Tag: Iran
-
အာရပ်နေတိုးအဖွဲ့ ဖွဲ့စည်းကာ ဆွန်နီနှင့် ရှီအာကို တိုက်ပေးရန် အမေရိကန် စီစဉ်
ဇူလိုင် ၂၈၊ ၂၀၁၈M-Media– အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အီရန်ရဲ့ သြဇာချဲ့ထွင်မှုကို တန်ပြန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စွန်နီနိုင်ငံ ၈ နိုင်ငံပေါင်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး မာဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ အမေရိကန်က စီစဉ်နေပါတယ်။ပင်လယ်ကွေ့ ၆ နိုင်ငံနဲ့ အီဂျစ်၊ ဂျော်ဒန်တို့ ပါဝင်မယ့် အဲဒီအဖွဲ့ကို ‘အရှေ့အလယ်ပိုင်း မဟာဗျူဟာ မဟာမိတ်အဖွဲ့ (MESA)’ လို့ အမည်ပေးထားပြီး အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၀ါရှင်တန်မှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမှာ ဒီအကြောင်း ဆွေးနွေးဖို့ ရှိနေပါတယ်။အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းက တာဝန်ရှိသူတွေကတော့ ဒီအဖွဲ့ကို ‘အာရပ်နေတိုး’ လို့ ခေါ်ဝေါ်သုံးနှုန်းနေကြပါတယ်။အိမ်ဖြူတော်ကလည်း ဒီသတင်းကို အတည်ပြုခဲ့ပြီး ဒီကိစ္စအတွက် အရှေ့အလယ်ပိုင်းက မိတ်ဖက်တွေနဲ့ ဆွေးနွေးနေတာ လချီနေပြီလို့ ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆော်ဒီကိုလာရောက်စဉ်မှာ ဆော်ဒီတာဝန်ရှိသူတွေက အိုက်ဒီယာပေးခဲ့တာ ဖြစ်ပါတယ်။အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကာင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MESA ဟာ အီရန်ရဲ့ ရန်လိုမှု၊ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒကို ကာကွယ်ဖို့ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းမှာ တည်ငြိမ်မှုကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။အရှေ့အလယ်ပိုင်းမှာ အာရပ်နိုင်ငံတွေကို စစ်ရေးမဟာမိတ်ဖွဲ့ပေးရေး အမေရိကန်ဟာ အရင်က ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။သမ္မတထရမ့် တက်လာကတည်းက အမေရိကန်နဲ့ အီရန်အကြား ဆက်ဆံရေးဟာ တင်းမာလာခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နှစ်နိုင်ငံခါင်းဆောင်တွေ အပြန်အလှန် ပုတ်ခတ်ပြောဆိုခဲ့ကြပါတယ်။Ref: Aljazeera -
သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
ဇူလိုင် ၂၇၊ ၂၀၁၈
M-Mediaဂျပန်တွင် ယခုလအစောပိုင်း ရေကြီးမှု ရေကြီးခဲ့သည့် ဂျပန်အနောက်ပိုင်းကို တိုင်ဖုန်းမုန်တိုင်း ၀င်မည်
=============
အခုလအစောပိုင်းမှာ ရေကြီးမှု၊ မြေပြိုမှုတွေဖြစ်ခဲ့ပြီး လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်း ဒေသကို အားကောင်းတဲ့ တိုင်ဖုန်းမုန်တိုင်းတစ်ခု ဦးတည်နေတယ်လို့ ဂျပန်အာဏာပိုင်တွေက ဒီကနေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဂျွန်ဒါရီလို့ခေါ်တဲ့ အဲဒီတိုင်ဖုန်းမုန်တိုင်းဟာ စနေနေ့ညမှာ ဂျပန်ကျွန်းမကြီးကို ၀င်ရောက်ဖို့ရှိနေပြီး မိုးသည်ထန်စွာရွာသွန်းမှု၊ မြေပြိုမှု၊ လေပြင်းတိုက်ခတ်မှု၊ လှိုင်းကြီးမှုတွေ ဖြစ်ပေါ်နိုင်ပြီး ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေပါတယ်။အီရန် ထိပ်တန်းဗိုလ်ချုပ်က အမရိကန်ကို ခြိမ်းခြောက်
=========
အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့ Quds Forces အကြီးအကဲ ဗိုလ်ချုပ် ကာစင် ဆူလေမာနီက အမေရိကန်အနေနဲ့ စစ်ပွဲစမယ်ဆိုရင် အီရန်က အဆုံးသတ်ပေးမယ်လို့ မနေ့က ခြိမ်းခြောက်လိုက်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ အီရန်နဲ့ အမေရိကန်ခေါင်းဆောင်တွေဟာ အပြန်အလှန် ပုတ်ခတ်နေကြတာပါ။ အီရန်သမ္မတ ရူဟာနီက အမေရိကန်ဟာ အီရန်ကို စစ်တိုက်လာမယ်ဆိုရင် အဆုံးမသတ်နိုင်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာမယ်လို့ သတိပေးခဲ့ပြီး အမေရိကန်သမ္မတထရမ့်ကလည်း အမေရိကန်အပေါ် ခြိမ်းခြောက်လို့မရဘူးလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ကိုရီးယားနှစ်နိုင်ငံ ဗိုလ်ချုပ်အဆင့် စစ်ရေးဆွေးနွေးမည်
================
တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ လာမယ့်တစ်ပတ် အင်္ဂါနေ့မှာ စစ်ရေးဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ တောင်ကိုရီးယားသတင်းဌာန Yonhap က ဒီကနေ့မှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်အဆင့် အဲဒီဆွေးနွေးမှုကို နှစ်နိုင်ငံနယ်ခြား အပစ်ရပ်ရေးဇုန်မှာရှိတဲ့ ပန်မွန်ဂျွန်းရွာမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ ဇွန်လကတည်း စစ်ရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ဟူသီသူပုန်များက ယူအေအီးလေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်
===============
ယီမင်က ဟူသီသူပုန်တွေက သူတို့ဟာ အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီက နိုင်ငံတကာလေဆိပ်ကို မနေ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ထိခိုက်မှုကို အသေးစိတ် မသိရှိရသေးပါဘူး။ အဘူဒါဘီလေဆိပ်ကတော့ ပို့ဆောင်ရေးယာဉ်တစ်ခု ထိခိုက်မှုရှိတယ်လို့ မနေ့က Twitter စာမျက်နှာ ရေးသားခဲ့ပြီး ဟူသီတို့ရဲ့ တိုက်ခိုက်မှုကြောင့် ဒီလိုဖြစ်လားဆိုတာ တိတိကျကျမသိရှိရသေးပါဘူး။ ဟူသီတို့ဟာ ဆော်ဒီကို ဒုံးကျည်တွေနဲ့ မကြာမကြာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး အခုနောက်ပိုင်း ယူအေအီးကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။Ref: Aljazeera, CNA
-
အမေရိကန်နှင့် အီရန်ခေါင်းဆောင်များ အပြန်အလှန်ပုတ်ခတ်ပြောဆိုပြီး တင်းမာမှုမြင့်တက်
ဇူလိုင် ၂၃၊ ၂၀၁၈
M-Media– ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်ခေါင်းဆောင်တွေက အမေရိကန်အပေါ် ဝေဖန်ပြောဆိုမှုနောက်ပိုင်းမှာ အမေရိကန်နဲ့ အီရန်ခေါင်းဆောင်တွေအကြား အပြန်အလှန် ပုတ်ခတ်ပြောဆိုမှုတွေ မြင့်တက်လာပါတယ်။
အီရန်သမ္မတ ရူဟာနီက အမေရိကန်အနေနဲ့ အီရန်ကို စစ်တိုက်မယ်ဆိုရင် အမှားကြီးမှားမှာဖြစ်ပြီး မရေမတွက်နိုင်တဲ့ စစ်ပွဲများစွာ ဖြစ်သွားမယ်လို့ မနေ့က အီရန်သံတမန်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ထရမ့်က အဲဒီစကားကို မနေ့ညပိုင်းမှာ Twitter စာမျက်နှာကနေ တုန့်ပြန်ခဲ့ပါတယ်။
“အမေရိကန်ကို ဘယ်တော့မှ မခြိမ်းခြောက်ပါနဲ့။ သမိုင်းမှာ ဘယ်သူမှ မခံစားရဖူးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ကြုံတွေ့သွားရလိမ့်မယ်။ ကျုပ်တို့ဟာ ခင်ဗျားတို့ရဲ့ အကြမ်းဖက်ဖို့၊ သတ်ဖြတ်ဖို့ စကားတွေကို ငြိမ်ခံနေမယ့်တိုင်းပြည်မျိုး မဟုတ်တော့ဘူး။ သတိထားနေပါ”
၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်က မေလ ၈ ရက်နေ့မှာ ကြေငြာပြီးနောက်ပိုင်း အီရန်နဲ့ အမေရိကန်အကြား တင်းမာမှု မြင့်တက်လာတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွပ်ပီယိုနဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန် ဘောလ်တန်တို့ဟာ အဲဒီကတည်းက အီရန်အပါ် ရန်လိုတဲ့စကားတွေ ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။
မနေ့က ကယ်လီဖိုးနီးယားပြည်နယ် ဆီမီးဗာလီမှာ အမေရိကန်-အီရန် လူ့အဖွဲ့အစည်းနဲ့ တွေနဲ့ တွေ့ဆုံစဉ်အတွင်း ပွမ်ပီယိုက အီရန်အာသာရေးခေါင်းဆောင်တွေဟာ ကြောင်သူတော်တွေဖြစ်ကြောင်း၊ ပြည်သူ့ပိုက်ဆံတွေကို အိတ်ထဲထည့်နေကြောင်း ဝေဖန်ခဲ့ပါတယ်။
အီရန်ပြည်သူတွေသာ တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့ ဆုံးဖြတ်မယ်ဆိုရင် အမေရိကန်က ပံ့ပိုးပေးမယ်လို့လည်း ပွမ်ပီယိုက ပြောကြားခဲ့ပါတယ်။
စနေနေ့မှာ အီရန်အဓိပတိ အယာတိုလာခါမေနီက အမေရိကန်ကို ယုံစားမိတာ မှားသွားကြောင်း၊ အမေရိကန်ရဲ့ ကတိက၀တ်တွေက အသုံးမ၀င်တော့ကြောင်း ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
-
တနင်္လာနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ
ဇူလိုင် ၂၃၊ ၂၀၁၈
M-Mediaအီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ကဘူးလ်လေဆိပ်တွင် အသေခံဗုံးခွဲမှုဖြစ်
================
နိုင်ငံခြားမှာခိုလှုံနေတဲ့ အာဖဂန်နစ္စတန်ဒုတိယသမ္မတ ရာရှစ် ဒို့စ်တန် မနေ့က ကဘူးလ်လေဆိပ်ကနေ ထွက်ခွာပြီး မိနစ်ပိုင်းအကြာမှာပဲ လေဆိပ်အဓိက၀င်ပေါက်အနီးမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ဒို့စ်တန်ကို လာရောက်ဝန်းရံသူတွေနားမှာ ပေါက်ကွဲမှု ဖြစ်တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တစ်ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ ဒို့စ်တန်ဟာ အာဖဂန်မှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ
တော်တော်များများ လုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေလည်း ရှိပါတယ်။ပြည်သူများအား မတရားဖမ်းနိုင်မည့် ဥပဒေကို မလေးရှား ပယ်ဖျက်မည်
===================
ဝန်ကြီးချုပ် နာဂျစ်လက်ထက်က ပြဌာန်းခဲ့ပြီး လူတွေကို တရားစွဲဆိုခြင်းမပြုဘဲ အချိန်ကြာကြာ ဖမ်းဆီးထိန်းသိမ်းထားနိုင်တဲ့ Security Offences (Special Measures) Act 2012 (SOSMA) ဥပဒေကို ပယ်ဖျက်သွားမယ်လို့ ၀န်ကြီးချုပ်နာဂျစ်ရာဇတ်က ပြောကြားလိုက်ပါတယ်။ နာဂျစ်လက်ထက် အဲဒီဥပဒေပြဌာန်းမှုကို ပြည်တွင်းပြည်ပက ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြပါတယ်။ မဟာသီက သူတို့အစိုးရဟာ ပြည်သူတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေနဲ့သာ တရားဥပဒေစိုးမိုးမှုကို ဖော်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ဗီယက်နမ်ရေကြီးမှု သေဆုံးသူ ၁၉ ဦးအထိရှိလာ
=================
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၉ ဦးအထိရှိလာပြီလို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ နှစ်စဉ်လိုလို မုန်တိုင်းတွေ၊ မိုးကြီးမှုတွေနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။ လတ်တလောအဖြစ်အပျက်ကြောင့် သေဆုံးသူတွေဟာ မြင့်တက်လာနိုင်ပြီး အာဏာပိုင်တွေကလည်း တစ်ချို့နေရာတွေမှာ ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့ သတိပေးထားပါ
တယ်။အကြမ်းဖက်ထောက်ပံ့သူများကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မည်ဟု အီရန်ပြော
==================
အကြမ်းဖက်သမားတွေကို ထောက်ပံ့တဲ့ ဘယ်သူမဆို မိမိတို့တပ်ဖွဲ့ရဲ့ ပြင်းထန်တဲ့ လက်တုန့်ပြန်မှုကို ခံရလိမ့်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဗိုလ်မှူးချုပ် ရာမဇန်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း အီရတ်နဲ့ကပ်နေတဲ့နယ်စပ်မှာ သေနတ်သမားတွေရဲ့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်က တပ်သား အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပြီး တော်တော်များများ ဒဏ်ရာရခဲ့ပါတယ်။ ရာမီဇန်က နိုင်ငံအတွင်း ၀င်ရောက်ဖို့ ကြိုးစားလာတဲ့ အကြမ်းဖက်သမားတွေကို အီရန်နယ်ခြားစောင့်တပ်ဖွဲ့တွေ၊ ပြည်သူတွေရဲ့ အကူအညီနဲ့ ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။Ref : Aljazeera, CNA, Press TV
-
မိမိတို့ကိုစစ်တိုက်လျှင် နောင်တရမည်ဟု အမေရိကန်ကို အီရန် သတိပေး
ဇူလိုင် ၂၂၊ ၂၀၁၈
M-Mediaအီရန်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်း – အီရန်ကို စစ်လာတိုက်မယ်ဆိုရင် နောင်တအကြီးအကျယ် ရလိမ့်မယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက အမေရိကန်ကို သတိပေးလိုက်ပါတယ်။
“ကျားမြီးကို လာမဆွဲပါနဲ့။ နောင်တဆိုတာ နောင်မှရတာမျိုးပါ။ အီရန်နဲ့ ငြိမ်ချမ်းရေးဟာ ငြိမ်းချမ်းရေးအားလုံးရဲ့ မိခင်ဖြစ်ပြီး၊ အီရန်နဲ့စစ်ပွဲဟာ စစ်ပွဲအားလုံးရဲ့မိခင် ဖြစ်လာမယ်ဆိုတာ အမေရိကန်က နားလည်ထားဖို့ လိုပါတယ်” လို့ ရူဟာနီက ဒီကနေ့ အီရန်သံအမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
အီရန်ဟာ အမေရိကန်ဆီက ထပ်လာမယ့် ခြိမ်းခြောက်တွေကို စည်းစည်းလုံးလုံး ရင်ဆိုင်သွားမှာဖြစ်ပြီး၊ အမေရိကန်အပေါ် အီရန်က သေချာပေါက်အနိုင်ရလိမ့်မယ်လို့လည်း ရူဟာနီက ဆိုပါတယ်။
၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်ရဲ့ မေလအတွင်း ကြေငြာမှုနောက်ပိုင်း အီရန်နဲ့ အမေရိကန်တို့ရဲ့ တင်းမာမှုတွေဟာ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
အီရန်အဓိပတိ အယာတိုလာ ခါမေနီကလည်း အမေရိကန်ကို ယုံစားမိတာ မှားယွင်းကြောင်း၊ အမေရိကန်နဲ့ဆွေးနွေးမှုဟာ အလုပ်မဖြစ်တော့ကြောင့် စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
Ref: RT