News @ M-Media

Tag: international short news

  • ၁၆-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်း စုစည်းမှု

    ၁၆-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်း စုစည်းမှု

    ဇူလိုင်-၁၆၊ ၂၀၁၃
    M-Media

    ပနားမားနိုင်ငံမှ စစ်လက်နက်တင်ဆောင်လာသော မြောက်ကိုရီးယား သင်္ဘောကို ထိန်းသိမ်း

    ကျူးဘားနိုင်ငံမှ ထွက်ခွာလာပြီး ပနားမားတူးမြောင်းသို့ ဖြတ်သန်းရန် ရောက်လာသည့် မြောက်ကိုရီးယား သင်္ဘောကို စစ်ဆေးရာမှ စစ်လက်နက်များတွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။
    ————————————-
    အမေရိကန်မှ Zimmerman ၏အမှု

    အသားအရောင် ခွဲခြားမှု မဖြစ်စေရန် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရသော အမှုဖြစ်သည့် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၆ က Orlando အနီး ခြစည်းရိုး ကာရံထားသော အိမ်ယာ အဖွဲအစည်းတစ်ခုတွင် အစောင့်အဖြစ် မိမိဆန္ဒဖြင့် တာဝန်ယူထားသော George Zimmerman က ၁၇ နှစ် လူငယ် Trayvon Martin ကို ပစ်ခတ်ခဲ့ခြင်းသည် မိမိကိုယ်ကိုယ် ကာကွယ်မှုသာ ဖြစ်သည်ဟု ဂျူရီ အမျိုးသမီး ခြောက်ဦးက ဆုံးဖြတ်ခဲ့သည်။
    ————————————-
    iPhone 5 ကို ဓာတ်အားသွင်းစဉ် ဓါတ်လိုက်သေဆုံးမှု Apple စစ်ဆေးမည်

    ယခင်အပါတ်က ၂၃နှစ် အရွယ် တရုတ်နိုင်ငံ Xinjiang ပြည်နယ်မှ လေယာဉ်မယ် Ma Ailun သည် iPhone 5 ကို ဓာတ်အားသွင်းထားစဉ် ဖုန်းလက်ခံ ပြောဆိုသဖြင့် ဓါတ်လိုက် သေဆုံးခဲ့ရာ iPhone 5 ၏ ချွတ်ယွင်းချက် ဟုတ်မဟုတ် Apple ကုမ္ပဏီက စစ်ဆေးမည်ဟုဆိုသည်။
    ————————————–
    နော်ဝေမှ နာဇီလက်သစ်ကို ပြင်သစ်တွင် ဖမ်းဆီး

    အကြမ်းဖက် အစီအစဉ်တစ်ရပ်ကို လုပ်ဆောင်နေသည်ဟု သံသယ ရှိသောကြောင့် နော်ဝေနိုင်ငံသား နာဇီလက်သစ် Kristian Vikernes ကို ပြင်သစ်နိုင်ငံငံတွင် ဖမ်းဆီးလိုက်သည်။ ၎င်းသည် နော်ဝေ အကြမ်းဖက်သမား Anders Behring Breivik နှင့်လည်း ဆက်နွယ်မှု ရှိသူ ဖြစ်သည်။
    —————
    အီဂျစ်ယာယီခေါင်းဆောင်တွေနဲ့ အမေရိကန် ထိပ်တန်းသံတမန် တွေ့ဆုံ

    အီဂျစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရနဲ့ ကဏ္ဍစုံကလူတွေ ပါဝင်နိုင်ရေး ဖိအားပေး ပြောဆိုဖို့ အမေရိကန်အရာရှိတွေ ကိုင်ရိုမြို့မှာ ရောက်နေပါတယ်။အခုလ အစောပိုင်းတုန်းက သမ္မတ မိုဟာမက် မော်စီကို စစ်တပ်က ဖြုတ်ချလိုက်ပြီးတဲ့နောက်ပိုင်း အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိတဦးအနေနဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Bill Burns အီဂျစ်နိုင်ငံကို ပထမဆုံးအကြိမ် ရောက်လာတာ ဖြစ်ပါတယ်။
    ——————-
    တရုတ်စီးပွားဖွံ့ဖြိုးမှု နှေးကွေး

    နိုင်ငံတော် စာရင်းအင်းဌာနက တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဒီနှစ် ပထမသုံးလပတ်မှာ ၇ ဒဿမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဇွန်လမှာပြီးဆုံးတဲ့ ဒုတိယ သုံးလပတ်မှာတော့ ၇ ဒဿမ ၅ ရာခိုင်နှုန်းကို ရောက်သွားတဲ့အကြောင်း ဖော်ပြထားပါတယ်။

  • ၁၅-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်း စုစည်းမှု

    ၁၅-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်း စုစည်းမှု

    ဇူလိုင်-၁၅-၂၀၁၃
    M-Media

    ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပါတီခေါင်းဆောင်ဟောင်း နှစ်၉၀ ထောင်ဒါဏ်ကျ

    ၁၉၇၁ ခုနှစ် စစ်ပွဲအတွင်း လူသားမျိုးနွယ်စုအပေါ် ကျုးလွန်သော ရာဇဝတ်မှုကြောင့် အသက် ၉၁စ်အရွယ် ရှိပြီဖြစ်သော Jamaat-e-Islami ပါတီ၏ ခေါင်းဆောင်ဟောင်း Ghulam Azam ကို အမှုပေါင်း ၆၁ မှုဖြင့် စွဲချက်တင်ခဲ့သည်။ သေဒါဏ်ပေးခဲ့သော်လည်း အသက်အရွယ်ကြောင့် ထောင်ဒါဏ်သို့ ပြောင်းလဲခဲ့သည်။
    ———————————–
    ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးပွဲ သဘောတူညီချက်မရ

    နှစ်နိုင်ငံနယ်စပ်တွင် ပူးတွဲ စက်မှုဇုံ တည်ဆောက်ရေး တတိယ အကြိမ် ဆွေးနွေးပွဲ မှာ သဘောတူညီချက် မရပဲ ပြီးဆုံးသွားသည်။ ထို Kaesong စက်မှုဇုံတွင် တောင်ကိုရီးယားမှ စက်ရုံ ၁၂၀ခန့် တည်ဆောက်မည် ဖြစ်ပြီး မြောက်ကိုရီးယားမှာ အလုပ်သမားများ လာရောက် လုပ်ကိုင်နိုင်မည် ဖြစ်သည်။
    ————————————
    အင်ဒိုနီးရှားနိုင်ငံ ရုန်းရင်းဆန်ခတ် ၁၈ဦးသေဆုံး

    အင်ဒိုနီးရှား Naibre မြို့တွင် လက်ဝှေ့ပွဲ ၌ ရုန်းရင်းဆန်ခတ် ဖြစ်ပွားသောကြောင့် ထွက်ပေါက်ရှိရာသို့ တိုးဝှေ့ ပြေးလွှားကြရာမှ ၁၈ဦးသေဆုံးသည်။ သေဆုံးသူများအနက် ၁၂ဦးမှာ အမျိုးသမီးများ ဖြစ်သည်။
    ————————————–
    လူထုလက်မခံတဲ့ ယူရေနီယံ သန့်စင်စီမံကိန်း တရုတ်အစိုးရဖျက်သိမ်း

    တရုတ်နိုင်ငံမှာ ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို လူထုရာနဲ့ချီပြီး ကန့်ကွက်လို့ အစိုးရက အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါ တယ်။ တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း CNNC ရဲ့ ဒေါ်လာ သန်း ၆ ထောင်တန် စီမံကိန်းကို ရပ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတောင်ပိုင်းက Guangdong ပြည်နယ် Heshan မြို့တော်ဝန် က သူတို့မြို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ကြေညာထားပါတယ်။
    ————————————
    အိန္ဒိယ ကြေးနန်းပို့စံနစ်၏ နောက်ဆုံးနေ့

    ကြေးနန်းပို့စံနစ်ကို ဆက်လက် သုံးစွဲတော့မည်မဟုတ်သောကြောင်း မပိတ်သိမ်းမှီ နောက်ဆုံးနေ့တွင် အမှတ်တရ အဖြစ် လူအများ ကြေးနန်းစာပို့ရန် စာတိုက်များတွင် စည်ကားလျက်ရှိ သည်ဟု ဆိုသည်။
    ——————–
    ထိုင်းဘတ်ငွေ ၁၃ နှစ်အတွင်း အနိမ့်ဆုံးကျဆင်း

    ထိုင်းနိုင်ငံမှာ ၂၀၁၃ ခုနှစ်ဝက်အတွင်း ရေတိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေက ငွေပင်ငွေရင်းတွေ ပြည်ပကို စီးဆင်းခဲ့တဲ့အတွက် အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာမှာ ထိုင်းဘတ်ငွေတန်ဖိုးဟာ ၆.၁ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၃ နှစ်အတွင်း ထိုင်းဘတ်ငွေတန်ဖိုး အနိမ့်ဆုံးကို ကျဆင်းသွားခဲ့တာဖြစ်ပါတယ်
    ———————
    နိုဘဲလ်ဆုရှင် ElBaradei အီဂျစ်ဒုသမ္မတအဖြစ် ကျမ်းကျိန်

    အီဂျစ်နိုင်ငံမှာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ယာယီခေါင်းဆောင်တွေဟာ  အတိုက်အခံဘက်က ထင်ရှားတဲ့ လွတ်လပ်တဲ့ အတွေးအခေါ်ရှိတဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ Mohamed ElBaradei ကို ဒုတိယသမ္မတရာထူးနဲ့ အရင်အမေရိကန်နိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီးဟောင်းကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

  • ၁၃-၇-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ၁၃-၇-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှုအကျဉ်း

    ဇူလိုင်၊ ၁၇ -၂၀၁၃
    M-Media

    မာလာလာ ကမ္ဘာ့ ကုလသမဂ္ဂတွင် မိန့်ခွန်းပြော

    ပါကစ္စတန် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ Malala Yousafzai က သူမ၏ ၁၆နှစ်မြောက် မွေးနေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂ၌ မိန့်ခွန်းပြောကြားရာ မှာ အမျိုးသမီးများ အတွက် ပညာရေး၊ ကလေးသူငယ်များ အကြမ်းဖက်မှုများမှာ ပိုမို အကာအကွယ်ပေးရေး၊ တန်းတူညီမျှရေးတို့ ကို ကမ္ဘာ့ခေါင်းဆောင်များက ဖေါ်ဆောင်မေးရန် တောင်းဆိုလိုက်သည်။

    ဆာဗ် ခေါင်းဆောင် Karadzic အား လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပြန်လည်စွဲဆို

    ၁၉၉၅ ခုနှစ်အတွင်း ဘော့စ်နီးယား မွတ်စလင်မ် ၈ ထောင်ခန့်ကို သတ်ဖြတ်ခဲ့မှုတွင် ဦးဆောင်သူ ဆာဗ် ခေါင်းဆောင်ဟောင်း Radovan Karadzic အား ကုလသမဂ္ဂ စစ်ရာဇဝတ် ခုံရုံးက လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ပြန်လည် စွဲချက်တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာတုန်းက လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ထားတာကို ကြာသပတေးနေ့ မှာ ပြန်လည်ပြင်ဆင်လိုက်တာပါ။

    ပြင်သစ်နိုင်ငံ ရထားတိမ်းမှောက်မှု သံလမ်းချွတ်ယွင်းမှုဖြစ်

    သံလမ်း အဆက်နေရာမှ ချိတ်ဆက်မှု ပြုတ်ထွက်ခဲ့သဖြင့် ပဲရစ်မှ သောကြာနေ့ မွန်းလွဲပိုင်းတွင် ထွက်ခွာလာသော ရထားမှာ Bretigny-sur-Orge မြို့အနီး အရောက် တိမ်းမှောက်ခဲ့ ခြင်းကြောင့် ၃၀ ဦး ဒါဏ်ရာရခဲ့သည်။

    ထိုင်ဝမ်နိုင်ငံကို ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်

    တစ်နာရီ ၈၆ မိုင်နှုန်း ရှိသော မုန်တိုင်းSoulik သည် ယနေ့ မနက် ထိုင်ဝမ်နိုင်ငံ တောင်ပိုင်းကို ဝင်ရော့က်ခဲ့၍ တစ်ဦးသေဆုံးပြီး လမ်းပန်းဆက်သွယ်ရေး ပျက်စီးခဲ့သည်။ မုန်တိုင်းသည် တရုတ်နိုင်ငံ Fujian နှင့် Zhejiang ကမ်းခြေဘက်သို့ ဆင်လက် ဦးတည်နေသည်။

    Stuxnet Virus ကို အစ္စရေး နှင့်အတူ အမေရိကန် ပူးပေါင်း ရေးဆွဲခဲ့

    စနိုးဒန်းနှင့် အင်တာဗျုးတွင် ပြောကြား ခဲ့ရာတွင် အီရန် စက်ရုံများကို ထိခိုက်စေသော Stuxnet ဗိုင်းရပ်စ် ကို အစ္စရေး နှင့် NSA ပူးပေါင်း ရေးဆွဲခဲ့ သည်ဟု ဆိုသည်။ ထို့အပြင် NSA ၏ PRISM ထက် လူအများ၏ တစ်ကိုယ်ရေကို ပိုမို စွက်ဖက်သော ဗြိတိန်နိုင်ငံ ထောက်လှမ်းရေး၏ Tempora ပရိုဂရမ်းမျိုးလည်း ရှိသေးသည်ဟု ဆိုသည်။

  • ၁၂-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းစုစည်းမှု

    ၁၂-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းစုစည်းမှု

    ဇူလိုင်-၁၂၊ ၂၀၁၃
    M-Media

    ပြည်ပရောက် ကမ္ဘောဒီးယားနိုင်ငံ အတိုက်အခံခေါင်းဆောင် လွတ်ငြိမ်းခွင့်ရ

    ယခုလကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲ စည်းရုံးရေး လုပ်နိုင်ရန် ဝန်ကြီးချုပ် Hun Sen၏ အဓိက အတိုက်အခံ ဖြစ်သူ Sam Rainsy ကို ထောင် ၁၂ နှစ် ပြစ်ဒါဏ်မှ လွတ်ငြိမ်းခွင့်ပေးလိုက်သည်။

    စနိုးဒန်း လူ့အခွင့်အရေး အဖွဲ့များနှင့် တွေ့မည်

    မော်စကို လေဆိပ်အတွင်း ရှိနေသည့် စနိုးဒန်းက ရုရှလူ့အခွင့်အရေး အဖွဲ့များနှင့် တွေ့ဆုံလိုကြောင်း e-mail ပို့ တောင်းဆိုထားသည်ဟုဆိုသည်။

    အီဂျစ်နိုင်ငံ သမ္မတဟောင်း မော်စီထောက်ခံသူများ ဆန္ဒပြ

    စစ်တပ်မှ သမ္မတ မော်စီကို ရာထူးမှ ဖယ်ရှားခဲ့ပြီးကတည်းက သမ္မတဟောင်း ကို ထောက်ခံ၍ စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားနေခဲ့ရာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၅၀ဦးခန့် သေဆုံးခဲ့သည်။

    နက္ခတ်သိပ္ပံပညာရှင်များ ဂြိုဟ်ပြာတစ်လုံးကို တွေ့ရှိ

    နေအဖွဲ့အစည်း ပြင်ပ ဂြိုဟ်၏ အရောင်ကို ပထမဆုံးအနေဖြင့် ပညာရှင်များသည် အလင်းရောင်ပြန်မှုကို တိုင်းထွာ၍ သိရှိနိုင်ခဲ့သည်။ ၎င်းဂြိုဟ်သည် ကမ္ဘာမှာ အလင်းနှစ် ၆၃နှစ် ဝေးကာ လေထု အပူချိန် ၁၀၀၀ ဒီဂရီ ဆဲလ်စိယပ်စ် ပူပြင်းသည်။

    အင်ဒိုအကျဉ်းထောင်ဖောက်မှု ၁၀၀ ကျော်လွတ်မြောက်

    အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အဓိကရုဏ်းတခုအတွင်း ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၁၀၀ လောက်ကို အာဏာပိုင်တွေက လိုက်ရှာနေကြပါတယ်။

    ထိုင်ဝမ်မှာ တိုင်ဖုန်း မုန်တိုင်းရန် ကြိုတင်ပြင်ဆင်

    ထိုင်ဝမ် ဗဟိုမိုးလေ၀သဌာနကနေ ဆူးလစ် (Soulik) အမည်ရှိ တိုင်ဖုန်း မုန်တိုင်းဟာ ဒီကနေ့ သောကြာနေ့မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ကျော်လောက်နဲ့ ထိုင်ဝမ်ကျွန်းမြောက်ဘက်ခြမ်းကို ၀င်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်ဝမ်ကျွန်းတခုလုံးကိုလည်း အထူးသတိပေးဇုန်အဖြစ် ကြေညာထားပြီး မိုးသည်းထန်မှုကြောင့် မြေပြိုမှုတွေ ဖြစ်နိုင်တဲ့ဒေသက ထောင်ပေါင်းများစွာသော လူတွေကိုလည်း ဘေးလွတ်ရာဆီ ကြိုတင်ပြောင်းရွှေ့ပေးနေပါတယ်။

  • ၈-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း

    ၈-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း

    ဇူလိုင်- ၈ ၊ ၂၀၁၃
    M-Media

    ဘိုးရင်း ၇၇၇လေယာဉ် ပျက်ကျသည့် အကြောင်းအရင်း

    မနေ့ကဆန်ဖရန်ဆစ်စကို လေဆိပ်သို့ ဆင်းသက်စဉ် ဘိုးရင်း ၇၇၇လေယာဉ် ပျက်ကျခဲ့သော အကြာင်းအရင်းမှာ လေယာဉ်မှုးအမှားကြောင့် ဖြစ်သည်ဟု သိရသည်။ လေယာဉ်ကွင်းသို့မရောက်မှီ အရှိန်ကို ရှိသင့်သည်ထက်ပိုလျှော့မိခဲ့ပြီး အချိန်လွန်မှ လေယာဉ်ကို မြှင့်တင်ခဲ့ရာတွင် ရနိုင်ချေထက် ပိုမို ဦးမော့်ခဲ့၍ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်မှုးမှာ ဘိုးရင်း ၇၇၇လေယာဉ် သင်တန်း တက်ရောက်ဆဲ ဖြစ်ကြောင်း သိရသည်။

    တရုတ် မီးရထားဝန်ကြီးဟောင်း သေဒါဏ်ပေးခံရ

    လာဘ်စားမှု နှင့် အာဏာအလွဲသုံးစား ပြုမှုတို့ဖြင့် တရုတ် မီးရထားဝန်ကြီးဟောင်းLiu Zhijun ကို သေဒါဏ်ပေးလိုက်ပြီး နှစ်နှစ် ဆိုင်းငံ့လိုက်သည်ဟု ဆင်ဟွာ သတင်းဌာနက ယနေ့ ကြေငြာသည်။

    အိန္ဒိယတွင် ဟိုတယ်လ်ပြိုကျ

    အိန္ဒိယနိုင်ငံ စီကန်ဒရာဘတ်မြို့တွင် နှစ်ထပ် ဟိုတယ် ပြိုကျရာ လူ ၁၂ဦးသေဆုံးပြီး ၁၈ဦး ဒါဏ်ရာရသည်။

    ချက်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းကို တရားစွဲရန် စီစဉ်

    ယခင်လက ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သော Petr Necas ကို လာဘ်စားမှု နှင့် အာဏာအလွဲသုံးစား ပြုမှုတို့ဖြင့် တရားစွဲရန် တရားရေး ဌာနမှ စီစဉ်နေသည်ဟုဆိုသည်။

    အီဂျစ် ဆန္ဒပြမှု ၄၂ဦးသေဆုံး

    ယခင်အစိုးရကို ထောက်ခံသူများက ဆန္ဒပြရာတွင် အကြမ်းဖက်မှုများ ပါဝင်လာသောကြောင့် ရဲတပ်ဖွဲ့မှ နှိမ်နင်းရာ ၄၂ဦးသေဆုံးခဲ့ရသည်။