News @ M-Media

Tag: Iran

  • နိုင်ငံကာကွယ်ရေးအတွက် အမေရိကန်၏ ကျေနပ်မှုကို မကြည့်ဟု အီရန်ပြော

    နိုင်ငံကာကွယ်ရေးအတွက် အမေရိကန်၏ ကျေနပ်မှုကို မကြည့်ဟု အီရန်ပြော

    မေ ၁၂၊ ၂၀၁၆
    M-Media

    iran advisor
    ထိပ်တန်းအကြံပေး အလီ အက္ကဘာရ် ဗီလာယာတီ

    – အီရန်အနေနဲ့ ကာကွယ်ရေးကဏ္ဍမှာ အားကောင်းလာစေဖို့ သင့်လျော်တယ်လို့ထင်တဲ့ ကိစ္စတိုင်းကို ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီအတွက် အမေရိကန်က ကျေနပ်လား၊ မကျေနပ်ဘူးလားဆိုတာကို ကြည့်နေမှာမဟုတ်ဘူးလို့ အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီရဲ့ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ အလီ အက္ကဘာရ် ဗီလာယာတီက ပြောကြားလိုက်ပါတယ်။

    “အီရန်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ဆိုရင် ဘယ်သူကြိုက်ကြိုက်မကြိုက် လုပ်စရာရှိတာကို လုပ်သွားမှာပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အရေးကို နိုင်ငံတကာဖြစ်စေ၊ နိုင်ငံတကာမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်စေ ဘယ်နိုင်ငံကိုမှ ခွင့်ပြုချက်တောင်းခံနေမှာ မဟုတ်ပါဘူး”

    အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးရာဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အဲလီဇဘက် ထရူဒူးက အီရန်ရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၂၂၃၁ ဆုံးဖြတ်ချက်ကို ချိုးဖောက်နိုင်ခြေရှိပြီး ရန်စလိုတဲ့ မတည်မငြိမ်ဖြစ်စေလိုတဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပြောဆိုခဲ့တာကို အီရန်နိုင်ငံက အခုလို ပြန်လည် တုန့်ပြန်တာဖြစ်ပါတယ်။

    ကုလရဲ့ ဆုံးဖြတ်ချက်ထဲမှာ အီရန်အနေနဲ့ နျူထိပ်ဖူး သယ်ဆောင်လို့ရတဲ့ ဒုံးကျည်တွေ စမ်းသပ်လို့မရဘူးလို့ တားမြစ်ထားတာဖြစ်ပြီး အီရန်ကတော့ အခုနောက်ပိုင်း ခပ်စိပ်စိပ် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ နျူလက်နက် သယ်ဆောင်လို့မရဘူးလို့ ပြောဆိုထားပါတယ်။

    Ref : Presstv

  • အီရန်လေတပ်တွင် ရုရှား၏ ဒုံးခွင်းစနစ်ကို တင်ဆင်

    အီရန်လေတပ်တွင် ရုရှား၏ ဒုံးခွင်းစနစ်ကို တင်ဆင်

    မေ ၁၁၊ ၂၀၁၆
    M-Media

    iran

    – အီရန်လေတပ်မှာ ရုရှားလုပ် လေကြောင်းရန် ကာကွယ်ရေးစနစ် S-300 ကို တပ်ဆင်ထားလိုက်ပြီလို့ အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟိုစိန် ဒေကန်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

    ခတမ် အလ်-အန်ဘီယာ လေတပ်စခန်းမှာ တပ်ဆင်လိုက်တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးကလည်း ဒီအောင်မြင်မှုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

    “လေကြောင်းကာကွယ်ရေးကဏ္ဍမှာ ဗျူဟာမြောက် S-300 စနစ်ကို တပ်ဆင်ပေးနိုင်ခဲ့ပါပြီ” လို့ ဒေကန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လမှာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ ဟိုစိန် ဂျာဘေရီ အန်ဆွာရီက ရုရှားဟာ အီရန်နိုင်ငံကို ဒုံးကျည်ကာကွယ်ရေးစနစ်ပေးပို့ဖို့ သဘောတူညီချက်ကို စတင်အကောင်အထည်ဖော်နေပြီလို့ ပြောဆိုခဲ့ပါတယ်။

    အီရန်ဟာ ၂၀၀၇ ခုနှစ်မှာ S-300 ဒုံးခွင်းစနစ်တွေကို ၀ယ်ယူဖို့ ရုရှားနဲ့ ကန်ဒေါ်လာ သန်း ၈၀၀ တန်စာချုပ် ချုပ်ဆိုခဲ့ပေမယ့် အီရန်ရဲ့ နျူစီမံကိန်းကြောင့် ကုလသမဂ္ဂက အရေးယူပိတ်ဆို့လိုက်ပြီးတဲ့နောက်မှာ ရုရှားဘက်က ပေးပို့ဖို့ ငြင်းဆန်ခဲ့ပါတယ်။

    ဒါပေမယ့် ၂၀၁၅ ခုနှစ် ဧပြီလမှာ ရုရှားသမ္မတ ပူတင်က ဒီပိတ်ပင်မှုကို ဖယ်ရှားပေးခဲ့ပြီးနောက်မှာ အီရန်ဟာ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အခုလို တပ်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Presstv

  • တာဝေးပစ်ဒုံးကျည်သစ်ကို အီရန်က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

    တာဝေးပစ်ဒုံးကျည်သစ်ကို အီရန်က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

    မေ ၁၀၊ ၂၀၁၆
    M-Media

    missile

    – ၂၀၀၀ ကီလိုမီတာ အကွာအဝေးထိ ပစ်လွှတ်နိုင်ပြီး၊ ပစ်မှတ်လွတ်ချော်နိုင်မှု အကွာအဝေး ၈ မီတာသာ ရှိတဲ့ တာဝေးပစ် ဒုံးကျည်တစ်စင်းကို မကြာသေးခင်က စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အီရန်စစ်တပ်က ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် အလီ အဘ်ဒိုလာဟီက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအားကို ဖော်ကျူးတဲ့အနေနဲ့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမြဲလိုလို ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်လေ့ရှိပြီး အခုနောက်ဆုံး စမ်းသပ်မှုကို လွန်ခဲ့တဲ့ ၂ ပတ်လောက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဇန်န၀ါရီလက အကျုံးဝင်ခဲ့တဲ့ အီရန်ရဲ့ နျူသဘောတူညီချက်အပြီး အနောက်နိုင်ငံတွေရဲ့ မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ အချိန်မျိုးမှာ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

    စမ်းသပ်မှုတွေဟာ နျူသဘောတူညီချက်ကို ချိုးဖောက်တာမျိုး မဟုတ်ပေမယ့် အနောက်နိုင်ငံတွေကတော့ အီရန်ကို ဒုံးကျည်စမ်းသပ်မှုတွေ ရပ်တန့်ဖို့ ဖိအားတွေ ပေးနေပါတယ်။

    အမေရိကန်နဲ့ ဥရောပအင်အားကြီးနိုင်ငံတွေက ဒီဒုံးကျည်စမ်းသပ်မှုတွေဟာ နျူကလီးယားထိပ်ဖူးတပ်နိုင်တဲ့ ဒုံးကျည်တွေကို မစမ်းသပ်ဖို့တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလေးစားရာရောက်တယ်လို့ ဆိုကြပါတယ်။

    ဒါပေမယ့် အီရန်ကတော့ မိမိတို့စမ်းသပ်နေတဲ့ ဒုံးကျည်တွေဟာ နျူထိပ်ဖူးတပ်ဆင်လို့မရတဲ့ ဒုံးကျည်တွေသာဖြစ်ပြီး စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref; Presstv

  • အီရန်တွင် နိုင်ငံတကာ ရေနံထွက်ကုန်ပြပွဲ ကျင်းပ

    အီရန်တွင် နိုင်ငံတကာ ရေနံထွက်ကုန်ပြပွဲ ကျင်းပ

    မေ ၆၊ ၂၀၁၆
    M-Media

    iran

    – ၂၁ ကြိမ်မြောက် နိုင်ငံတကာ ရေနံသန့်စင်ခြင်းနဲ့ ရေနံထွက်ပစ္စည်းများပြပွဲကို အီရန်နိုင်ငံ တီဟီရန်မြို့မှာ ယမန်နေ့က စတင်ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီ ကုန်စည်ပြပွဲကို အီရန်မှ ကုမ္ပဏီ ၉၀၀၊ အခြား ၃၈ နိုင်ငံက ကုမ္ပဏီပေါင်း ၈၈၀ နဲ့ စုစုပေါင်း ကုမ္ပဏီ ၁၉၀၀ ခန့်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်တွေကို ခင်းကျင်းပြသခဲ့ပါတယ်။

    ဒီနှစ်ပြပွဲကို တက်ရောက်လာတဲ့ ကုမ္ပဏီအရေအတွက်ဟာ မနှစ်ကထက် ၆၀ ရာခိုင်နှုန်းလောက် ပိုများလာတာကို တွေ့ရပါတယ်။ အီရန်အာဏာပိုင်တွေရဲ့ပြောကြားချက်အရတော့ နိုင်ငံတကာက ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်အပြီးမှာ အီရန်ရဲ့ ရေနံစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေရဲ့ စိတ်ဝင်စားမှုဟာ မြင့်တက်လာတယ်လို့ သိရပါတယ်။

    အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးလိုက်ခြင်းဟာ အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှုစွမ်းရည်ကို နှစ်ဆမြင့်တက်သွားစေပြီး နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးမှုတွေအတွက် အီရန်ကို ချဉ်းကပ်လာခဲ့ကြပါတယ်။

    Ref: Presstv

  • ပါရှန်ပင်လယ်ကွေ့တွင် မိမိတို့၏အင်အားကို အမေရိကန်အား ပြသရမည်ဟု အီရန်ပြော

    ပါရှန်ပင်လယ်ကွေ့တွင် မိမိတို့၏အင်အားကို အမေရိကန်အား ပြသရမည်ဟု အီရန်ပြော

    မေ ၃၊ ၂၀၁၆
    M-Media

    ira

    – အီရန်အနေနဲ့ မိမိတို့ရဲ့အင်အားကို ပါရှန်ပင်လယ်ကွေ့မှာ အမေရိကန်ကို ပြသရလိမ့်မယ်လို့ အီရန်အဓိပတိ အာယာတိုလာ ဆိုင်ယစ်ဒ် ခါမေနီက ပြောကြားလိုက်ပါတယ်။

    “ပါရှန်းပင်လယ်ကွေ့ကမ်းရိုးတမ်းနဲ့ အိုမန်ပင်လယ် ကမ်းရိုးတန်း နေရာအတော်များများဟာ ဒီအင်အားကြီးနိုင်ငံ(အီရန်)က ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီနေရာမှာ ကျွန်တော်တို့ပဲ ရှိနေရမှာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ကာ ကျွန်တော်တို့ရဲ့အင်အားကို ပြသရပါလိမ့်မယ်” လို့ ခါမေနီကဆိုပြီး အီရန်နိုင်ငံအနေနဲ့ ပါရှန်းပင်လယ်ကွေ့မှာ စစ်ရေးလေ့ကျင့်မှုတွေ မပြုလုပ်သင့်ဘူးဆိုတဲ့ အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုကို တုန့်ပြန်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

    “ကမ္ဘာတစ်ဖက်ကနေ ဒီကိုရောက်လာပြီး ဘာ့ကြောင့် စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ရလဲဆိုတာကို အမေရိကန်တွေကသာ ပြန်ရှင်းပြရမှာပါ။ အနိုင်ကျင့်ချင်တဲ့ အင်အားကြီးနိုင်ငံတွေကို ဒီလိုပုံစံမျိုးနဲ့သာ တုန့်ပြန်ရမှာဖြစ်ပါတယ်”

    နောက်ပြီး ရန်သူတွေအနေနဲ့ အီရန်ရဲ့ အင်အားနဲ့ တွေ့တဲ့အခါမှာ သူတို့မှားကြောင်း ၀န်ခံရမှာဖြစ်ပြီး၊ မိမိတို့ဘက်က ရှိန်နေမယ်ဆိုရင်တော့ ရန်သူတွေဘက်က မျက်နှာပြောင်တိုက်၊ အတင့်ရဲလာမှာဖြစ်တယ်လို့လည်း ခိုမေနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: Presstv