News @ M-Media

Tag: Iran

  • အီရန်မှ မိမိအိမ်နီးချင်းများကို ဆက်လက်ကူညီသွားမည်ဟု သမ္မတပြော

    အီရန်မှ မိမိအိမ်နီးချင်းများကို ဆက်လက်ကူညီသွားမည်ဟု သမ္မတပြော

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    rouhani

    – မိမိတို့နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပြီး IS ဒဏ်ကို ခါးစီးခံနေရတဲ့ အီရတ်နိုင်ငံအပေါ် ကူညီမှုကိုလည်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

    “အိမ်နီးချင်းနိုင်ငံအဖြစ် ကျွန်တော်တို့အကူအညီကို တောင်းခံလာတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အစိုးရတွေအပေါ် ဆက်လက် ကူညီပံ့ပိုးပေးသွားမှာပါ” လို့ ရူဟာနီက ယခုတစ်ပတ်အတွင်း လွှတ်တော်ဥက္ကဌ အလီ လာရီဂျာနီနဲ့ တရားရေးဌာနအကြီးအကဲ အယာတိုလာ ဆစ်ဒစ်က် အေမိုလီ- လာရီဂျာနီ နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂျာနယ်လစ်တွေကို ပြောကြားလိုက်ပါတယ်။

    နောက်ပြီး IS အကြမ်းဖက်အဖွဲ့ကို ဆက်လက်တိုက်ခိုက်နေတဲ့ အီရတ်နိုင်ငံအနေနဲ့ မကြာခင်မှာ တည်ငြိမ်မှု၊ လုံခြုံမှု ရရှိနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ကြောင်း အီရန်သမ္မတက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    အီရတ်နိုင်ငံခြားရေးဝန်ကြီး အီဘရာဟင် အလ်-ဂျာဖာရီက လက်ဘနွန်တီဗီတစ်ခုနဲ့ ဇွန်လ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အင်တာဗျူးမှာ မိမိတို့နိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေကို တိုက်ဖျက်တဲ့နေရာမှာ အီရန်နိုင်ငံရဲ့ အကူအညီ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : Presstv

  • အီရန်အပေါ် အနောက်နိုင်ငံများ၏ ရန်လိုမှု အဆုံးမသတ်သေးဟု နိုင်ငံခြားရေးဝန်ကြီး ပြော

    အီရန်အပေါ် အနောက်နိုင်ငံများ၏ ရန်လိုမှု အဆုံးမသတ်သေးဟု နိုင်ငံခြားရေးဝန်ကြီး ပြော

    ဇွန် ၁၄၊ ၂၀၁၆
    M-Media

    zarif 2

    – ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ နျူသဘောတူညီချက် ရယူပြီးဖြစ်ပေမယ့် အဲဒီသဘောတူညီချက်က မိမိတို့နိုင်ငံအပေါ် ရန်လိုမှုတွေ အဆုံးသတ်ဖို့ အာမ မခံနိုင်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    အဲဒီသဘောတူညီချက် ရလဒ်တွေနဲ့ပတ်သက်လို့ အီရန် လွှတ်တော်အမတ်တွေကို အကျဉ်းချုံးတင်ပြတဲ့ ပါလီမန်အစည်းဝေးကို တက်ရောက်စဉ် ၀န်ကြီးက ဒီလိုပြောကြားလိုက်တာပါ။

    “ဒီသဘောတူညီချက်ဟာ တစ်ဖက်က ရန်လိုမှုတွေ အဆုံးသတ်သွားမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ဟာ အီရန်ကို ခလုတ်ကန်သင်းလို့ အမြဲတမ်း ရှုမြင်နေလို့ပါပဲ။ ပြီးတော့ ဒါဟာ သူတို့ရဲ့အဖျက်အမှောင့်လုပ်ရပ်တွေကို စွန့်လွှတ်လိုက်မယ်လို့ ဆိုလိုတာမျိုးလည်း မဟုတ်ပါဘူး”

    နျူသဘောတူညီချက် ရယူချိန်ကစပြီး အမေရိကန်နဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ အီရန်ရဲ့ ဒုံးကျည်စီမံကိန်းတွေအပေါ် ပစ်မှတ်ထားလျက်ရှိနေပြီး၊ အီရန်အစိုးရ တာဝန်ရှိသူတွေကတော့ အနောက်နိုင်ငံတွေဟာ ဖျက်လိုဖျက်ဆီးလုပ်ဖို့ အမြဲလိုလို ကြိုစားနေတယ်လို့ ပြောကြားထားပါတယ်။

    ဇာရစ်ဖ်ကတော့ အီရန်ရဲ့ဒုံးကျည်အစီအစဉ်တွေဟာ နျူကလီးယားသဘောတူညီချက်နဲ့ မသက်ဆိုင်ဘူးလို့ အဲဒီပါလီမန်အစည်းအဝေးမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref : Presstv

  • တော်လှန်ရေးစိတ်ဓာတ်ကို ဆက်ထိန်းရန် အီရန်အဓိပတိက တိုင်းပြည်ကို တိုက်တွန်း

    တော်လှန်ရေးစိတ်ဓာတ်ကို ဆက်ထိန်းရန် အီရန်အဓိပတိက တိုင်းပြည်ကို တိုက်တွန်း

    ဇွန် ၄၊ ၂၀၁၆
    M-Media

    iran 3

    – လွန်ခဲ့တဲ့ ၃၈ နှစ် တိုင်းပြည်တွင်းက ရန်သူတွေကို မောင်းထုတ်ပစ်နိုင်ခဲ့တဲ့ တော်လှန်ရေးစိတ်ဓာတ်မျိုး ဆက်လက် မွေးမြူထားကြဖို့ အီရန်အဓိပတိ အာယာတိုလာ ဆိုက်ယဒ် အလီ ခါမေနီက အီရန်နိုင်ငံသားတွေကို တိုက်တွန်းဆော်သြလိုက်ပါတယ်။

    ၁၉၇၉ ခုနှစ်က အီရန်နိုင်ငံမှာ အနောက်လိုလားတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို အဆုံးသတ်ပေးခဲ့တဲ့ အီမာမ်ခိုမေနီ ကွယ်လွန်ခြင်း ၂၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ယမန်နေ့က ပြုလုပ်တဲ့ အောက်မေ့ဖွယ်အခမ်းနားကို တက်ရောက်လာတဲ့ အီရန်ပြည်သူ တစ်သန်းကျော်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ ဒီလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

    “ကျွန်တော်တို့မှာ ရန်သူကြီးတွေ၊ ရန်သူငယ်တွေ အများကြီးရှိပါတယ်၊ ဒါပေမဲ့ အဲ့ဒီထဲမှာ အဆိုးဆုံးကတော့ အမေရိကန်နဲ့ ဗြိတိန်တို့ပါပဲ”

    အီရတ်က အီရန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်စဉ်မှာ အမေရိကန်ဘက်က ဆက်ဒမ်ဟူစိန်ကို ထောက်ပံ့ပေးခဲ့တာတွေ၊ အီရန်ခရီးသည်တင်လေယာဉ်ကို အမေရိကန်က ပစ်ချတာတွေ၊ အီရန်ရေနံကြောတွေကို တိုက်ခိုက်တာတွေနဲ့ CIA က အာဏာသိမ်းဖို့ ကြံစည်ခဲ့တာတွေ အပါအ၀င် အမေရိကန်ရဲ့ အီရန်အပေါ် ရန်လိုမှုနဲ့ပက်သက်ပြီးတော့လည်း ခါမေနီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အစ္စလာမ်အတွက်အလုပ်လုပ်နေတဲ့ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အမေရိကန်ကို ယုံကြည်မယ်ဆိုရင်တော့ သူတို့ဟာ ကောင်းကောင်း အဆော်ခံထိပါလိ့မ်မယ်။ အခု သူတို့ပေးနေတဲ့ ဖိအားတွေဟာ တော်လှန်ရေးစိတ်ဓာတ်ကြောင့်ပါ။ ဘာ့ကြောင့်လည်းဆိုတော့ ရန်သူတွေက ဒါကို ကြောက်ပါတယ်။ တော်လှန်ရေးကို ဘာ့ကြောင့် သူတို့ ဆန့်ကျင်တာလဲဆိုတော့ အရင်က တိုင်းပြည်ဟာ သူတို့ကြိုးဆွဲသမျှခံနေရတာပါ။ နောက်ပြီး ဒီတော်လှန်ရေးဟာ အခြားသောနိုင်ငံတွေအတွက် တွန်းအားတစ်ခု ဖြစ်သွားတာကြောင့်ပါပဲ”

    သက်ဦးဆံပိုင် အာဏာရှင်စနစ်ကနေ လွတ်မြောက်စေခဲ့တဲ့ အစ္စလာမ့်မစ်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ အီမာမ် ခိုမေနီရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို အီရန်နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်ခဲ့ကြပြီး၊ တီဟီရန်မြို့တောင်ဘက်မှာရှိတဲ့ ခိုမေနီရဲ့ ဂူဗိမာန်ကိုလည်း တိုင်းသူပြည်သားတွေက သွားရောက် ဂါရ၀ပြုခဲ့ကြပါတယ်။

    Ref : Presstv

  • နိုင်ငံ၏ နျူနည်းပညာကြောင့် ရန်သူများ အလျှော့ပေးလာဟု အီရန်အဓိပတိပြော

    နိုင်ငံ၏ နျူနည်းပညာကြောင့် ရန်သူများ အလျှော့ပေးလာဟု အီရန်အဓိပတိပြော

    မေ ၂၇၊ ၂၀၁၆
    M-Media

    iran 2

    – နျူကလီးယား နည်းပညာနယ်ပယ်မှာ အီရန်နိုင်ငံရဲ့ စွမ်းဆောင်နိုင်မှုတွေကြောင့် ရန်သူတွေက အလျှော့ပေးလာကြပြီး အီရန်ကို နျူအင်အားကြီးနိုင်ငံတစ်ခုအဖြစ် လက်ခံလာကြတယ်လို့ အီရန်အဓိပတိ ဆယဒ် အလီ ခါမေနီက ပြောကြားလိုက်ပါတယ်။

    အီရန်ရဲ့ နိုင်ငံတော် ဦးသျှောင်များအဖွဲ့နဲ့ ယမန်နေ့က တီဟီရန်မှာ တွေ့ဆုံခဲ့စဉ် ဒီလို ပြောကြားလိုက်တာပါ။

    “ရန်သူတွေအနေနဲ့ အီရန်နိုင်ငံထဲမှာ နျူဓာတ်ပေါင်းဖိုမှာသုံးတဲ့ စက်ဒလက်လေးတစ်ခုကိုတောင် လက်မခံတဲ့အချိန်ကာလမျိုး ရှိခဲ့ပါတယ်၊ ဒါပေမဲ့လည်း အခု အီရန်ရဲ့ နျူကလီးယားအင်အားကို လက်တွေ့မြင်လိုက်ရချိန်မှာတော့ အလျှော့ပေးလာကြပါပြီ။ အမှန်တကယ်တော့ ဒီလိုဖြေလျှော့မှုတွေ ပြုလုပ်ပေးတာဟာ အမေရိကန်မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့သာ ရလာတာ ဖြစ်ပါတယ်” လို့ ခါမေနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    အီရန်ရဲ့ နျူအစီအစဉ်တွေဟာ လက်နက်ထုတ်လုပ်ဖို့ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲပြီးတဲ့နောက် အဲဒီကိစ္စအတွက် ၂ နှစ်ခွဲကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာတော့ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံဟာ သဘောတူညီချက်တစ်ခုကို ပြီးခဲ့တဲ့ ဇွန်လမှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

    ရန်သူတွေအနေနဲ့ အီရန်နိုင်ငံအပေါ် ရန်စမှုတွေအမြောက်အများပြုလုပ်ပြီး မရတဲ့အဆုံးမှာ အပျော့ဆွဲဖျက်ဆီးဖို့ အစီအစဉ်ရှိနေကြောင်း၊ အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံတစ်ခုအပေါ် လွှမ်းမိုးမှုကို ကျယ်ပြန့်လာအောင်လုပ်ပြီး ခုခံနိုင်စွမ်း မရှိဘူးဆိုရင်တော့ သူတို့ရဲ့ ထောင်ချောက်မှာ ပိတ်မိနေမှာဖြစ်ကြောင်း ခါမေနီက ထည့်သွင်း သတိပေးခဲ့ပါတယ်။

    Ref : Presstv

  • S-300 ဒုံးခွင်းစနစ် အစိတ်အပိုင်းများကို ရုရှားက အီရန်သို့ ပေးပို့မည်

    S-300 ဒုံးခွင်းစနစ် အစိတ်အပိုင်းများကို ရုရှားက အီရန်သို့ ပေးပို့မည်

    မေ ၂၀၊ ၂၀၁၆
    M-Media

    s300

    – ၂၀၁၆ ခုနှစ် အကုန်ပိုင်းမှာ အီရန်သို့ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့ အစိတ်အပိုင်းအများအပြားကို ပေးပို့သွားမယ်လို့ ရုရှားသမ္မတရဲ့ အကြံပေးဖြစ်သူ ဗလာဒီမာ ကိုဇင်က အခုတစ်ပတ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

    အဲဒီ လေကြောင်းရန်ကာကွယ်ရေးစနစ် ပထမအသုတ်ကို အခုနှစ် အစောပိုင်းမှာပဲ အီရန်ကို ပေးပို့ခဲ့ပြီးနောက်ပိုင်း နောက်ထပ်လိုအပ်မယ့် အစိတ်အပိုင်းတွေကို ရုရှားက ပေးပို့သွားမှာပါ။ ရုရှားဟာ S-300 ဒုံးခွင်းစနစ် တော်တော်များများကို ရောင်းချဖို့ ၂၀၀၇ ခုနှစ်မှာ အီရန်နဲ့ ကန်ဒေါ်လာ သန်း ၈၀၀ တန်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

    ကုလရဲ့ ပိတ်ဆို့မှုတွေကြောင့် ဒီဒုံးခွင်းစနစ်ပေးပို့ရေး နှောင့်နှေးခဲ့ရပေမယ့် အခုနှစ်မှာတော့ အကောင်အထည်ပေါ်လာခဲ့ပြီး ဒီစနစ်ကို မိမိတို့ရဲ့ စစ်တပ်မှာ တပ်ဆင်ထားလိုက်ပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

    Ref: Presstv