သြဂုတ် ၆၊ ၂၀၁၆
M-Media
– တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ အီရတ်ပြည်သူ ၃၀၀၀ ခန့်ကို IS အကြမ်းဖက်သမားတွေက ဖမ်းဆီးလိုက်ပြီး နောက်ပိုင်းမှာ အဲဒီအထဲက ၁၂ ယောက်ကို သတ်ဖြတ်လိုက်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြာကြားလိုက်ပါတယ်။
အီရတ်လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က အယောက် ၁၀၀ ကနေ ၁၂၀ လောက်ရှိတဲ့ IS စစ်သွေးကြွတွေဟာ အရပ်သား ၁၉၀၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ ကြာသာပတေးနေ့က ကြေငြာချက် ထုတ်ပြန်အပြီးမှာ ကုလရဲ့ ဒီသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဆိုပါ လူ့အခွင့်အရေးအဖွဲ့က IS တွေဟာ အီရတ်လုံခြုံရေးတပ်တွေနဲ့ တိုက်ခိုက်တဲ့အခါ ဖမ်းဆီးထားတဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုကြကြောင်း၊ ဒါ့အပြင် လူတော်တော်များများကိုလည်း သတ်ဖြတ်ခဲ့ပြီး ၆ ယောက်ကို မီးရှို့ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ကုလရဲ့ အစီရင်ခံစာမှာတော့ IS အကြမ်းဖက်အဖွဲ့ဟာ ကာကတ်ဒေသ ဟာဝေဂျာခရိုင်က ရွာတွေကနေ ကာကတ်မြို့ကိုသွားဖို့ ကြိုးစားနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“သတင်းတွေအရ စစ်ဘေးရှောင်ပြည်သူ ၁၂ ယောက်ဟာ ဖမ်းဆီးခံရမှုအတွင်းမှာ အသတ်ခံခဲ့ရပါတယ်” လို့ UNHCR ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
လက်ရှိအချိန်မှာ အီရတ်က IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ မူဆိုးလ်မြို့ကိုသိမ်းပိုက်ရေး အီရတ်စစ်တပ်နဲ့ စေတနာ့ဝန်ထမ်း တပ်ဖွဲကတွေက ဆောင်ရွက်နေကြပြီး၊ မူဆိုးလ်မြို့ကို လွတ်မြောက်စေပြီးတဲ့အခါမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက် ကုလက ဒေါ်လာ ၂ ဘီလီယံလောက် တောင်းခံထားပေးမယ့် အခုအချိန်အထိတော့ အလှူငွေ လက်ခံရရှိခြင်း မရှိသေးပါဘူး။
Ref : Presstv