News @ M-Media

Tag: Iran

  • နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားနှင့် အပေးအယူမလုပ်ဟု အီရန်အဓိပတိပြော

    နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားနှင့် အပေးအယူမလုပ်ဟု အီရန်အဓိပတိပြော

    အောက်တိုဘာ ၂၆၊ ၂၀၁၇
    M-Media

    ဗိုလ်လောင်းသင်တန်းဆင်းအခမ်းအနားတွင် တွေ့ရသည့် ခါမေနီ

    – အီရန်နိုင်ငံ၏ ကာကွယ်ရေးအင်အားမှာ ညှိနှိုင်းဆွေးနွေးရန်မဟုတ်ဘဲ ရန်သူများက အီရန်ကို အင်အားနည်းအောင် ကြိုးပမ်းနေသော်လည်း နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို တောင့်တင်းခိုင်မာအောင် ပြုလုပ်သွားမည်ဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ပြောကြားလိုက်သည်။

    ယမန်နေ့ အီရန်ဗိုလ်လောင်များ သင်တန်းဆင်းအခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်၏ ဒေသတွင်း လွှမ်းမိုးမှုအပေါ် အင်အားကြီးနိုင်ငံများက မနှစ်မြို့ကြောင်း ထောက်ပြခဲ့ကာ၊ ရန်သူနိုင်ငံများက အီရန်၏ အင်အားကို အနှောင့်အယှက်တစ်ခုအဖြစ် မြင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “တိုင်းပြည်ရဲ့ ကာကွယ်ရေးကိစ္စတွေနဲ့ စွမ်းအားတွေဟာ ဆွေးနွေးညှိနှိုင်းဖို့နဲ့ အပေးအယူလုပ်ဖို့ မဟုတ်ဘူးဆိုတာကို ကျွန်တော့်အနေနဲ့ ထပ်ပြီး ကြေငြာလိုပါတယ်။ ကာကွယ်ရေးပစ္စည်းတွေ၊ တိုင်းပြည်ရဲ့စွမ်းအားကို အထောက်အကူပေးထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ဟာ ရန်သူတွေနဲ့ ဘယ်လိုအပေးအယူမျိုးမှ လုပ်မှာမဟုတ်သလို အရင်ကထက်ပိုပြီး တောင့်တင်းတဲ့ စွမ်းအားမျိုး ရရှိနိုင်တဲ့ လမ်းကြောင်းကို ဆက်သွားမှာဖြစ်ပါတယ်”

    ထို့ပြင် ရန်သူများမှာ ဒေသတွင်းနှင့် ဒေသပြင်ပရှိ နိုင်ငံများအကြား အီရန်၏ သြဇာကို ဆန့်ကျင်နေကြကြောင်း၊ ထိုအရာများကို တွန်းလှန်ရန်အတွက် တိုင်းပြည်၏ အင်အားအပေါ် အားကိုးရန်လိုကြောင်း ခါမေနီက ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ်က အင်အားကြီး ၆ နိုင်ငံနှင့် ချုပ်ဆိုခဲ့သည့် အီရန်၏ နျူသဘောတူစာချုပ်ကို ဖျက်သိမ်းနိုင်ရန် ဒေါ်နယ်ထရမ့်က ကြိုးစားလာမှုကြောင့် အီရန်နှင့် အမေရိကန်အကြား တင်းမာမှုများ ထပ်မံမြင့်တက်လာခဲ့သည်။ ဥရောပသမဂ္ဂအပါအ၀င် သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသည့် အခြားအင်အားကြီးနိုင်ငံများက မိမိတို့အနေဖြင့် စာချုပ်ကတိက၀တ်အတိုင်း ဆက်ရှိသွားမည်ဟု ပြောကြားထားသည်။

    Ref : Press TV

  • နိုင်ငံ၏ကာကွယ်ရေးအစီအမံကို မည်သည့်နိုင်ငံကမှ ကန့်သတ်ခွင့်မရှိဟု အီရန်ပြော

    နိုင်ငံ၏ကာကွယ်ရေးအစီအမံကို မည်သည့်နိုင်ငံကမှ ကန့်သတ်ခွင့်မရှိဟု အီရန်ပြော

    အောက်တိုဘာ ၂၂၊ ၂၀၁၇
    M-Media

    အီရန်၏ ဒုံးကျည်စမ်းသပ်မှုတစ်ခု

    – ကမ္ဘာ့နိုင်ငံများ၏ ဒုံးကျည်စွမ်းအားကို ကန့်သတ်ထားသည့် မည်သည့် နိုင်ငံတကာ သဘောတူညီချက်မျှ မရှိဘဲ ဤသို့ကန့်သတ်ချက်မျိုးကိုလည်း အီရန်က လက်ခံမည်မဟုတ်ဟု အီရန် စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

    အီရန်စစ်တပ်မှ ဗိုလ်မှူးချုပ် Massoud Jazayeri က ယမန်နေ့တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အနောက်နိုင်ငံများက ခြိမ်းခြောက်မှုရှိနေသော်လည်း အီရန်၏ ကာကွယ်ရေးစွမ်းအားနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသွားမည်မဟုတ်ဟု ဆိုသည်။

    ထို့ပြင် မိမိတို့၏ ကာကွယ်ရေးစွမ်းအားကို ထိပါးလာပါက စည်းကျော်ခြင်းသာ ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းတွင် အမေရိကန်စစ်တပ်များ၏ တာဝန်မှာ ၀ါရှင်တန်က ဆောင်ရွက်နေသည့် တစ်ဆင့်ခံ ရန်တိုက်ပေးမှုအတွက်သာ ဖြစ်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    အီရန်က ၎င်း၏ စစ်အင်အားမှာ ကာကွယ်ရေးအတွက်သာဖြစ်ပြီး မည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်လိုခြင်း မရှိကြောင်း ထပ်ခါတလဲလဲ ပြောဆိုထားသည်။ သို့သော်လည်း တစ်ဖက်က ကျူးကျော်တိုက်ခိုက်လာလျှင် တန်ပြန်တိုက်ခိုက်သွားမည်ဟုလည်း သတိပေးထားသည်။

    အီရန်၏ ဒုံးကျည်များ ထုတ်လုပ်နေမှုအပေါ် ပိတ်ဆို့မှုပြုလုပ်ရန်အတွက် အမေရိကန်မှာ အကြိမ်ကြိမ် ပြောကြားထားမှုများ ရှိနေပြီး၊ ဒုံးကျည်များ စမ်းသပ်မှုမှာ ကုလဆုံးဖြတ်ချက် ၂၂၃၁ (၂၀၁၅) ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

    အဆိုပါ ဆုံးဖြတ်ချက်မှာ အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူသဘောတူညီချက်ကို ထောက်ခံမှုဖြစ်ပြီး အီရန်၏ ဒုံးကျည်အစီအစဉ်အား တားမြစ်မှု မပါဝင်ပေ။ ထို့ကြောင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ ပါဝင်သည့် ပိတ်ဆို့မှုများကို အမေရိကန်က မပြုလုပ်နိုင်ဘဲ ၎င်းတစ်ဦးတည်း ပိတ်ဆို့မှုများသာ ပြုလုပ်ထားသည်။

    Ref : Presstv

  • အမေရိကန်က နျူစာချုပ်ကို လက်မခံလျှင် မိမိတို့လည်း စာချုပ်မှထွက်မည်ဟု အီရန်ပြော

    အမေရိကန်က နျူစာချုပ်ကို လက်မခံလျှင် မိမိတို့လည်း စာချုပ်မှထွက်မည်ဟု အီရန်ပြော

    အောက်တိုဘာ ၁၉၊ ၂၀၁၇
    M-Media

    အီရန်အဓိပတ အယာတိုလာ ခါမေနီ

    – ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် ချုပ်ဆိုထားသည့် နျူသဘောတူညီချက်တွင် ပါဝင်သူတစ်ဦးဦးက လက်မခံပါက ထိုသဘောတူညီချက်မှ ထွက်မည်ဟု အီရန်အဓိပတိ အာယာတိုလာ ဆိုင်ယဒ် အလီခါမေနီက သတိပေးလိုက်သည်။

    ဗုဒ္ဓဟူးနေ့က တီဟီရန်မြို့၌ အီရန် ထိပ်တန်းပညာရှုင်အဖွဲ့နှင် တွေ့ဆုံရာတွင် ခါမေနီက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီ အီရန်က သဘောတူစာချုပ်အတိုင်း လိုက်နာသည်ကို လက်မခံသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြစ်တင်ရှုတ်ချခဲ့သည့် ဥရောပနိုင်ငံများ၏ ရပ်တည်ချက်ကို ကြိုဆိုကြောင်း ထည့်သွင်း ပြောဆို
    ခဲ့သည်။

    “ထရမ့်အနေနဲ့ JCPOA (နျူသဘောတူစာချုပ်) ကို ပျက်စီးရာပျက်စီးကြောင်း မလုပ်သင့်ဘူးလို့ ဥရောပသမဂ္ဂက ဒီထက်ပိုပြီး ပြောသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ JCPOA ဟာ သူတို့အကျိုးစီးပွားအတွက်ပါပဲ၊ တစ်ခြား ပါဝင်သူတွေက JCPOA ကို မဖျက်သ၍ ကျွန်တော်တို့ဘက်ကလည်း ဖျက်ဖို့ မရှိပါဘူး”

    အီရန်မှာ အဆိုပါစာချုပ်အတိုင်း လိုက်နာဆောင်ရွက်နေသည်ဟု နိုင်ငံတကာ နျူစွမ်းအင်အေဂျင်စီ (IAEA) က ထပ်တလဲလဲ ပြောကြားထားသော်လည်း ထရမ့်က အီရန်မှာ စာချုပ်၏ရည်ရွယ်ချက်ကို မလိုက်နာဟု ပြီးခဲ့သည့်တစ်ပတ်တွင် စွပ်စွဲခဲ့သည်။

    ခါမေနီက နျူစာချုပ်နှင့် ပတ်သက်၍ ၀ါရှင်တန်၏ ခြိမ်းခြောက်မှုအပေါ် ဥရောပသမဂ္ဂအနေဖြင့် လက်တွေ့ကျကျဆောင်ရွက်သင့်ကြောင်း၊ အီရန်နိုင်ငံ၏ ဒေသတွင်း အခန်းကဏ္ဍနှင့် တိုင်းပြည်ကာကွယ်ရေးအစီအစဉ်အား အမေရိကန်၏ ကန့်ကွက်မှုတွင် ဥရောပအနေဖြင့် မပါဝင်ဟု ငြင်းဆိုသင့်ကြောင်း ပြောကြားခဲ့သည်။

    Ref : Press TV

  • အီရန်၏ နျူစာချုပ်အတိုင်း ဂျာမနီနှင့် ဗြိတိန်တို့ ဆက်လက်ရပ်တည်မည်

    အီရန်၏ နျူစာချုပ်အတိုင်း ဂျာမနီနှင့် ဗြိတိန်တို့ ဆက်လက်ရပ်တည်မည်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်

    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူသဘောတူညီချက်အပေါ် အမေရိကန်က အတည်ပြုရန် ငြင်းဆန်သော်လည်း မိမိတို့အနေဖြင့် သဘောတူညီချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ဗြိတိန်နှင့် ဂျာမနီတို့က ပြောကြားလိုက်သည်။

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်တို့ ယမန်နေ့တွင် ဖုန်းဖြင့် ဆွေးနွေးပြီး နောက်ပိုင်း ယခုကဲ့သို့ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

    “ယူကေနဲ့ ဂျာမနီတို့အနေနဲ့ အဲ့ဒီစာချုပ်အတိုင်း ခိုင်မာစွာဆက်လက်ရပ်တည်သွားမယ်လို့ သဘောတူခဲ့ကြပါတယ်။ သူတို့ (နှစ်နိုင်ငံ)အနေနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေမှာ အီရန်ပါဝင်နေမှုကို ဖိအားပေးဖို့၊ ဒုံးကျည်စီမံကိန်းနဲ့ပက်သက်ပြီး စိုးရိမ်မှုတွေကို ဖြေရှင်းရေး နည်းလမ်းရှာဖွေပေးဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သဘောတူခဲ့ကြပါတယ်” ဟု ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးမှုနှင့်ပတ်သက်​၍ ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်မှာ ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သည့် အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ချက်ကို ချိုးဖောက်သည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောဆိုခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုပြုလုပ်ရန်နှင့် စာချုပ်ဖျက်သိမ်းရန် ကြိုးစားလာခဲ့သည်။

    စာချုပ်တွင် ပါဝင်ထားသည့် ဥရောပသမဂ္ဂက ထရမ့်အနေဖြင့် ထိုစာချုပ်ကို ဖျက်သိမ်းနိုင်သည့် ပါဝါမျိုးမရှိဟု တုန့်ပြန်ထားသည်။

    Ref : Reuters

  • အီရန်နျူသဘောတူညီချက်အား ဖျက်ပိုင်ခွင့် ထရမ့်တွင်မရှိဟု အီးယူအကြီးအကဲ ပြော

    အီရန်နျူသဘောတူညီချက်အား ဖျက်ပိုင်ခွင့် ထရမ့်တွင်မရှိဟု အီးယူအကြီးအကဲ ပြော

    အာက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ချုပ်ဆိုထားသည့် နျူသဘောတူညီချက်ကို ဖျက်သိမ်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တွင် ပါဝါမရှိဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး ဖက်ဒရီကာ မိုဂ်ဟီရီနီက ပြာကြားလိုက်သည်။

    ၂၀၁၅ ခုနှစ်က ရရှိခဲ့သည့် အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ချက်ကို အီရန်က အပြည့်အ၀လိုက်နာခြင်း မရှိကြောင်း၊ စာချုပ်ဖျက်သိမ်းရန် လွှတ်တော်တွင် ကြိုးစားသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပြီး မိနစ်ပိုင်းအကြာတွင် မိုဂ်ဟီရီနီက ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်မတို့လို နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အတည်ဖြစ်နေဆဲ နျူသဘောတူညီချက်ကို ဖျက်သိမ်းတာမျိုးလုပ်လို့မရပါဘူး။ ဒီသဘောတူညီချက်က နှစ်ဦးတည်း သဘောတူညီချက်မျိုး မဟုတ်ဘူး။ နိုင်ငံတကာ သဘောတူညီချက်လည်းမဟုတ်ဘူး။ ဒါ့ကြောင့် ဒီလိုသဘောတူညီချက်မျိုးကို ဖျက်သိမ်းပိုင်ခွင့်ဟာ ဘယ်သမ္မတ၊ ဘယ်နိုင်ငံရဲ့ လက်ထဲမှာမှ မရှိပါဘူး။ အမေရိကန်သမ္မတဟာ ပါဝါတော်တော်များများရှိပေမယ့် ဒီတစ်ခုမှာတော့ သူပါဝါမရှိပါဘူး”

    ထို့ပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ဥရောပသမဂ္ဂတို့မှာ ယခုသဘောတူညီချက်တွင် ပါဝင်နေသောကြောင့် သဘောတူညီချက် ဆက်လက်အသက်ဝင်နေမည်ဖြစ်ပြီး၊ ထရမ့်၏မှတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း စကားပြောပြီးပြီဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်က ၎င်းတို့၏နျူလုပ်နိုင်စွမ်းကို လျှော့ချကာ အပြန်အလှန်အားဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိတ်ဆို့မှု လျှော့ချပေးသည့် ဖယ်ရှားပေးသည့် အဆိုပါသဘောတူညီချက်ကို သမ္မတအိုဘားမားလက်ထက် ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

    သဘောတူညီချက်အား အီရန်က လိုက်နာခြင်း ရှိ၊ မရှိကို နိုင်ငံတကာနျူစွမ်းအင်အေဂျင်စီက ပုံမှန် စစ်ဆေးနေပြီး ယခုအချိန်အထိ မည်သည့်ချိုးဖောက်မှုမှ မရှိဟု ပြောကြားထားသည်။

    Ref: Aljazeera