News @ M-Media

Tag: Iran

  • ဖီဖာအဆင့်သတ်မှတ်ချက်တွင် အီရန်အသင်း အာရှကို ဦးဆောင်

    ဖီဖာအဆင့်သတ်မှတ်ချက်တွင် အီရန်အသင်း အာရှကို ဦးဆောင်

    ဇူလိုင် ၁၆၊ ၂၀၁၆
    M-Media

    iran

    – ဇူလိုင်လအတွက် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ရာ အီရန်နိုင်ငံမှာ အာရှတွင် ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု သိရသည်။

    ကမ္ဘာ့ ထိပ်ဆုံး ၅ သင်းစာရင်းမှာ ပြောင်းလဲမှုမရှိဘဲ အာဂျင်တီးနားအသင်းက နံပါတ် ၁ နေရာ ရယူထားကာ ၎င်း၏နောက်တွင် ဘယ်လ်ဂျီယံ၊ ကိုလံဘီယာ၊ ဂျာမနီနှင့် ချီလီတို့က အသီးသီးရှိနေကြသည်။ ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီမှာ အဆင့် ၂ ဆင့်တက်လာကာ အဆင့် ၆ သို့ ရောက်ရှိလာခဲ့သည်။

    ယူရို ဒုတိယရခဲ့သည့် ပြင်သစ်သင်းမှာ ၁၀ ဆင့်တက်လာကာ အဆင့် ၇ သို့ ရောက်ရှိခဲ့သည်။ အဆင့် ၈၊ ၉၊ ၁၀ တွင် စပိန်၊ ဘရာဇီးလ်နှင့် အီတလီတို့က အသီးသီး ရှိနေသည်။

    အီရန်နိုင်ငံကမူ ကမ္ဘာ့အဆင့် ၃၉ ဖြင့် အာရှတွင် ဦးဆောင်နေကာ တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်နှင့် ဂျပန်တို့က ၎င်း၏နောက် အသီးသီး ရှိနေကြသည်။

    Ref: Press TV

  • နျူသဘောတူစာချုပ်ကို ဖောက်ဖျက်ပါက နျူအစီအစဉ် ပြန်စသွားမည်ဟု အီရန်ပြော

    နျူသဘောတူစာချုပ်ကို ဖောက်ဖျက်ပါက နျူအစီအစဉ် ပြန်စသွားမည်ဟု အီရန်ပြော

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    iran 3

    – မိမိတို့နိုင်ငံရဲ့ နျူလုပ်ငန်းစဉ်ကို ကန့်သတ်ထားတဲ့ သဘောတူစာချုပ်ကို အင်အားကြီးနိုင်ငံတွေက ဖောက်ဖျက်မယ်ဆိုရင် မိမိတို့အနေနဲ့ နျူအစီအစဉ်ကို ချက်ခြင်းပြန်လည်စတင်နိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။

    JCPOA လို့ခေါ်ပြီး အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီစာချုပ် ချုပ်ဆိုနိုင်မှု တစ်နှစ်ပြည့်အဖြစ် ယမန်နေ့ တီဟီရန်မှာပြုလုပ်တဲ့ အခမ်းအနားမှာ အီရန်သမ္မတက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး၊ မိမိတို့အနေနဲ့ စာချုပ်ကို အပြည့်အ၀ လိုက်နာသွားမှာဖြစ်ကြောင်း၊ တစ်ဖက်က ချိုးဖောက်ရင်တော့ နျူအစီအစဉ်ကို လျင်လျင်မြန်မြန်ပဲ ပြန်စသွားမှာဖြစ်ကြောင်း ထည်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီ သဘောတူညီချက်အရ အီရန်က ၎င်းရဲ့နျူအစီအစဉ်ကို ကန့်သတ်ပေးဖို့နဲ့ နိုင်ငံတကာ နျူကလီးယားစောင့်ကြည့်သူများ ၀င်ရောက်လေ့လာနိုင်ရေး ခွင့်ပြုပေးဖို့ သဘောတူထားပြီး အပြန်အလှန်အနေနဲ့ အမေရိကန်၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့က အီရန်အပေါ် ပိတ်ဆို့ထားတဲ့ နျူကလီးယားနဲ့ပက်သက်တဲ့ အရေးယူမှုအားလုံးကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။

    “တကယ်လို့ တစ်ချိန်ချိန်မှာ အင်အားကြီး ၆ နိုင်ငံက သူတို့ရဲ့ ကတိက၀တ်ကို မလိုက်နာတော့ဘူးဆိုတဲ့ အခါမျိုးကျရင် နျူကလီးယားအင်အားကို အချိန်တိုတိုအတွင်းမှာ ကျွန်တော်တို့ရောက်ရှိချင်တဲ့ အဆင့်အထိ ရောက်အောင် ဆောင်ရွက်နိုင်တဲ့ အဆင့်မျိုး ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်” လို့ ရူဟာနီက သတိပေးခဲ့ပါတယ်။

    ဒါပေမယ့် ဒီသဘောတူညီချက်ဟာ နိုင်ငံအားလုံး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကျိုးရှိမှာဖြစ်ပြီး စာချုပ်ဖောက်ဖျက်ရင်တော့ အားလုံး အကျိုးယုတ်သွားမယ်လို့ သမ္မတက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: Presstv

  • အကြမ်းဖက်ဝါဒကို အဆုံးစွန်ဆုံးအထိ ချေမှုန်းမည်ဟု အီရန်ပြော

    အကြမ်းဖက်ဝါဒကို အဆုံးစွန်ဆုံးအထိ ချေမှုန်းမည်ဟု အီရန်ပြော

    ဇူလိုင် ၅၊ ၂၀၁၆
    M-Media

    iran 2

    – အီရန်အနေနဲ့ အကြမ်းဖက်သမားတွေနဲ့ ၎င်းတို့ရဲ့ အယူအဆတွေ ပျောက်ကွယ်သွားတဲ့အထိ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ပြောဆိုလိုက်ပါတယ်။

    “အစ္စတန်ဘူလ်၊ ဒါကာနဲ့ အခုဆိုရင် ဘဂ္ဂဒက်မှာဖြစ်သွားတဲ့ အကြမ်းဖက်မှုတွေရဲ့နောက်ကွယ်ကလူတွေနဲ့ သူတို့ရဲ့ အယူဝါဒကို မချေမှုန်းနိုင်မချင်း ကျွန်တော်တို့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး” လို့ ဇာရစ်ဖ်က တနင်္ဂနွေနေ့ညပိုင်းမှာ သူ့ရဲ့ Twitter အကောင့်ကနေ ရေးသားခဲ့ပါတယ်။

    တနင်္ဂနွေနေ့အစောပိုင်းက အီရတ်နိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့ ဘဂ္ဂဒက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနှစ်ခုမှာ လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး ၁၈၅ ယောက်က ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေအတွက် IS အကြမ်းဖက်အဖွဲ့က ၎င်းတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ဘဂ္ဂဒက်မြို့က ရှီယိုက်တွေကို ရည်ရွယ်တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    ဇူလိုင် ၁ ရက်နေ့ကလည်း IS ကို သစ္စာခံတဲ့ လက်နက်ကိုင်တိုက်ခိုက်ရေးသမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ သံတမန်ရပ်ကွက်က စားသောက်ဆိုင်တစ်ခုကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။ ဇွလ ၂၈ ရက်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ လေဆိပ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာလည်း အနည်းဆုံး လူ ၄၀ ကျော် သေဆုံးခဲ့ပြီး IS ရဲ့ လက်ချက်ဖြစ်ပါတယ်။

    အီရန်ဟာ အိမ်နီးချင်း အီရတ်နိုင်ငံရဲ့ အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းမှာ ပါဝင်နေပြီး အဲဒီ ကူညိပံ့ပိုးမှုကို အကြမ်းဖက်ဝါဒ ကျဆုံးတဲ့အထိ ကူညီပေးသွားမယ်လို့ အီရန်နိုင်ငံခြားရေ၀န်ကြီးက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    Ref: Presstv

  • အီရန်တွင် ဂျေရုစလင်နေ့ကို သောင်းသောင်းဖျဖျ ကျင်းပ

    အီရန်တွင် ဂျေရုစလင်နေ့ကို သောင်းသောင်းဖျဖျ ကျင်းပ

    ဇူလိုင် ၃၊ ၂၀၁၆
    M-Media

    iran

    – အစ္စရေးရဲ့ ကျူးကျော်နယ်ချဲ့မှုကိုဆန့်ကျင်ပြီး ပါလက်စတိုင်းတွေရဲ့ လွတ်မြောက်ရေးကို အားပေးထောက်ခံတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ ‘ဂျေရုစလင်နေ့’ (Al-Quds Day) ချီတက်ဆန္ဒပြပွဲကို သောကြာနေ့က အီရန်နိုင်ငံတစ်ဝှမ်း တစ်ခဲနက် ကျင်းပခဲ့ကြပြီး မြို့တော် တီဟီရန်တစ်မြို့တည်းမှာပဲ ထောင်ပေါင်းများစွာသော အီရန်ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။

    ပါလက်စတိုင်းပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ အဲဒီ Al-Quds Day ကို ရမ်ဇာန်ဥပုသ်လရဲ့ နောက်ဆုံး သောကြာနေ့အဖြစ် အီရန်က သတ်မှတ်ထားပြီး အမေရိကန်ကျောထောက်နာက်ခံပြု  အာဏာရှင်ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ အီရန် အစ္စလာမ့်မစ်တော်လှန်ရေး အောင်မြင်တဲ့ ၁၉၇၉ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

    တီဟီရန်မှာပြုလုပ်တဲ့ ချီတက်ဆန္ဒပြပွဲမှာ ကလေးငယ်တွေကနေ သက်ကြီးရွယ်အိုတွေအထိ ပါဝင်ခဲ့ပြီး အများစုက “အစ္စရေးကိုတွန်းလှန်ကြပါစို့” ဆိုသည့် နဖူးစီးများ စည်းထားကြကာ တစ်ချို့တွေကတော့ ဦးခေါင်းထိပ်မှာ ဒေးဗစ်ကြယ်တစ်ခု တပ်ဆင်ထားတဲ့ လေဘာတီ ရုပ်တုပုံတူကို မီးရှို့ခဲ့ကြပါတယ်။

    အဆိုပါလမ်းလျှောက်ဆန္ဒပြပွဲကို အီရန်သမ္မ ဟာဆန်ရူဟာနီလည်း တက်ရောက်ခဲ့ပြီး ဒေသတွင်းပဋိပက္ခတွေဟာ ပါလက်စတိုင်းအရေးကို ကိုင်တွယ်ဖို့ ပိုမိုခက်ခဲအောင် ပြုလုပ်နေတယ်လို့ ပြောဆိုခဲ့ကာ မွတ်စလင်တွေ ပိုပြီးစည်းလုံးညီညွှတ်ကြဖို့ကိုလည်း သမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။

    “လက်ဘနွန်မှာ ဒုံးကျည် တစ်သိန်းလောက်ဟာ ဇီယွန်ဝါဒီတွေရဲ့ နှလုံးသားဆီ ပျံသန်းဖို့ အသင့်ဖြစ်နေကြတယ်။ နောက်ထပ် ဒုံးကျည် ထောင်ပေါင်းများစွာကိုလည်း အစ္စလာမ့်ကမ္ဘာတစ်ဝှမ်းမှာ တပ်ဆင်ထားပြီး အမိန့်ကို စောင့်နေကြတာပါ။ အဲဒီ ခလုပ်ကို တစ်ချက်တည်းနှိပ်လိုက်တာနဲ့ ကောင်းကျိုးမပေးတဲ့၊ ကမ္ဘာ့ ပထ၀ီနိုင်ငံက ဆူးညှောင့်ခလုပ်တစ်ခုဟာ ထာဝရ ပျောက်ကွယ်သွားမှာပါ” လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဒုတိယအကြေီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • IS မှာ မွတ်စလင်ကမ္ဘာ၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်ဟု အီရန်ပြော

    IS မှာ မွတ်စလင်ကမ္ဘာ၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်ဟု အီရန်ပြော

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    larijani

    – တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ Ataturk လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အီရန်လွှတ်တော် ဥက္ကဌ အလီ လာရီဂျာနီက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ကမ္ဘာတစ်ဝှမ်း အသိပညာမဲ့မှုက IS အကြမ်းဖက်ဝါဒကို ကူညီပေးနေကာ မွတ်စလင်ကမ္ဘာရဲ့ ငြိမ်းချမ်းရေး ခြိမ်းခြောက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

    ယမန်နေ့ လွှတ်တော်အစည်းအဝေးကို ပေးပို့တဲ့သ၀ဏ်လွှာမှာ အခုလိုပြောကြားလိုက်တာဖြစ်ပြီး တူရကီအစိုးရ၊ တူရကီနိုင်ငံ၊ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ မိသားစုဝင်တွေအတွက် ၀မ်းနည်းကြေကွဲမိတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “IS အကြမ်းဖက်ဝါဒဟာ မွတ်စလင်နိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်” လို့ လာရီဂျာနီက ဆိုပြီး ဒီလိုအဖြစ်ဆိုးမျိုးတွေမဖြစ်အောင် ထိထိရောက်ရောက်တိုက်ဖျက်ရေး ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်တွေမှာ ပြည့်ဝတဲ့ လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ဖို့လည်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ဒေသတွင်းမှာ IS အကြမ်းဖက်ဝါဒ ကြီးထွားလာရခြင်းဟာ ပါလက်စတိုင်းနယ်မြေတွေကို ကျူးကျော်သိမ်းပိုက်နေတဲ့ ဇီယွန်ဝါဒီတွေနဲ့ မွတ်စလင်ကမ္ဘာကို ချည့်နဲ့အောင်လုပ်ပြီး ကမ္ဘာ့အာဏာတည်ဆောက်ဖို့ကြံရွယ်နေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြောင့်ပဲ ဖြစ်ပါတယ်”

    ပြီးခဲ့တဲ့အင်္ဂါနေ့က အစ္စတန်ဘူလ်မြို့ရှိ Ataturk လေဆိပ်မှာ အသေခံဗုံးခွဲသမားတွေရဲ့ သေနတ်ပစ်ခတ်မှု၊ ဗုံးခွဲမှုတွေကြောင့် အီရန်နိုင်ငံသားတစ်ဦး အပါအ၀င် လူ ၄၂ ဦး သေဆုံးခဲ့ပြီး ၂၃၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Presstv