News @ M-Media

Tag: Israel

  • အာရပ်ရွာတစ်ရွာကို အစ္စရေးက ဖျက်ဆီးရန် စီစဉ်ပြန်

    အာရပ်ရွာတစ်ရွာကို အစ္စရေးက ဖျက်ဆီးရန် စီစဉ်ပြန်

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    pales

    – နိုင်ငံတောင်ပိုင်း နဂျီဗ်သဲကန္တာရရှိ ဘဒူအင်လူမျိုးများနေထိုင်ရာ အွမ် အလ်-ဟီရန်ရွာကို ဖျက်ဆီးမည့် အစီအစဉ်ကို အစ္စရေးအစိုးရက ကြေငြာလိုက်ပြီး အာရပ်နွယ်ဖွား နိုင်ငံသားများကို အစ္စရေး၏ နှိပ်ကွပ်မှုအစီအစဉ်တွင် နောက်ဆုံး ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    အစ္စရေး မြေယာစီမံခန့်ခွဲရေးအဖွဲ့ (ILA) က အင်္ဂါနေ့ (ယနေ့တွင်) ထိုရွာကို ဖျက်ဆီးမှု စတင်မည်ဟု ကြေငြာထားပြီး အနည်းဆုံး ရွာသား ၃၀ ခန့် အိုးအိမ်ဆုံးရှုံးမည် ဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်ဖြစ်သော အနောက်ဖက်ကမ်းရှိ တရားမ၀င် အခြေချအိမ်ယာများနှင့် ဆက်နွယ်နေသည့် မိသားစုများအတွက် ဂျူးရွာတစ်ရွာတည်ရန် အဆိုပါ အွမ် အလ်-ဟီရန်ရွာကို ဖျက်ဆီးခြင်းဖြစ်ပြီး၊ အဆိုပါ ရွာသားများကို နဂျီဗ်သဲကန္တာရရှိ မြို့နယ်များသို့ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းထားသည်။

    ဟိုင်ဖာအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သော Adalah ကမူ နိုင်ငံ၏ နယ်စပ်ရှိ မြို့များ၊ ရွာများတွင် နေထိုင်ကြသည့် အာရပ်နွယ်ဖွား အစ္စရေးနိုင်ငံသား အရေအတွက် ၁.၇ သန်းခန့်၏ အခွင့်အရေးများအတွက် တနင်္လာနေ့တွင် တရားရုံးသို့ လျှောက်ထားလွှာ တင်သွင်းခဲ့သည်။

    အစ္စရေးမှာ ဘဒူအင်လူမျိုးများအပါအ၀င် အာရပ်နွယ်ဖွား အစ္စရေးနိုင်ငံသားများ၏ ရွာများကို ယခင်ကလည်း အမြောက်အများ ဖျက်ဆီးခဲ့ပြီး လက်ရှိတွင် အွမ် အလ်-ဟီရန်အပါအ၀င် နဂျီဗ်သဲကန္တာရရှိ ရွာပေါင်း ၄၀ ခန့်ကို ဖျက်ဆီးရန် စီစဉ်ထားပြီး လူဦရေးပေါင်း ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်မည့်အခြေအနေ ရှိနေသည်။

    Ref : Aljazeera

  • အစ္စရေးရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဖျက်ဆီးခံရ

    အစ္စရေးရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဖျက်ဆီးခံရ

    အောက်တိုဘာ ၂၅၊ ၂၀၁၆
    M-Media

    – အစ္စရေးမြောက်ပိုင်းရှိ နာမည်ကျော် ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ယမန်နေ့က ဖျက်ဆီးခြင်းခံခဲ့ရပြီး ဘုရားကျောင်းအတွင်းရှိ စပျစ်ရည်ထည့်သော ရွှေဖလားများလည်း အခိုးခံလိုက်ရသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။

    တဘောရ်တောင်တွင်ရှိသည့် Church of the Transfiguration ဘုရားကျောင်းဖြစ်ပြီး ဓမ္မသစ်ကျမ်းစာ၏ ဖော်ပြချက်အရ ထိုနေရာမှာ ခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် တမန်တော်မောရှေ၊ ဧလိယတို့နှင့် စကားပြောဆိုသည့် နေရာဖြစ်သည်ဟု ဆိုသည်။

    ရဲတပ်ဖွဲ့ကမူ ထိုတိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးနေပြီး မည်သည့် သံသယရှိသူကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ ဖျက်ဆီးမှုတွင် ဘုရားကျောင်းအတွင်းရှိ အမှတ်သညာများ ပျက်ဆီးသွားခဲ့ပြီး၊ ပမာဏ မည်မျှရှိသည်ကို မသိရသည့် အလှူခံသေတ္တာတစ်လုံးနှင့် စပျစ်ရည်ထည့်သည့် ရွှေဖလားများ အခိုးခံခဲ့ရသည်။

    ဒေသတွင်းမီဒီယာများကမူ ထိုတိုက်ခိုက်မှုမှာ ဓားမြတိုက်မှုသက်သက်သာ ရည်ရွည်ခြင်းဖြစ်နိုင်ပြီး ယခင် ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရမှုကဲ့သို့ ဂျူးများ၏ အမုန်းတရားကြောင့် တိုက်ခိုက်ခြင်း မဖြစ်နိုင်ဟု ဘုရားကျောင်း တာဝန်ရှိသူများကို ကိုးကား၍ ဖော်ပြခဲ့သည်။

    ခရစ်ယာန်နှင့် မွတ်စလင်တို့၏ အထွဋ်အမြတ်ထားရာ နေရာများကို တိုက်ခိုက်သည့်အခါ ဂျူးအစွန်းရောက်များ ပုံမှန်ပြုလုပ်နေကြဖြစ်သည့် စော်ကားသော ဂရက်ဖစ်တီများကိုလည်း ယခုတိုက်ခိုက်မှုတွင် ရေးဆွဲခဲ့ခြင်းမရှိဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် နှစ်များအတွင်း ဗလီများ၊ ဘုရားကျောင်းများ၊ သုဿန်များအပါအ၀င် မွတ်စလင်နှင့် ခရစ်ယာန်ုတို့၏ အထွဋ်အမြတ်ထားရာ နေရာများမှာ ဂျူးအစွန်းရောက်များ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

    Ref: Xinhua

  • တောင်ဆူဒန် စစ်ပွဲကို အစ္စရေးနှင့် ဘူလ်ဂေးရီးယားတို့ မီးမွှေးပေးနေသည်ဟု ကုလ ပြော

    တောင်ဆူဒန် စစ်ပွဲကို အစ္စရေးနှင့် ဘူလ်ဂေးရီးယားတို့ မီးမွှေးပေးနေသည်ဟု ကုလ ပြော

    အောက်တိုဘာ ၂၂၊ ၂၀၁၆
    M-Media

    south

    – ဆောင်ဆူဒန်နိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲကို မီးထိုးပေးနေသူများမှာ အစ္စရေးနှင့် အရှေ့ဥရောပနိုင်ငံတစ်ခုမှ စနစ်တကျ ပြုလုပ်ထားသည့် လက်နက်ထောက်ပံ့ရေး ကွန်ယက်များဖြစ်သည်ဟူသော အထောက်အထား ရှိနေကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    သောကြာနေ့က လုံခြုံရေးကောင်စီသို့ တင်သွင်းခဲ့သည့် လျှို့ဝှက်အစီခံစာတစ်ခုတွင် ဘူဂေးရီးယားနှင့် အစ္စရေးတို့မှ လက်နက်ရောင်းဝယ်ရေးသမားများက တောင်ဆူဒန်သူပုန်များကို လက်နက်ထောက်ပံ့ပေးခြင်းအားဖြင့် တောင်ဆူဒန်စစ်ပွဲကို နောက်ကွယ်က မီးမွှေးပေးနေကြောင်း ဖော်ပြထားသည်ဟု ကုလကျွမ်းကျင်သူများအဖွဲ့က ဆိုသည်။

    “ဒီသက်သေအထောက်အထားတွေဟာ အားကောင်းတဲ့ကွန်ယက်ချိတ်ဆက်မှုတွေကတဆင့် အရှေ့ဥရောပနဲ့ အရှေ့အလယ်ပိုင်း လက်နက်တင်သွင်းသူတွေဆီက လက်နက်ထောက်ပံ့မှုတွေရရှိနေပြီး အရှေ့အာဖရိက ပွဲစားတွေကနေ တောင်ဆူဒန်ဆီကို ပို့ပေးနေတယ်ဆိုတာ ပြသနေပါတယ်” ဟု အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

    အဆိုပါ လက်နက်ထောက်ပံ့မှုများကို ၂၀၁၄ ခုနှစ် သို့မဟုတ် ထိုထက်စော၍ ၎င်းတို့က ပြုလုပ်ခဲ့ကြောင်း၊ ကွန်ဂိုနိုင်ငံမှ သူပုန်ခေါင်းဆောင် ရိတ် မာချာ၏ တပ်ဖွဲ့များမှာလည်း ၂၀၀၇ ခုနှစ်က ယူဂန်ဒါစစ်ပွဲအတွင်း အစ္စရေးက ရောင်းချခဲ့သော လက်နက်များမှ အကြွင်းအကျန်ဖြစ်သော ရိုင်ဖယ်များကို ကိုင်ဆောင်ထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : Presstv

  • ဂျေရုစလင်ရှိ မြင့်မြတ်ရာနေရာမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်သည်ဟု ကုလ ထပ်လောင်းအတည်ပြု

    ဂျေရုစလင်ရှိ မြင့်မြတ်ရာနေရာမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်သည်ဟု ကုလ ထပ်လောင်းအတည်ပြု

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    jeruslam

    – ပါလက်စတိုင်းပိုင် ဂျေရုစလင်ရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်မှ မြင့်မြတ်ရာ နေရာများမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်ပြီး ထိုနေရာအား အစ္စရေးက ကျူးကျော်၊ ချယ်လှယ်နေမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ထပ်မံ သက်တမ်းတိုးလိုက်သည်ဟု သိရသည်။

    အဆိုပါ မြင့်မြတ်ရာနေရာကို ဂျူးများက Temple Mount နှင့် Western Wall ဟု ခေါ်ဆိုကြပြီး မွတ်စလင်များက အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော် သို့မဟုတ် ဟရမ် အလ်-ရရှရစ်ဖ်ဟု ခေါ်ဆိုကြသည်။ ခရစ်ယာန်ဘာသာဝင်များအတွက်လည်း ထိုနေရာမှာ အထွဋ်အမြတ်ထားရာ နေရာဖြစ်သည်။

    ဆုံးဖြတ်ချက်၏ ပြင်ဆင်ချက်ကို အောက်တိုဘာ ၁၂ ရက်နေ့က ယူနက်စကို၏ ၀ဘ်ဆိုက်တွင် လွှင့်တင်ထားခြင်းဖြစ်ပြီး အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်ရှိ မြင့်မြတ်ရာနေရာကို မွတ်စလင်အသုံးအနှုန်းဖြင့်သာ ဖော်ပြခဲ့သည်။

    ထို့ပြင် ဆုံးဖြတ်ချက်၌ အစ္စရေးအနေဖြင့် မွတ်စလင်များအား အဆိုပါ မြင့်မြတ်ရာနေရာသို့ ၀င်ရောက်ခွင့် ကန့်သတ်ခြင်း၊ အစ္စရေး ရဲတပ်ဖွဲ့နှင့် စစ်သားများက ရန်စတိုက်ခိုက်ခြင်းများကိုလည်း ရှုတ်ချထားသည်။

    “ဒါက အစ္စရေးအနေနဲ့ ကျူးကျော်သိမ်းပိုက်နေတာကို ရပ်တန့်ပြီး မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေရဲ့ အထွဋ်အမြတ်ထားရာ ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်တဲ့ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရမယ်ဆိုတဲ့ အရေးပါတဲ့ သတင်းစကားပါပဲ” ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရဒ်အိုင်နာက ပြောကြားခဲ့သည်။

    အဆိုပါဆုံးဖြတ်ချက်ကို သက်တမ်းတိုးရန်အတွက် ယမန်နေ့က ယူနက်စကိုတွင် မဲခွဲခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၂၄ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ယူနက်စကို၏ အဆိုပါ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး မြင့်မြတ်ရာနေရာများနှင့် ဂျူးလူမျိုးတို့၏ ဆက်စပ်မှုသမိုင်းကို ငြင်းပယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “Temple Mount နဲ့ Western Wall ဟာ အစ္စရေးနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ကြေငြာလိုက်တာဟာ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးနဲ့ ဆက်စပ်မှုမရှိဘူး၊ အီဂျစ်ကလည်း ပိရမစ်တွေနဲ့ ဆက်စက်မှုမရှိဘူးလို့ ကြေငြာလိုက်သလို ဖြစ်နေပါတယ်”

    အစ္စရေးမှာ ထိုမြင့်မြတ်ရာနေရာရှိသည့် ဂျေရုစလင်ကို ကျူးကျော်သိမ်းပိုက်ထားပြီး မြင့်မြတ်ရာနေရာအတွင်း ၀တ်ပြုဆုတောင်းကြသည့် ပါလက်စတိုင်းပြည်သူများကိုလည်း အကြမ်းဖက်ဖြိုးခွင်းမှုများ ပြုလုပ်သောကြောင့် ထိုဒေသတွင် တင်းမာမှုများ ရှိနေသည်။

    Ref : cbc.ca

  • ပါလက်စတိုင်းအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွက် ကုလက အထူးအစည်းအဝေး ကျင်းပမည်

    ပါလက်စတိုင်းအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွက် ကုလက အထူးအစည်းအဝေး ကျင်းပမည်

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    unsc

    – အစ္စရေးအနေဖြင့် ပါလက်စတိုင်းပိုင်နက်များအား သိမ်းယူခြင်း၊ ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င် အခြေချအိမ်ယာများ တည်ဆောက်ခြင်းတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ယခုလနှောင်းပိုင်းတွင် အထူးဆွေးနွေးမှုနှစ်ခု ပြုလုပ်သွားမည်ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    “ဒီပြဿနာအတွက် ပါလက်စတိုင်းဘက်က ခိုင်ခိုင်မာမာ ပြောကြားသွားမှာပါ။ အစ္စရေးက အရေးမလုပ်တဲ့ နိုင်ငံတကာက ရှုတ်ချကြောင်း ကြေငြာချက်တွေကို ကျွန်တော်တို့ ထပ်ပြီး လက်မခံတော့ပါဘူး။ အဲဒီကြေငြာချက်တွေက ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ဆိုတဲ့ အလားအလာတွေကို မှေးမှိန်စေတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေကိုသာ ပိုမြန်သွားစေတာပါ” ဟု ၀န်ကြီး အလ်-မာလီကီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အောက်တိုဘာ ၁၅ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အဆိုပါ အထူးအစည်းအဝေးများ၌ ပါလက်စတိုင်းပိုင်နက်များအတွင်း အစ္စရေးက ဆောက်လုပ်ထားသည့် တရားမ၀င်အခြေချအိမ်ယာများကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းသွားမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါအစည်းအဝေးတွင် အဓိကထားမည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ကနဦးဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီး၊ ပါလက်စတိုင်းတာဝန်ရှိသူများမှာ အီဂျစ်၊ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနိုင်ငံတို့နှင့်အတူ ဆုံးဖြတ်ချက်မူကြမ်းကို ပြင်ဆင်နေသည်ဟု ၎င်းက ဆိုသည်။

    ၁၉၆၇ ခုနှစ်နောက်ပိုင်းကတည်းက အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်လာခဲ့ပြီး လက်ရှိတွင် အဆိုပါအိမ်ယာပေါင်း ၂၃၀ ၌ နေထိုင်သူမှာ သန်းဝက်ကျော် ရှိလာခဲ့ပြီဖြစ်သည်။

    နိုင်ငံတကာဥပဒေအရ ထိုအိမ်ယာများမှာ တရားမ၀င်ဘဲ ရပ်တန့်ရန် နိုင်ငံတကာ၏ တောင်းဆိုမှုများကိုလည်း အစ္စရေးက လိုက်နာခဲ့ခြင်းမရှိသည်သာမက တိုးချဲ့ဆောက်လုပ်မှုများပင် ပြုလုပ်ခဲ့သည်။ ထိုကိစ္စကြောင့် ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပျက်ပြယ်ခဲ့ကြသည်။

    Ref: Press TV