News @ M-Media

Tag: Iran

  • အမေရိကန်နှင့်ဆွေးနွေးမှု အလုပ်မဖြစ်ဟု အီရန်အဓိပတိပြော

    အမေရိကန်နှင့်ဆွေးနွေးမှု အလုပ်မဖြစ်ဟု အီရန်အဓိပတိပြော

    ဇူလိုင် ၂၁၊ ၂၀၁၈
    M-Media

    အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီ

    – အမေရိကန်နဲ့ဆွေးနွေးမှုဟာ ‘အသုံးမ၀င်တော့ဘူး’ လို့ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ပြောကြားလိုက်ပြီး ဥရောပနဲ့ ဆွေနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    ဒီကနေ့ မြို့တော် တီဟီရန်မှာ အီရန် သံအမတ်တွေ၊ သံတမန်အရာရှိတွေနဲ့ တွေ့ဆုံမှုအတွင်း ခါမေနီက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး အီရန်အနေနဲ့ အနောက်နိုင်ငံတွေရဲ့ အဆိုပြုချက်တွေ အပေါ်မှာ သိပ်ပြီး မလေးမထားတော့ဘူးလို့လည်း ဆိုပါတယ်။

    “အမေရိကန်ရဲ့ စကားတွေ၊ သဘောတူညီချက်တွေကို ယုံလို့မရဘူးလို့ ကျွန်တော် အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။ ဒါ့ကြောင့် အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှုဟာ အသုံးမ၀င်တော့ပါဘူး”

    အမေရိကန်က အီရန်အပေါ် ရန်လိုမုန်းထားမှုဟာ ‘အမြစ်တွယ်နေ’ ပြီး၊ ၁၉၇၉ ခုနှစ် အစ္စလာမ့် တော်လှန်ရေးမတိုင်ခင် မဟာမိတ်ဖြစ်ခဲ့တဲ့ အနေအထားမျိုးကို အမေရိကန်က ပြန်လိုချင်နေတယ်လို့လည်း ခါမေနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့အတူ ရရှိခဲ့တဲ့ အီရန် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမရိကန်က မေလမှာ ကြေငြာခဲ့ပါတယ်။ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက အဲဒီသဘောတူညီချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

    အဲဒီ သဘောတူညီချက် ဆက်လက်တည်မြဲနေစေဖို့ အခုလအစောပိုင်းမှာ ဥရောပသမဂ္ဂက အဆိုပြုချက်တစ်ချို့ကို တင်ပြခဲ့ပေမယ့် အီရန်က ဒီအဆိုပြုချက်တွေကနေ အီရန်ဟာ ဘာအကျိုးအမြတ်မှ မရနိုင်ဘူးလို့ဆိုကာ ပယ်ချခဲ့ပါတယ်။

    ခါမေနီက အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးရင် အီရန်ဟာ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်မိတာ မဟာအမှားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကမှာ အမေရိကန်နဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါပဲ”

    အီရန်ရဲ့ ရေနံတင်ပို့မှုကို ပိတ်ပင်မယ်ဆိုရင် ဒေသတွင်းကရေနံတွေ တင်ပို့မှုကိုလည်း အီရန်က ပိတ်ပင်သွားမယ်လို့ သမ္မတရူဟာနီရဲ့ ပြောကြားမှုကို ခါမေနီက ထောက်ခံခဲ့ပါတယ်။

    Ref: Press TV

  • IS အကြမ်းဖက်သမား ၈ ဦးကို အီရန်က ကြိုးပေးကွပ်မျက်

    IS အကြမ်းဖက်သမား ၈ ဦးကို အီရန်က ကြိုးပေးကွပ်မျက်

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    IS ၏ တိုက်ခိုက်မှုကို တုန့်ပြန်နေကသည့် အီရန်စစ်သားများ

    – ၂၀၁၇ ခုနှစ်က မြို့တော် တီဟီရန်မှာရှိတဲ့ လွှတ်တော်နဲ့ အယာတိုလာ ခိုမေနီ အောက်မေ့ဖွယ် ဂူဗိမာန်တို့မှာ တိုက်ခိုက်မှုတွေ ပြလုပ်ခဲ့တဲ့ IS အဖွဲ့ဝင် ၈ ဦးကို အီရန်က မနေ့မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

    ဇွန်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း သေနတ်သမား ၄ ဦးဟာ အီရန်လွှတ်တော်ကို ၀င်ရောက်ကာ ပစ်ခတ်ခဲ့ပြီး၊ အသေခံဗုံးခွဲသမားတွေနဲ့ သေနတ်သမားတွေကလည်း မြို့တောင်ဘက် ဂူဗိမာန်မှာ တိုက်ခိုက်ခဲ့ကြပါတယ်။

    တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ပြီး အီရန်နိုင်ငံအတွင်း IS အဖွဲ့ရဲ့ တစ်ခုတည်းသော တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

    အီရန်ဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ဇွန်လမတိုင်ခင်အထိ နိုင်ငံအတွင်း IS ရဲ့ တိုက်ခိုက်မှုတွေကို မကြုံတွေ့ခဲ့ရပါဘူး။

    အဲဒီတိုက်ခိုက်မှုအပြီးမှာ အီရန်ဟာ ဆီးရီးယားအရှေ့ပိုင်းက IS ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ လက်တုန့်ပြန် တိုက်ခိုက်ခဲ့ပါတယ်။

    Ref: Aljazeera

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၂၈၊ ၂၀၁၈
    M-Media

    ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေး ကျင်းပမည်
    ==============
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်တို့ဟာ တတိယနိုင်ငံတစ်ခုမှာ ထိပ်သီးအစည်းအဝေး ပြုလုပ်ဖို့အတွက် သဘောတူညီချက် ရရှိခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ လုပ်မယ်ဆိုတာကို ဒီကနေ့မှာ တရားဝင်သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ ပူတင်ရဲ့ နိုင်ငံခြားရေးအကြံပေး ယူရီ အူရှာကော့ဗ်က ဒီ ထိပ်သီးအစည်းအဝေးဟာ နိုင်ငံတကာ အခြေအနေတွေအတွက် အလွန်အရေးကြီးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ပိုက်နက်ကို တစ်လက်မမှ မစွန့်လွှတ်ဟု အမေရိကန်ကို တရုတ်ပြော
    ============
    ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးရဖို့၊ ပြဿနာတွေ မဖြစ်ဖို့ နှစ်မြှုပ်ဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် မိမိတို့ရဲ့ ပိုင်နက်ကို တစ်လက်မမှ မစွန့်လွှတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး မာတစ်ကို ပြောကြားလိုက်ပါတယ်။ မာတစ်ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးပြဿနာကို ဆွေးနွေးဖို့အတွက် ဘေဂျင်းကို ရောက်နေတာပါ။ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ ပုံမှန် ဝေဖန်မှုတွေ ပြုလုပ်နေပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီကလည်း အပြန်အလှန်လေးစားမှု၊ ထိပ်တိုက်မတွေ့ရေး ရှောင်ရှားမှုနဲ့သာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မာတစ်ကို ပြောကြားခဲ့ပါတယ်။

    စီးပွားရေး ဆိုးရွားအောင်လုပ်သူများကို အီရန်အဓိပတိ သတိပေး
    ============
    တိုင်းပြည်ရဲ့စီးပွားရေး ဆိုးရွားအောင် လုပ်တဲ့သူတွေကို အီရန် အဓိပတိ အယာတိုလာ ခါမေနီက သတိပေးလိုက်ပြီး ရီယဲလ်ငွေကြေးကျဆင်းမှုကြောင့် ဆန္ဒပြသူတွေကို အရေးယူသွားဖို့ တိုင်းပြည်ရဲ့ တရားရေးဆိုင်ရာ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ အီရန်ရီယဲလ်ဟာ ပြီးခဲ့တဲ့ ၆ လအတွင်း ၅၀ ရာခိုင်နှုန်းနီးပါးအထိ တန်ဖိုးကျဆင်းခဲ့ပြီး အဲဒီအတွက် တနင်္လာနေ့မှာ ပြည်သူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ပါတယ်။ သမ္မတ ရူဟာနီက အစိုးရ၀င်ငွေဟာ လျှော့သွားခြင်းမရှိဘဲ ရီယဲလ်တန်ဖိုး ကျဆင်းတယ်ဆိုတာ နိုင်ငံခြားမီဒီယာတွေရဲ့ ၀ါဒဖြန့်မှုသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref : Aljazeera, CNA

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၂၂၊ ၂၀၁၈
    M-Media

    ရုရှားသို့ရောက်ရှိလာသည့် တောင်ကိုရီးယားသမ္မတ

    အစွန်းရောက်ခေါင်းဆောင်တစ်ဦးကို အင်ဒိုက သေဒဏ်ပေးရန် စီစဉ်
    ================
    ၂၀၁၆ ခုနှစ် ဂျကတာမြို့လယ်ကောင်မှာ IS အကြမ်းဖက်အဖွဲ့က ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုကို ကြိုးကိုင်မှုနဲ့ အစွန်းရောက် ဘာသာရေးခေါင်းဆောင် အေမန် အဘ်ဒူရဟ်မန်ကို အင်ဒိုနီးရှားက ဒီကနေ့မှာ သေဒဏ်ချမှတ်ဖို့ ရှိနေပါတယ်။ အေမန်ဟာ အင်ဒိုနီးရှားက IS ထောက်ခံသူတွေရဲ့ ခေါင်းဆောင်လို့ ယူဆရပြီး အင်ဒု
ိနီးရှားအခြေစိုက် အစွန်းရောက်ကွန်ယက် Jamaah Ansharut Daulah (JAD) ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ JAD ဟာ ပြီးခဲ့တဲ့လက နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ရဲဌာနချုပ်ကို အသေခံဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတယ်လို့ အင်ဒိုအာဏာပိုင်တွေက ပြောကြားထားပါတယ်။

    ဒေသတွင်းငြိမ်းချမ်းရေး ကိုယ်တိုင်ဆောင်ရွက်ဖို့ အိမ်နီးချင်းများကို အီရန် တိုက်တွန်း
    =============
    ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပြဿနာဖြေရှင်းရေးအတွက် မိမိတို့ကိုယ်တိုင် ဆောင်ရွက်ကြဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က မနေ့မှာ တိုက်တွန်းလိုက်ပြီး၊ အရှေ့အလယ်ပိုင်း လုံခြုံရေးကို အန္တရာယ်ရှိတဲ့၊ အစိုးမရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထဲ ယုံပုံအပ်လို့မရဘူးလို့လည်း ပြောကြားလိုက်ပါတယ်။ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ပြီးနောက်ပိုင်း အမေရိကန်က တောင်းဆိုခဲ့တဲ့ အချက် ၁၄ ချက်ကို ဇာရစ်ဖ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူးပါတယ်။ မနေ့က Mehr သတင်းဌာနနဲ့ အင်တာဗျူးမှာ ဇာရစ်ဖ်က အမေရိကန်အနေနဲ့ အီရန်ရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ဖို့၊ မဟာမိတ်အစ္စရေးမှာ နျူကင်းစင်အောင်ရွက်ဖို့နဲ့ ပါလက်စတိုင်းတွေအပေါ် ကျူးလွန်နေတာတွေကို ရပ်တန့်ခိုင်းဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။

    တောင်ကိုရီးယားသမ္မတ ရုရှားသို့ သွားရောက်
    =============
    တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ မြောက်ကိုရီးယားကိစ္စတွေအကြောင်း ဆွေးနွေးဖို့အတွက် မနေ့က ရုရှားနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ မွန်ဟာ ဒီကနေ့မှာ သမ္မတပူတင်နဲ့ တွေ့ဆုံကာ သဘောတူညီချက် တော်တော်များများ လက်မှတ်ထိုးဖို့ရှိတယ်လို့ ရုရှားသမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ ရုရှားမှာ ၃ ရက်တာ နေထိုင်မယ့် မွန်ဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် တောင်ကိုရီးယားနဲ့ မက္ကဆီကိုတို့ရဲ့ ကမ္ဘာ့ဖလားပွဲကို သွာရောက်ကြည့်ရှုဖို့လည်း ရှိနေပါတယ်။

    အမေရိကန်အပေါ် ကုန်သွယ်ရေးဖိအားပေးမှုတွင် တူရကီနှင့် အိန္ဒိယတို့ပါဝင်လာ
    ================
    အမေရိကန်က တင်သွင်းတဲ့ မော်တော်ကားတွေ၊ အစားအသောက်တွေနဲ့ အခြားကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံသွားမယ်လို့ တူရကီနဲ့ အိန္ဒိယတို့က မနေ့မှာ ကြေငြာလိုက်ပါတယ်။ ဒါ့ကြောင့် အမေရိကန်အပေါ် တန်ပြန်အခွန်ကောက်ခံမှုမှာ ဥရောပ၊ ကနေဒါ၊ မက္ကဆီကိုတိုနဲ့အတူ တူရကီ၊ အိန္ဒိယတို့လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ အိန္ဒိယက ပြီးခဲ့တဲ့လတွေကတည်းက စွပ်စွဲထားပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကိုလည်း တိုင်ကြားထားပါတယ်။

    Ref: Aljazeera, CNA

  • အီရန်က ယူရေနီယံသန့်စင်မှု တိုးမြှင့်လုပ်ဆောင်မည်

    အီရန်က ယူရေနီယံသန့်စင်မှု တိုးမြှင့်လုပ်ဆောင်မည်

    ဇွန် ၅၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ရရှိထားတဲ့ သဘောတူညီချက်ဘောင်ထဲကနေ မိမိတို့ဟာ ယူရေနီယံ သန့်စင်မှုကို တိုးမြှင့်လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ အီရန်နျူစွမ်းအင် အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘီရုဇ် ကမာလ်ဗန်ဒီက ပြောကြားလိုက်ပါတယ်။

    ဒီလုပ်ငန်း စတင်လုပ်ဆောင်ဖို့အတွက် နိုင်ငံတကာ နျူစွမ်းအင်အေဂျင်စီ IAEA ကို အီရန်က ဒီကနေ့မှာ စာပို့ အကြောင်းကြားသွားမှာပါ။

    ကမာလ်ဗန်ဒီက အဓိပတိ အယာတိုလာ ခါမေနီဟာ နိုင်ငံရဲ့ နျူကလီးယား လုပ်နိုင်စွမ်းကို ရှေ့ဆက်ဖို့အတွက် လိုအပ်တဲ့ သဘောတူညီချက်တွေ ရယူဖို့ အမိန့်ပေးခဲ့ပြီး ဒီလုပ်ငန်းတွေဟာ ၂၀၁၅ ခုနှစ်မှာ အင်အားကြီး ၆ နိုင်ငံနဲ့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်အတိုင်းသာ ဖြစ်စေဖို့ သတိပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    မနေ့ကမိန့်ခွန်းမှာ ခါမေနီက အီရန်ရဲ့ နျူအင်အားကို ကန့်သတ်ထားပြီး၊ စီးပွားရေးပိတ်ဆို့မှုဒဏ်ကိုလည်း ခံရမယ်ဆိုရင် ဒီလိုအခြေအနေကို လက်ခံမှာမဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နျူသဘောတူညီချက်အရ အီရန်ဟာ သူတို့ရဲ့ ယူရေနီယံသန့်စင်မှု ပမာဏကို ၂၀ ရာခိုင်နှုန်းကနေ ဓာတ်အားထုတ်လုပ်နိုင်တဲ့ ၃.၆၇ ရာခိုင်နှုန်းအထိ လျှော့ချပေးရမှာ ဖြစ်ပါတယ်။ သန့်စင်မှုပမာဏ ၉၀ ရာခိုင်နှုန်းရောက်လာရင် လက်နက်ထုတ်လုပ်နိုင်မှာပါ။

    အီရန်ဟာ သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်နေတယ်လို့ IAEA က ပြောထားပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတညီချက်ကနေ နှုတ်ထွက်ကြောင်း မေလ ၈ ရက်နေ့မှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ဆက်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    သဘောတူညီချက်မှာ ပါဝင်တဲ့ အခြားအင်အားကြီးနိုင်ငံတွေကတော့ စာချုပ်အတိုင်း ဆက်သွားမယ်လို့ ကြေငြာထားပါတယ်။

    Ref: Aljazeera