News @ M-Media

Tag: IS

  • အာဏာပါးကွပ်သား ဂျီဟာဒီဂျွန် သေဆုံးကြောင်း IS အတည်ပြု

    အာဏာပါးကွပ်သား ဂျီဟာဒီဂျွန် သေဆုံးကြောင်း IS အတည်ပြု

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media

    jihadd Jhon

    – IS အကြမ်းဖက်အဖွဲ့က ဓားစားခံများအား ခေါင်းဖြတ်သတ်ဖြတ်သည့် ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်သော အာဏာပါးကွက်သား ဂျီဟာဒီ ဂျွန်မှာ သေဆုံးသွားပြီဟု IS အဖွဲ့နှင့်နွယ်သည့် ဒစ်ဂျစ်တယ် မဂ္ဂဇင်းက အတည်ပြုခဲ့သည်။

    Dabiq မဂ္ဂဇင်းဖြစ်ပြီး ဂျီဟာဒီဂျွန်၏ IS အဖွဲ့ဝင်အမည်ဖြစ်သော အဘူ မူဟာရစ်ဘ် အလ်-မူဟာဂျီရ် ဟူသော အမည်ကိုသုံး၍ ၎င်းအသက်ရှင်စဉ်က လုပ်ရပ်များကို ချီးကျူရေးသားခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကမူ ၎င်းတို့၏ ဒရုန်းတိုက်ခိုက်မှုအတွင်း ဂျီဟာဒီဂျွန် သေဆုံးသွားခဲ့သည်ဟု ပြီးခဲ့သည့်နိုဝင်ဘာလက သတင်းထုတ်ပြန်ခဲ့သည်။

    တရားဝင်အတည်ပြုမှုများ ပြုလုပ်ရအုံးမည်ဖြစ်သော်လည်း မိမိတို့၏ ဒရုန်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သူမှာ ဂျီဟာဒီဂျွန်ဖြစ်ကြောင်း ယုံကြည်ရသည်ဟု အမေရိကန်ဗိုလ်မှူးကြီး စတီဗင် ၀ါရန်မှ ထိုစဉ်အချိန်က ပြောကြားခဲ့သည်။ ထို့နောက် ၂ လအကြာတွင် ယခုကဲ့သို့ IS ၏ မဂ္ဂဇင်းတွင် ဂျီဟာဒီ ဂျွန်သေဆုံးကြောင်း ဖော်ပြချက် ပါဝင်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ၂၀၁၅ ခုနှစ်အတွင်း IS က ၎င်းတို့နယ်မြေ ၁၄ ရာခိုင်နှုန်းခန့် ဆုံးရှုံး

    ၂၀၁၅ ခုနှစ်အတွင်း IS က ၎င်းတို့နယ်မြေ ၁၄ ရာခိုင်နှုန်းခန့် ဆုံးရှုံး

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    – IS အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထားသည့် နယ်မြေများမှာ ၂၀၁၅ ခုနှစ်အတွင်း ၁၄ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားခဲ့ပြီး ဆီးရီးယားရှိကာ့ဒ်များ ထိန်းချုပ်နိုင်သည့်နယ်မြေများမှာ သုံးဆခန့်ကျယ်ပြန့် လာခဲ့သည်ဟု တတ်သိပညာရှင်များအဖွဲ့ဖြစ်သော JHS က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထိုအခြေအနေက IS အဖွဲ့၏ ခလီဖိတ်အင်ပါယာ ကျယ်ပြန့်လာစေရန် နယ်မြေများ အတင်းအဓမ္မသိမ်းပိုက်နေသည့် ရည်ရွယ်ချက်ကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

    ၎င်းတို့ ဆုံးရှုံးခဲ့သည့် နယ်မြေများတွင် စစ်ရေးအရ အရေးပါသည့်နယ်မြေများဖြစ်သော တူရကီ- ဆီးရီးယားနယ်စပ်မှ တဲလ်အဘ်ယာ့ဒ်မြို့၊ အီရတ်နိုင်ငံ၏ တစ်ကရစ်မြို့နှင့် ဘိုင်ဂျီးရေနံချက်စက်ရုံ စသည်တို့ပါဝင်သည်။ အခြား ကြီးမားသော ဆုံးရှုံးမှုများတွင် ထောက်ပံ့ရေးလမ်းကြောင်းများရှုပ်ထွေးနေသည့် အီရတ်မြောက်ပိုင်း မူဆိုးလ်နှင့် ဆီးရီးယား၏ အဓိကထောက်ပံ့ရေးမြို့ ရက်ကာ တို့ကြားတွင်ရှိသည့် အဝေးပြေးလမ်းမကြီးတစ်ခု ဖြစ်သည်။

    အမေရိကန်အခြေစိုက် JHS အဖွဲ့က အကြမ်းဖက်အဖွဲ့များသိမ်းပိုက်ထားသည့် နယ်မြေများသည် ၁၂၀၀ စတုရန်းကီလိုမီတာ ရှိရာမှ ၇၈၀၀၀ စတုရန်းကီးလိုမီတာအထိ လျော့ကျသွားကြောင်း ပြောကြားခဲ့သည်။ IS အဖွဲ့ကို အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုများ၊ အီရတ်တပ်ဖွဲ့များ၊ ဆီးရီးယားသူပုန်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

    ဆီးရီးယားပဋိပက္ခတွင် အဓိကနယ်မြေဆုံးရှုံးခဲ့သူမှာ နယ်မြေ ၁၆ ရာခိုင်နှုန်းခန့်လက်လွတ်ခဲ့ရသည့် ဆီးရီးယားအစိုးရဖြစ်သည်။ ယခုလက်ကျန်မြေမှာ စတုရန်းကီလိုမီတာ ၃၀၀၀၀ ၀န်းကျင်သာ ကျန်ရှိတော့ပြီး ဤပမာဏမှာ IS သိမ်းပိုက်ထားသည့်ဧရိယာ၏ တစ်ဝက်လောက်ပင် မရှိပေ။

    Ref: Alarabiya

  • အစ္စရေးက IS ကို ငွေကြေးထောက်ပံ့နေသည်ဟု ဒေါ်နယ်ထရမ့် ပြောပြန်

    အစ္စရေးက IS ကို ငွေကြေးထောက်ပံ့နေသည်ဟု ဒေါ်နယ်ထရမ့် ပြောပြန်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    turmp

    – အမေရိကန် ရီပက်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် အမေရိကန်သူဌေးကြီး ဒေါ်နယ်ထရမ့်က အစ္စရေးမှာ IS အကြမ်းဖက်သမားများအား ငွေကြေးအမြောက်အများပေးပို့ခြင်းဖြင့် ကူညီနေသည်ဟု ပြောကြားလိုက်သည်။

    Morning Joe ဟု အမည်ရသည့် ရုပ်သံအစီအစဉ် အင်တာဗျူးတွင် ထရမ့်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်အပြီး နာရီအနည်းငယ်အကြာတွင် အစ္စရေးသို့သွားရောက်မည့်ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။

    “ကျွန်တော်တို့နိုင်ငံက စစ်ရေးနဲ့ ကာကွယ်မှုပေးထာပြီး ကျွန်တော်တို့နဲ့လက်တွဲအလုပ်လုပ်နေတဲ့ မဟာမိတ်နိုင်ငံထဲက အချို့က ISIS၊ အလ်ကိုင်ဒါနဲ့ အခြားသောအကြမ်းဖက်အဖွဲ့အစည်းတွေကို အလွန်များပြားတဲ့ငွေတွေ ပေးပို့ထောက်ပံ့နေပါတယ်” ဟု ထရမ့်က အင်တာဗျုးတွင် ပြောဆိုခဲ့သည်။

    မည်သူ့ကို ရည်ရွယ်ပြောဆိုသနည်းဟု ထပ်မံမေးမြန်းရာ “ဘယ်သူလဲဆိုတာ ခင်ဗျားတို့သိပါတယ်” ဟုသာ ထရမ့်က ဖြေဆိုခဲ့သည်။

    ၎င်းက မိမိမှာ အစ္စရေးနိုင်ငံသားများနှင့် ဆက်ဆံရေးရှိနေသောကြောင့် IS ကိုထောက်ပံ့ပေးနေသည့် အမေရိကန်မဟာမိတ်နိုင်ငံများကို ထုတ်ဖော်ပြောကြားမှု ပြုမည်မဟုတ်ဟု ဆိုသည်။ သို့သော်လည်း အစ္စရေးနှင့် အခြားနိုင်ငံများက IS အား ထောက်ပံ့ပေးနေသည်များကို လူတိုင်းက သိရှိကြသော်လည်း မည်သူကမှ အစ္စရေးအကြောင်း မပြောကြကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ရှိတယ်ဗျ။ ဒါပေမယ့် ကျွန်တော်ကတော့ ပြောမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ပြည်သူတွေရဲ့ ဆက်ဆံရေးတွေများကြီး ရှိလို့ပါ။ ဒါပေမယ့် ထောက်ပံ့နေတယ်ဗျ။ ခင်ဗျားတို့လည်း ဒါကိုသိပါတယ်။ လူတိုင်းကလည်း ဒါကိုသိပါတယ်။ မပြောကြတာပါ။ ဘယ်သူမှမပြောကြတာပါ”

    ထို့ပြင် အမေရိကန်အစိုးရကလည်း အဆိုပါကိစ္စကို သိနေပြီး ၎င်း၏ ပြောဆိုမှုများ မှန်ကန်ကြောင်းသေချာစေရန် မှတ်တမ်းများ စစ်ဆေးကြည့်နိုင်သည်ဟု ဆိုသည်။

    “ခင်ဗျားတို့လုပ်သင့်တာက မှတ်တမ်းမှတ်ရာတွေကို ပြန်စစ်ဆေးဖို့ပါပဲ၊ ကျွန်တော်တို့အစိုးရက ဒီနိုင်ငံတွေကို သိနေပါတယ်” ဟု ဖော်ညွှန်းခဲ့သည်။ ထရမ့်မှာ အစ္စရေးသို့ သွားရောက်မည့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး “ကျွန်တော် သမ္မတဖြစ်ပြီး တစ်ရက်ရက်မှပဲသွားတော့မယ်” ဟု ပြောကြားခဲ့သည်။

    ထရမ့်၏ မဲဆွယ်စည်းရုံးရေးများသည် စကတည်းကပင် အငြင်းပွားစရာများရှိနေသော်လည်း ၎င်းသည် ရီပက်ဘလီကန် ထိပ်ပိုင်းခေါင်းဆောင်များ၏ ထောက်ခံမှု ၂၇ ရာခိုင်နှုန်းရရှိထားသူ ဖြစ်သည်။

    Ref: Press TV

  • IS ဒဏ်နှင့် စစ်ဒဏ်ခံ ဆီးရီးယားပြည်သူများအကြား အသားလှိုက်စားသည့် အရေပြားရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေ

    IS ဒဏ်နှင့် စစ်ဒဏ်ခံ ဆီးရီးယားပြည်သူများအကြား အသားလှိုက်စားသည့် အရေပြားရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    ဆီးရီးယားအမျိုးသမီးတစ်ဦးက ၎င်း၏ရောဂါကို ပြသနေစဉ်

    – စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ ဆီးရီးယားက IS အဖွဲ့ထိန်းချုပ်တဲ့ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ပျက်သုဉ်းကုန်တာက Leishmaniasis လိုခေါ်တဲ့ အသားကိုလှိုက်စားတဲ့ ဗိုင်းရပ်စ်တစ်မျိုးကို ပြန့်နှံ့စေခဲ့ပါတယ်။

    အရေပြားကနေတစ်ဆင့် အသားတွေကို လှိုက်စားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်စေတဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ လမ်းတွေပေါ်မှာပုံထားတဲ့ အလောင်းတွေကို သွားရောက်စားသောက်ကြတဲ့ ကပ်ပါးပိုးတွေကနေတစ်ဆင့် ကူးစက်တာလည်းဖြစ်ပါတယ်။

    “အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပြီး၊ အလောင်းတွေကို လမ်းပေါ်မှာ ပစ်စလခတ် လွှင့်ပစ်ထားတဲ့ IS အဖွဲ့ရဲ့ စက်ဆုပ်ဖွယ်ရာ လုပ်ရပ်တွေရဲ့ ရလဒ်ပါပဲ။ ဒါဟာ Leishmaniasis ရောဂါကို အလျင်အမြန်ပြန့်နှံစေတဲ့ နောက်ကွယ်က အဓိကအကြောင်းအရင်းတစ်ခုပါပဲ” လို့ ကာ့ဒ်လခြမ်းနီအဖွဲ့ အကြီးအကဲ ဒီလ်ကက်ရှ် အီဆာက ဆိုပါတယ်။

    ဆီးရီးယားက ကာ့ဒ်တိုက်ခိုက်ရေးသမားတွေကတော့ ဒီရောဂါကို IS က ဆီးရီးယားနိုင်ငံတစ်ဝှမ်း လွှမ်းမိုးပြီး ရက်စက်ကြမ်းကြုတ်မှုတွေ မပြုလုပ်ခင်က မတွေ့ရဘူးလို့ ပြောပါတယ်။ Leishmaniasis ရောဂါဟာ အသက်အန္တရာယ်ကို မထိခိုက်ပေမယ့် အရေပြားပေါ်မှာ ရုပ်ပျက်ဆင်းပျက် အနာတွေ ဖြစ်စေပြီး ဆေးဘက်ဆိုင်ရာအပါအ၀င် အခြေခံလိုအပ်ချက်တွေ မရရှိနိုင်တဲ့ စစ်ဖြစ်ဆဲ ဆီးရီးယားလိုနိုင်ငံမျိုးမှာတော့ ဆိုးဆိုးရွားရွားတွေ ဖြစ်စေတယ်လို့ တိုက်ခိုက်ရေးသမားတစ်ယောက်က ဆိုပါတယ်။

    syr 2

    “ကျွန်တော်တို့ဟာ စစ်မြေပြင်မှာ လေးနှစ်လောက် တိုက်ခိုက်နေရတယ်။ ဒီရောဂါဟာ ယေဘူယျအားဖြင့် စစ်တလင်းဒေသတွေဖြစ်တဲ့ တာလ် ဟာမစ်၊ ဟွန်နဲ့ ကိုဆာမြို့တွေမှာဖြစ်ပါတယ်” လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “စစ်ရေးလှုပ်ရှားမှု အများအပြားနဲ့ လူတွေ ရွှေ့ပြောင်းကြတဲ့ဒေသတွေမှာ ဒါမျိုးဖြစ်ပွားတယ်ဆိုတာ တော်တော်လေးဖြစ်နိုင်ပါတယ်။ အဲဒီလိုအဖြစ်အပျက်တွေက leishmaniasis ရောဂါဖြစ်ပွားဖို့ အကြောင်းအရင်းတွေပါပဲ” လို့ ဒေါက်တာ ၀ီလီယံ ရှက်ဖ်နာက ဆိုပါတယ်။

    သဲကန္တာရ ယင်ကောင်တွေကြောင့် ဒီရောဂါပြန့်နှံ့မှုကို ၂၀၁၃ ခုနှစ်စက်တင်ဘာလမှာ ကြားခဲ့ရပြီး ၂၀၁၄ မေလအထိ လူ ၅၀၀ ၀န်းကျင်လောက်ကို ကူးစက်ခဲ့ပါတယ်။

    “ဒီရောဂါဖြစ်နေတဲ့လူ သေဆုံးသွားလို့ရှိရင် ယင်ကောင်တွေကလာအုံပြီး သူတို့မှာ ရောဂါပိုးကူးသွားမယ်။ အဲဒီယင်ကောင်တွေက ဒေသမှာရှိတဲ့ အခြားသူတွေကို ကူးစက်စေပါတယ်” လို့ ရှက်ဖ်နာက ရှင်းပြခဲ့ပါတယ်။

    ၄ နှစ်ကျော်ကြာ ပဋိပက္ခတွေကြောင့် ဆီးရီးယာရဲ့ ကျန်းမာရေးစနစ်ဟာ တော်တော်လေး ယိုယွင်းပျက်ဆီးနေပါတယ်။ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူ့ဆေးရုံတွေရဲ့ ထက်ဝက်ကျော်ဟာ စောင့်ရှောက်မှု အပြည့်အ၀မပေးနိုင်ပါဘူး။ IS အဖွဲ့က ထိန်းချုပ်ထားတဲ့ ဒေသတွေက ဆေးရုံးတွေမှာတော့ ၀န်ထမ်းတွေ မရှိကြပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေဟာ အသက်ရှင်ရပ်တည်ဖို့အတွက် ထွက်ပြေးကြရပါတယ်။

    မရှိမဖြစ်လိုအပ်နေတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေကို နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီတွေက ပေးပို့ဖို့ဟာလည်း တော်တော်လေးဆိုးရွားတဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ဆီးရီးယားပြည်သူ ၁၃ သန်းကျော်လောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ချက်ခြင်းလိုအပ်နေတယ်လို့ ဆိုပါတယ်။

    အသားကို လှိုက်စားတတ်တဲ့ Leishmaniasis ရောဂါဟာ ကမ္ဘာပေါ်က တိုက်ကြီးတစ်တိုက်ချင်းစီရဲ့ အဆင်းရဲဆုံးနိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ မခံမရပ်နိုင်အောင် နာကျင်တဲ့ ဒီရောဂါကို ဆီးရီးယားမှာ Aleppo Button Disease ဒါမှမဟုတ် Aleppo boil လို့ ခေါ်ပါတယ်။

    အဲလစ်ပိုဟာ ၂၀၁၂ ခုနှစ် နှစ်အလယ်လောက်က စခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ဖြူခါပြာခါကျနေတဲ့မြို့ ဖြစ်ပြီး အနောက်ဘက်ကို အစိုးရက ထိန်းချုပ်ထားကာ အရှေ့ဘက်ကိုတော့ သူပုန်တွေက ထိန်းချုပ်ထားပါတယ်။ မြို့ရဲ့ ပတ်ပတ်လည်ကိုတော့ IS နဲ့ အလ်ကိုင်းဒါးသစ္စာခံ Al-Nusra Front အဖွဲ့တို့အပါအ၀င် လက်နက်ကိုင်အဖွဲ့ တော်တော်များများက ထိန်းချုပ်ထားကြပါတယ်။

    ဆီးရီးယားက Leishmaniasis ရောဂါဖြစ်ပွားမှုကို စုံစမ်းလေ့လာပြီး ရေးသားခဲ့တဲ့ Acta Dermato-Venereologica အဖွဲ့ရဲ့ အဆိုအရတော့ ၂၀၁၂ ခုနှစ်ကစလို့ နိုင်ငံတစ်ဝှမ်း ဒီရောဂါဖြစ်ပွားသူ ၅၃၀၀၀ ခန့် စာရင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ် ပထမ ၆ လအတွင်းမှာပဲ ဖြစ်ပွားသူဟာ ၄၁၀၀၀ ရှိတယ်လို့ ပြောပါတယ်။ အဲလစ်ပိုမှာရှိတဲ့ Leishmaniasis စောင့်ကြည့်စင်တာရဲ့ အဆိုအရတော့ ၂၀၁၃ ခုနှစ်အတွင်း အဲလစ်ပိုတစ်မြို့တည်းမှာပဲ ရောဂါဖြစ်ပွားသူ ၂၂၃၅၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ဆီးရီးယားပြည်တွင်းစစ် အရှိန်ရလာတာနဲ့ IS အဖွဲ့ရဲ့အင်အား ကြီးလာတာကြောင့် အဲဒီအချိန်ကနေစပြီး ကူးစက်ဖြစ်ပွားမှု အရေအတွက် တိုးလာခဲ့ပါတယ်။

    syr 4

    Leishmaniasis ရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါဘူး။ ရေရှည်ကုသရတဲ့နည်းလမ်း ရှိပေမယ့် စစ်ပွဲဖြစ်ပွားနေတဲ့ ဆီးရီးယားလိုနိုင်ငံမျိုးမှာတော့ ဒီကုသမှုဟာ ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒီရောဂါကို ရှောင်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းက သဲကန္တာရ ယင်ကောင်တွေ အကိုက်ခံရခြင်းကနေ ရှောင်ကြဖို့ပါပဲ။ ဒါပေမယ့် ဒေါက်တာ ရှက်ဖ်နာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ ဆိုးရွားနေတဲ့ အခြေအနေမျိုးမှာ ဆီးရီးယားပြည်သူတွေဟာ ဒီရောဂါ ဆက်လက်ကူးစက်ခံရမှာ မလွဲဧကန်ပါပဲလို့ ပြောကြားခဲ့ပါတယ်။

    “ဒါက အရေပြားရောဂါဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် ပြည်တည်နာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအနာ ဒီအတိုင်းပျောက်ဖို့ဆိုရင် တစ်နှစ်လောက် ကြာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကပ်ပါးပိုးတွေက ခန္ဓာကိုယ်ထဲ ၀င်ရောက်နိုင်ပြီး ဆိုးရွားတဲ့ ကူးစက်ပြန့်နှံ့မှုတွေ ဖြစ်ပွားနိုင်ပါတယ်”

    (RT မှ ဖော်ပြသည့် Flesh-eating skin disease grips ISIS-controlled areas in Syria ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • IS အား အမေရိကန်နှင့် အစ္စရေးက ဖန်တီးခဲ့သည်ဟု ကျူးဘားခေါင်းဆောင်ဟောင်း ပြော

    IS အား အမေရိကန်နှင့် အစ္စရေးက ဖန်တီးခဲ့သည်ဟု ကျူးဘားခေါင်းဆောင်ဟောင်း ပြော

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    cuba

    – IS အကြမ်းဖက်အဖွဲ့ကို အမေရိကန်နှင့် အစ္စရေးတို့က ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များမှာ နိုင်ငံရပ်ခြားတွင် ပဋိပက္ခများကို မီးမွှေးနေသည်ဟု ကျူးဘားသမ္မတဟောင်း ဖီးလ်ဒ် ကက်စထရိုက ပြောကြားလိုက်သည်။

    ထို့ပြင် နေတိုးအဖွဲ့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကြေငြာချက်ကို နာဇီ SS အဖွဲ့၏ ကြေငြာချက်နှင့် နှိုင်းယှဉ်ပြောကြားခဲ့ပြီး၊ ယူကရိန်းပြဿနာနှင့် ဆက်စပ်၍ ရုရှားအား ဖိအားပေးမှုကို ရည်ညွှန်း၍ အနောက်နိုင်ငံများမှ နိုင်ငံရေးသမားများမှာ ကြောင်သူတော်များဖြစ်ကာ၊ ရန်လိုကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “နေတိုးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက နာဇီ SS မျက်နှာမျိုး၊ စတိုင်မျိုးတွေနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်တွေကို ကြားတဲ့အခါ လူတွေက အံ့သြနဘန်း ဖြစ်ကြရပါတယ်” ဟု ကက်စထရိုက ကျူးဘားနိုင်ငံပိုင်မီဒီယာတွင် ရေးသားခဲ့သည် ဆောင်းပါ၌ ဖော်ပြထားသည်။

    “သမိုင်းမှာ ကျရှုံးခဲ့တဲ့ လောဘအခြေခံ အဒေါ့ဖ်ဟစ်တလာရဲ့ အင်ပါယာဟာ နေတိုးရဲ့ ရန်လိုပြီး ဓနရှင်အစိုးရတွေဆီကလာတဲ့ ဆောင်ရွက်မှုတွေနဲ့ ဘာမှ သိပ်မကွာပါဘူး။ အဲဒီအစိုးရတွေဟာ ဥရောပနဲ့ ကမ္ဘာကြီး သူတို့ကို လှောင်ပြောင်အောင် လုပ်နေကြတာပါပဲ”

    အသက် ၈၈ နှစ်အရွယ်ရှိ ကက်စထရိုမှာ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကိုလည်း ၎င်း၏ အရှေ့အလယ်ပိုင်းပေါ်လစီများအတွက် ဝေဖန်ခဲ့ပြီး၊ မက်ကိန်းမှာ အစ္စရေး၏ ချွင်းချက်မရှိသည့် မဟာမိတ်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မက်ကိန်းမှာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်အား ထောက်ခံသူဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ကို ဖန်တီးရာတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။ နောက်နိုင်ငံများ၏ အကောင်းမမြင်မှုကိုလည်း ၎င်းက ဆန့်ကျင်ခဲ့ပြီး ထိုဝါဒမှာ နယ်ချဲ့ဝါဒဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT