အောက်တိုဘာ ၊ ၁၄၊ ၂၀၁၆
M-Media
သတင်း- သီဟ
သိုက်ဖွား အမည်ဖြင့် ဆိုရှယ်မီဒီယာ အသုံးပြုသူ တစ်ဦး ဖြန့်ဝေထားသည့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်ထားသည့် စာသားများရေးသားထားသော ဗီဒိယို ပိုစ်တခုကို ဒီမိုကရေစီ ဂျာနယ် CEO နှင့် အယ်ဒီတာချူပ် ဦးဇေယျာမြတ်ခိုင်မှ ထပ်ဆင့်ဖြန့်ဝေခဲ့တာကို တွေ့ရှိရပါတယ်။
ဦးဇေယျာမြတ်ခိုင်မှ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းတွေ အဆိုပါ ဖြန့်ဝေမှု ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုအခါ ပြန်လည် ဖျက်သိမ်းသွားပြီဟု ယူဆရပါတယ်။
မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ချက်တွင် ယခု ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကို အခွင့်ကောင်းယူ၍ ပြည်သူများအကြား ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခနှင့် မတည်မငြိမ်မှုများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်သူများ၊ သွေးထိုး လှုံ့ဆော်ရန် ကြိုးပမ်းသူများ ကိုလည်း ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Leave a Reply
You must be logged in to post a comment.