂျူးဘုရားကျာင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗလီဝတ်ကျောင်းတော်တို့ ပါဝင်မည်ဖြစ်ပြီး အလယ်ဗဟိုတွင် ဘာသာသုံးခုမှ ပြည်သူများ ဆွေးနွေးနိုင်မည့် ခန်းမတစ်ခု ထည့်သွင်းမည်ဖြစ်သည်။

    “ပြည်သူအများစုဟာ မတူညီတဲ့ နောက်ခံတွေ၊ မတူညီတဲ့ ဘာသာတရားတွေက လူတွေနဲ့ တွေ့ဆုံချင်ပြီး၊ ဒီလူတွေနဲ့ အတူတကွ နေထိုင်နိုင်တယ်ဆိုတာ ပြသဖို့ ပြင်းပြတဲ့ ဆန္ဒတွေ ရှိကြတယ်ဆိုတာ ကျွန်တော်တို့ သတိထားမိပါတယ်။ ဘာသာတရားတွေဆိုတာ ငြိမ်းချမ်းရေးရဲ့ အကြောင်းအရေင်းဖြစ်နိုင်တယ်ဆိုတာ သိအောင် ကျွန်တော်တို့ ပြသချင်ပါတယ်” ဟု ဘာလင်မြို့ စိန့် ပတ္တရီ ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဂရီဂေါ် ဟိုဘာ့ဂ်က AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    House of One အဆောက်အဦး ဆောက်လုပ်ရန်စိတ်ကူးကို ဟိုဘာ့ဂ်က ရရှိခဲ့ခြင်းဖြစ်ပြီး ဘာလင်ရှိ ဂျူးဘုန်းတော်ကြီး တိုဗီယာ ဘန် ချိုရင်နှင့် ရှေ့ဆောင်အီမာန် ကာဒီရ် ဆန်ချီတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ မကြာမီ ကာလအတွင်း ဂျူး၊ ခရစ်ယာန်နှင့် မွတ်စလင်တို့မှာ အတူတကွလေ့လာဝတ်ပြုနိုင်ရန် ၎င်းတို့က မျှော်လင့်နေသည်။

    “ဆွေးနွေးညှိနှိုင်းမှုရဲ့ စွမ်းအားကို ကျွန်တော် ယုံကြည်ပါတယ်။ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ဟာ စစ်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ဖြစ်နိုင်ချေနှစ်ခုတည်းနဲ့ အသက်ရှင်နေတာပါ။ ငြိမ်းချမ်းရေးဟာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒါကိုအောင်မြင်စေဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ဆွေးနွေးဖို့ လိုပါလိမ့်မယ်” ဟု ဂျူးဘုန်းတော်ကြီး တိုဗီယာက ပြောကြားခဲ့သည်။

    အဆိုပါအဆောက်အဦးအား ဘာလင်မြို့ စတင်တည်ထောင်စဉ် ၁၃ ရာစုကတည်းက တည်ရှိခဲ့သည့် ဘာလင်မြို့လယ်ကောင်ရှိ Petriplatz  ရင်ပြင်တွင် တည်ဆောက်မည် ဖြစ်သည်။ အဆောက်အဦးပုံစံအတွက် ဘာလင်ရှိ ဗိသုကာ ကုမ္ပဏီ Kuehn Malvezzi က ဒီဇိုင်းဆွဲကာ တာဝါအပါအ၀င် စုစုပေါင်း အမြင့်မှာ ပေ ၁၃၀ ရှိမည်ဖြစ်သည်။ အလယ်ရှိ စည်းဝေးခန်မမှာ လူပေါင်း ၃၈၀ ၀င်ဆံ့မည်ဖြစ်ပြီး ဂျူးဘုရားကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗလီဝတ်ကျောင်းတော်တို့မှာ အဆိုပါခန်းမ၏ ဘေးတွင် သီးခြားစီပါဝင်မည်ဖြစ်သည်။

    အဆိုပါအဆောက်အဦး တည်ဆောက်ရေး အလှူခံမှုကို အဆိုပါ ဘုန်းတော်ကြီးသုံးဦးက အွန်လိုင်းတွင် ဇွန်လက စတင်ခဲ့ပြီး ယူရို ၃၅၀၀၀ ရရှိပြီဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေးအတွက် စပွန်ဆာနှင့် တစ်ဦးချင်း အလှူရှင်များကို ရှာဖွေနေပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၆ ခုနှစ်တွင် စတင်ရန် စီစဉ်ထားသည်။ ပြီးစီးမည့် အချိန်ကာလကို မခန့်မှန်းနိုင်သေးသော်လည်း အဆောက်အဦးဆောက်လုပ်မည့် Petriplatz  ရင်ပြင်တွင် ဘာသာပေါင်းစုံမှ ပြည်သူများမှာ စုပေါင်း ၀တ်ပြုမှုများကို ပြုလုပ်နေပြီဖြစ်သည်။

    ပြီးခဲ့သည့် သီတင်းပတ်ကပင် ဘာသပေါင်းစုံမှ လူပေါင်း ၁၅၀ ခန့်က အဆိုပါ ရင်ပြင်သို့ လာရောက်ကာ အစ္စရေးနှင့် ပါလက်စတိုင်းပဋိပက္ခ အဆုံးသတ်ရေးနှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့ကြသည်။

    Source : IINA

  • Day of Open Mosques အခမ်းအနားအား ဂျာမနီတွင် ကျင်းပ

    အောက်တိုဘာ၊ ၉
    M-Media

    mosque_duisburgဂျာမနီနိုင်ငံ Hesse ပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့် ယဉ်ကျေးမှု စင်တာများအား လွတ်လပ်စွာ လေ့လာ ခွင့်ပေးသည့် Day of Open Mosques အမည်ရ လှုပ်ရှားမှုတစ်ခုကို အောက်တိုဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဂျာမနီရှိ အစ္စလာမ့် ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းများကို လေ့လာရန် ဂျာမနီနိုင်ငံသို့ လာရောက်ကြသည့် ကမ္ဘာ့ တစ်ဝှမ်းမှ ကမ္ဘာလှည့်ခရီးသွားများ တက်ရောက်ခဲ့ကြသည်။

    Day of Open Mosques လှုပ်ရှားမှုအား ဂျာမနီရှိ မတူညီသော အယူဝါဒများအတွင်း သည်းခံနိုင်စွမ်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး Marburg နှင့် Biedenkop ခရိုင်ရှိ အစ္စလာမ် ဘာသာရေး တက္ကသိုလ် ၇-ခုမှလည်း ထိုအစီအစဉ်တွင် ပါဝင်ခဲ့ကြကာ ဗလီဝတ်ကျောင်းတော်များသို့ လည်ပတ်ခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြပွဲပြသခြင်းများကို ပြုလုပ်ခဲ့ကြသည်။

    Day of Open Mosques လှုပ်ရှားမှုအား ၁၉၉၇-ခုနှစ် အောက်တိုဘာ ၃-ရက်နေ့တွင် ဂျာမနီ မွတ်စလင်မ်ကောင်စီမှ ကြီးမှူး၍ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၃ ရက်နေ့မှာ ဂျာမနီပေါင်းစည်း ညီညွတ်ရေးနေ့ဖြစ်ပြီး ထိုနေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားမှာ ဂျာမနီရှိ မွတ်စလင်များက နိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ကို ဖော်ပြခြင်းလည်းဖြစ်သည်။

    Ref: islam.ru

  • ရွေးကောက်ပွဲ အနိုင်ရသော ဂျာမဏီဝန်ကြီးချုပ် Merkel ၏ ပါတီမှ ပထမဆုံး မွတ်စ်လင်မ် လွှတ်တော်အမတ်

    စက်တင်ဘာ၊ ၂၄
    M-Media
    diaby_2
    တနင်္လာနေ့က ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ချက်တွင် ဓာတုဗေဒပညာရှင် နှင့် ရုပ်ရှင်သရုပ်ဆောင်တို့သည် ဂျာမဏီနိုင်ငံ၏ ပထမဆုံးသော လူမည်းအမျိုးသား သီးခြားလွှတ်တော် အမတ်များဖြစ်လာကြောင်း ဖော်ပြခဲ့သည်။ ၄င်းတို့နှစ်ဦးလုံးမှာ ဆီနီဂေါဇာတိဖွားများ ဖြစ်ကြသည်။ ပြောင်းရွှေ့ဝင်ရောက် အခြေချနေထိုင်လာပြီး လွှတ်တော်အမတ်အဖြစ် ၀င်ရောက်အရွေးခံသူ ၃၄ ဦးအနက် ၂၁ ဦးမှာ နေရာရရှိခဲ့ကြသည်ဟု ဂျာမဏီနိုင်ငံ လူဝင်မှုစစ်တမ်းဆိုင်ရာအဖွဲ့ Migration Media Service မှ ဆိုသည်။

    ဂျာမဏီ၏ သန်း ၈၀ လူဦးရေတွင် ငါးပုံတစ်ပုံနီးပါးမှာ ပြောင်းရွှေ့ဝင်ရောက် အခြေချလာသူများ၊ ၄င်းတို့၏သားမြေး မျိုးဆက်များဖြစ်ကြသည်။ ၄င်းတို့အနက် ရွေးကောက်ပွဲ ၀င်နိုင်ခွင့်ရှိသူများမှာ မဆိုစလောက်သာ ရှိနေသည်။ ဂျာမဏီ၌ အာဖရိကန်နွယ်ဖွား ငါးသိန်းကျော်အထိ ရှိနေသော်လည်း ယနေ့တိုင်အောင် ပါလီမန်ထဲတွင် လူမည်းအမျိုးသား လွှတ်တော်အမတ်ဟူ၍ တစ်ဦးတစ်လေမျှ မရှိသေးချေ။

    ဆီနီဂေါဇာတိဖွား ဓာတုဗေဒပညာရှင် Karamba Diaby မှ “ ကျွန်တော့်အနေနဲ့ ဂျာမန်ပါလီမန်ထဲ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ဝင်ရောက်နိုင်မှုဟာ သမိုင်းတွင်စရာဖြစ်သွားပါတယ် ” ဟု ပြောကြားခဲ့သည်။ သူသည် ပညာသင်စကောလားရှစ်ရရှိပြီးနောက် ယခင်ကွန်မြူနစ်နိုင်ငံဖြစ်သော အရှေ့ဂျာမဏီ Halle မြို့သို့ ၁၉၈၆ ခုနှစ်တွင် သွားရောက်ခဲ့သည်။

    အသက် ၅၁ နှစ်အရွယ်ရှိ Karamba Diaby သည် ၂၀၀၁ ခုနှစ်၌ ဂျာမဏီနိုင်ငံသားဖြစ်လာခဲ့သည်။ သူ၏ဦးစားပေးမှုမှာ ပညာရေးဆိုင်ရာတန်းတူညီမျှအခွင့်အလမ်းများဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
    “ ဂျာမဏီမှာရှိတဲ့ ကလေးသူငယ်တိုင်း သူတို့ရဲ့ကျောထောက်နောက်ခံ၊ သူတို့မိဘရဲ့ဝင်ငွေတွေနဲ့ကင်းလွတ်သော ပညာသင်ကျောင်းတက်ခွင့် ခံစားကြရပါမယ် ” ဟု သူက ဆိုသည်။

    လွှတ်တော်အမတ်ဖြစ်လာသူ လူမည်းအမျိုးသားနောက်တစ်ဦးမှာ အသက် ၅၆ နှစ်အရွယ်ရှိ Charles M. Huber ဖြစ်သည်။ သူသည် မြူးနစ်မြို့တွင်မွေးဖွားပြီး ဖခင်မှာ ဆီနီဂေါအမျိုးသား၊ မိခင်မှာ ဂျာမန်အမျိုးသမီး ဖြစ်ကြသည်။ Huber သည် Chancellor Angela Merkel’s Christian Democratic Union ၏အဖွဲ့ဝင်တစ်ဦးဖြစ်ကာ မဲအရေအတွက် ၄၁.၅ % ဖြင့် လွှတ်တော်အမတ်ဖြစ်လာသည်။

    Merkel ၏ ပါတီမှ မွတ်စ်လင်မ်လွှတ်တော်အမတ်တစ်ဦး Bundestag ၌ ပထမဦးဆုံး ထွက်ပေါ်လာခဲ့သည်။ ၄င်း Cemile Giousouf သည် အနောက်ပိုင်း Hagen မြို့ကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အသက် ၃၅ နှစ်ရှိပြီး၊ တူရကီလူမျိုးမိဘနှစ်ပါးမှ ဂျာမဏီတွင် မွေးဖွားသူဖြစ်သည်။

    ယခင်က တူရကီနွယ်ဖွား ဥပဒေပြုလွှတ်တော်အမတ် များစွာရှိခဲ့ကြသော်လည်း အများအားဖြင့် Social Democratic Party (၀ါ) လက်ဝဲပါတီမှ ဖြစ်ခဲ့ကြသည်။

    “ လက်ရှိပါလီမန်လွှတ်တော်အမတ်နေရာ ၆၃၀ ထဲက ၅.၄ % ဟာ ပြောင်းရွှေ့ဝင်ရောက်အခြေချလာတဲ့ မိသားစုအနွယ်များထဲက ဖြစ်တယ်။ သူတို့လူဦးရေဟာ ယခင်ကထက် ၃ ဆမက မြင့်တက်လာပြီး ၁၉ % အထိ ရှိနေပါတယ် ” ဟု Migration Media Service မှ ပြောကြားလိုက်သည်။