News @ M-Media

Tag: Iran

  • အီရန်ပြည်သူများ၏ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွင် အနည်းဆုံး ၂ ဦး သေဆုံး

    အီရန်ပြည်သူများ၏ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွင် အနည်းဆုံး ၂ ဦး သေဆုံး

    ဒီဇင်ဘာ ၃၁၊ ၂၀၁၇
    M-Media

    – အီရန်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စတင်ခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း အနည်းဆုံး ၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံအနောက်ပိုင်း ဒိုရုဒ်မြို့တွင် ယမန်နေ့ညပိုင်းက သေဆုံးခဲ့ခြင်းဖြစ်ပြီး လိုရက်စ္စတန်ပြည်နယ် အုပ်ချုပ်ရေးမှူး၏ လုံခြုံရေးဆိုင်ရာ အကြံပေးဖြစ်သူ ဟာဘီဘွလ္လာဟ် ခိုဂျက်စ်တီပူရ်းက လှုံ့ဆော်သူများကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အဟန့်အတားဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မည်သည့်ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်မှ ဆန္ဒပြသူများကို ပစ်ခတ်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သော်လည်း သေဆုံးသူများနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။

    နိုင်ငံအတွင်း ကုန်ဈေးနှုန်း မြင့်တက်လာမှု၊ လူနေမှုစားရိတ် ကြီးမြင့်မှုတို့ကြောင့် အီရန်ပြည်သူများမှာ ကြာသာပတေးနေ့မှစ၍ ဒုတိယမြို့တော် မက်ရှ်ဟဒ်တွင် ဆန္ဒပြခဲ့ကြပြီး နောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်း ပြန့်နှံ့သွားခဲ့သည်။

    အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု နည်းပါးသည့် အီရန်နိုင်ငံတွင် ယခုအုံကြွမှုမှာ ၁၀ စုနှစ်အတွင်း အကြီးမားဆုံးဖြစ်သည်။

    အီရန်ပြည်ထဲရေးဝန်ကြီး အဘ်ဒိုရဟ်မန် ရဟ်မာနီ ဖဇ်လီက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးသူများ၊ ဥပဒေ ချိုးဖောက်သူများ၊ မတည်ငြိမ်အောင် လုပ်သူများမှာ ထိုလုပ်ရပ်များအတွက် တာဝန်ယူရမည်ဟု ယနေ့မနက်ပိုင်းတွင် သတိပေးခဲ့သည်။

    Ref: Aljazeera

  • ဥရောပက ခြိမ်းခြောက်လာလျှင် ဒုံးကျည်စွမ်းအား တိုးမြှင့်မည်ဟု အီရန်ပြော

    ဥရောပက ခြိမ်းခြောက်လာလျှင် ဒုံးကျည်စွမ်းအား တိုးမြှင့်မည်ဟု အီရန်ပြော

    နိုဝင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – ဥရောပနိုင်ငံများအနေဖြင့် မိမိတို့အား ခြိမ်းခြောက်လာပါက မိမိတို့၏ ဒုံးကျည်ပစ်ခတ်နိုင်စွမ်းကို တိုးမြှင့်သွားမည်ဟု အီရန်က ပြောကြားလိုက်သည်။

    အီရန်၏ ဒုံကျည်စီမံကိန်းမှာ နျူထိပ်ဖူးတပ်နိုင်ရန် ရည်ရွယ်သောကြောင့် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ကို ချိုးဖောက်သည်ဟုဆိုကာ အမေရိကန်က ဝေဖန်ပြစ်တင်ထားသည်။

    အခုလအစောပိုင်းကလည်း ပြင်သစ် သမ္မတ အီမန်နျူယဲလ် မာခရွန်က ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နှင့် မသက်ဆိုင်ဘဲ အီရန်၏ ဒုံးကျည်ကိစ္စကို သီးသန့်ဆွေးနွေးရန် တိုက်တွန်းခဲ့သည်။

    အီရန်က မိမိတို့၏ ဒုံးကျည်အစီအစဉ်မှာ ကာကွယ်ရေးအတွက်သာ ဖြစ်သည်ဟု အကြိမ်ကြိမ် ပြောကြားထားပြီးဖြစ်သည်။

    “အခုအချိန်အထိ ကီလိုမီတာ ၂၀၀၀ အကွာအဝေးရောက်နိုင်တဲ့အထိမှာပဲ ဒုံးကျည်ထုတ်လုပ်မှုကို ရပ်ထားပြီး၊ ဒီအကွာအဝေးကို ထပ်တိုးမှာမဟုတ်ဘူးလို့ ဥရောပနိုင်ငံတွေကို ကျွန်တော်တို့ ပြောထားပါတယ်။ ဒါဟာ နည်းပညာမရှိလို့မဟုတ်ပါဘူး။ ဒုံးကျည်နည်းပညာနဲ့ပတ်သက်လာရင် ကျွန်တော်တို့ လက်လှမ်းမမီတာ မရှိပါဘူး” ဟု ဗိုလ်မှူးချုပ် ဟိုစိန် ဆာလာမီက ယမန်နေ့ နိုင်ငံပိုင်သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ဥရောပမှာ ယခုအချိန်အထိ မိမိတို့အတွက် ခြိမ်းခြောက်မှုဟု မခံစားရသေးဘဲ ဒုံးကျည်ပစ်ခတ်နိုင်စွမ်းကို တိုးမြှင့်မည် မဟုတ်ကြောင်း၊ သို့သော်လည်း ဥရောပက ခြိမ်းခြောက်လာလျှင် ဒုံးကျည်စွမ်းအားကို ထပ်မံမြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    အီရန် တော်လှမ်ရေးအစောင့်တပ်ဖွဲ့မှ ဗိုလ်မှူး မိုဟာမက် အလီ ဂျာဖာရီကလည်း ကီလိုမီတာ ၂၀၀၀ အထိ ရောက်နိုင်သည့် မိမိတို့ ဒုံးကျည်ပစ်ခတ်နိုင်စွမ်းမှာ အမေရိကန်၏ အကျိုးစီးပွားနှင့် စစ်အင်အား အများစုကို လက်လှမ်းမှီနေသောကြောင့် ထိုပမာဏကို ထပ်မံတိုးမြှင့်ရန် ဆန္ဒမရှို ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဟူသီ-ဆော်ဒီကိစ္စ အီရန်ကိုအရေးယူရန် ကုလကို ကန်တိုက်တွန်း

    ဟူသီ-ဆော်ဒီကိစ္စ အီရန်ကိုအရေးယူရန် ကုလကို ကန်တိုက်တွန်း

    နိုဝင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – ယီမင်နိုင်ငံ ဟူသီသူပုန်တွေကနေတဆင့် အီရန်နိုင်ငံက စစ်ရေးအရ တိုက်ရိုက်တိုက်ခိုက်ကြောင်း အမေရိကန်မဟာမိတ် ဆော်ဒီက စွပ်စွဲပြောဆိုပြီးနောက် ၎င်းလုပ်ရပ်အပေါ် အရေးယူရန် ကုလသမဂ္ဂကို အမေရိကန်က တိုက်တွန်းလိုက်သည်။

    စနေနေ့ ရီယာ့ဒ်မြို့တော် နိုင်ငံတကာလေဆိပ်သို့ဦးတည်၍ အီရန်သည် ဟူသီတပ်စွဲထားသည့် နယ်မြေမှတဆင့် ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ကြောင်း အင်္ဂါနေ့က ထောက်ပြပြောဆိုခဲ့သည်။

    ဆော်ဒီမှာ ၎င်းဒုံးကျည်ကို ပစ်မှတ်သို့ မရောက်မီ နှောင့်ယှက်ဖျက်ဆီးနိုင်ခဲ့သည်။

    ဟူသီသူပုန်များကို ထောက်ပံ့ထားသည်ဟု ယုံကြည်ရသည့် အီရန်က ထိုဒုံးကျည် ပံ့ပိုးပေးခြင်းမရှိကြောင်းပြောပြီး ဆော်ဒီ၏ စွပ်စွဲချက်မှာ အရှိတရားနှင့် သွေဖည်နေကြောင်း ငြင်းဆိုခဲ့သည်။

    ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Nikki Haley က ယင်းဒုံးကျည်ကို ဟူသီတပ်ဖွဲ့တွေဆီ အီရန်က ထောက်ပံ့ထားကြောင်းနှင့် ရီယာဒ့်သို့ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်မှာ အီရန်လက်ချက်ဖြစ်နိုင်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

    “ယီမင်က ဟူသီသူပုန်တွေဆီ ဒီလိုလက်နက်မျိုး ထောက်ပံ့ပေးလိုက်ခြင်းဖြင့် အီရန်ဟာကုလသမဂ္ဂရဲ့ ပဋိညာဉ် စာချုပ်ပါ အချက်နှစ်ချက်ကို တစ်ပြိုင်တည်းချိုးဖောက်လိုက်ရာရောက်ပါတယ်” ဟု Haley က ပြောသည်။

    Ref : Aljazeera

  • အီရန် နျူသဘောတူညီချက်တွင် ဒုံးကျည်ကိစ္စမပါဟု အီးယူအကြီးအကဲပြော

    အီရန် နျူသဘောတူညီချက်တွင် ဒုံးကျည်ကိစ္စမပါဟု အီးယူအကြီးအကဲပြော

    နိုဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ဥရောပသမ္မဂ၏ နိုင်ငံခြားရေးရာအကြီးအကဲ Federica Mogherini က အီရန်နှင့် အင်အားကြီး ၆ နိုင်ငံအကြား ရေးထိုးထားသည့် နျူကလီးယားသဘောတူညီချက်သည် အီရန်နိုင်ငံ၏ ဒုံးကျည်အစီအစဉ်နှင့် ပက်သက်မှုမရှိကြောင်း၊ ယင်းစာချုပ်အတိုင်း အတိအကျလိုက်နာရန် အရေးပါကြောင်းပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့တွင် Brussels မြို့၌ နေတိုးကာကွယ်ရေးဝန်ကြီးများကိုေ တွေ့ဆုံမှုမတိုင်မီ သတင်းထောက်များကို ဖြေကြားရာ၌ Mogherini က အီရန်၏ ဒုံးကျည်အစီအစဉ်များသည် အဆိုပါစာချုပ်နှင့် မသက်ဆိုင်ကြောင်း၊ သီးခြားဖြစ်ရပ်နှစ်ခုအဖြစ် ရှူမြင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထို့နောက် Mogherini က အီရန်၏ နိုင်ငံတကာနျူစွမ်းအင် အေဂျင်စီနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအပေါ် ချီးမွမ်းခဲ့သည်။

    အေဂျင်စီမှာ ၂၀၁၅ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ အီရန်၏ဆောင်ရွက်မှုများကို စောင့်ကြည့်အကဲဖြတ်နေပြီး အီရန်မှာ သဘောတူညီချက်ကို လိုက်နာလျက်ရှိသည်ဟု အကြိမ်ကြိမ်ပြောကြားထားသည်။

    အမေရိကန်က အီရန်၏ ဒုံးကျည်အစီအစဉ်မှာ နျူသဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲထားပြီး အီရန်က မိမိတို့မှာ မည်သည့် ကုလဆုံးဖြတ်ချက်များကို မချိုးဖောက်ကြောင်း၊ ဒုံးကျည်များမှာ ကာကွယ်ရေးကိစ္စအတွက်သာဖြစ်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်ရန် ပြုလုပ်စီမံထားခြင်း မရှိကြောင်း ထားသည်။

    Ref: Press TV

    (Photo- ဥရောပသမဂ္ဂ ၏ နိုင်ငံခြားရေးရာအကြီးအကဲ )

  • ဟူသီသူပုန်အဖွဲ့၏ ဆော်ဒီသို့ ဒုံးကျည်ပစ်မှုတွင် မိမိတို့မပါဝင်ဟု အီရန်ပြော

    ဟူသီသူပုန်အဖွဲ့၏ ဆော်ဒီသို့ ဒုံးကျည်ပစ်မှုတွင် မိမိတို့မပါဝင်ဟု အီရန်ပြော

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    – ယီမင်ရှိ ဟူသီသူပုန်အဖွဲ့ ဆော်ဒီမြို့တော် ရီယာ့ဒ်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုတွင် အီရန်နိုင်ငံပါဝင်သည်ဟု ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့၏ စွပ်စွဲပြောကြားမှုကို အီရန်က ပယ်ချလိုက်သည်။

    တနင်္လာနေ့တွင် ထုတ်ပြန်သောကြေညာချက်၌ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရန် ကာစီမီက စနေနေ့နှောင်းပိုင်း ဟူသီများ၏ ဒုံးကျည်ပစ်လွှတ်မှုတွင် အီရန်က တာဝန်ရှိသည်ဟူသော ပြောကြားချက်မှာ အငြိုးထားသော၊ တာဝန်မယူသော၊ ဖျက်လိုဖျက်ဆီးလုပ်လိုသော၊ ရန်မူလိုသောလုပ်ရပ် ဖြ
    စ်သည်ဟု ပြောကြားခဲ့သည်။

    “ယီမင်တွေရဲ့ တုန့်ပြန်မှုဟာ သူ့ဟာသူလုပ်တာဖြစ်ပြီး ဆော်ဒီရဲ့ ကျူးကျော်ရန်စမှု ရလဒ်ဖြစ်ပါတယ်။ ဒါဟာ အခြားနိုင်ငံတစ်နိုင်ငံက လုပ်တာမျိုး မဟုတ်ပါဘူး” ဟု ကာစီမီက ဆိုသည်။

    ဆော်ဒီက အဆိုပါတိုက်ခိုက်မှုတွင် အီရန်ပါဝင်ကြောင်း အထောက်အထားရှိသည်ဟု ဆိုပြီး အီရန်က ထိန်းချုပ်ထားသော ဟူသီစစ်သွေးကြွများ၏ ဆိုးရွားယုတ်မာသော ရန်ပြုမှုဟု ခေါ်ဆိုရှုတ်ချခဲ့ပြီးနောက် ကာစီမီ၏ ယခု တုန့်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

    ဆော်ဒီကထုတ်ပြန်သော ကြေငြာချက်တွင် ထိုပစ်ခတ်မှုမှာ စစ်ကြေငြာမှု ဖြစ်နိုင်သည်ဟုဆိုပြီး အီရန်၏ အခန်းကဏ္ဍနှင့် ဟူသီများ၏ တစ်ဖက်လှည့်ဖြင့် ချုပ်ကိုင်ထားသောကြောင့် ယခုကိစ္စမှာ အီရန်၏ ကျူးကျော်ရန်စမှုဖြစ်သည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ယင်းဒုံးကျည်များ ဟူသီသူပုန်များထံ မည်သို့ခိုးသွင်းလာသည်ကို သိရှိနိုင်ရန် စုံစမ်းမှုပြုလုပ်စဉ် ယီမင်နိုင်ငံ ကုန်းလမ်း၊ လေကြောင်းလမ်း၊ ပင်လယ်ဆိပ်ကမ်းများအားလုံးကို ပိတ်ဆို့ထားမည်ဟုလည်း ဆော်ဒီက ပြောကြားခဲ့သည်။

    Ref : Aljazeera