News @ M-Media

Tag: Iran

  • မွတ်စလင်နိုင်ငံများ ညီညွတ်ရန်နှင့် သိပ္ပံပညာတိုးတက်ရန် ခါမေနီတိုက်တွန်း

    မွတ်စလင်နိုင်ငံများ ညီညွတ်ရန်နှင့် သိပ္ပံပညာတိုးတက်ရန် ခါမေနီတိုက်တွန်း

    မေ ၁၂၊ ၂၀၁၈
    M-Media

    – ရန်သူတွေက သွေးခွဲမှုတွေလုပ်နေတဲ့ အခုလိုအချိန်မျိုးမှာ မွတ်စလင်နိုင်ငံတွေအနေနဲ့ စုစည်းညီညွတ်ဖို့ လိုအပ်နေပြီလို့ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ပြောကြားလိုက်ပါတယ်။

    တီဟီရန်မှာ ဒီကနေ့ပြုလုပ်တဲ့ အစ္စလာမ့်သိပ္ပံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ ရှီအာမွတ်စလင်တွေရဲ့ အခန်းကဏ္ဍဆိုင်ရာ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးမှာ ခါမေနီက အနောက်နိုင်ငံတွေ လက်မခံပေမယ့် လက်ရှိ မွတ်စလင်ကမ္ဘာရဲ့ နိုးထလာမှုဟာ အစ္စလာမ်နဲ့ ပိုမိုနီးစပ်ရေး အခြေခံဖြစ်လာပြီး၊ ပိုကောင်းတဲ့အနာဂတ်ကို မြင်ေ
    နရပြီလို့ ဆိုပါတယ်။

    မွတ်စလင်တွေ အချင်းချင်းကြားထဲမှာ သွေးကွဲအောင် ရန်သူတွေက ကြိုးပမ်းနေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

    “ဒီလိုအခြေအနေမျိးမှာ မွတ်စလင်တွေကြားထဲ ကောင်းကျိုးအတွက် ပိုမိုနားလည်မှု ရှိစေတဲ့ ဘယ်လို လုပ်ရပ်မျိုးမဆို၊ စုစည်းစေတဲ့ ဘယ်လိုအနေအထားမျိုးမဆို မွတ်စလင်တွေ စည်းလုံးညီညွတ်ဖို့အတွက် အကူအညီ ဖြစ်စေပါလိမ့်မယ်”

    မွတ်စလင်ကမ္ဘာမှာ အရေးပါဆုံးနဲ့ အလိုအပ်ဆုံးဟာ သိပ္ပံပညာ ရှေ့ရောက်ဖို့ဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်မှာ မွတ်စလင်နိုင်ငံတွေ အောက်ကျနောက်ကျ ဖြစ်နေရတာဟာ သိပ္ပံပညာ မဖွံ့ဖြိုးမှုကြောင့် ဖြစ်တယ်လို့လည်း ခါမေနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “မွတ်စလင်တွေက သိပ္ပံပညာပိုင်းဆိုင်ရာမှာ ရာစုနှစ်ချီ နောက်ပြန်သွားနေတဲ့အချိန် အနောက်နိုင်ငံတွေက မွတ်စင်ကမ္ဘာရဲ့ သိပ္ပံဆိုင်ရာ တိုးတက်မှုတွေကို အသုံးချကာ ကြွယ်ဝမှု၊ သိပ္ပံပညာ၊ စစ်ရေး၊ နိုင်ငံရေး၊ ၀ါဒဖြန့်စွမ်းအားတွေကို မြှင့်တင်ကာ ကိုလိုနီစနစ်ကနေတစ်ဆင့် မွတ်စလင်တွေ ဒီနေ့လိုအဖြစ်မျိး ရောက်လာအောင် အပြည့်အ၀ လုပ်ဆောင်သွားတာ ဖြစ်ပါတယ်”

    သိပ္ပံပညာဆိုင်ရာ တိုးတက်မှုမှာ အီရန်နိုင်ငံဟာ အကောင်းဆုံးဥပမာတစ်ခုဖြစ်တယ်လို့ ခါမေနီက ထပ်လောင်းပြောကြားခဲ့ပြီး၊ မွတ်စလင် နိုင်ငံတွေအနေနဲ့ ဒီလိုတိုးတက်အောင်ဆောင်ရွက်မှ တစ်ချိန်ကရှိခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းကို ပြန်ရောက်နိုင်မယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Press TV

  • အစ္စရေးမှာ အမြဲတမ်း လီဆယ်လုပ်ကြံကာ တိုက်ခိုက်လေ့ရှိသည်ဟု အီရန်ပြော

    အစ္စရေးမှာ အမြဲတမ်း လီဆယ်လုပ်ကြံကာ တိုက်ခိုက်လေ့ရှိသည်ဟု အီရန်ပြော

    မေ ၁၁၊ ၂၀၁၈
    M-Media

    ဂိုလန်တောင်ကုန်းရှိ အစ္စရေးတပ်ဖွဲ့

    – ဆီးရီးယားက အီရန်တပ်ဖွဲ့တွေ ဂိုလန်တောင်ကုန်းကို ဒုံးကျည်နဲ့ပစ်တယ်ဆိုတဲ့ အစ္စရေးရဲ့ စွပ်စွဲချက်ဟာ လုပ်ကြံပြောဆိုမှုသာဖြစ်ပြီး အခြေအမြစ်မရှိဘူးလို့ အီရန်က တုန့်ပြန်လိုက်ပါတယ်။

    ကြာသာပတေးနေ့မှာ အစ္စရေးဟာ ဆီးရီးယားနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ပြီး အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကို တုန့်ပြန်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး သူတို့တိုက်ခိုက်ခဲ့တာတွေဟာ အီရန်စစ်အခြေစိုက်စခန်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစင်ကာ အစ္စရေးဟာ အမြဲတမ်းလိုလို လီဆယ်ပြောဆိုပြီး ဆီးရီးယားကို ၀င်ရောက်တိုက်ခိုက်လေ့ရှိတယ်လို့ ဝေဖန်ခဲ့ပါတယ်။

    “ဇိုင်ယွန်အစိုးရဟာ လီဆယ်မှုတွေ၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေနဲ့ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာ၊ ပိုင်နက်ကို ချိုးဖောက်ကာ ဆီးရီးယားကို ၀င်ရောက်တိုက်ခိုက်လေ့ရှိပါတယ်။ ဒါဟာ နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာပါ”

    အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အရှေ့အလယ်ပိုင်းမှာ ကြီးမားတဲ့တိုက်ခိုက်မှုကြီးဖြစ်ပြီး ဆီးရီးယားစစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက ဒမတ်စကတ်ကိုရောက်လာတဲ့ ဒုံးကျည်အများစုကို ပစ်ချနိုင်ခဲ့ပေမယ့် ရေဒါစခန်းတစ်ခုနဲ့ လက်နက်တိုက်တစ်ခုတို့ ပျက်ဆီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဆီးရီးယားမှာ အစ္စရေးက ဒီလိုတိုက်ခိုက်မှုတွေ လုပ်နေတဲ့အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ နှုတ်ဆိတ်မှုကို ကာစင်က ရှုတ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • သောကြာနေ့မနက် နိုင်ငံတကာ သတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာ သတင်းများ

    မေ ၁၁၊ ၂၀၁၈
    M-Media

    မလေးရှားအစိုးရသစ် စီးပွားရေးနှင့်ဘဏ္ဍာရေးကို အဓိကထားလုပ်မည်
    =============
    တိုင်းပြည်ရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေး တိုးတက်ကောင်းမွန်အောင် အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံပိုင် 1MDB ရန်ပုံငွေက ပျောက်နေတဲ့ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေ ပြန်ရအောင် ဆောင်ရွက်သွားမယ်လို့ မလေးရှားသမ္မတသစ် မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ဟောင်း မဟာသီဦးဆောင်တဲ့ အတိုက်အခံတွေဟာ အာဏာရပါတီကို အံ့ဖွယ်အနိုင်ရခဲ့ပြီး မနေ့မှာ မဟာသီက ၀န်ကြီးချုပ်သစ်အဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့၊ တိုင်းပြည်ရဲ့ အခြေခံဥပဒေနဲ့ ဥပဒေတွေကို ဆက်လက် လိုက်နာ ထိန်းသိမ်းသွားဖို့လည်း ကတိပြုခဲ့ပါတယ်။

    သြစတေးလျက အသက် ၁၀၄ နှစ်အရွယ်အဘိုးအို သေဆုံးခွင့်ရ
    =============
    အသက်အရွယ်ကြီးရင့်မှုကြောင့် လူ့လောကမှာ မနေလိုတဲ့ အသက် ၁၀၄ နှစ်အရွယ် သြစတေးလျနိုင်ငံသား သိပ္ပံပညာရှင် ဂွဒ်ဒေါလ်ဟာ ဆွစ်ဇာလန်က ဆေးခန်းတစ်ခုမှာ မနေ့က ထိုးဆေးနဲ့ အေးချမ်းစွာ အသက်ဇီဝိန် ချုပ်ငြိမ်းသွားပါတယ်။ ဘ၀အခြေအနေ ဆိုးရွားတဲ့အတွက် သေဆုံးခွင့်ရရေး ဂွဒ်ဒေါလ်ရဲ့ ကြိုးပမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေရဲ့ အာရုံစူးစိုက်မှုကိုလည်း ရရှိခဲ့ပါတယ်။ ဘေဆယ်မြို့က ဆေးခန်းတစ်ခုမှာ ဆေးထိုးပြီး အဆုံးမစီရင်ခင် ဂွဒ်ဒေါလ်ဟာ နောက်ဆုံးအနေနဲ့ သူကြိုက်နှစ်သက်တဲ့ အစားအသောက်ကို စားသောက်ကာ၊ သူနှစ်သက်တဲ့ ဘီသိုဘင် ဂီတကိုလည်း နားထောင်သွားခဲ့ပါတယ်။

    အီရန်အပေါ် အမေရိကန်က ပိတ်ဆို့မှုလုပ်
    ==================
    အီရန် တော်လှန်ရေးအစောင့်တပ်နဲ့ ပတ်သက်နေပြီး၊ အဲဒီအဖွဲ့ရဲ့ ဆိုးရွားတဲ့ လုပ်ငန်းတွေမှာ ငွေကြေး သန်းနဲ့ချီ ထောက်ပံ့ပေးတဲ့ လူပုဂ္ဂိုလ် ၆ ဦးနဲ့ ကုမ္ပဏီ ၃ ခုတို့ကို ပိတ်ဆို့မှုတွေလုပ်လိုက်တယ်လို့ အမေရိကန်က ကြေငြာခဲ့ပါတယ်။ ယူအေအီးနဲ့ ပူးပေါင်းပြီး ဒီလို ပိတ်ဆို့မှုတွေလုပ်ကာဖြစ်ကာ အီရန် ဗဟိုဘဏ်ကလည်း အစောင့်တပ်ကို ကူညီပေးနေတယ်လို့ ကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မူချင်က ပြောကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က အီရန်နဲ့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်က ကြေငြာပြီးနောက်ပိုင်း အခုလို ပထမဆုံး ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

    အီရန်-အစ္စရေး ထိပ်တိုက်တွေ့မှုကို ကမ္ဘာ့နိုင်ငံများ သတိပေး
    ==============
    ဆီးရီးယားနိုင်ငံအတွင်း အစ္စရေးက အကြီးစား ကျူးကျော်တိုက်ခိုက်မှုတစ်ခု မနေ့မှာ ပြုလုပ်ခဲ့ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှု မြင့်တက်လာတာနဲ့ပတ်သက်ပြီး ကုလ၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့က သတိပေးလိုက်ကာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ သူတို့သိမ်းထားတဲ့ ဆီးရီးယားပိုင် ဂိုလန်တောင်ကုန်းကို အီရန်တပ်ဖွဲ့တွေက ဒုံးကျည်ပစ်တယ်ဆိုပြီး အစ္စရေးက ဒီစစ်ဆင်ရေးကို ပြုလုပ်ခဲ့ကာ ဆီးရီးယားမှာရှိတဲ့ အီရန်ပစ်မှတ်တွေကို ချေမှုန်းခဲ့တာလို့ ဆိုပါတယ်။ အီရန်ကတော့ ဒီကိစ္စအတွက် ဘာမှ မထုတ်ပြန်ပါဘူး။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စကို ဆက်လက် သတိထားစောင့်ကြည့်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: CNA,BBC

  • အီရန်နျူသဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်မှုကို အင်အားကြီးနိုင်ငံများ ဝေဖန်

    အီရန်နျူသဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်မှုကို အင်အားကြီးနိုင်ငံများ ဝေဖန်

    မေ ၉၊ ၂၀၁၈
    M-Media

    – ၂၀၁၅ ခုနှစ်မှာ အီရန်နဲ့ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ အမေရိကန်က နှုတ်ထွက်သွားမှုအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ဝေဖန်လိုက်ပါတယ်။

    ဗီယင်နာမှာ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နဲ့ ဥရောပသမဂ္ဂတို့ပါဝင်ပြီး အီရန်နဲ့ ရရှိခဲ့တဲ့ ဒီသဘောတူညီချက် (JCPOA) မှာ အီရန်ဟာ သူတို့ရဲ့ ယူရေနီယံ သန့်စင်မှုလုပ်ငန်းကို နျူလက်နက် ထုတ်လုပ်နိုင်တဲ့အထိ မဆောင်ရွက်ဖို့နဲ့ အပြန်အလှန်အားဖြင့် နိုင်ငံတကာကပြုလုပ်ထားတဲ့ အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ သဘောတူခဲ့ကြတာပါ။

    နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ကလည်း အီရန်ဟာ သဘောတူညီချက်အတိုင်း ဆောင်ရွက်နေတယ်လို့ အကြိမ်ကြိမ် ပြောကြားထားပါတယ်။

    ထရမ့်က ဒီကိစ္စအတွက် ဆွေးနွေးညှိနှိုင်းမှု ပြန်မလုပ်ဘူးဆိုရင် သဘောတူညီချက်ကနေ နှုတ်ထွက်သွားမယ်လို့ မနေ့ကမိန့်ခွန်းမှာ ပြောကြားခဲ့ပြီး၊ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ညွှန်ကြားခဲ့ပါတယ်။

    ဒါပေမယ့် သဘောတူညီချက်မှာ ပါဝင်တဲ့ အခြားအင်အားကြီးနိုင်ငံတွေကတော့ ဒီသဘောတူညီချက်မှာ ဆက်ရှိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြင်သစ်

    ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်အတွက် ၀မ်းနည်းမိတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “JCPOA ကနေ နှုတ်ထွက်ဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အတွက် ပြင်သစ်၊ ဂျာမနီနဲ့ ယူကေတို့က ၀မ်းနည်းမိပါတယ်။ နျူကလီးယား မပြန့်ပွားရေးလုပ်ဆောင်တဲ့ အစိုးရဟာ အရှုံးဖက်ကို ဦးတည်နေပါပြီ။ နျူလုပ်ငန်း၊ ၂၀၂၅ လွန်ကာလ၊ ဒုံးကျည်လုပ်ငန်း၊ အရှေ့အလယ်ပိုင်း အထူးသဖြင့် ဆီးရီးယား၊ ယီမင်နဲ့ အီရတ်တို့ တည်ငြိမ်အေးချမ်းရေးတွေ အပါအ၀င် ပိုမိုကျယ်ပြန့်တဲ့ မူဘောင်အပေါ်မှာ ပူးပေါင်းဆောင်ရွက်သွားရပါမယ်”

    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က “သဘောတူညီချက်ဟာ မသေသေးဘဲ” သူနဲ့ ဥရောပက နိုင်ငံခြားရေးဝန်ကြီးတွေဟာ နောက်တစ်ပတ်မှာ အီရန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး JCPOA အနာဂတ်အကြောင်း ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူကေ

    နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က အမေရိကန်အနေနဲ့ သဘောတူညီချက်မှာ ဆက်မပါတော့အတွက် ၀မ်းနည်းမိတယ်လို့ ဆိုပါတယ်။

    “ယူကေဟာ JCPOA မှာ အခိုင်အမာ ဆက်ရှိနေသွားမှာဖြစ်ပြီး၊ ဒီသဘောတူညီချက် ဆက်လက်တည်မြဲနေဖို့အတွက် ဥရောပအင်အားကြီး ၃ နိုင်ငံ၊ အခြားပါဝင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

    ဂျာမနီ

    ဂျာမနီကလည်း သူတို့အနေနဲ့ သဘောတူညီချက်အတိုင်း ဆက်ရှိနေမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီကိုမက်စ်က “သဘောတူညီချက်ဟာ ကမ္ဘာကြီးကို ပိုပြီး ဘေးကင်းစေကြောင်း၊ သဘောတူညီချက်ကနေထွက်ဖို့ ခိုင်လုံတဲ့ အကြောင်းတရား မတွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    ဥရောပသမဂ္ဂ

    ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးအကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီက အီရန်နဲ့ နျူသဘောတူညီချက်ကို ထိန်းသိမ်းဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    “နျူသဘောတူညီချက် ပြည့်ပြည့်၀၀၊ ထိထိရောက်ရောက် ဆက်လက်အကောင်အထည်ဖော်နိုင်ရေး အီးယူဟာ ဆက်လက်ဆောင်ရွက်သွားမှာပါ။ အီရန်ဟာ သဘောတူညီချက်ပါအတိုင်း အပြည့်အ၀ လိုက်နာဆောင်ရွက်နေတယ်ဆိုတဲ့ အစီရင်ခံစာ ၁၀ ခုကို နိုင်ငံတကာ အနုမြူအေဂျင်စီက ထုတ်ပြန်ထားပြီး ဒီအဖွဲ့ရဲ့ ဆောင်ရွက်မှု၊ လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်စွမ်းတွေကို ကျွန်မတို့ အပြည့်အ၀ ယုံကြည်ပါတယ်”

    ဖက်ဒရီကာက နျူကလီးယားနဲ့ ဆက်စပ်တဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားရေးဟာ သဘောတူညီချက်ရဲ့ အရေးပါတဲ့အပိုင်းဖြစ်ပြီး၊ ဒီလို ဖယ်ရှားပေးလိုက်ခြင်းအားဖြင့် ကုန်သွယ်မှု၊ အီရန်နဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေ အပြုသဘောဆောင်လာတာသာမက အီရန်ပြည်သူပါ အကျိုးကျေးဇူးခံစားရမယ်လို့ အီးယူက အကြိမ်ကြိမ် အလေးထား ပြောကြားခဲ့ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရုတ်

    JCPOA မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ တရုတ်နိုင်ငံကလည်း သူတို့အနေနဲ့ သဘောတူညီချက်အတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ်သံအမတ် ဂုန်ရှောင်ရှန်းက ဒီသဘောတူညီချက်ဟာ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေတယ်လို့ အီရန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “သဘောတူညီချက်တစ်ခု ရှိထားတာဟာ ဘာသဘောတူညီချက်မှ မရှိတာထက် ပိုကောင်းပါတယ်။ ညှိနှိုင်းဆွေးနွေးမှုဟာ ထိပ်တိုက်တွေ့ဆုံမှုထက် ပိုကောင်းပါတယ်”

    ရုရှား

    နျူသဘောတူညီချက်မှာ လက်မှတ်ထိုးထားတဲ့ ရုရှားက အမေရိကန် နှုတ်ထွက်သွားပေမယ့် စာချုပ် အထမြောက်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှားအထက်လွှတ်တော် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကော်မတီ ဒုတိယအကြီးအကဲ ယက်ဗ်ဂျီနီ ဆရီဘရန်နီကော့ဗ်က ထရမ့်ရဲ့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ မြောက်ကိုရီယားတို့ရဲ့ နျူအရေးဆွေးနွေးမှုကို ထိခိုက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    အီရန်

    သမ္မတ ဟာဆန်ရူဟာနီက သဘောတူညီချက်မှာ ပါဝင်ထားတဲ့ အခြားနိုင်ငံတွေနဲ့ လာမယ့်သီတင်းပတ်တွေအတွင်း ဆွေးနွေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို အမိန့်ပေးထားပြီး ဒီဆွေးနွေးမှု မအောင်မြင်ဘူးဆိုရင် ယူရေနီယံသန့်စင်မှုလုပ်ငန်းကို ပြန်လည်စတင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၉၊ ၂၀၁၈
    M-Media

    ကွန်ဂိုတွင် အီဘိုလာဖြစ်ပွား

    နျူသဘောတူညီချက်အတွက် အခြားနိုင်ငံများနှင့် အီရန်ညှိနှိုင်းမည်
    =============
    အမေရိကန်အနေနဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်တာဟာ လုံးဝ လက်ခံနိုင်စရာမဟုတ်ဘူးလို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။ ထရမ့်က သူတို့အနေနဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်မယ်လို့ မနေ့က ကြေငြာခဲ့တာပါ။ ရူဟာနီက အမေရိကန်ဟာ နိုင်ငံတကာ သဘောတူညီချက်တစ်ခုရဲ့ ကတိက၀တ်တွေကို ပျက်ဆီးစေလိုက်တာဖြစ်ပြီး သဘောတူညီချက်မှာ ပါဝင်မယ့် အခြားသော နိုင်ငံတွေနဲ့ ညှိနှိုင်းမှုပြုလုပ်ကာ စာချုပ်ကို ဆက်လက်ထားရှိသွားမယ်လို့ ဆိုပါတယ်။

    မလေးရှားရွေးကောက်ပွဲ မဲပေးမှုတွင် လူ ၂ ဦး လဲကျသေဆုံး
    ============
    ဒီကနေ့မနက်ပိုင်းမှာ စတင်ခဲ့တဲ့ မလေးရှားရဲ့ အထွေထွေရွေးကောက်ပွဲ မဲပေးမှုအတွင်း မဲပေးဖို့ တန်းစီနေချိန် လူ ၂ ဦး လဲကျသေဆုံးခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း တရန်ဂါနူပြည်နယ်မှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးနဲ့ ဆီလန်ဂေါပြည်နယ်မှာ အသက် ၇၈ အရွယ် အမျိုးသားတစ်ဦး တို့ဖြစ်ပါတယ်။ အဲဒီအမျိုးသားဟာ လောရ် ဗွန်ချိုဆိုသူဖြစ်ပြီး ဇနီးဖြစ်သူကတော့ သူ့မှာ နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ ဆီးချိုရောဂါတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် တရုတ်သမ္မတနှင့် ဒုတိယအကြိမ် တွေ့ဆုံ
    =================
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ မနေ့ကတွေ့ဆုံခဲ့ပြီး ဒါဟာ ၆ ပတ်အတွင်း ခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ကင်က ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်ရေး သူ့ရဲ့ဆောင်ရွက်လိုမှုကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ရှီကလည်း တွေ့ဆုံမှုအပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖုန်းခေါ်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။

    ကွန်ဂိုတွင် အီဘိုလာရောဂါ တစ်ကျော့ပြန်ဖြစ်ပွား
    ==============
    အာဖရိကအလယ်ပိုင်း ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် တစ်ကျော့ပြန် ပြန့်နှံ့ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၁၇ ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၅ ပတ်အတွင်းမှာ ကူးစက် ပြန့်နှံ့ခဲ့တာဖြစ်ပြီး ဒါကို ထိန်းသိမ်းဖို့အတွက် လေ့ကျင့်သားပြည့်ဝနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရောဂြါ
    ဖစ်ပွားတဲ့ ဒေသတွေဆီ ပို့ဆောင်ထားတယ်လို့လည်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခနှစ်အတွင်း အနောက်အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါ ပြန့်နှံ့ဖြစ်ပွားမှုကြောင့် လူပေါင်း ၁၁၃၀၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera, CNA