News @ M-Media

Tag: israeli-raids-gaza

  • ဂါဇာအား အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှု စစ်ရာဇ၀တ်မှုမြောက်နေပြီဟု ကုလ ပြောပြီ

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media
    201472394555918734_20
    – ၁၆ ရက်တာကြာမြင့်နေပြီဖြစ်သည့် ဂါဇာအား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုများမှာ စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်၍ရနေပြီဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ နဗီးပီလေးက ယနေ့တွင် ပြောကြားလိုက်သည်။

    “နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ ဖြစ်နိုင်ချေဟာ ခိုင်ခိုင်မာမာရှိနေပြီး၊စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်နိုင်ပါပြီ” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ပြုလုပ်ခဲ့သည့် အရေးပေါ် အစည်းအဝေးတွင် ပီလေးက ပြောကြားခဲ့ပြီး အစ္စရေးဘက်မှ ကြိုတင်သတိပေးမှုများ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ သံသယရှိနေသည်ဟုလည်း ဆိုသည်။

    ထို့ပြင် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ဂါဇာကမ်းခြေတွင် ဘောလုံးကစားနေသည့် ကလေးငယ် ၇ ဦးအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ပုံရသည့် တိုက်ခိုက်မှုကို ထောက်ပြ၍ ထိုလုပ်ရပ်မှာ နိုင်ငံကာဥပဒေများကို အစ္စရေးမှ ဂရုမစိုက်သည့် အထောက်အထားဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံ ၄၆ နိုင်ငံပါဝင်သော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အမြင့်ဆုံး ဖိုရမ်ကမူ  ဂါဇာအား အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုနှင့် ပတ်သက်၍ နိုင်ငံတကာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    ထို့ပြင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့ကို စနစ်တကျ၊ ဆိုးရွားစွာ ချိုးဖောက်နေသည့် အစ္စရေး၏ လုပ်ရပ်ကို ရှုတ်ချသည့် မူကြမ်းတစ်ခုကို ပါလက်စတိုင်းက တင်သွင်းခဲ့ပြီး ထိုမူကြမ်းအား မဲခွဲရန်ရှိနေသည်။

    အဆိုပါမူကြမ်းတွင် အရှေ့ဂျေရုစလင်၊ ဂါဇာဒေသတို့အပါအ၀င် အစ္စရေးက မတရားသိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ ချိုးဖောက်မှုအားလုံး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက လွတ်လပ်သော စုံစမ်းရေး ကော်မရှင် အမြန်ဖွဲ့စည်းရေးကိုလည်း တိုက်တွန်းခဲ့သည်။

    ဂါဇာရှိ တစ်ခုတည်းသော ဓာတ်အားပေးစက်ရုံအပါအ၀င် နေရာအများအပြားကိုလည်း အစ္စရေးက ယနေ့တွင် တင့်ကားများဖြင့် ပစ်ခတ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်ပင် အနည်းဆုံး ပါလက်စတိုင်း ၆ ဦးသေဆုံးခဲ့သည်။ ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုမှာ ၁၆ ရက်မြောက်လာခဲ့ပြီး သေဆုံးသူမှာ ၆၄၈ ဦး ရှိလာပြီဖြစ်သည်။ အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြကာ ဒဏ်ရာရသူ ၄၀၀၀ ကျော် ရှိနေသည်။

    Al Jazeera and agencies

  • ဂါဇာအား အစ္စရေး ဆက်လက် တိုက်ခိုက်နေ၊ မြေပြင်တိုက်ပွဲတွင် အစ္စရေးစစ်သားများ အကျအဆုံးများလာ

    ဇူလိုင် ၂၃ ၊ ၂၀၁၄
    M-Media
    5583104-3x2-940x627
    – ဂါဇာဒေသအား အစ္စရေးက တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်မှာ ၁၅ ရက်မြောက်လာပြီဖြစ်သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၆၀၀ ကျော်လာခဲ့ပြီဖြစ်ကာ အများစုမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်ကြသည်။

    ယနေ့တွင် ဂါဇာရှိ ပစ်မှတ် ၁၅၀ ကျော်ကို တိုက်လေယာဉ်များ၊ တင့်ကားများဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သည်ဟု  အစ္စရေးက ကြေညာခဲ့ပြီး ထိုပစ်မှတ်များတွင် ဗလီဝတ်ကျောင်းတော် ၅ လုံး၊ ဘောလုံးကွင်းတစ်ခုနှင့် ဟားမက်စ်အဖွဲ့ခွဲခေါင်းဆောင်ဟောင်း တစ်ဦး၏ အိမ်များ ပါဝင်ခဲ့သည်။

    ယနေ့နံနက်စောစောပိုင်း တိုက်ခိုက်မှုအတွင်းမှာပင် ပါလက်စတိုင်း အရပ်သား ၇ ဦးသေဆုံးခဲ့သည်။ ဂါဇာရှိ အလ်ဂျာဇီးရားသတင်းဌာန အဆောက်အအုံအနီးတွင်လည်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ချေ။

    ဂါဇာအား ကျူးကျော်ဝင်ရောက်ကာ ပြုလုပ်နေသည့် အစ္စရေးတို့၏ မြေပြင်တိုက်ခိုက်မှုမှာ ၅ ရက်မြောက်လာခဲ့ပြီး ပါလက်စတိုင်းတို့က အစ္စရေးစစ်သား ၂၇ ဦးအား ချေမှုန်းနိုင်ခဲ့သည်။ တနင်္ဂနွေနေ့တိုက်ခိုက်မှုတွင် အစ္စရေးစစ်သား ၆ ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ အလောင်းမရဘဲ ပျောက်ဆုံးခဲ့သည်ဟု အစ္စရေးဘက်က ပြောဆိုထားသည်။

    အရပ်သားအများ သေဆုံးခဲ့ရသည့် အစ္စရေး၏ တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်ရန် ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပန်ကြားလိုက်ပြီး၊ ဟားမက်စ်အဖွဲ့အနေဖြင့် အီဂျစ်မှ ကမ်းလှမ်းသည့် အပစ်ရပ်ရေးကို လက်ခံရန် တိုက်တွန်းခဲ့သည်။

    Al Jazeera and agencies

  • အစ္စရေး၏ ထောင်နှင့်ချီသော အရေးပါသည့် ဝဘ်ဆိုဒ်များကို Anonymous ဟက်ကာအဖွဲ့တိုက်ခိုက်

    ဇူလိုင် ၂၂ ၊၂၀၁၄
    M-Media
    anonymous-heart-merged-gaza-message
    အဖိနှိပ်ခံပါလက်စတိုင်းပြည်သူများနှင့် တစ်သားတည်းရှိနေကြောင်း ပြသသည့်အနေဖြင့် အစ္စရေးဝဘ်ဆိုက် ထောင်ချီကို Anonymous ဟက်ကာအဖွဲ့တိုက်ခိုက်

    – ပါလက်စတိုင်းပိုင် ဂါဇာဒေသအား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်သောအားဖြင့် အရေးပါသော ၀ဘ်ဆိုက်များအပါအ၀င် အစ္စရေးဝဘ်ဆိုဒ် ထောင်ချီကို တိုက်ခိုက်ခဲ့သည်ဟု Anonymous ဟက်ကာ အဖွဲ့က ကြေညာလိုက်သည်။

    #OpSaveGaza ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ DDos နည်းပညာကို အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုများတွင် တဲလ်အဗီး ရဲဌာန ၀ဘ်ဆိုက်ပါအ၀င် အစ္စရေးအစိုးရ၏ ၀ဘ်ဆိုက်များ ပါဝင်ခဲ့ပြီး Home Page တွင် ဂရပ်ဖစ်ဒီဇိုင်များ၊ ကျွေးကျော်သံများ၊ အသံဖိုင်များကို အစားထိုး လွှင့်တင်ခဲ့သည်။

    အစ္စရေးအစိုးရ၏ တရားဝင်ဝဘ်ဆိုက်အား တိုက်ခိုက်ခဲ့ပြီးနောက် အော်တိုမန်အင်ပါယာခေတ် စစ်တပ်အမည် Akincilar ပါဝင်သော ဂရပ်ဖစ်ပုံကို လွှင်တင်ခဲ့သည်။ အခြား အစိုးရ၀ဘ်ဆိုက်တစ်ခုတွင်လည်း AnonGhost အဖွဲ့၏ ဂရပ်ဖစ်ပုံကို လွှင်တင်ခဲ့သည်။ ထို့ပြင် အချို့သောဝဘ်ဆိုက်များတွင် အလိုအလျောက်ပွင့်နေသော အသံဖိုင်ကို လွှင်တင့်ခဲ့ပြီး ထိုအသံဖိုင်တွင် “အမေ့ခံ ပါလက်စတိုင်းများအတွက် ဆိုက်ဘာတံတိုင်း” ဖြစ်လာရေးနိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၊ ဟက်ကာများနှင့် တက်ကြွလှုပ်ရှားသူများက အစ္စရေး၏ ၀ဘ်ဆိုက်များကို တိုက်ခိုက်ရန်  တိုက်တွန်းခဲ့သည်။

    လူဝင်မှုကြီးကြပ်ရေးနှင့် တရားရေးဝန်ကြီးဌာနအပါအ၀င် အစိုးရဌာန ၀ဘ်ဆိုက်တိုက်ခိုက်မှုများမှ ရရှိခဲ့သည့် အစ္စရေးအစိုးရ တာဝန်ရှိသူများ၏ အီးမေးလ်လိပ်စာများကိုလည်း ဖော်ထုတ်ခဲ့သည်။ ထို့ပြင် အစ္စရေးမှ စားသောက်ဆိုင်များ၊ စီပွားရေး၊ အသင်းအဖွဲ့၊ ပညာရေးဆိုင်ရာ ၀ဘ်ဆိုက် ရာပေါင်းများစွာကိုလည်း တိုက်ခိုက်ခဲ့သည်။

    အချို့ဝဘ်ဆိုက် စာမျက်နှာများတွင် “ဂါဇာဒေသမှ အစ္စရေးသို့ ဒုံးကျည်ပစ်လွှတ်မှုများမှာ လက်ခံနိုင်သော၊ ပုံမှန်ဖြစ်သော လုပ်ရပ်ဖြစ်ပြီး၊ အကြမ်းဖက်ခြင်းမဟုတ်ဘဲ ခုခံကာကွယ်ခြင်းသာဖြစ်သည်။ အစ္စရေးဟူသည် ဘယ်တုန်းကမှမရှိ။ ပါလက်စတိုင်းသာတည်ရှိပြီး ကျွန်ုပ်တို့မွေးရပ်ဖြစ်သည်။ အသင့်အနေဖြင့် ဟက်ကာတစ်ယောက်ဖြစ်ပါက သူတို့(အစ္စရေး)၏ လက်တွင် အပြစ်မဲ့ကလေးများနှင့် အမျိုးသမီးများ၏ သွေး မည်မျှစွန်းနေသည်ကို ကမ္ဘာကသိရန် ဖော်ထုတ်ပါလေ” ဟု ရေးသားခဲ့သည်။

    အဆိုပါ Anonymous ဟက်ကာအဖွဲ့မှာ ယခင်ကလည်း အစ္စရေး ၀ဘ်ဆိုက်များကို တိုက်ခိုက်ခဲ့ဖူပြီး ပြီးခဲ့သည့် ဧပြီလက OpIsrael ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုအတွင်း အစ္စရေးဝဘ်ဆိုက် ၅၀၀ ကျော်ပါဝင်ခဲ့ကာ အစ္စရေးအစိုးရတာဝန်ရှိသူအချို့၏ ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကို ဖော်ထုတ်ခဲ့သည်။

    IBTimes

  • ဂါဇာမှ ဆေးရုံအား အစ္စရေးက တင့်ကားဖြင့်ပစ်၊ ၁၄ ရက်အတွင်း သေဆုံးသူ ၅၀၀ ကျော်ရှိပြီ

    ဇူလိုင် ၂၁ ၊ ၂၀၁၄
    M-Media
    140718160742-28-israel-gaza-horizontal-gallery
    – ဂါဇာဒေသအား အစ္စရေးက ယနေ့တွင်လည်း မြေပြင်မှ ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ဂါဇာကမ်းမြှောင်ရှိ အလ်-အက္ကဆာ ဆေးရုံအား တင့်ကားအမြောက်ဖြင့် ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    Deaths as Israeli tanks shell Gaza hospitalဒီယာ အလ်-ဘာလာဟ်ရှိ အဆိုပါဆေးရုံတတိယထပ်အား အနည်းဆုံး အမြောက်သုံးလုံး ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ရှိခဲ့သည်။ ဒီယာ အလ်-ဘာလာဟ်ဒေသမှာ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်းများ သွားရောက်ခိုလှုံရာ ဒေသလည်းဖြစ်သည်။

    အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တစ်ဦးကလည်း ဆေးရုံတွင် ဒဏ်ရာရသူများနှင့် ပြည့်နှက်လျက်ရှိပြီး မိမိတို့အနေဖြင့် မည်သည်ကိုမျှ လုပ်မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု၏ ပြောရေးဆိုခွင့်ရှိသူ မာ့က်ရီဂျစ်ဗ်ကမူ အဆိုပါဆေးရုံအား ဟားမက်စ်အဖွဲ့က အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။

    10500547_659075547507619_7197355862961422316_n11
    သို့သော်လည်း အလ်-အက္ကဆာဆေးရုံမှာ ဒါရိုက်တာဖြစ်သူ ဒေါက်တာ မဒ်ဟတ် အဘတ်စ်ကမူ အစ္စရေး၏ ထိုကဲ့သို့ပြောဆိုခြင်းမှာ အကြီးအကျယ် လိမ်ခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    “(ဒီစွပ်စွဲမှု မဟုတ်ဘူးဆိုတာကို) သက်သေပြဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘယ်သူ့ကိုမဆို ကျွန်တော်စိန်ခေါ်ပါတယ်။ ကျွန်တော်တို့ဆေးရုံမှာ ဘာလက်နက်မှ မရှိပါဘူး။ စုံးစမ်းစစ်ဆေးမှုခံယူဖို့ ကျွန်တော်တို့အသင့်ပါပဲ။ ဘယ်လိုနိုင်ငံတကာအဖွဲ့အစည်းမျိုးမဆို ကျွန်တော်တို့ဆေးရုံကိုလာရောက်ပြီး စစ်ဆေးလို့ရပါတယ်။ သူတို့(အစ္စရေးဟာ) ဖရော်ဖက်ရှင်နယ် လူလိမ်တွေ၊ လူသတ်သမားတွေပါ” ဟု အဘတ်စ်က ပြောကြားခဲ့သည်။

    ဂါဇာရှိဆေးရုံးအား အစ္စရေးတို့မှ တိုက်ခိုက်ခြင်းမှာ ယခုအချိန်တွင် ပထမဆုံးမဟုတ်ဘဲ ကြာသာပတေးနေ့ကလည်း ဘအက်စန် အီလာရှီထိ အလ်ဝါဖာ ဆေးရုံသို့ အစ္စရေးတင့်ကားများက အမြောက်ဖြင့် ပစ်ခတ်ခဲ့သည်။

    FC481E50-70B2-4002-A70F-6E00D77CA731_cx0_cy8_cw0_mw1024_s_n

    လွန်ခဲ့သည့် နှစ်ပတ်က စတင်ခဲ့သည့် ဂါဇာသို့ အစ္စရေး၏ ကျူးတိုက်ခိုက်မှုအတွင်း သေဆုံးသူမှာ ၅၃၂ ဦးရှိလာခဲ့ပြီးဖြစ်ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြသည်။ မြေပြင်တိုက်ခိုက်မှုများစတင်ခဲ့သည်မှာ ၄ ရက်ရှိပြီဖြစ်ပြီး တိုက်ခိုက်မှုများအတွင်း အစ္စရေး စစ်သား ၁၈ ဦးသေဆုံးခဲ့သည်။

    Al Jazeera
  • ဂါဇာအား ကျူးကျော်မှုကြောင့် အစ္စရေးအလံအား အိုင်ယာလန်မှ အားကစားပြိုင်ပွဲတွင် ဖြုတ်ချခံရ

    ဇူလိုင် ၂၁၊ ၂၀၁၄
    M-Media
    Flag
    – ဂါဇာအား အစ္စရေးတို့က ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်သောအားဖြင့် အိုင်ယာလန်နိုင်ငံ ဒက်ဘလင်မြို့တွင် ကျင်းပပြုလုပ် ခဲ့သည့် နိုင်ငံတကာ လူငယ်များ ရွက်တိုက်လှေပြိုင်ပွဲတွင် ဒက်ဘလင်မြို့တော်ကောင်စီဝင်တစ်ဦးက အစ္စရေးအလံအား ဖြုတ်ချခဲ့သည်ဟု သိရသည်။

    European Optimist ချန်ပီယံရှစ်ပြိုင်ပွဲ အသက် ၁၆ နှစ်အောက် လူငယ်ရွက်တိုက်လှေပြိုင်ပွဲ ကျင်းပနေသည့် ဒက်ဘလင်မြို့ Dun Laoghaire ဆိပ်ကမ်း ကမ်းနဖူးတွင် လွှင့်ထူထားသည့် နိုင်ငံပေါင်း ၄၄ နိုင်ငံမှ အလံများအနက် အစ္စရေးအလံကို အိုင်ယာလန် နိုင်ငံရေးပါတီ People Before Profit မှ ဟုဂ်ျ လူးဝစ်က ဇူလိုင် ၁၈ နေ့တွင် ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

    ဇူလိုင် ၁၆ ရက်နေ့ စတင်ကာ ၁၉ ရက်နေ့အထိ လေးရက်တာ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် အစ္စရေးမှ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦး စုစုပေါင်း ၇ ဦး ၀င်ရောက်ယှဉ်ပြိုင်နေသည်။

    အစ္စရေးအလံအား ဖြုတ်ချရန် ပြီးခဲ့သည့်သီတင်းပတ်အစောပိုင်းကတည်းက  Dun Laoghaire ဆိပ်ကမ်းအာဏာပိုင်များအား တောင်းဆို ခဲ့သော်လည်း ငြင်းဆန်ခဲ့သောကြောင့် လူးဝစ်နှင့်အတူ အခြားပါတီဝင် ၃ ဦးက လှေကားယူကာ တက်ရောက်ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

    အစ္စရေးအလံအား ဖြုတ်ချခဲ့ပြီးနောက် လူးဝစ်မှာ ၎င်း၏ အင်တာနက်စာမျက်နှာတွင် အလံဖြုတ်ချခဲ့သည့် ဓာတ်ပုံအား လွှင့်တင်ခဲ့ပြီး ၎င်း၏ ခံစားချက်များကိုလည်း ရေးသားခဲ့သည်။

    “ဆိပ်ကမ်းအာဏာပိုင်တွေကို တောင်ဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် သူတို့ဟာ လူမျိုးရေးခွဲခြားတဲ့ အစ္စရေးအာဏာရှင်တွေရဲ့ အလံကို ဖယ်ရှားဖို့ ငြင်းဆိုခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်  People Before Profit ပါတီက ဒီအလံကို ဖြုတ်ချခဲ့တာပါ။ အစ္စရေးရဲ့ ရက်ရက်စက်စက် တိုက်ခိုက်မှုကြောင့် ဒီနေ့တစ်နေ့တည်းမှာပဲ ဂါဇာမှာ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ မနက်ဖြန် (ဇူလိုင် ၂၀ရက်နေ့) နေ့လည် ၂ နာရီမှာ ပြုလုပ်မယ့် ဆန္ဒပြပွဲကို လာရောက်ပူးပေါင်းကြပါတယ်။ ပါလက်စတိုင်းတွေအတွက် တရားမျှတမှုကို တောင်းဆိုကြပါ” ဟု ၎င်းက ရေးသားခဲ့သည်။

    အစ္စရေးအလံအား ၎င်းနှင့်အတူ ပါတီဝင် ၄ ဦးက ဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်း၊ ရွက်တိုက်လှေပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်နေသည့် အစ္စရေးလူငယ်များနှင့် ပုဂ္ဂိုလ်ရေးအရ မည့်သည့် ပြဿနာမှမရှိကြောင်းမှ မရှိကြောင်း ၎င်းက ထည့်သွင်းရေးသားခဲ့သည်။