News @ M-Media
Tag: Israel
  • မွတ်စ်လင်မ်နိုင်ငံများရှိ ပဋိပက္ခမီးများမှာ အမေရိကန် နှင့် အစ္စရေးတို့၏ လက်ချက်ဟုဆို
    သြဂုတ်လ- ၁၉ ရက်၊ ၂၀၁၃
    M-Media
    fathi20130818150429460
    အီဂျစ်နှင့်ဆီးရီးယားအပါအ၀င် မွတ်စ်လင်မ်နိုင်ငံများ၌ ရာဇ၀တ်မှုလုပ်ရပ်များ ဖြစ်ပွားလာအောင် သပ်လျှိုနေသူများမှာ အမေရိကန်နှင့် အစ္စရေးတို့ဖြစ်ကြောင်း အီရန် အစ္စလာမ့်တော်လှန်ရေးခေါင်းဆောင် အကြီးအမှူး အယာတိုလာ စိုင်ယဒ် အလီ ခါမေနီက ပြောကြားလိုက်သည်။
    “ အမေရိကန်ခေါင်းဆောင်တွေနဲ့ အစ္စရေးက ဇီယွန်ဝါဒီတွေက အီဂျစ်နဲ့ဆီးရီးယားက ပဋိပက္ခမီးကို မွှေးနေသူတွေ ဖြစ်ကြတယ်။ ဒီနိုင်ငံများက ပြည်သူနဲ့အစိုးရတွေကို မိမိကြမ္မာ မိမိဆုံးဖြတ်ဖန်တီးခွင့်မရအောင် ပြုလုပ်ခြင်း ဖြစ်တယ် ” ဟု ပြီးခဲ့သည့် တနင်္ဂနွေနေ့က မုဟမ္မဒ် မုဟမ္မဒီ ဂိုလ်ပါယေဂနီ မှ ဆိုသည်။
    ဆီးရီးယားနှင့်အီဂျစ်၌ လတ်တစ်လောကျူးလွန်နေမှုများမှာ အစ္စလာမ့်အဆုံးအမနှင့်မဆီလျော်ဟုဆိုကာ ၄င်းမှ ရှုံ့ချလိုက်သည်။
    “ အီဂျစ်နဲ့ဆီးရီးယားက ကျူးလွန်မှုအားလုံးကို အမေရိကန်နဲ့ဇီယွန်ဝါဒီခေါင်းဆောင်တွေက သူတို့ကိုယ်ကျိုးစီးပွားအတွက် အစီအစဉ်ချ ဖန်တီးလိုက်တာဖြစ်တယ်။ ဒီကျူးလွန်မှုရဲ့လက်သည် တရားခံတွေကို အဲ့ဒီနိုင်ငံတွေက စစ်ခေါင်းဆောင်နဲ့အုပ်ချုပ်သူများအနေနဲ့ သတိမထားမိကြဘူး၊ လက်မခံလိုကြဘူး ”။
    သမ္မတဟောင်း မူရ်စီအား စစ်တပ်မှ ဖြုတ်ချပြီး နိုင်ငံတော်တရားရုံး တရားသူကြီးချုပ် အဒ်လီ မဟ်မူးဒ် မန်ဆူးရ်အား ကြားဖြတ်သမ္မတအဖြစ် ခန့်အပ်လျက် အခြေခံဥပဒေရေးဆွဲမှုကို ဆိုင်းငံ့ကာ ပါလီမန်ဖျက်သိမ်းလိုက်ချိန် ဇူလိုင်လ ၃ ရက်မှ စတင်၍ အီဂျစ်၌ အတောမသတ်နိုင်သည့် အကြမ်းဖက်မှုအား တွေ့ကြုံနေရသည်။
    ဆီးရီးယားတွင်လည်း ၂၀၁၁ ခုနှစ် မတ်လကတည်းက ဆူပူမှုများဖြင့် ရစ်ပတ်လုံးထွေးနေလျက် ရှိသည်။ အကြမ်းဖက်နှိမ်နှင်းမှုဖြစ်ချိန်မှစ၍ လူပေါင်း တစ်သိန်းကျော် သတ်ဖြတ်ခံရပြီး လူဦးရေစုစုပေါင်း ၇.၈ သန်းခန့်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂမှ ပြောကြားသည်။
    အစ္စလာမ့်ရန်သူများအား တန်ပြန်ရင်ဆိုင်ကြရန် မုဟမ္မဒ် မုဟမ္မဒီ ဂိုလ်ပါယေဂနီ က မွတ်စ်လင်မ်နိုင်ငံအားလုံးရှိ ပညာရှင်တို့ကို နှိုးဆော်တိုက်တွန်းခဲ့သည်။
    ပညာရှင်များအနေနှင့် ရှီအာ နှင့် စွန္နီအကြား သဘောကွဲလွဲမှုမျိုးစေ့ချပြဿနာတိုင်းအပေါ် သတိမပြတ်ထား၍ အန္တရာယ် မဖြစ်ပွားလာစေရန် ကာကွယ်ထိန်းသိမ်းသွားရမည်ဟု ၄င်းမှ အလေးအနက်ထား ပြောဆိုခဲ့သည်။
    SF/KA/SS
  • အမေရိကန်၏ ထောက်လှမ်းရေး အချက်အလက်များကို အစ္စရေးက ခိုးယူနိုင်သည်ဟုဆို
    သြဂုတ်လ ၁၅၊ ၂၀၁၃
    M-Media
    Israel can access NSA intelligence
    အမေရိကန်ထောက်လှမ်းရေးဝန်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒင်၏ ဖွင့်ထုတ်မှုများအရ ကန်ထောက်လှမ်းရေး အသိုင်းအ၀ိုင်းတွင် ယိုပေါက်တစ်ခုရှိနေပြီး ထိုယိုပေါက်မှတဆင့် ထောက်လှမ်းရေးအေဂျင်စီများ စုဆောင်းထားသည့်အချက်အလက်များကို အစ္စရေးက ခိုးယူသွားနိုင်သည်ဟု Veterans Today၏မန်နေဂျင်းအယ်ဒီတာနှင့် ပင်တိုင်ဆောင်ပါးရှင် ဂျင် ဒဗလျူ ဒီန်းကပြောဆိုလိုက်သည်။
    တနင်္လာနေ့က Press TV နှင့် ဖုန်းအင်တာဗျူးတွင် ဒီန်းက အကယ်၍ အမေရိကန်အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့်ပက်သက်သည့် ထိပ်တန်းလျို့ဝှက်ချက်များကို စနိုးဒင်ယူနိုင်ခဲ့လျှင် အစ္စရေး ထောက်လှမ်းရေးအဖွဲ့မှာလည်း ထိုကဲ့သို့သောအလုပ်မျိုးကို မလုပ်နိုင်ဟူသော အချက်မှာ ယုံကြည်နိုင်စရာမဟုတ်ကြောင်း ပြောကြားခဲ့သည်။
    ကန်ထောက်လှမ်းရေးအသိုင်းအ၀ိုင်း၏ ယိုပေါက်မှတဆင့် အစ္စရေးက၀င်ရောက်နိုင်ပြီး အချက်အလက်များကို ခိုးယူသွားနိုင်ကာ ဥပဒေကခွင့်မပြုထားသည့် အရာများကို အစ္စရေးဘက်က လုပ်ဆောင်သွားနိုင်သည်ဟု ဒီန်းက ထပ်လောင်းပြောကြားခဲ့သည်။
    အချက်အလက်များစုဆောင်းရာ၌ အမေရိကန်နိုင်ငံသားမဟုတ်သူများ အမေရိကန်ပြင်ပမှ နိုင်ငံရပ်ခြား ပစ်မှတ်များ၏ ဆက်သွယ်မှုများအပေါ် အမိန့်မလိုဘဲ သတင်းစုဆောင်းနိုင်ရန် အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီအား အမေရိကန်ဥပဒေက ခွင့်ပြုထားသည်။ ၎င်းအပြင် “incidental collection”ဟု သတ်မှတ်ခေါ်ဝေါ်သည့် လုပ်ငန်းစဉ်မှတဆင့် အမေရိကန်မြေပေါ်ရှိ ပြည်တွင်းဆက်သွယ်မှုများကို အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီက မှတ်တမ်းတင် သိမ်းဆည်းထားနိုင်သည်။
    ဇွန်လက စနိုးဒင်ထုတ်ဖော်ပြောဆိုခဲ့သည့် လျို့ဝှက်ချက်များအရ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီသည် အမေရိကန်နိုင်ငံသားများ၏ ဖုန်းခေါ်ဆိုမှုများအား ထောက်လှမ်းခြင်း၊ အမေရိကန်အခြေစိုက် ၀ဘ်ဆာဗာများကို အသုံးပြုကြသည့် ကမ္ဘာတစ်ဝှမ်းမှ လူများအား စောင့်ကြည့်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည
  • ငြိမ်းချမ်းရေးမြှင့်တင်မှု ခရီးစဉ်အဖြစ် အစ္စရေးနှင့် ပါလက်စတိုင်းသို့ ဘာစီလိုနာအသင်း သွားရောက်
    သြဂုတ်-၁၁ ရက်၊ ၂၀၁၃
    M-Media
    Messi aims
    စပိန်ထပ်သီးကလပ် ဘာစီလိုနာအသင်းသည် ငြိမ်းချမ်းရေးမြှင့်တင်မှုခရီးစဉ်အဖြစ် အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံများသို့ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်၊ စနေနေ့က သွားရောက်ခဲ့ကြသည်ဟု သိရသည်။
    သောကြာနေ့ညတွင်ဘရာဇီး၌ ခြေစမ်းပွဲကစားခဲ့ပြီး စနေနေ့ နေ့လယ်ပိုင်းတွင် အစ္စရေးသို့သွားရောက်ခဲ့ကြကာ တနင်္ဂနွေနေ့ညပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။
    အဆိုပါငြိမ်းချမ်းမှုမြှင့်တင်ရေး ၂ ရက်တာ ခရီးစဉ်အတွင်း ဘာစီလိုနာအသင်းသည် အစ္စရေးမှသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းရှိ ဂျူးဘုရားကျောင်း၊ ဘက်သလင်ဟမ်ရှိ ခရစ်ယာန်ဘုရားကျောင်းများသို့လည်ပတ်ခြင်း၊ အစ္စရေးနှင့် ပါလက်စတိုင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ တလ်အဗီးရှိ ဘလုမ်းဖီးလ်ဒ် အားကစားကွင်းနှင့် အနောက်ဘက်ကမ်းရှိ ဒူရာအားကစားကွင်းတို့တွင် အစ္စရေးနှင့် ပါလက်စတိုင်း ဘောလုံး ပရိတ်သတ်များအား ဘောလုံး စွမ်းရည်ပြပွဲများဖြင့် ဖျော်ဖြေခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။ ထိုစွမ်းရည်ပြပွဲသို့ လူငယ်အများအပြားလာရောက်ကြည့်ရှုခဲ့ကြသည်။
    ဘာစီလိုနာဥက္ကမှ ယခုကဲ့သို့လာရောက်ခွင့်ရခြင်းကိုဂုဏ်ယူကြောင်းပြောကြားခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်းနှစ်နိုင်ငံ တာဝန်ရှိသူများကလည်း ထိုကဲ့သို့သော အစီအစဉ်များက နှစ်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို များစွာအထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။ ကာလကြာရှည်စွာ ရပ်နားခဲ့ရသည့် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပြီးခဲ့သည့် သီတင်းပတ်က ၀ါရှင်တန်တွင် ပြန်လည်စတင်ခဲ့သည်။
    ဘာစီလိုနာအသင်းသည် ငြိမ်းချမ်းရေးမြှင့်တင်ရေးခရီးစဉ်အဖြစ် ၂၀၀၅ ခုနှစ်က တစ်ကြိမ် သွားရောက်ခဲ့ဖူးပြီး ရီးယဲလ်မက်ဒရစ်အသင်းကလည်း ၂၀၀၇ ခုနှစ်က တစ်ကြိမ်သွားရောက်ခဲ့သည်။
    AP
  • အနောက်ဘက်ကမ်းရှိ ဥရောပသမဂ္ဂ၏ စီမံကိန်းများကို အစ္စရေးမှ ပိတ်ဆို့ဟန့်တား
    ဇူလိုင်-၂၇-၂၀၁၃
    M-Media
    Houses are seen in the West Bank Jewish settlement of Ofra, north of Ramallah
    အနောက်ဘက်ကမ်းမြှောင်ဒေသ ရှိ အစ္စရေးတို့၏ ဂျူးအခြေစိုက် အိမ်ယာ စီမံကိန်းများ
    Photo Credit: Reuters/Baz Ratner
    အနောက်ဖက် ကမ်းမြှောင်ဒေသရှိ ထောင်နှင့်ချီသော ပါလက်စတိုင်းတို့အပေါ် အကူအညီပေးမည့် ဥရောပသမဂ္ဂ၏စီမံကိန်းများကို အစ္စရေးမှ ပိတ်ဆို့ဟန့်တားထားသည်။ သိမ်းပိုက်ခံနယ်နမိတ်အတွင်းရှိ အစ္စရေးအဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ခြင်းကို ဥရောပသမဂ္ဂမှ ပိတ်ပင်ခဲ့မှုအတွက် လက်စားချေခြင်းတစ်ရပ် ဟု ဆိုသည်။
    ၁၉၆၇ ခုနှစ်၊ အရှေ့အလယ်ပိုင်းစစ်ပွဲမှ အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့်နယ်နမိတ်အတွင်း ဂျူးလူမျိုးတို့၏ အခြေချမှု ဆက်လက်တိုးပွားကျယ်ပြန့်နေခြင်း အပေါ် နှစ်မြို့လက်ခံဖွယ်ရာ မရှိနိုင်တော့သဖြင့် ဥရောပသမဂ္ဂမှ လွန်ခဲ့သော ရက်သတ္တပတ်တွင် ယင်းသို့ ကန့်သတ်ချက်များပြုလိုက်ခြင်းဖြစ်သည်။ အစ္စရေးတို့၏ ချဲ့ထွင်မှု ရှေ့ဆက်နေပါက လာမည့်နှစ်မှစတင်ပြီး ဥရောပသမဂ္ဂ၏ ထောက်ခံပံ့ပိုးမှု၊ ဆုချီးမြှင့်မှု သို့မဟုတ် ချေးငွေများမှာ ထည့်သွင်းစဉ်းစားပေးဖွယ် မရှိတော့ကြောင်း ညွှန်ကြားမှု အသစ်၌ ပါဝင်နေသည်။
    အစ္စရေးကာကွယ်ရေးဝန်ကြီးက စည်းကမ်းချက်များစွာ ထုတ်ပြန်လိုက်ရာ ပါလက်စတိုင်းလူထုအားကူညီနေသော ဥရောပသမဂ္ဂ၏ဆောင်ရွက်ချက်များကို ထိခိုက်နစ်နာသွားကြောင်း အစ္စရေးမီဒီယာသတင်းများနှင့်ပတ်သက်ပြီး ဥရောပ သမဂ္ဂမှ စိုးရိမ်မကင်းဖြစ်နေသည်ဟု ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအမှူး ကက်သရင်း အက်ရှ်တန်၏ ပြောခွင့်ရ ပုဂ္ဂိုလ် မာဂျာ ကိုစီဂျန်စစ် မှ ဘရပ်ဆဲလ်၌ ပြောကြားသည်။
    “ အစ္စရေးအာဏာပိုင်တွေဆီက တရားဝင်ဆက်သွယ်ချက် တစ်စုံတစ်ရာကိုမျှ ကျွန်တော်တို့ မရရှိသေးပါဘူး။ ကျွန်တော်တို့ရဲ့ အရေးပေါ်ကိုယ်စားလှယ်တွေအနေနဲ့ အသေးစိတ်အစီရင်ခံနိုင်ဖို့ ကြိုးစားနေကြပါတယ် ” ဟုလည်း ၄င်းမှ ထည့်သွင်းပြောဆိုခဲ့သည်။
  • “အလ္လာဟု အတ်က်ဗရ်” ဟု အော်သော ဂျူး တစ်ယောက်အား အစ္စရေး လုံခြုံရေး တပ်သားမှ သေနတ်ဖြင့် ပစ်သတ်
    ဇွန်-၂၁၊၂၀၁၃
    M-Media
    သောကြာနေ့က ဂျေရူစလင်နိုင်ငံ၊ ဂျူးလူမျိုးတို့၏ အထွဋ်အမြတ်ထားသော နေရာတစ်ခုဖြစ်သော အနောက်ဘက် တံတိုင်းရှိ ပြည်သူ့နားနေခန်းတွင် တာဝန်ရှိသော လုံခြုံရေးတပ်သားသည် အစ္စရေးနိုင်ငံသားအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ အာရဗ် ဘာသာစကားအရ “ဘုရားသခင်သာ အကြီးကျယ်ဆုံး” ဟုအဓိပ္ပာယ်ရသည့် “အလ္လာဟု အတ်က်ဗရ်” ဆိုသောအော်ဟစ်သံကို ထိုသူ့ထံမှကြားရပြီးနောက်တွင် လုံခြုံရေးတပ်သားသည် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
    The Western Wall, Jerusalem
    Photo- Independent
    ထိုလူအား ပါလက်စတိုင်း စစ်သွေးကြွတစ်ဦးဟု ထင်မြင်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်သားက ဆိုသည်။ ထိုသူမှာ “အလ္လာဟု အက္ကဗာရ်” ဟု အော်လိုက်သည့်အတွက်ကြောင့် လုံခြုံရေးဝန်ထမ်းသည် သူ၏ သေနတ်အား ထုတ်ကာ အဆက်မပြတ်ပစ်ခတ်ခဲ့ရခြင်း ဖြစ်ဟန်တူ၏ ဟု ရဲဌာန၏ပြောရေးဆိုခွင့်ရှိသူ မစ်ကီရိုစန်ဖလ်(Micky Rosenfeld) က ပြောကြားကြောင်း Reuters သတင်းဌာနမှ ဖော်ပြခဲ့သည်။
    အပစ်ခတ်ခံရသူသည် ဂျူးဘာသာဝင် တစ်ဦး ဖြစ်ပြီး အသက် ၄၀ ကျော်ရှိပြီဖြစ်ကြောင်း၊ သူအား ဆေးကုသပေးခဲ့သော်လည်း ယင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည် ဟု Jerusalem Post မှ တင်ပြခဲ့သည်။
    သပ်က်ဗီရ် ဟုကျော်ကြားသော အာရဗီစကားစုကို မွတ်စ်လင်မ်များက ပုံမှန်ဝတ်ပြုဆုတောင်းခြင်းမှသည် အမှတ်မထင်ကြုံလာသော အကြောက်တရား၊ အံသြမှု၊ အောင်မြင်မှု သို့မဟုတ် မနာခံငြင်းဆန်မှု စသည်တို့၌ အခြေနေအမျိုးမျိုးတွင် သုံးစွဲလေ့ရှိသည်။ ထူးခြားမှုအတွက် အသုံးပြုသည့် အနောက်တိုင်းစကားနှင့်နှိုင်းယှဉ်ကြည့်လျှင် Oh my God – အို ၊ ဘုရားသခင် ဟူ၍ အသုံးပြုပုံမျိုးနှင့် ဆင်တူသည်။
    ပစ်ခတ်မှုဖြစ်ပွားခဲ့သော အနောက်ဘက် တံတိုင်းသည် ဂျူးဘာသာဝင် အမြောက်များ လာရောက်ဝတ်ပြုရာ နေရာတစ်ခုဖြစ်၏။ တံတိုင်းနှင့် တစ်ဆက်တည်းရှိသော ဈေးရုံသည် Temple Mount ဘေးကပ်လျက်တွင်ရှိပြီး၊ Temple Mount သည် သမ္မာကျမ်း နှစ်စောင်ထဲမှ ဂျူးလူမျိုးများ၏ တစ်ချိန်က အလေးအမြတ်ထားရာ နေရာဖြစ်သည်။ ၄င်း နေရာသည် အစ္စလာမ်သာသနာ၏ တတိယမြောက် အထွဋ်အမြတ်ထားရာ Al-Aqsa အလ်အတ်ကဆွာ ဗလီဝတ်ကျောင်းတော် နေရာလည်း ဖြစ်သည်။
    Ref: RT
    Photo- Independen