မေ ၄၊ ၂၀၁၆
M-Media
– ကုလသမဂ္ဂ ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ ကော်မတီက ပါလက်စတိုင်းတွေအပေါ်ပြုလုပ်နေတဲ့ အစ္စရေးရဲ့ ငြှင်းပမ်းနှိပ်စက်တဲ့ ပေါ်လစီတွေနဲ့ပတ်သက်ပြီး အစ္စရေးအာဏာပိုင်တွေကို မေးမြန်းမယ်လို့ သိရပါတယ်။
ကုလရဲ့ ၁၉၉၁ ခုနှစ် ငြှင်းပမ်းနှိပ်စက်မှုဆိုင်ရာ သဘောတူညီချက်ကို အစ္စရေးနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့အတွက် ကုလသမဂ္ဂရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းအစိတ်အပိုင်းအဖြစ် အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ကော်မတီရဲ့ ရှေ့မောက်ကို အစ္စရေးအာဏာပိုင်တွေက လာရောက် မေးမြန်းခံရမှာဖြစ်ပါတယ်။
အစ္စရေးအာဏာပိုင်တွေ ကျူးလွန်တဲ့ကိစ္စရပ်တွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်များအပါအ၀င် ပါလက်စတိုင်းအကျဉ်းသားတွေရဲ့အခြေအနေ၊ ပါလက်စတိုင်းတို့ရဲ့ နေအိမ်တွေကို ဖျက်ဆီးမှု၊ တရားမ၀င်အခြေချအိမ်ယာတွေမှာနေထိုင်တဲ့ ဂျူးအခြေချသူတွေက ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှု၊ ဖိနှိပ်ငြှင်းပမ်းမှုနဲ့ပတ်သက်တဲ့ တိုင်ကြားချက်တွေအပေါ် အစ္စရေးရဲ့စုံစမ်းမှု စတာတွေကို ကုလကော်မတီက မေးမြန်းသွားမှာဖြစ်ပါတယ်။
အစ္စရေးဟာ သဘောတူညီချက်ကိုမလိုက်နာဘဲ ပါလက်စတိုင်းတွေအပါ် ငြှင်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်နေတဲ့အတွက် ကုလသမဂ္ဂ ငြှင်းပမ်းနှိပ်စက်မှုဆိုင်ရာ ကော်မတီဟာ ၂၀၁၂ ခုနှစ်မှာလည်း သတိပေးခဲ့ပါတယ်။
Ref : Presstv