News @ M-Media

Tag: international short news

  • ၇၊၇၊ ၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ၇၊၇၊ ၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ဇူလိုင်-၇ ၊၂၀၁၃
    M-Media

    အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ဗုံးကိုးလုံးပေါက်ကွဲ
    ယနေ့မနက်ပေါက်ကွဲခဲ့သော ဗုံးသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်ဟု အိန္ဒိယ အစိုးရက ကြေငြာခဲ့သည်။ နှစ်ဦး ဒါဏ်ရာရသည်။

    ကနေဒါနိုင်ငံ ဆီတင်ရထား ပေါက်ကွဲ
    အနီးရှိရွာ ဘူတာတွင် ဘရိတ်ဖမ်း ရပ်တန့်ထားသော ရေနံစီမ်းတင် ရထားမှာ စနေနေ့မနက်တွင် ဆင်ခြေလျှောတစ်လျှောက် လိမ့်ဆင်းသွားရာမှ Lac-Megantic မြို့ငယ်လေး သို့ အရောက် လမ်းချော် တိမ်းမှောက်ပြီး ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ တစ်ဦးသေဆုံးသည်ဟု တွေ့ရှိထားသော်လည်း လူတစ်ရာခန့် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

    ဆန်ဖရန်ဆစ်စကို လေဆိပ်ဆင်းသက်စဉ် ဘိုးရင်း ၇၇၇လေယာဉ်ပျက်ကျ
    တရုပ်နိုင်ငံမှစတင်၍ ခရီးသည် ၃၀၇ ဦးသယ်ဆောင် ပျံသန်းလာသော ကိုးရီးယား Asiana လေကြောင်းလိုင်းမှာ ဆန်ဖရန်ဆစ်စကို လေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျ၍ နှစ်ဦး သေဆုံးခဲ့သည်။ မြေပြင်သို့ ရိုက်ခတ်မိစဉ် အမြှီးပိုင်း ကျိုးပြတ်သွားပြီး မီးလောင် သွားခဲ့သော်လည်း လူအများစုမှာ အရေးပေါ်ထွက်ပေါက်မှ လျှောဆင်း လွတ်မြောက်နိုင်ခဲ့သည်။

    စနိုးဒန်းအား ဘိုလီးဗီးယားမှ ခိုလှုံခွင့်ပေး
    ယခင်နေ့က ဗန်နီဇွဲလား နှင့် နီကာရာဂွာ နိုင်ငံများမှ ခိုလှုံခွင့် များ ရရှိပြီဖြစ်သော်လည်း ယနေ့ ဘိုလီးဗီးယားနိုင်ငံမှလည်း ခိုလှုံခွင့်ပေး မည်ဟု ကြေငြာသွားသည်။

    ကစားသမားအား ကွင်းထဲမှမထွက်သဖြင့် ဓါးဖြင့်ထိုးသည့် ဒိုင်လူကြီးအား ပရိတ်သတ်က ခေါင်းဖြတ်သတ်
    ဘရားဇီးနိုင်ငံ ဘောလုံးပွဲစဉ် တခုတွင် အနီကတ်ပြခံရသည့် ဘောလုံးကစားသမား တစ်ဦးကို ကွင်းထဲမှ ထွက်သွားရန် အမိန့်ပေးရာတွင် ငြင်းဆန်သဖြင့် ၎င်းဒိုင်လူကြီးက ဓါးဖြင့်ထိုးရမှ ပရိသတ်က ဒိုင်လူကြီးအား ခေါင်းဖြတ်သတ်လိုက်ကြသည်။

    ဗုဒ္ဓဂယာဗုံးကွဲမှု – လွန်ခဲ့သည့် ၆ လခန့်ကတည်းက ကြိုတင်သတင်းပေးမှုများရှိခဲ့
    ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ပြီးနောက် သံသယတရားခံနှစ်ဦး၏ ရုပ်ပုံကြမ်း ပေါ်ထွက်လာပြီဖြစ်သည်။ ဗုဒ္ဓဂယာရှိ ဟိုတယ်နှစ်ခု အကြားတွင် လည်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးရှာဖွေတွေ့ရှိခဲ့သေးကြောင်း သိရသည်။ ဘီဟာရ်ပြည်နယ်၊ ရဲအရာရှိချုပ်ဖြစ်သူက ဘုရားဝတ်တက်နေသူများ ရှိနေသော်လည်း မဟာဗောဓိဘုန်းကြီးကျောင်းအ၀န်းတွင် လုံခြုံရေးထပ်မံ တိုးမြှင့်ထားကြောင်း၊ လက်ရှိအနေအထားတွင်မူ အများပြည်သူ ဘုရားဖူးလာရောက်ခြင်းမှ တားမြစ်ထားကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

    အာရှ ဖလား ဖူဆယ်ဘောလုံးပွဲ အီရန် အသင်း (၄) ကြိမ်မြောက် ဗိုလ်စွဲ
    တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့တဲ့ Asian Indoor and Martial Arts Games ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင်  အီရန် အမျိုးသား ဘောလုံးအသင်းက ဂျပန်အသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရပါ ရွှေတံဆိပ် ဆွတ်ခူးရရှိသွားပါသည်။

  • ၆၊ ၇ ၊ ၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းစုစည်းမှု

    ၆၊ ၇ ၊ ၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းစုစည်းမှု

    ဇူလိုင်- ၆ ၊ ၂၀၁၃
    M-Media

    စနိုးဒန်းအား ဗန်နီဇွဲလား နှင့် နီကာရာဂွာ နိုင်ငံများမှ ခိုလှုံခွင့်ပေး
    ထိုသို့ ခိုလှုံခွင့် များ ရရှိပြီဖြစ်သော်လည်း ထိုနိုင်ငံများသို့ မော်စကိုမှ တိုက်ရိုက် လေယာဉ် ခရီးစဉ် မရှိသောကြောင့် စနိုးဒန်းအတွက် အခက်အခဲ ရှိနေဆဲ ဖြစ်သည်။
    —————————–

    မြောက်နှင့်တောင် ကိုရီးယား ဆွေးနွေး
    နယ်စပ် စက်မှုဇုံဆွေးနွေးမှုများ ကာလရှည် ရပ်တန့်နေရာမှ ယခုပြန်လည်ဆွေးနွေးမှုများ စတင်လိုက်သော်လည်း သဘောတူညီမှု မရနိုင်သေးပေ။
    ——————————

    မာလီတွင် အရေးပေါ် အခြေအနေ ကြေငြာမှု ရုပ်သိမ်း
    ဇူလိုင်လ ၂၈ရက် တွင် ကျင်းပမည့် ရွေးကောက်ပွဲ နီးကပ်လာသောကြောင့် လူ၅၀ဦးထက် ပိုမိုစုဝေးခွင် မရှိ အမိန့်ကို ရုပ်သီမ်းပေးလိုက်သည်။
    ——————————
    ဦးခေါင်း အစားထိုးကုသမှု ဖြစ်နိုင်ခြေရှိ
    အီတလီ ဦးနှောက်နှင် အာရုံကြော ခွဲစိတ်ဆရာဝန် Dr. Sergio Canavero က ယခု နည်းပညာတိုးတက်မှုဖြင့် အာရုံကြောမကြီးကို တွဲဖက်နိုင်မည်ဟု ဆိုသည်။ ၎င်း၏စာတမ်းတွင် ၁၉၇၀ ခုနှစ်က ဒေါက်တာ Robert White, ၏ မျောက်နှစ်ကောင် အသုံးပြု စမ်းသပ် အောင်မြင်ခဲ့ဖြင်းကို ကိုးကားပြောဆိုထားသည်။

    ————-
    အီဂျစ်အဓိကရုဏ်း စစ်တပ်ကြားဝင်ရှင်း

    ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ အီဂျစ်သမ္မတ Mohamed Morsi ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား လမ်းပေါ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် စစ်တပ်က ကြားဝင် ထိန်းသိမ်းနေပါတယ်။ သမ္မတကို ဆန့်ကျင်သူတွေ နေရာယူထားတဲ့ ကိုင်ရိုမြို့လယ်က အမှတ် ၆ အောက်တိုဘာတံတားပေါ်ကို စစ်တပ်က သံချပ်ကာကားတွေနဲ့ နေရာယူခဲ့ကြတာပါ။ စစ်တပ်ပြောခွင့်ရသူကတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ လူတွေကို အကာအကွယ်ပေးဖို့အတွက်သာ ဆောင်ရွက်နေပြီး ဘယ်သူ့ဘက်မှ လိုက်မှာမဟုတ်တဲ့အကြောင်း ပြောပါတယ်။

    ————
    လှေစီးပြေးဒုက္ခသည် အရေး ဒေသတွင်းနိုင်ငံတွေ ဆွေးနွေးမည်

    မြန်မာနိုင်ငံက ရောက်လာကြသူတွေ အပါအဝင် လှေစီးပြေး ဒုက္ခသည်တွေအရေး ဆွေးနွေးဖို့အတွက် အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံတို့အကြား သဘောတူညီမှု ရခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို ရေကြောင်းကနေ ရောက်လာကြပြီး ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေသူတွေ တနေ့တခြား တိုးပွားလာနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေပါ ပါဝင်မယ့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့ သဘောတူညီမှု ရခဲ့တဲ့အကြောင်း သြစတြေးလျဝန်ကြီးချုပ် ကေဗင်ရပ်ဗ်နဲ့ တွေ့ဆုံအပြီး သောကြာနေ့က ဆူဆီလို ဘန်ဘန်း ယူရိုယူနိုက ပြောကြားလိုက်တာပါ။

  • ၅၊ ၇ ၊ ၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း

    ဇူလိုင်-၅၊၂၀၁၃
    M-Media

    Chapman Snowden

    စနိုးဒန်းအား ရုရှ သူလျိုမယ်ဟောင်း မိန်းကလေးက လက်ထပ်ခွင့် တောင်း

    မော်စကိုလေဆိပ်တွက် ပုန်းခိုနေရသည့် စနိုးဒန်းအား ရုရှ သူလျှိုဟောင်း မိန်းကလေး Anna Chapma က တွစ်တာ မှတစ်ဆင့် လက်ထပ်ခွင့် တောင်းခံလိုက်သည်။ လက်ထပ်ခြင်းဖြင့် ရုရှနိုင်ငံသား ဖြစ်နိုင်မည် ဖြစ်သော်လည်း တကယ်ဖြစ်လာမည်လား ဟု လူအများစိတ်ဝင်စားလျက်ရှိသည်။
    ———————————–
    အီဂျစ် အာဏာသိမ်းသတင်း

    စစ်တပ်က အာဏာသိမ်းပြီးနောက် သမ္မတ အသစ်ကို တင်မြောက် ခန့်အပ် လိုက်ပြီး မွတ်ဆလင်ညီနောင်များ ၏ ခေါင်းဆောင် နှင့် အဖွဲ့ဝင် အချို့ကို ဖမ်းဆီးထားသည်။ ဆန္ဒပြသူများကိုလည်း ပစ်ခတ်နှိမ်နင်းသဖြင့် ၃ဦးသေဆုံးသည်။
    ———————————–
    အင်တာနတ်စောင့်ကြည့်မှု အမေရိကန်တွင်သာမဟုတ်

    Le Monde ၏ပြောဆိုချက်အရ ပြင်သစ်နိုင်ငံသည်လည်း ထိုကဲ့သို့ စောင့်ကြည့်မှုများ လုပ်နေသည်ဟုဆိုသည်။ သို့သော်လည်း အမေရိကန်၏ ဥရောပနိုင်ငံများကို စောင့်ကြည့်မှုကို ပြင်သစ်သမ္မတက ယခင် အပတ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
    ———————————–
    နော်ဝေတွင် သေနတ်သမား ပစ်ခတ်သတ်ဖြတ်မှု မှ ၂ နှစ် အကြာ

    သေနတ်သမား ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၆၉ သေဆုံးခဲ့ရသည်မှ နှစ်နှစ် ခန့် အကြာတွင် လေဘာပါတီ၏ လူငယ်အဖွဲ့ ၏ နွေရာသီစခန်းကို လုံခြုံရေး အစောင့်အကြပ် များစွာဖြင့် ပြန်လည် ပြုလုပ်ခဲ့သည်။
    ———————————–
    AIDS ရောဂါအား ရိုးတွင်းချင်ဆီ ကုသမှုဖြင့် စမ်းသပ် အောင်မြင်

    ထို ကုသမှု စမ်းသပ်ခံယူခဲ့သူ နှစ်ဦးမှာ ပုံမှန် သောက်နေရသော HIVဆေးများ သောက်ရန်မလိုဘဲ ဗိုင်းရပ်စ်များ ရှင်းလင်းသွားသည်ဟု သိရသည်။

  • ၂၊၇ ၊၂၀၁၃ နိုင်ငံတကာသတင်းအချို့ စုစည်းမှု အကျဉ်း

    ၂၊၇ ၊၂၀၁၃ နိုင်ငံတကာသတင်းအချို့ စုစည်းမှု အကျဉ်း

    ဇူလိုင် ၂ ၊ ၂၀၁၃
    M-Media

    စနိုးဒန်း ခိုလှုံခွင့် ရရန်အခက်အခဲကြုံ
    မော်စကိုလေဆိပ်၏ ခရီးသည်များ ခရီးစဉ်ကူးပြောင်း ဧရိယာ အတွင်း ရှိနေ သော Edward Snowden သည် နိုင်ငံပေါင်း ၂၀သို့ ခိုလှုံခွင့် လျှောက်ထားခဲ့သော်လည်း ရနိုင်ခြေ နည်းပါးနေဆဲ ဖြစ်သည်။ ဝီကီလိခ် မှတစ်ဆင့် ထုတ်ပြန်လိုက်သော ကြေငြာချက်တွင် အိုဘားမားသည် အခြားနိုင်ငံများကို ဖိအားပေး၍ ၎င်းင်အား ခိုလှုံခွင့် ငြင်းပယ်အောင် ပြုလုပ်နေကြောင်း ပြောဆိုထားသည်။

    ———————————————-
    ဆိုမာလီယား သူပုန်များကို ကန်ညာ ကထောက်ပံ့နေဟုဆို
    အငြင်းပွားစရာ အခြေအနေတွင်ရှိသော ကမ်းခြေဆိပ်ကမ်းမြို့ Kismayo တဝိုက်တွင် ရှိသူပုန်များကို ထောက်ပံ့ပေးခြင်းဖြင့် ထိုဒေသအပေါ် ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေသည်ဟု ဆိုမားလီယား ဘက်က ပြောဆိုလိုက်သည်။

    ———————————————-
    ခန္ဓာကိုယ်အပူဓါတ်ဖြင့် လင်းသည့် ဓါတ်မီး
    ဂူးဂဲလ် သိပ္ပံပြိုင်ပွဲတွင်၁၅နှစ်အရွယ် ကျောင်းသားများက $26 သာတန်ဖိုးရှိသည့် ခန္ဓာကိုယ်အပူဓါတ်ဖြင့် လင်းသည့် ဓါတ်မီး နည်းစံနစ် ကို ပြိုင်ဆိုင်ခဲ့သည်။

    ———————————————-
    ရုရှနိုင်ငံ ဂြိုဟ်တုလွှတ်တင်မှု ပေါက်ကွဲ ပျက်စီး
    တနင်္လာနေ့က ကဇက်ကစ္စတန်ရှိ ဒုံးပျံလွှတ်စင်မှ ပစ်လွှတ်အပြီးခေတ္တအကြာတွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့၍ ပစ်လွှတ်လိုက်သော ဂြိုဟ်တု ပျက်ဆီးဆုံးရှုံးခဲ့သည်။
    ————————
    ဆော်ဒီအမျိုးသမီးများအား လေ့ကျင့်သင်ကြားပေးရန် UK ကောလိပ်များ ဒေါ်လာ ၁၁၄ သန်းတန် စာချုပ် လေလံအောင်
    ဗြိတိန်ကောလိပ် ၃ ခုပေါင်းထားသည့် ကဏ္ဍစုံအဖွဲ့အစည်းတစ်ခုသည် ဆော်ဒီအာရေဗျ (Saudi Arabia) တွင် အမျိုးသမီးသီးသန့်် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်တစ်ခုဖွင့်လှစ်နိုင်ရန် ပေါင် ၇၅ သန်း (ဒေါ်လာ ၁၁၄ သန်း)တန် စာချုပ်ကို လေလံ အနိုင်ရရှိခဲ့ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

    ——————————-
    အနာဂတ် အုပ်ချုပ်ရေးအတွက် မီဒီယာများနှင့် ထိတွေ့မှုသည် မရှိမဖြစ်ဟု အီရန် သမ္မတသစ် Rohani ပြောကြား
    အီရန်သမ္မတ Hassan Rohani က  တိုင်းပြည်အတွက်ပိုမိုကောင်းမွန်သော အကျိုးပြုမှုများလုပ်ဆောင်ရန် ၄င်း၏ အနာဂတ် တိုင်းပြည် အုပ်ချုပ်ရေးနှင့် မီဒီယာတို့ အကြား အမြဲမပြတ် ဆက်သွယ်မှုရှိရန် လိုအပ်သည်ဟု အလေးအနက်ထား ပြောကြားလိုက်သည်။

  • ဇွန် ၂၆-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၂၆-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်-၂၆၊ ၂၀၁၃
    M-Media

    တရုတ်နိုင်ငံ အဓိကရုဏ်း ၂၇ဦးသေဆုံး
    ဝီဂါလူမျိုးများရှိရာ တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ဒေသတွင် ယနေ့နံနက် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရာ ရဲများ၏ ပစ်ခတ်မှုကြောင့် ၁၀ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များလည်း သေဆုံးမှုရှိခဲ့သည်။
    တရုတ်နိုင်ငံ အာကာသယာဉ် ပြန်လည်ဆိုက်ရောက်
    ယာဉ်မှုး သုံးဦး ပါဝင်သော Shenzhou-10 ၏ ၁၅ ရက်ကြာအာသာသခရီးစဉ် တွက် နမူနာအာကာသာစခန်း နှင့် ချိတ်ဆက်မှုကိုလည်း အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။
    ဆမ်ဆောင်း ဖုန်းအသစ် ၏ မြန်နှုန်းမြင့် အချက်အလက် စီးဆင်းနှုန်း
    150Mbps အထိ အချက်အလက် စီးဆင်းနှုန်းရှိနိုင်သည့် ဖုန်းအသစ် မှာ LTE-Advanced နည်းပညာ သုံးထားသည့် SK Telecom ဖုန်းလိုင်းအတွက် သီးသန့် ပြုပြင် ထုတ်လုပ်ထားသော Galaxy S4 ဖြစ်သည်။
    ဆော်ဒီနိုင်ငံမှ ဆီးရီးဘားသူပုန်များကို ကယ်တင်ရန်တောင်းဆို
    ဆီးရီးယား အစိုးရတပ်များ၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် သူပုန်တပ်များကို ကူညီမည်ဟု ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်သည်။
    ယူအေအီးနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအတွက် ကက်သလစ် ဘုရားရှိခိုးကျောင်း ဖွင့်လှစ်ပေး

    အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယူအေအီး (UAE) နိုင်ငံတွင် ကက်သလစ် (Catholic) ခရစ်ယာန် ဘုရားရှိခိုးကျောင်း အသစ်တစ်ခု တည်ဆောက်ပြီးစီးသွားပြီဖြစ်ရာ ဗာတီကန် ကိုယ်စားလှယ် ဘုန်းတော်ကြီး ဖာနန်ဒို ဖီလိုနီ (Cardinal Fernando Filoni) မှ လာရောက်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
    http://myanmarmuslimsvoice.com/archives/7745
    အကြားအာရုံချို့တဲ့သော ရုရှားလူမျိုးများအတွက် ကုရ်အာန် သင်ခန်းစာ

    အကြားအာရုံချို့တဲ့သော မွတ်စ်လင်မ်များ၏အိပ်မက်ဖြစ်သည့် ကုရ်အာန်အားဖတ်နိုင်ရေး နှင့် နားလည်ခွင့်ရနိုင်ရေး အတွက်  မော်စကိုရှိ ဗလီကျောင်းတော်တစ်ခုတွင် နားကြပ်တပ်ဆင်ထားသူအနေနှင့် ကုရ်အာန်အား သင်္ကေတဘာသာစကားဖြင့်ပြန်ဆိုနိုင်သော သင်တန်းတို့ကို ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
    တိုကျိုတရားရုံး Apple ကုမ္ပဏီမှ Samsung စွပ်စွဲမှုအားပယ်ချ၊ Samsung ကုမ္ပဏီအနိုင်ရ

    ကမ္ဘာ့မိုဘိုင်းဖုန်း လောကတွင် နာမည် အကြီးဆုံးဖြစ်ပြီး ဈေးကွက်တွင် အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိသော Apple  နှင့် Samsung  တို့၏ အမှု အပေါ် ဂျပန်နိုင်ငံ တိုကျိုတရားရုံးက Apple ကုမ္ပဏီ ၏ စွပ်စွဲချက်များကို ပယ်ချကာ Samsung ကုမ္ပဏီ  က အမှု ကို အနိုင်ရရှိသွားသည်။

    တိုကျိုတရားရုံး Apple ကုမ္ပဏီမှ Samsung စွပ်စွဲမှုအားပယ်ချ၊ Samsung ကုမ္ပဏီအနိုင်ရ


    ဗြိတိန်နိုင်ငံတွင် ဗလီကျောင်းတော် တည်ဆောက်ခွင့်ပြု

    ဗြိတိန်နိုင်ငံ West Midlands ဒေသရှိ ရှရောပ့်ရှိုင်းယား(Shropshire) တွင် ဗလီကျောင်းတော် ဆောက်လုပ်ခွင့်လျှောက်ထားချက်ကို မြို့တော်ကောင်စီမှ အတည်ပြုလိုက်ပြီဖြစ်သဖြင့် လူနည်းစု မွတ်စ်လင်မ်များမှာ အလွန်ကို ပျော်ရွှင် ၀မ်းမြောက်နေကြကြောင်း သိရသည်

    ဗြိတိန်နိုင်ငံတွင် ဗလီကျောင်းတော် တည်ဆောက်ခွင့်ပြု


    ဂူဂျာရဒ်ရှိ မွတ်စလင်များ ဟိန္ဒူမုဆိုးမတို့ကို ထောက်ပံ့ကူညီ

    ဟိန္ဒူအိမ်နီးချင်းများ၏ အသက်အန္တရာယ်ပေးနိုင်မှုများကို ကျောခိုင်းကာ ဂူဂျာရဒ် မွတ်စ်လင်မ် ပရဟိတအဖွဲ့အစည်းမှ လိုအပ်ချို့တဲ့နေသည့် ဟိန္ဒူမုဆိုးမများအား  ထောက်ပံ့ကူညီပေးလျက်ရှိကြောင်းသိရသည်။

    ဂူဂျာရဒ်ရှိ မွတ်စလင်များ ဟိန္ဒူမုဆိုးမတို့ကို ထောက်ပံ့ကူညီ