အောက်တိုဘာ ၁၈၊ ၂၀၁၆
M-Media
– IS ၏ ခြေကုပ်မြို့ဖြစ်သော မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်တွင် ပထမ ၂၄ နာရီအတွင်း ကျေးရွာပေါင်း ၂၀ ခန့်ကို သိမ်းယူနိုင်ခဲ့သည်ဟု အီရတ်စစ်တပ်က ပြောကြားလိုက်သည်။
အဆိုပါ စစ်ဆင်ရေးကို တနင်္လာနေ့မနက် အစောပိုင်းက စတင်ခဲ့ခြင်ဖြစ်ပြီး အီရတ်စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့များနှင့်အတူ အမေရိကန်ဦးဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့များကလည်း လေကြောင်းမှ ကူညီတိုက်ခိုက်ပေးခဲ့သည်။ IS အဖွဲ့ကလည်း တိုက်ခိုက်မှုကို ဟန့်တားရန်နှင့် လေကြောင်းတိုက်ခိုက်မှု မပြုလုပ်နိုင်ရန် ရေနံတွင်းများကို မီးရှို့ကာ မီးခိုးများ ပြန့်နှံ့အောင် ပြုလုပ်ခဲ့သည်။
ကာ့ဒ်တပ်ဖွဲ့ကမူ မိမိတို့အနေဖြင့် မူဆိုးလ်မြို့အရှေ့ပိုင်း ကီလိုမီတာ ၃၀ အကွာတွင် ထိုးစစ်ကို ခဏ ရပ်တန့်ခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ အီရတ်တပ်ဖွဲ့က စစ်ဆင်ရေး၏ နောက်တစ်ဆင့်ကို ဆောင်ရွက်ရန် စီစဉ်နေသည်။ ကာ့ဒ်တပ်ဖွဲ့ဖြစ်သော Peshmerga မှ ကာနယ် ခက်သ်ဟာ ရှိခ်ခန်းကမူ မိမိတို့တပ်ဖွဲ့ဝင်များမှာ ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။
Ref : Aljazeera
Leave a Reply
You must be logged in to post a comment.