News @ M-Media

Tag: Iran

  • အီရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အာဖဂန်သဘောတူ

    ဒီဇင်ဘာ- ၁၀ ၂၀၁၃
    M-Media

    Afghanistan, Iran plan cooperation pact amid tensions with U.S.

    ၂၀၁၄ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း အမေရိကန်တပ်များ ဆက်လက်ရှိနေမည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ထိုးရန်ဆိုင်းငံ့ထားသည့် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းမှာ အီရန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် တနင်္ဂနွေနေ့က သဘောတူညီခဲ့သည်ဟု သိရသည်။

    တဟီရန်သို့ရောက်ရှိနေသည့် ကာဇိုင်းမှာ အီရန်သမ္မတ ဟာဆန်ရူဟာနီနှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကိစ္စရပ်များအား မကြာမီ လက်မှတ်ထိုးသွားမည်ဟု ကာဇိုင်း၏ ပြောရေးဆိုခွင့်ရှိသူ အိုင်မယ် ဖိုင်ဇီက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သြဂုတ်လကလည်း အာဖဂန်နိုင်ငံမှာ အီရန်နှင့် လုံခြုံရေးကိစ္စရပ်များကို အသားပေးထားသည့် မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားသည်။

    Ref: Reuters

  • ဒေသတွင်း တည်ငြိမ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆော်ဒီအား အီရန်နိုင်ငံခြားရေး ၀န်ကြီး တိုက်တွန်း

    ဒီဇင်ဘာ- ၅ ၂၀၁၃
    M-Media

    Irans-Foreign-Minister-Mohammad-Javad-Zarif

    ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆောဒီအာရဗျနှင့် အီရန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က တိုက်တွန်းပြောကြားခဲ့သည်။

    ထို့ပြင် အီရန်နှင့် ဆောဒီအာရေဗျတို့မှာ ဒေသအတွင်း အင်အားကြီးနိုင်ငံများဖြစ်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းအေးချမ်းရေး အတွက် တာဝန်ယူနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဇာရစ်ဖ်မှာ ကူဝိတ်နှင့် အိုမန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် ကာတာနိုင်ငံ ဒိုဟာမြို့သို့ တနင်္လာနေ့ကရောက်ရှိလာခဲ့သည်။ ၃ ရက်တာကြာမြင့်သည့် ပင်လယ်ကွေ့နိုင်ငံများသို့ လည်ပတ်မှုအတွင်း နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကာ ဒေသတွင်းအခြေအနေများအား ဆွေးနွေးခဲ့သည်။
    Source : Presstv

  • အီရန်နှင့် အင်အားကြီး(၆)နိုင်ငံ နျူးကလီးယားဆိုင်ရာ သဘောတူညီချက်အား အစ္စရေးမကျေနပ်

    နိုဝင်ဘာ-၂၅ ၂၀၁၃
    M-Media

    TOPSHOTS-SWITZERLAND-IRAN-NUCLEAR-POLITICS-DIPLOMACY

    အီရန်နိုင်ငံ၏ နျူးကလီးယားအစီအစဉ်အား ရပ်တန့်ရန်အတွက် အနောက်နိုင်ငံများမှ ပိတ်ဆို့မှုအချို့အား ဖွင့်ပေးရန် သဘောတူညီမှုသည် သံတမန်ရေးရာတွင် အငြင်းပွားစရာဖြစ်လာခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထိုသဘောတူညီချက်မှာ သမိုင်းဝင်မှားယွင်းမှုဖြစ်သည်ဟု ပြောဆိုလိုက်သည်။

    ထိုသဘောတူညီချက်အား အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ဂျီနီဗာတွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ယမန်နေ့ကရရှိခဲ့ခြင်းဖြစ်ပြီး ဆယ်ဆုနှစ် တစ်ခုအကြာရှိနေသော အန္တရာယ်ရှိသည့် လိပ်ခဲတည်းလည်းအခြေအနေတစ်ခုအား ဖြေရှင်းရန် ပထမခြေလှမ်းတစ်ခုအဖြစ် ရှုမြင်နေကြသည်။

    ထိုကဲ့သို့ သဘောတူညီချက်ရရှိခြင်းကို ကမ္ဘာ့နိုင်ငံအများစုက ကြိုဆိုခဲ့ကြသော်လည်း အစ္စရေးဝန်ကြီးချုပ်က ‘ထိုကိစ္စမှာ သမိုင်းဝင်သဘောတူညီချက်မဟုတ်၊ သမိုင်းဝင် မှားယွင်းမှုသာဖြစ်သည်’ ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။

    ထိုမှတ်ချက်ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဂျီနီဗာသဘောတူညီချက်နှင့် နျူးကလီးယားလက်နက်ပိုင်ဆိုင်မှုမှ အီရန်နိုင်ငံအား တားဆီးရန်အတွက် အမေရိကန်၏ကတိကို လက်ခံရန် နေတန်ယာဟုအား တိုက်တွန်းပြောကြားခဲ့သည်။
    Ref: aljazeera

  • အီရန် နျူကလီးယား ကိစ္စအတွက် သမိုင်းဝင်သဘောတူညီချက်ရပြီ

    နိုဝင်ဘာ-၂၄ ၂၀၁၃
    M-Media

    2013112434658680734_20
    ဆယ်စုနှစ်တစ်ခုအကြာ လိပ်ခဲတည်းလည်းဖြစ်နေခဲ့သည့် အီရန်နိုင်ငံ၏ နျူကလီးယား ပိုင်ဆိုင်ရန်ကြိုးပမ်းမှုကို ရပ်တန့်ရန်အတွက် အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ဂျီနီဗာတွင် သဘောတူညီချက် တရပ် ယနေ့တွင်ရရှိခဲ့သည်ဟု သိရသည်။

    အီရန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားတို့မှာ ဂျီနီဗာတွင် ယနေ့ နံနက်ပိုင်းမှစ၍ ၄ နာရီကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ထိုကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

    ထိုသဘောတူညီချက် အရ အီရန်အနေဖြင့် ယူရေနီယံသန့်စင်မှု ပမာဏကို လျှော့ချရမည်ဖြစ်ပြီး Arak ဒေသရှိ ဓာတ်ပေါင်းဖိုတစ်ခုအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ရပ်ဆိုင်းရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှ နျူကလီးယား လက်နက် စစ်ဆေးသူများအား ၀င်ရောက် စစ်ဆေးခွင့်ပြုရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံမှ အီရန် အပေါ်ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကိုလည်း ဖယ်ရှားပေးမည်ဖြစ်သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ထိုသဘောတူညီချက်မှာ အီရန်နိုင်ငံ၏ နျူကလီးယား ပိုင်ဆိုင်မှု အခွင့်အရေးကိုလည်း အာရုံစိုက်ထားခြင်း မရှိဘဲ၊ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန် မဟာမိတ်နိုင်ငံများကိုလည်း ပိုမို လုံခြုံစေသည်ဟု ပြောကြားခဲ့သည်။
    Ref:aljazeera

  • သဘာဝ ဓာတ်ငွေ့တင်ပို့သည့် နိုင်ငံများ၏ ၀န်ကြီးများ အစည်းအဝေး အီရန်တွင် လက်ခံကျင်းပ

    နိုဝင်ဘာ ၅ ၂၀၁၃
    M-Media

    GECF_101209

    ၁၅ နှစ်မြောက် သဘာဝဓာတ်ငွေ့တင်ပို့သည့်နိုင်ငံများ၏၀န်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ (Gas Exporting Countries Forum (GECF)) အား အီရန်နိုင်ငံ တီဟ်ရန် (Tehran) ၌ နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း SHANA သတင်းဌာနက ပြောကြားခဲ့သည်။

    GECF ၏ ငွေကြေးကဏ္ဍကိစ္စများ၊ စီမံခန့်ခွဲရေးကိစ္စများနှင့်အတူ ၂၀၁၄ ခုနှစ်အတွက် ဘတ်ဂျက်ဇယားရေးဆွဲရန်ကိုလည်း ၄င်းတွေ့ဆုံပွဲတွင် ဆွေးနွေးမည်ဖြစ်သည်။ GECF ၏ အတွင်းရေးမှူးချုပ်ကိုရွေးချယ်မည့်အစီအစဉ်လည်း ပါဝင်သည်။

    GECF ၏ အတွင်းရေးမှူးချုပ်နေရာအတွက် စိုင်ယဒ် မုဟမ္မဒ် ဟိုစိုင် အဒ်လီ (Seyyed Mohammad HosseinAdeli) အား အီရန်နိုင်ငံဖက်မှ အမည်တင်သွင်းထားကြောင်း၊  ဖိုရမ်ဦးဆောင်သူ အီရန်နိုင်ငံရေနံဝန်ကြီး ဘီဂျန် နမ်ဒါ ဇန်ဂါအီဟ် (BijanNamdarZanganeh) ၏ ပြောကြားချက်ကို အီရန်သတင်းဌာနများက ပြန်လည်ကောက်နှုတ်တင်ပြခဲ့သည်။

    GECF ၏ တတိယအကြိမ် ထိပ်သီးအစည်းအဝေးအား တီဟ်ရန်တွင်ပင် ပြုလုပ်မည်ဖြစ်ပြီး ဒုတိယအကြိမ်မြောက် အစည်းဝေးကိုတော့ ဇူလိုင်လက မော်စကိုတွင် ပြုလုပ်ခဲ့သည်။

    ဖိုရမ်အတွင်း သဘာဝဓာတ်ငွေ့အဓိက တင်ပို့ဖြန့်ချိသည့် နိုင်ငံများဖြစ်သော အလ်ဂျီးရီးယား(Algeria)၊ ဘိုလီးဗီးယား(Bolivia)၊ အီဂျစ်(Egypt)၊ အီကွေတိုးရီးယား ဂီနီ (Equatorial Guinea)၊ အီရန်(Iran)၊ လစ်ဗျား(Libya)၊ နိုင်ဂျီးရီးယား(Nigeria)၊ အိုမန်(Oman)၊ ကာတာ(Qatar)၊ ရုရှား(Russia)၊ ထရိုင်နီဒတ်(Trinidad) နှင့် တိုဘာဂို(Tobago)၊ ယူအေအီး(United Arab Emirates) နှင့် ဗင်နီဇွဲလား(Venezuela) တို့မှ အလွှာစုံလူတန်းစားအသီးသီးနှင့် အစိုးရနောက်ခံအဖွဲ့စည်းများ ပါဝင်ကြသည်။ ကာဇတ်စတာန်(Kazakhstan)၊ အီရတ်(Iraq)၊ နယ်သာလန်(Netherland) နှင့် နော်ဝေး(Norway) တို့မှာ လေ့လာသူအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။

    GECF ၏ ပထမဆုံးအကြိမ်ထိပ်သီးဆွေးနွေးပွဲအား ကာတာ၏မြို့တော် ဒိုဟာတွင် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အီရန်မြို့တော် တီဟ်ရန်တွင် GECF အား စတင်တည်ထောင်ခဲ့သည်။ ၄င်း၏ အသင်းဝင်နိုင်ငံများသည် ကမ္ဘာ့ သဘာဝဓာတ်ငွေ့သိုက်၏ ၇၀ ရာခိုင်နှုန်းကျော်ကိုလည်းကောင်း၊ သဘာဝဓာတ်ငွေ့လောင်စာရည်ထုတ်လုပ်မှု LNG ၏ ၈၀ ရာခိုင်နှုန်းကိုလည်းကောင်း ထိန်းချုပ်ထားသည်။

    တရားဝင်ဖိုရမ်ကို မော်စကို၌ ဒီဇင်ဘာလ၂၀၀၈ခုနှစ်တွင် စတင်ခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်ဝန်ကြီးများသည် ဖိုရမ်၏ သတ်မှတ်ချက်များကိုဖော်ဆောင်ကာ သက်ဆိုင်ရာအစိုးရတို့၏နောက်ခံအဖွဲ့စည်းတစ်ခုအနေဖြင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

    Source : Trend.az