News @ M-Media

ပါလက်စတိုင်းအား ကုလသမဂ္ဂတွင် လေ့လာသူ နိုင်ငံအဖြစ် လက်ခံ

နိုဝင်ဘာ ၂၉ ၊ ၂၀၁၂
M-Media

ကုလသမဂ္ဂအထွေအထွေ ညီလာခံမှာ ပါလက်စတိုင်းအား ကုလသမဂ္ဂ ရဲ့ လေ့လာသူနိုင်ငံ တစ်နိုင်ငံအဖြစ် မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၃၈ မဲ အတည်ပြုလုပ်ပြီဖြစ်ကြောင်း သိရပါတယ်။

ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်

ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောရာမှာ လွန်ခဲ့တဲ့ ၆၅နှစ်တုန်းက ဒီနေ့နဲ့ တရက်ထဲ တိုက်ဆိုင်ပြီး ကုလသမဂ္ဂက ဆုံးဖြတ်ချက် ၁၈၁ နဲ့ သမိုင်းဝင် ပါလက်စ်တိုင်း နယ်မြေကို ခွဲပြီး အစ္စရေး နိုင်ငံကို မွေးထုတ်နိုင်ခဲ့တယ်။ဒီကနေ့တော့ ပါလက်စတိုင်း ဒေသရဲ့ စစ်မှန်တဲ့ မွေးစာရင်း ထုတ်ပေးဖို့ နှစ်ပြည်ထောင် ဖြစ်နေတဲ့ ပြဿနာကို နောက်ဆုံး ဖြေရှင်းဖို့ မိန့်ခွန်း ပြောသွားပါတယ်။

အစ္စရေး နှင့် အမေရိကန် တို့က ပါလက်စတိုင်းအား နိုင်ငံ အဖြစ် အသိအမှတ်ပြုရန် ပြင်းပြင်းထန်ထန် ဆန့်ကျင့် ကန့်ကွက်နေသည့် ကြားက ကုလသမဂ္ဂအထွေထွေ ညီလာခံက ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၉ မဲ ၊ ကြားနေမဲ ၄၁ မဲ ဖြင့် ကုလသမဂ္ဂ အဖွဲ့ကြိးမှာ လေ့လာသူ နိုင်ငံ တစ်နိုင်အဖြစ် ပါဝင်ဖို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အခုအခါ ပါလက်စတိုင်းဟာ တင်းပြည့် အဖွဲ့ဝင်နိုင်ငံ မဖြစ်သေးပေမယ့် ကုလသမဂ္ဂ ဆွေးနွေးပွဲတွေ ပါဝင်နိုင်မှာဖြစ်ပြီး အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်တရားရုံးတို့လို ကုလသမဂ္ဂ အေဂျင်စီတွေမှာ ပါဝင်ဖို့ အခွင့်အလမ်းတွေလည်း ပိုများလာမှာ ဖြစ်ပါတယ်။

ပါလက်စတိုင်းပြည်သူ ရာပေါင်းများစွာဟာ လမ်းပေါ်ထွက်ပြီး အောင်ပွဲခံ

ယင်းရလဒ်ကို ကြေငြာပြီးတဲ့ နောက် အနောက်ဘက် ကမ်းဒေသမှာရှိတဲ့ ပါလက်စတိုင်းပြည်သူ ရာပေါင်းများစွာဟာ လမ်းပေါ်ထွက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။

Comments

Leave a Reply