News @ M-Media
Tag: Israel
  • အစ္စရေးအား နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် တရားစွဲရန် ပါလက်စတိုင်း စီစဉ်နေ
    ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
    M-Media
    israel-palestine-map
    ၁၉၆၇ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ သိမ်းယူခဲ့သည့်နေရာဒေသများနှင့် အထူးသဖြင့် E-1 ဟုခေါ်သည့် ဂျေရုစလင်မြို့ဆင်ခြေဖုံးရှိ အငြင်းပွားနေသော နေရာ၌ ဆောက်လုပ်နေသော အစ္စရေး၏ တည်ဆောက်ရေးလုပ်ငန်းများကို ရပ်တန့်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC)တွင် တရားစွဲရန် စီစဉ်လုပ်ဆောင်သွားမည်ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး Riad Malki က ဆိုသည်။
    “အကယ်၍ အစ္စရေးဘက်က E-1 လုပ်ငန်းနဲ့ ဂျေရုစလင် တ၀ိုက်မှာလုပ်နေတဲ့ အစီအစဉ်တွေကို ပြီးစီးအောင် ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တိုင်ကြားသွားမှာပါ။ ကျနော်တို့မှာရွေးချယ်စရာမရှိပါဘူး။ အစ္စရေးရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါတယ်။”ဟု သူက ဆိုသည်။
    ထိုကိစ္စနှင့် ပက်သက်၍ အစ္စရေး တာဝန်ရှိသူများကလည်း လျင်မြန်စွာပင် ပြန်လည်တုံ့ပြန်ခဲ့သည်။
    “ဘယ်လို ကြိုတင်သတ်မှတ်ချက်မျိုးမှ မပါဘဲနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုတွေကို ပြန်လုပ်ဖို့ အစ္စရေးက ဆက်လက်ဆောင်ရွက်သွားပါမယ်။ အကယ်၍ ပါလက်စတိုင်းက တစ်ဖက်သက် ရန်လိုတဲ့ လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင်တော့ သူတို့အနေနဲ့ ရှေ့ဆက်ရမယ့် ဘယ်လိုအခွင့်လမ်းမျိုးကို မဆို အခြေပျက်စေဖို့ ဆောက်ရွက်နေတာမျိုးသာ ဖြစ်မှာပါ။” ဟု အစ္စအရေးစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mark Regev က ပြောကြားခဲ့သည်။
    နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တိုင်ကြားရန်မှာ နိုဝင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ကုလအဖွဲ့ဝင် မဟုတ်သည့် လေ့လာသူနိုင်ငံအဖြစ် ပါလက်စတိုင်းကို အဆင့်မြှင့်တင်ပေးပြီး နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ အစ္စရေးဘက်ကလည်း လက်တုန့်ပြန်သည့် အနေဖြင့် E-1 ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် အရှေ့ဂျေရုစလင်နှင့် Ma’ale Adumim မြို့အကြားရှိ တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ပြန်လည် ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
    ပါလက်စတိုင်းနိုင်ငံနှင့် ထိစပ်နေသည့် အဆောက်အဦးများဆောက်လုပ်ခြင်းမှာ လုံးဝ မဖြစ်နိုင်ဟုဆိုပြီး မြောက်ဘက်ရှိ ရာမာလာဒေသမှ တောင်ဘက်ရှိ ဘက်သလင်ဟန်သို့ သွားလာလှုပ်ရှားမှုကို ဟန့်တားထားသည်ဟု ပါလက်စတိုင်းက ဆိုသည်။ အစ္စရေးကပြုလုပ်နေသော ဆောက်လုပ်ရေး လုပ်ငန်းများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှလည်း ထင်ထင်ပေါ်ပေါ် ဝေဖန်ပြောဆိုထားသည်။
    နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) တွင် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား တရားစီရင်လေ့ရှိသည်။ ပါလက်စတိုင်းအနေဖြင့် ပထမဦးစွာ ခုံရုံးနှင့် ဆက်သွယ်ရန် လျှောက်ထားရမည်ဖြစ်ပြီး ခုံရုံးက လက်ခံပါက အစ္စရေးနိုင်ငံအား တရားစွဲရမည်ဖြစ်သည်။
    အနောက်ဘက် ကမ်းခြေတစ်လျှောက်ရှိ အစ္စရေးမှ ဆောက်လုပ်လျက်ရှိသော တံတိုင်းကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC) က တရားမ၀င်ဟု သတ်မှတ်ထားပြီးဖြစ်သည်။ ထိုတံတိုင်းကို အစ္စရေးက security barrier (လုံခြုံရေး အဆီးအတား) ဟု ခေါ်ပြီး ပါလက်စတိုင်းက wall (နံရံ) ဟု ခေါ်သည်။ အဆိုပါ တံတိုင်း တည်ဆောက်ရန် ပါလက်စတိုင်းနယ်မြေကို အစ္စရေးက သိမ်းပိုက်ထားကာ ပါလက်စတိုင်း၏ လွတ်လပ်စွာလှုပ်ရှားမှုကို ဟန့်တားထားသည်ဟုလည်း ICC က ဆိုသည်။
    အစ္စရေးနိုင်ငံကမူ နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမရှိဘဲ တည်ဆောက်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
    “အဲဒီတံတိုင်း ဒါမှမဟုတ် E-1 နဲ့ ပက်သက်တဲ့ (ICC က) ဆုံးဖြတ်ချက်တောင်မှ သက်ရောက်မှုမရှိပါဘူး။ ဒါဟာ ထင်ရှားတဲ့ သာဓကပါပဲ” ဟု Birzeit တက္ကသိုလ်မှ ပါလက်စတိုင်း သမိုင်းပညာရှင် Saleh Abd Al-Jawad က ဆိုသည်။
    “အဲဒါ(ICC တွင်တရားစွဲဆိုခြင်း) ဟာစိတ်ကူးကောင်း တစ်ခုလို့ ကျနော်ထင်ပါတယ်။ စိတ်ကူးယဉ် အိပ်မက်တစ်ခု ဖြစ်တယ်ဆိုရင်တောင်မှ တခုခုတော့ ပြောင်းလဲမှာပါ” ဟု အနောက်ဘက်ကမ်းခြေရှိ အစ္စရေး၏ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီမှ အထူးအစည်းအဝေး ကျင်းပပြီးနောက် Malki က ပြောဆိုခဲ့သည်။ အဆိုပါအစည်းအဝေးမှာ ကုလသမ္မဂ္ဂမှ ပါလက်စတိုင်းအား အဆင့်မြှင့်တင်ပေးပြီးနောက် ပထမဦးဆုံးကျင်းပသည့် အစည်းအဝေးဖြစ်သည်။
    Ref:http://www.arabnews.com/
  • ကလေးများအား ဖမ်းဆီးချူပ်နှောင်မှု့ အပေါ် ပါလက်စတိုင်းမှ အစ္စရေးအား ICC တိုင်ဖွယ်ရှိ
    ဒီဇင်ဘာ ၂၈ ၊ ၂၀၁၂
    M-Media
    mustafa-ibraheem-abu-reuters.nပါလက်စတိုင်းအာဏာပိုင်များသည် အစ္စရေးတို့၏ ပါလက်စတိုင်းကလေးငယ်များကို ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခြင်းအပေါ် ဥပဒေအရ  အရေးယူရန် စဉ်းစားလျှက်ရှိသည်။
    ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပါလက်စတိုင်းအပေါ် non-member observer state အဖြစ် သံတမန်အဆင့်အတန်း မြှင့်တင်ရန် မဲခွဲဆုံးဖြတ်ရာ ရလာဒ်အဖြစ် ပါလက်စတိုင်းသည် ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ပြစ်မှု ခုံရုံးတို့သို့ ဆက်သွယ်ဆောင်ရွက် နိုင်သည့် အခွင်းအရေးများ ရရှိလာသည်။
    “ကျွန်တော်တို့က  အစ္စရေးတို့ကျူးလွန်တဲ့ပြစ်မှုတွေကို တိုင်းတာပြီး အထူးသဖြင့် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း နှင့် ပါလက်စတိုင်း ကလေးငယ်များအပေါ် မတရား ညှင်းပမ်းနှိပ်စက်ခြင်းတို့အပေါ် စစ်ခုံရုံးတင် ဆောင်ရွက်ရန် ကြိုးပမ်းခြင်းဖြင့် လတ်တလောရရှိထားတဲ့ နိုင်ငံအဆင့်အတန်းကို ကျင့်သုံးရန်လိုသည်။” ဟု ပါလက်စတိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနဆိုင်ရာ ၀န်ကြီး အီဆာကရာကေး က အယ်လ်အာရေးဗျ သတင်းအစီအစဉ်သို့ ပြောကြားသည်။
    “အစ္စရေးတို့သည် ကလေးသူငယ် ကာကွယ်စောင့်ရေး ဥပဒေနှင့် ကလေးသူငယ်များအပေါ် ထိုသို့ အနာတရဖြစ်စေသည့် အပြုအမူများကို ရည်ညွှန်းသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ ချိုးဖေါက်နေသည်။” ဟု ကရာကေးက ပြောသေးသည်။
    ကရာကေးက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများသည် ပါလက်စတိုင်းကလေးငယ်များ အပေါ်ကျူးလွန်သည့် ပြစ်မှုများကို သတိပြုမိကြောင်းနှင့် အမျိုးစုံသော လူ့အခွင့်အရေး အဖွဲ့များက ပါလက်စတိုင်းကလေးများနှင့် စုစည်းကာ လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း အရေးတယူ ပြောသည်။ “ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်ဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီး လုပ်ဆောင်ရမယ်။” ဟု ၄င်းက အယ်အာရေးဗျကိုပြောပါသည်။
    အကျဉ်းထောင် ထောက်ပံ့ရေးနှင့် လူ့အခွင့်အရေး အဖွဲ့ အစည်းများ၏ လစဉ် အစီရင်ခံစာအရ ဒီဇင်ဘာ ၁ ရက်တွင် ကလေးငယ် ၁၇၇ ဦး အကျဉ်းထောင်တွင် ကျန်သေးကြောင်း ဖေါ်ပြသည်။
    ပါလက်စတိုင်းတို့က ICC သို့ ယခုထိ တိုင်ကြားခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် အပတ်က အကယ်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အစ္စရေးတို့၏ အနောက်ဘက်ကမ်း နှင့် အရှေ့ဂျေရုစလင်တွင် အခြေစိုက်ရန် ကြံစည်မှုများကို အရေးယူခြင်းမရှိပါက တိုင်ကြားတော့မည်ဖြစ်ကြောင်း သတိပေး ပြောကြားသည်။
    ကိုးကား RT
  • ပါလက်စတိုင်းအား ကုလသမဂ္ဂတွင် လေ့လာသူ နိုင်ငံအဖြစ် လက်ခံ
    ပါလက်စတိုင်းအား ကုလသမဂ္ဂတွင် လေ့လာသူ နိုင်ငံအဖြစ် လက်ခံ
    နိုဝင်ဘာ ၂၉ ၊ ၂၀၁၂
    M-Media
    ကုလသမဂ္ဂအထွေအထွေ ညီလာခံမှာ ပါလက်စတိုင်းအား ကုလသမဂ္ဂ ရဲ့ လေ့လာသူနိုင်ငံ တစ်နိုင်ငံအဖြစ် မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၃၈ မဲ အတည်ပြုလုပ်ပြီဖြစ်ကြောင်း သိရပါတယ်။
    ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်
    ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောရာမှာ လွန်ခဲ့တဲ့ ၆၅နှစ်တုန်းက ဒီနေ့နဲ့ တရက်ထဲ တိုက်ဆိုင်ပြီး ကုလသမဂ္ဂက ဆုံးဖြတ်ချက် ၁၈၁ နဲ့ သမိုင်းဝင် ပါလက်စ်တိုင်း နယ်မြေကို ခွဲပြီး အစ္စရေး နိုင်ငံကို မွေးထုတ်နိုင်ခဲ့တယ်။ဒီကနေ့တော့ ပါလက်စတိုင်း ဒေသရဲ့ စစ်မှန်တဲ့ မွေးစာရင်း ထုတ်ပေးဖို့ နှစ်ပြည်ထောင် ဖြစ်နေတဲ့ ပြဿနာကို နောက်ဆုံး ဖြေရှင်းဖို့ မိန့်ခွန်း ပြောသွားပါတယ်။
    အစ္စရေး နှင့် အမေရိကန် တို့က ပါလက်စတိုင်းအား နိုင်ငံ အဖြစ် အသိအမှတ်ပြုရန် ပြင်းပြင်းထန်ထန် ဆန့်ကျင့် ကန့်ကွက်နေသည့် ကြားက ကုလသမဂ္ဂအထွေထွေ ညီလာခံက ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၉ မဲ ၊ ကြားနေမဲ ၄၁ မဲ ဖြင့် ကုလသမဂ္ဂ အဖွဲ့ကြိးမှာ လေ့လာသူ နိုင်ငံ တစ်နိုင်အဖြစ် ပါဝင်ဖို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
    အခုအခါ ပါလက်စတိုင်းဟာ တင်းပြည့် အဖွဲ့ဝင်နိုင်ငံ မဖြစ်သေးပေမယ့် ကုလသမဂ္ဂ ဆွေးနွေးပွဲတွေ ပါဝင်နိုင်မှာဖြစ်ပြီး အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်တရားရုံးတို့လို ကုလသမဂ္ဂ အေဂျင်စီတွေမှာ ပါဝင်ဖို့ အခွင့်အလမ်းတွေလည်း ပိုများလာမှာ ဖြစ်ပါတယ်။
    ပါလက်စတိုင်းပြည်သူ ရာပေါင်းများစွာဟာ လမ်းပေါ်ထွက်ပြီး အောင်ပွဲခံ
    ယင်းရလဒ်ကို ကြေငြာပြီးတဲ့ နောက် အနောက်ဘက် ကမ်းဒေသမှာရှိတဲ့ ပါလက်စတိုင်းပြည်သူ ရာပေါင်းများစွာဟာ လမ်းပေါ်ထွက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။
  • ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ၏ လျို့ဝှက် အချက်အလက်များ ဟက်ကာများခိုးယူ
    ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ၏ လျို့ဝှက် အချက်အလက်များ ဟက်ကာများခိုးယူ
    နိုဝင်ဘာ ၂၈၊ ၂၀၁၂
    M-Media
    မောင်မှန်
    ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ (IAEA) မှ ၄င်းတို့၏ Server များအတွင်း ဟက်ကာများဝင်ရောက်ခဲ့ခြင်း နှင့် ၄င်းတို့၏ သတင်းအချက်အလက်များ ပေါက်ကြားသွား ခဲ့ခြင်းရှိကြောင်းကို ဝန်ခံပြောကြားလိုက်သည်။ အဆိုပါ ဟက်ကာ များမှ အဓိက တောင်းဆိုသည်မှာ အစ္စရေးလ် နိုင်ငံ၏ နျူကလီးယား ကိုင်ဆောင်ထားမှုအား စနစ်တကျ စုံစမ်းပေးရန်နှင့် အခွင့်မရှိဘဲ ကိုင်ဆောင်ထားသော အစ္စရေးလ် နိုင်ငံ၏ နျူကလီးယား လက်နက်များအပေါ် တာဝန်ယူပေးရန် အချက်များဖြစ်သည်။
    အဆိုပါ ဟက်ကာများသည် ၄င်းတို့ဘာသာ လမ်းကြောင်းတခုပေါ်မှနေ၍ ကုလသမဂ္ဂ IAEA ဆာဗာ တစ်လုံးအတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။ သတင်းအချက်အလက်များ ရယူ သိမ်းပိုက်ခဲ့ကြောင်းလဲ IAEA မှ ဝန်ခံ ပြောကြား ထားသည်ဟု ရိုက်တာ သတင်းတရပ်တွင် ဖော်ပြထားသည်။
    IAEA တာဝန်ရှိသူများနှင့် နည်းပညာရှင်များမှ ယခုဖြစ်ရပ်အတွက် လေ့လာ သုံးသပ်လျက်ရှိပြီး အခြားသော နည်းပညာ ဟာကွက်များ အားနည်းချက်များကို သုံးသပ်ကာ အနာဂတ်တွင် ထိုသို့မဖြစ်ရန် ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဂိလ်တူဒါ က ရိုက်တာသို့ အသိပေးပါသည်။ ယခုဖြစ်ရပ်တွင် IAEA မှ ဆာဗာများ ရပ်တန့်သွားသည် အထိ အဖျက်စွမ်းအား ရှိခဲ့ပြီး ထိပ်တန်း လျှို့ဝှက်ချက် အချို့ ပေါက်ကြား ခဲ့သည်ဟုလဲ ၄င်းက ပြောကြားသည်။
    မိမိတို့ကို မိမိတို့ Parastoo ဟု အမည် ကြေငြာလိုက်သော ဟက်ကာ များသည် IAEA မှ အရေးကြီး ထိပ်တန်း အီးမေးလ် လိပ်စာ (၁၀၀) ထက်မနည်း ရယူ သိမ်းပိုက်ခဲ့ပြီး အဆိုပါ အီးမေးလ်များသည် IAEA မှ Expert များပိုင်ဆိုင်သော လျှို့ဝှက် မေးလ်များဖြစ်သည်။
    ယခု ဖြစ်ရပ်အတွက် ဟက်ကာများမှ IAEA အား လုံးဝ လွတ်လပ်သော စုံစမ်းရေးအဖွဲ့အား Dimona စုံစမ်းမှု ပြုရန် တောင်းဆိုလိုက်ပြီး အစ္စရေးလ် ၏ လူသားမဆန်သော ဂါဇာ စစ်ပွဲ အတွက် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ကြေငြာလိုက်သည်။ Dimona သည် အစ္စရေးလ်က ဆောင်ရွက်လျက်ရှိသော နျူကလီးယား လက်နက် တပ်ဆင် စီမံကိန်း တရပ်ဖြစ်သော ဒေသတခုနာမည်ဖြစ်သည်။
    Anonymous ဟက်ကာ ဂရုပ်မှလည်း အစ္စရေးလ် ၏ ဂါဇာ ကျူးကျော်မှုကို ရပ်ဆိုင်းရန် ကမ်ပိန်း တခုပြုလုပ်ခဲ့ပြီး OpsIsrael ဟု အမည်ပေးထားပြီး အစ္စရေးလ် ၏ လူသတ်ပွဲများ ကျူးကျော်မှုများ ကိုနောက်ကွယ်မှ ထောက်ပံ့နေသော အဖွဲ့များ ပုဂ္ဂိုလ်များ (၁၀၀၀) ကျော် စာရင်းကို ထုတ်ပြန်ခဲ့သည်။ အစ္စရေးပိုင် Website (၆၀၀) ကျော်ကိုလဲ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။
    Parastoo ကလဲ ၄င်းတို့သည် Anonymous များနှင့် ပါတ်သက်ခြင်း မရှိဟု ငြင်းဆိုခဲ့ခြင်း မရှိပေ။ ၄င်းတို့က ရရှိထားသော အချက်များကို အွန်လိုင်းမှနေ၍ ဖွင့်ချမည်ဟု ထပ်မံ ခြိမ်းခြောက်ထားကြောင်း ရိုက်တာ သတင်းကို ကိုးကားဖော်ပြလိုက်ရပါသည်။
  • အရှေ့အလယ်ပိုင်း နျူလက်နက်ကင်းရေး အစည်းအဝေး အစ္စရေးကြောင့် ဖျက်သိမ်းလိုက်ရ
    အရှေ့အလယ်ပိုင်း နျူလက်နက်ကင်းရေး အစည်းအဝေး အစ္စရေးကြောင့် ဖျက်သိမ်းလိုက်ရ
    နိုဝင်ဘာ ၂၄ ၊ ၂၀၁၂
    M-Media
    အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးအတွက် နျူကလီးယား လက်နက်မပြန့်ပွားရေးနှင့် ပိတ်ပင်ထားဆီးရေးအတွက် ရည်ရွယ် သည့် အဓိက အစည်းအဝေးတစ်ရကို အစ္စရေးနိုင်ငံက ကန့်ကွက်သည့်အျွှါက် ဖျက်သိမ်းလိုကရကြောင်း Press TV သတင်းတပုဒ်တွင် ဖော်ပြထားပါသည်။
    အဆိုပါ အစည်းအဝေးကိုးမူလက ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့၌ ဒီဇင်ဘာလ လယ်ရက်ပိုင်းများတွင် ကျင်းပရန် စီစဉ်ထားသည်။ သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ ပုဂိုလ် ဗစ်တိုးရီးယား နုလန်းက အရှေ့အလယ်ပိုင်းဒေသ နျူကလီးယားကျင်းစင်ရေး ဆောင်ရွက်လျှင် အစ္စရေး၏ လုံခြုံရေး ထိပါးလာနိုင်သည့် အတွက် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရကြောင်း ဟု ပြောကြားခဲ့သည်။
    အစ္စရေးနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် နျူကလီးယားလက်နက် ပိုင်ဆိုင်သော တစ်ခုတည်းသော နိုင်ငံဖြစ်ကာ နျူကလီးယား ထိပ်ဖူးပေါင်း ၂၀၀ မှ ၄၀၀ ကြားလျှို့ဝှက်စွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။
    ကိုးကား AFP