News @ M-Media

Tag: international short news

  • နိုင်ငံတကာ သတင်းတို (မတ် ၈၊ ၂၀၁၅)

    မတ် ၈၊ ၂၀၁၅
    M-Media

    – ဂါဇာကမ်းမြှောင် ကမ်းရိုးတမ်းတွင် ငါးဖမ်းနေသည့် တံငါလှေတစ်စင်းကို အစ္စရေးရေတပ်မှ ယမန်နေ့တွင် ပစ်ခတ်ခဲ့သောကြောင့် တံငါသည်တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။ အစ္စရေးစစ်တပ်ကမူ အဆိုပါ ငါးဖမ်းလှေမှာ သတ်မှတ်ဧရိယာထက် ကျော်လွန်သွားသည့်အတွက်ကြောင့် ပစ်ခတ်ခဲ့ခြင်းဟု ပြောကြားခဲ့သော်လည်း ဂါဇာပြည်သူများကမူ သတ်မှတ်ဧရိယာအတွင်း ငါးဖမ်းနေလျှင်လည်း အစ္စရေး စစ်တပ်မှ ပုံမှန်လိုလို ပစ်ခတ်တတ်သည်ဟု ပြောကြားခဲ့သည်။

    – အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များနှင့် သောကြာနေ့က မှားယွင်းပစ်ခတ်မှုကြောင့် IS အဖွဲ့အား တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့မှ ကနေဒါစစ်သားတစ်ဦး သေဆုံးခဲ့ကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန်စစ်တပ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    – အိမ်ဖြူတော်အနီးရှိ နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာမှုကြောင့် အိမ်ဖြူတော်ကို ယမန်နေ့ နံနက်ပိုင်းက ပိတ်ပစ်ခဲ့ရပြီး လုံခြုံရေးကိုလည်း တင်းကြပ်ခဲ့ရသည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါအသံမှာ အိမ်ဖြူတော်အား ခြိမ်းခြောက်မှုမဟုတ်ဘဲ လမ်းထောင့်ရှိ အစားအသောက်ပို့သည့်ကား မီးလောင်ခြင်းမှ ထွက်ပေါ်လာသည့်အသံ ဖြစ်သည်ဟု နောက်ပိုင်းတွင် တွေ့ရှိခဲ့ရသည်။

    – နှစ်နိုင်ငံ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နယ်စပ်ပြဿနာအတွက် အိန္ဒိယနှင့် ဆွေးနွေးမှုမှာ တိုးတက်မှုများ ရှိနေသည်ဟု တရုတ်နိုင်ငံခြားရးဝန်ကြီး ၀မ်ယီက ယနေ့တွင် ပြောကြားလိုက်ပြီး အဆိုပါပြဿနာကို သမိုင်းတွင် ထားခဲ့တော့မည်ဟု ဆိုသည်။

    – မာလီနိုင်ငံမြောက်ပိုင်း ကီဒဲလ်မြို့ဆင်ခြေဖုံးရှိ ကုလသမဂ္ဂ အခြေစိုက်စခန်းအနီးတွင် ယနေ့နံနက်ပိုင်းက ဒုံးကျည် တစ်ဒါဇင်ခန့် ကျရောက်ပေါက်ကွဲမှုကြောင့် ကုလ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်မှ အနည်းဆုံး ၃ ဦး သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂမှ ပြောကြားလိုက်သည်။ သို့သော် အဆိုပါဒုံးကျည်ကို မည်သူက ပစ်ခတ်ကြောင်းကို သိရှိရခြင်း မရှိသေးပေ။

    – ဗယ်လက်ကာနိုအား ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ယနေ့ လာလီဂါပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာ ပြိုင်ပွဲအားလုံးတွင် ၎င်း၏ ၃၂ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပြီး စပိန်ဘောလုံးသမိုင်းတွင် ဘီဘာအိုတိုက်စစ်မှူးဟောင်း တဲလ်မို ဇာရာ သွင်းယူထားသည့် ဟက်ထရစ်စံချိန်နှင့် တူညီသွားပြီဖြစ်သည်။ ထိုပွဲတွင် တိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ၂ ဂိုး သွင်းယူပေးခဲ့သည်။

    Ref: News agencies

  • နိုင်ငံတကာ သတင်းတို (မတ် ၆၊ ၂၀၁၅)

    မတ် ၆၊ ၂၀၁၅
    M-Media

    – နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မိမိ၏ ပုဂ္ဂိုလ်ရေး အီးမေးလ်ကို အလုပ်အတွက် အသုံးပြုခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ဖြေရှင်းရန်အတွက် မိမိ၏ အီးမေလ်းကို ပြည်သူများအား ပြသချင်ပြီး အမေရိကန်အစိုးရကလည်း ထိုအီးမေလ်းများကို ထုတ်ပြန်ပေးရန် ဟီလာရီကလင်တန်က ယမန်နေ့တွင် တောင်းဆိုလိုက်သည်။

    – လူမှုကယ်ဆယ်ရေးလုပ်ငန်းဖြင့် မြောက်ကိုရီးယားသို့ ရောက်ရှိနေသည့် မိမိတို့၏ အသင်းတော်မှ သင်းအုပ်ဆရာတစ်ဦးမှာ မြောက်ကိုရီးယားအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံထားရသည်ဟု ကနေဒါနိုင်ငံ တိုရွန်တိုရှိ Light Korean Presbyterian အသင်းတော်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်။ သိက္ခာတော်ရဆရာတော် ဟေအွန် ဆူ လင်မ်းမှာ ဇန်န၀ါရီ ၃၁ ရက်နေ့က နောက်ဆုံး သတင်းရခဲ့ပြီးနောက်ပိုင်း လုံးဝ အဆက်အသွယ်မရတော့ပေ။

    – ဂျာမနီထောက်လှမ်းရေး အေဂျင်စီမှ ဘာလင်မြို့လယ်ကောင်တွင် ဆောက်လုပ်ထားသော ဌာနချုပ် အဆောက်အဦးသစ်၏ အပေါ်ဆုံးထပ်မှ ရေပိုက်ခေါင်းများကို သူခိုးများက ဖြုတ်သွားခဲ့သောကြောင့် အဆောက်အဦးတစ်ခုလုံး ရေကြီးခဲ့ကာ ပျက်ဆီးဆုံးရှုံးမှုများလည်း များပြားခဲ့သည်ဟု သိရသည်။ အဆိုပါ အဆောက်ဦးတွင် လုပ်ငန်းဆောက်ရွက်မှု အနည်းငယ်သာရှိသေးပြီး အခန်းအားလုံးနီးပါးမှာ အလွတ်များ ဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံကာ သတင်းတို (မတ် ၅၊ ၂၀၁၅)

    မတ် ၅၊ ၂၀၁၅
    M-Media
    .
    – ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ရထားဘူတာအတွင်းသို့ ချိုးဖျက်ဝင်ရောက်ပြီး ရထားတွဲ တစ်ခုတွင် ဂရက်ဖစ်တီများ ရေးဆွဲခဲ့သော ဂျာမန် ၂ ဦးကို စင်ကာပူက ယနေ့တွင် ကြိမ်ဒဏ် ၃ ချက်နှင့် ထောင်ဒဏ် ၉ လ ချမှတ်ခဲ့သည်။
    .
    – ယူကရိန်းအရှေ့ပိုင်း လက်ရှိ ခြိမ်းချမ်းရေးသဘောတူညီချက်နှင့် ပတ်သက်၍ မည်သည့်ချိုးဖောက်မှုမျိုးမဆို ဖြစ်လာပါက ရုရှားအပေါ် ဥရောပ၏ ပိတ်ဆို့မှုအသစ်များ ထပ်မံပြုလုပ်သွားမည်ဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်က သတိပေးပြောကြား လိုက်သည်။
    .
    – မူးယစ်မှောင်ခိုမှုကြောင့် သေဒဏ်ကျခံနေရသည့် သြစတေးလျအကျဉ်းသား ၂ ဦးနှင့် ပတ်သက်၍ သြစတေးလျ က ကမ်းလှမ်းထားသော အကျဉ်းသား လဲလှယ်ရေး အစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး အဘ်ဒူရဟ်မန် မိုဟာမက် ဖက်ချဲရက်က ယနေ့တွင် ငြင်းပယ် လိုက်သည်။
    .
    Ref: News agencies

  • နိုင်ငံတကာ သတင်းတို (မတ် ၄၊ ၂၀၁၅)

    မတ် ၄၊ ၂၀၁၅
    M-Media

    – မူးယစ်မောင်ခိုမှုဖြင့် အင်ဒိုနီးရှားတွင် ဖမ်းဆီးထားသည့် သြစတေးလျနိုင်ငံသား ၂ ဦးကို နူဆာကမ်ဘန်ဂန်ကျွန်းတွင် ကွပ်မျက်ရန်အတွက် ဘာလီအကျဉ်းထောင်မှ ယနေ့တွင် ခေါ်ဆောင်သွားမည်ဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် မြူရန် ဆူကူမာရန်နှင့် အသက် ၃၁ နှစ်အရွယ် အန်ဒရူးချန်တို့ကို သေနတ်ဖြင့် ပစ်သတ် ကွပ်မျက်မည်ဖြစ်သည်။

    – အီဘိုလာရောဂါပြန့်နှံ့မှုဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့် အနောက်အာဖရိကမှ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယိုနီ နိုင်ငံတို့မှ ခေါင်းဆောင်များက ၎င်းတို့၏ ကျဆင်းသွားသော စီးပွားရေး ပြန်လည်ထူထောင်ရန်အတွက် နိုင်ငံတကာမှ အကူအညီများ ပေးအပ်ရန် ယမန်နေ့က တောင်းဆိုလိုက်သည်။

    – ကျူးဘားသို့ သွားရောက်နေသည့် တရုတ်အလံလွှင့်ထားသော ကုန်တင်သင်္ဘောတစ်စင်းကို လက်နက်မှောင်ခိုပို့မှုဖြင့် ထိန်းသိမ်းခဲ့သည်ဟု ကိုလံဘီယာ တရားသူရုံးချုပ်မှ ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သင်္ဘောတွင် ယမ်းတန်ချိန် ၁၀၀ အပါအ၀င် ပေါက်ကွဲစေတတ်သောပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသော အခြားပစ္စည်များ ပါဝင်ပြီး
    သင်္ဘောကပ္ပတိန်ကိုမူ ဖမ်းဆီးထားသည်။

    – ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားရာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်ညက်မြို့ရှိ ကျောက်မီးသွေမိုင်းတွင်းတစ်ခုတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မိုင်းလုပ်သား ဒါဇင်နှင့်ချီ၍ ပိတ်မိနေကာ အသက်အန္တရာယ်ကိုပင်စိုးရိမ်နေရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မိုင်းတွင်းသို့ ဆင်းရာလမ်းမှာလည်း ကျဉ်းများသောကြောင့် ကယ်ဆယ်ရေးလုပ်သားများမှာလည်း
    အခက်ကြုံနေရသည်။ သို့သော်လည်း အဆိုပါပေါက်ကွဲမှုမှာ တိုက်ပွဲနှင့်မပတ်သက်ဟု ဆိုသည်။

    – ဆွဇ်လန်တွင်ပြုလုပ်ခဲ့သည့် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ ဆွေးနွေးပွဲမှာ တိုးတက်မှုအချို့ရှိခဲ့သော်လည်း ဆောင်ရွက်စရာများစွာ ကျန်ရှိနေသေးသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ယနေ့တွင် ပြောကြာလိုက်သည်။ ထို့ပြင် ထပ်မံဆွေးနွေးမှုမျာကို မတ်လ ၁၅ ရက်နေ့တွင် ဂျီနီဗာ၌ ပြုလုပ်ဖွယ်ရှိနေသည်။

    Ref: News agencies

  • နိုင်ငံတကာ သတင်းတို (မတ် ၂၊ ၂၀၁၅)

    မတ် ၂၊ ၂၀၁၅
    M-Media

    – မြောက်ကိုရီးယားမှာ တာတိုပစ်ဒုံကျည်နှစ်စင်းကို ပင်လယ်ပြင်သို့ ယနေ့တွင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ကျွမ်းကျင်သူများကမူ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ မကြာမီစတင်မည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို မကျေနပ်သည့်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    – ပြီးခဲသည့်သီတင်းပတ်က ဆီးရီးယားရှိ ခရစ်ယာန်ရွာတစ်ရွာမှ ဖမ်းဆီးသွားခေါ်ဆောင်သွားခဲ့သည့် ခရစ်ယာန်ဘာသာဝင်များမှ ၁၉ ဦးကို IS အဖွဲ့က ယမန်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး ၂၀၀ ခန့်မှာ ဆက်လက်ရှိနေသည်ဟု ဆီးရီးယားအရေးစောင့်ကြည့်အဖွဲ့မှ ပြောကြားလိုက်သည်။

    – နိုင်ငံတကာ အာကာသစခန်းတွင် အဖွဲ့ဝင်အသစ်နေထိုင်ရန် အခန်းသစ်အတွက် ၂၃၃ မီတာရှည်လျားသည့် အချက်အလက်လိုင်း တပ်ဆင်ခြင်းလုပ်ငန်းကို အာကာသယာဉ်မှူးများက ၃ ရက်အတွင်း အာကာသသို့ထွက်၍ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ အခန်းသစ်သပ်ဆင်နိုင်မည့် ဆိပ်ကမ်းကို ယခုနှစ်နှောင်းပိုင်းတွင် ပို့ဆောင်သွားမည်ဖြစ်ပြီး အခန်းသစ်ကိုမူ အာကာသယာဉ်မှူးနှင့်အတူ ၂၀၁၇ ခုနှစ်တွင် လွှတ်တင်မည်ဖြစ်သည်။

    Ref: news agencies