News @ M-Media
Tag: israeli-raids-gaza
  • ဂါဇာအရေး ဗြိတိန်အစိုးရ မူဝါဒကို လက်မခံနိုင်၍ ဝန်ကြီး တစ်ဦးရာထူးမှ နှုတ်ထွက်
    ဂါဇာအရေး ဗြိတိန်အစိုးရ မူဝါဒကို လက်မခံနိုင်၍ ဝန်ကြီး တစ်ဦးရာထူးမှ နှုတ်ထွက်
    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    Sayeeda Warsi
    – အစ္စရေးနှင့် ဟားမက်စ်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအတွက် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းအစိုးရ၏ ချဉ်းကပ်မှုမှာ လူ့ကျင့်ဝတ်အရ ကာကွယ်မပေးနိုင်သော ချဉ်းကပ်မှုဖြစ်သည်ဟု စွပ်စွဲ၍ ဗြိတိန် အစိုးရအဖွဲ့၏ ဝန်ကြီး တစ်ဦးဖြစ်သည့် ဆိုင်ယီဒါ ၀ါစီက ရာထူးမှ နှုတ်ထွက်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်ဟု သိရသည်။
    ဗြိတိန်အစိုးရမှာ ဂါဇာဒေသအပစ်ရပ်ရေး ချက်ခြင်းဆောင်ရွက်ရန်အတွက် ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သော်လည်း အစ္စရေး၏ လုပ်ရပ်များကို ပို၍ပြင်းပြင်းထန်ထန် မဆန့်ကျင်သောကြောင့် ဒေးဗစ်ကင်မရွန်းမှာ အတိုက်အခံများ၏ ဝေဖန်မှုကို ခံနေရသည်။
    ၀ါစီ၏ နှုတ်ထွက်မှုမှာ အလယ်တန်းစား လူဖြူအမျိုးသားများဖြင့် အစိုးရကို အားဖြည့်ထားသည်ဟု စွပ်စွဲခံနေရသည့် ဒေဗစ်ကင်မရွန်းအတွက် အရှက်ရစရာလည်း ဖြစ်ခဲ့သည်။ ၀ါစီမှာ တင်းပြည့် ပါလီမန်အဖွဲ့ဝင် မဟုတ်သော်လည်း ပါလီမန်သို့ တက်ရောက်ခွင့်ရှိပြီး ဗြိတိန် မွတ်စလင် အသိုင်းအ၀ိုင်းနှင့် အစိုးရတို့အကြား အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
    ၎င်း၏ နှုတ်ထွက်မှုကို Twitter စာမျက်နှာတွင်ဖော်ပြခဲ့ပြီး နှုတ်ထွက်ရသည့် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသို့ ပေးအပ်ခဲ့သည့် နှုတ်ထွက်စွာ မိတ္တူကိုလည်း ဖြန့်ဝေခဲ့သည်။
    “ဂါဇာက လက်ရှိပြဿနာဖြစ်ပွားနေစဉ်အတွင်းမှာ ကျွန်မတို့ရဲ့ချဉ်းကပ်မှုနဲ့ ဆောင်ရွက်မှုတွေဟာ လူ့ကျင့်ဝတ်အရ ကာကွယ်မှုမပေးနိုင်ပါဘူး။ ပြီးတော့ ဗြိတိန်ရဲ့ အကျိုးစီးပွားလည်း မဟုတ်ပါဘူး။ ရေရှည်မှာ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာကို ပြည်တွင်းမှာရော ပြည်ပမှာပါ ထိခိုက်စေပါလိမ့်မယ်” ဟု ၀ါစီက ၎င်း၏ နှုတ်ထွက်စာတွင် ဖော်ပြထားသည်။
    ထို့ပြင် ဂါဇာပြဿနာအတွက် ဗြိတိန်၏ တုံ့ပြန်မှုမှာ ဗြိတိန်မွတ်စလင်များ၏ အစွန်းရောက်မှု နောက်ကွယ်တွင်ရှိနေသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ပြည်ထဲရေးရုံး၏ အထောက်အထားကို ကိုးကား၍ သူမက ပြောကြားခဲ့ပြီး၊ ထိုကိစ္စ၏ အကျိုးဆက်က နှစ်ပေါင်းများစွာ ဆက်လက်ရှိနေမည်ဟုဆိုသည်။
    ပေါ်တူဂီသို့ မိသားစုနှင့်အတူ အပျော်ခရီးထွက်နေသည့် ၀န်ကြီးချုပ် ကင်မရွန်းက ၀ါစီ၏ နှုတ်ထွက်မှုအတွက် စိတ်မကောင်းဖြစ်ပြီး သူမ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ရဲ့ ပေါ်လစီကတာ့ တစ်သမတ်တည်းပါ။ ဂါဇာရဲ့အခြေအနေဟာ လက်မခံနိုင်စရာဖြစ်ပြီး ချွင်းချက်မဲ့ အပစ်ရပ်ရေး ချက်ချင်းဆောင်ရွက်ဖို့ နှစ်ဖက်စလုံးကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကင်မရွန်းက ပြောကြားခဲ့သည်။
    ဇွန်လိုင်လ ၈ ရက်နေ့က အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ယနေ့အချိန်အထိ ပါလက်စတိုင်း ၁၈၆၅ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ အစ္စရေးဘက်ကမူ ၆၆ ဦးသေဆုံးခဲ့ပြီး ၆၄ ဦးမှာ ဂါဇာသို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ရင်း သေဆုံးခဲ့သည့် စစ်သားများဖြစ်သည်။
    ယခုလက်ရှိတွင် အီဂျစ်မှ ကြားဝင်စေ့စပ်ပေးသော ၇၂ နာရီအကြာ အပစ်ရပ်ရေး သက်ရောက်နေပြီး လုံးဝ အပစ်ရပ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။
    နှုတ်ထွက်ကြောင်း ကြေညာပြီးနောက် Huffington Post သတင်းစာနှင့် အင်တာဗျူးတွင် ၀ါစီက အစ္စရေး၏ ကျူးလွန်မှုများအတွက် ငြိမ်နေမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်ကလည်း အစ္စရေး၏ လုပ်ရပ်မှာ လူ့ကျင့်ဝတ်အရ ရိုင်းစိုင်းပြီး ရာဇ၀တ်မှုမြောက်သည့် လုပ်ရပ်များဖြစ်သည်ဟု ပြောကြားထားသည်။
    အင်္ဂလန်မြောက်ပိုင်းတွင် ပါကစ္စတန်နွယ်ဖွား မိဘနှစ်ပါးမှ မွေးဖွားခဲ့သည် ၀ါစီမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ပတ်သက်သည့် ဗြိတိန်အစိုးရ၏ ပေါ်လစီများတွင် ထဲထဲဝင်ဝင် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။
  • လန်ဒန်မြို့တော်ဝန်မှ မြို့တော်ခန်းမတွင် ပါလက်စတိုင်း အလံလွှင့်ထူပြီး ဂါဇာမှပြည်သူများနှင့် တသားထဲရှိကြောင်းပြသ
    လန်ဒန်မြို့တော်ဝန်မှ မြို့တော်ခန်းမတွင် ပါလက်စတိုင်း အလံလွှင့်ထူပြီး ဂါဇာမှပြည်သူများနှင့် တသားထဲရှိကြောင်းပြသ
    သြဂုတ် ၄ ၊ ၂၀၁၄
    M-Media
    _76662624_76662623
    ဇူလိုင်လ (၇)ရက်ကစပြီး ဗုံးကြဲစစ်ဆင်မှုကို ခံစားနေရတဲ့ ဂါဇာပြည်သူများနဲ့ တစ်သားတည်းရှိကြောင်း ပြသသောအားဖြင့် လန်ဒန်မြို့တော်၊ Tower Hamlets အရပ် မြို့တော်ခန်းမပေါ်မှာ ပါလက်စတိုင်း အလံကို လွှင့်ထူလိုက်ပါတယ်။
    မြို့တော်ဝန် Lutfur Rahman က “ဂါဇာပြည်သူများနဲ့ တစ်သားတည်းရှိကြောင်း လူသားချင်းစာနာထောက်ထားမှုကို ပြသတဲ့အနေနဲ့ မြို့တော်ခန်းမပေါ် ကျွန်တော်တို့ ပါလက်စတိုင်း အလံကို လွှင့်ထူတာဖြစ်ပါတယ်။
    index“အသဲအမည်း စစ်ဆင် တိုက်ခိုက်လာမှုနဲ့အတူ ဂါဇာကို ပိတ်ဆို့ထားခြင်းက လူသားချင်းစာနာထောက်ထားမှုအပေါ် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါပြီ။ လူတစ်ထောင်ကျော် သတ်ဖြတ်ခံရတဲ့ထဲက အများစုဟာ အမျိုးသမီးတွေ၊ ကလေးငယ်တွေသာ ဖြစ်နေပါတယ်။ ဒဏ်ရာရသူများအားလုံးကို ဆေးဝါးကုသမှု ခံယူနိုင်ရေးအတွက် အကူအညီလမ်းကြောင်း ဖွင့်ပေးဖို့ အရေးပေါ်လိုအပ်ပါတယ်။ ဒီကြေကွဲစရာ ပဋိပက္ခကြားထဲ အသက်ဆုံးရှုံးမှုများအပေါ် ကျွန်တော်တို့ အထူး ၀မ်းနည်းရပါတယ်။ အပြစ်မဲ့အသက်တွေ ဘဝတွေ ထပ်မံမဆုံးရှုံးအောင်၊ အစ္စရေးနဲ့ပါလက်စတိုင်းတို့အကြားက
    အကြမ်းဖက်သံသရာကို ချိုးနှိမ်မယ့် ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်အောင် ကျွန်တော်တို့ရဲ့ဝန်ကြီးချုပ်ကို တိုက်တွန်းထားပါတယ်” လို့ Telegraph သတင်းစာကို ပြောကြားလိုက်ပါတယ်။
    “ဗြိတိသျှမြို့တော်ခန်းမကနေ အလံလွှင့်ထူတာဟာ ဥရောပနဲ့ ကမ္ဘာတစ်ဝှမ်းက အကြမ်းဖက်သမား အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတစ်ခုကို ထောက်ခံသော အားပေးသလို ဖြစ်နေကြောင်း မြို့တော်ဝန် ရဟ်မာန်အနေနဲ့ သတိပြုမိဖို့လိုပါတယ်။ ဒီလိုလုပ်တာ မသင့်လျော်ပါဘူး။ ကျွန်တော်တို့မြို့တော်က လူအဖွဲ့အစည်းတွေအကြား ရင်းနှီး ပတ်သက်နေမှုတွေကို ဖျက်စီးရာရောက်စေပါတယ်” ဆိုပြီး ဗြိတိသျှ ဂျူးလူမျိုးများရေးရာ ဘုတ်အဖွဲ့ ဒုဥက္ကဌ Jonathan Arkush က ပြောပါတယ်။
    တစ်ချိန်တည်းမှာပဲ ကွန်ဆာဗေးတစ်ပါတီဥက္ကဌ Grant Shapps က “လက်တွေ့ရလဒ် ထွက်ဖို့မရှိတဲ့ လူပိန်းကြိုက်နိုင်ငံရေး ရည်မှန်ချက်နဲ့ အလံကို လွှင့်ထူနေတာထက် ကျွန်တော်တို့လုပ်ဖို့ တကယ်လိုအပ်နေတာက အပစ်အခတ်ချက်ခြင်း ရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဆက်ပေးနိုင်ရေးပဲဖြစ်တယ်” လို့ MailOnline ကို ပြောဆိုလိုက်ပါတယ်။
    ပါလက်စတိုင်းလူဦးရေ (၁.၈)သန်းနေထိုင်တဲ့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးတို့ရဲ့ ဒီတစ်ကြိမ် စစ်ဆင်ရေးဟာ ခြောက်နှစ်အတွင်း အဆိုးဝါးဆိုးလုပ်ရပ်ဖြစ်ပါတယ်။ ရက်သတ္တလေးပတ်တိုင်တိုင် မရပ်မနား ချေမှုန်းနေတဲ့အတွက် ယခုချိန်ထိ ပါလက်စတိုင်းပြည်သူ (၁၈၀၀)ကျော် သေဆုံးပြီး၊ (၉၀၀၀)အထက် ဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စရေးဖက်က စာရင်းအရ မိမိတို့ဖက်က အနည်းဆုံး (၆၁)ဦး သေဆုံးရပြီလို့ ဆိုထားပါတယ်။
    Source : World Bulletin
  • ပါလက်စတိုင်းကလေး ၁၃ ဦးကို တနေ့ထဲ သတ်ပစ်ခဲ့တဲ့ အစ္စရေး စနိုက်ပါသမား
    ပါလက်စတိုင်းကလေး ၁၃ ဦးကို တနေ့ထဲ သတ်ပစ်ခဲ့တဲ့ အစ္စရေး စနိုက်ပါသမား
    သြဂုတ် ၄ ၊ ၂၀၁၄
    M-Media
    10556485_10203206448259290_173714078272697586_n
    ဂါဇာဒေသကို ကျူးကျော်တိုက်ခိုက်နေတဲ့ အစ္စရေး စစ်တပ်မှ စနိုက်ပါ သေနတ်သမား တဦးဖြစ်သူ David Ovadia ဟာ တရက်ထဲမှာ ပါလက်စတိုင်းကလေးငယ် ၁၃ ဥိးအားသတ်ဖြတ်ခဲ့ကြောင်း ၄င်းရဲ့ လူမှုကွန်ယက် စာမျက်နှာ တခုဖြစ်တဲ့ Instagram account မှာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။
    ref_PressTV
  • ဂါဇာတွင် ကယ်ဆယ်ရေး စခန်း UN စာသင်ကျောင်း တခု အစ္စရေး ထပ်မံတိုက်ခိုက် ၁၀ ဦးသေဆုံး
    ဂါဇာတွင် ကယ်ဆယ်ရေး စခန်း UN စာသင်ကျောင်း တခု အစ္စရေး ထပ်မံတိုက်ခိုက် ၁၀ ဦးသေဆုံး
    သြဂုတ် ၃ ၊ ၂၀၁၄
    M-Media
    – ဂါဇာကမ်းမြှောင်ဒေသအား ကျူးကျော်ရာတွင် အရပ်ဖက်ပစ်မှတ်များကို ဦးတည်တိုက်ခိုက်နေသည့် အစ္စရေးမှာ ယနေ့တွင်လည်း ဒုက္ခသည်များခိုလှုံရာ ကုလ စာသင်ကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
    ရာဖာရှိ စာသင်ကျောင်းတစ်ခုဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ၁၀ ဦးသေဆုံး၍ အများအပြား ဒဏ်ရာရခဲ့သည်။ ထိုတိုက်ခိုက်မှာ ကုလ၏စာသင်ကျောင်းများသို့ အစ္စရေးမှ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
    ကုလသမဂ္ဂ ပါလက်စတိုင်း ကူညီကယ်ဆယ်ရေး အေဂျင်ဆီ UNRW မှ ပြောရေးဆိုခွင့်ရှိသူ ခရစ်ဂန်းနက်ကလည်း အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သည်။
    “ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ ၀မ်းနည်းစရာကောင်းတာတွေ ထပ်ဖြစ်ခဲ့ပါပြီ။ အများကြီးသေပြီး အများကြီး ဒဏ်ရာရပါတယ်။ တော်တော် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေပါပဲ။ ကျွန်တော်တို့က လက်နက်မဲ့ အဖွဲ့စည်းပါ” ဟု ဂန်းနက်က ဆိုသည်။
    ထို့ပြင် အဆိုပါကျောင်းအား ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုထားသည်ကို အစ္စရေးသို့ အသိပေထားပြီး တည်နေရာအား သိရှိစေရန်အတွက် ကိုသြဒိနိတ်မျဉ်များပင် ပေးအပ်ထားသည်ဟု ဂန်းနက်က ထပ်လောင်းပြောကြားခဲ့သည်။
    အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုကမူ ဟားမက်စ်တို့၏ လှိုင်ခေါင်းများအား ဖြိုဖျက်ပြီးမှ အခြေအနေများကို ပြန်လည်သုံးသပ်မည်ဟု ယမန်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယခုလက်ရှိတွင် အစ္စရေးမှာ မြေပြင်တိုက်ခိုက်မှုများထက် လေကြောင်းမှ တိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်လျက် ရှိနေသည်။
    ရာဖာရှိ အဆိုပါစာသင်ကျောင်းသို့ ဒုံးကျည်ကျရောက်ခဲ့သည့် ချိုင့်ခွက်မှာ ၁၀ မီတာခန့်ရှိပြီး ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။ ဂါဇာမြောက်ပိုင်းရှိ မြေပြင်တပ်များကို အစ္စရေးက ယနေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ သို့သော်လည်း ဒေသခံများကမူ ပျက်ဆီးနေသော ၎င်းတို့၏ အိမ်နေရာများသို့ သွားရောက်ရန် တွန့်ဆုတ်နေကြသည်။
    Al Jazeera and agencies
  • ဂါဇာကို အစ္စရေးကျုးကျော်မှု မလေးရှားမှာ လူသောင်းချီ ဆန္ဒပြ ရှုတ်ချ (ဓါတ်ပုံသတင်း)
    ဂါဇာကို အစ္စရေးကျုးကျော်မှု မလေးရှားမှာ လူသောင်းချီ ဆန္ဒပြ ရှုတ်ချ (ဓါတ်ပုံသတင်း)
    သြဂုတ် ၂ ၊ ၂၀၁၄
    M-Media
    ဓါတ်ပုံ- သီဟ
    ဂါဇာဒေသကို အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ အမြောက်အများ သေကျေ ဒဏ်ရာ ရှိနေမှုတွေအတွက် အစ္စရေးရဲ့ လုပ်ရပ်ကို ဆန့်ကျင့်ရှုတ်ချ ဆန္ဒပြပွဲကြိးတရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မာဒေးကားကွင်းမှာ ယနေ့ ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။
    အဆိုပါ ဆန္ဒပြပွဲ ပြင်းထန်လှတဲ့ နေပူရှိန်ကို အန်တုပြီး လူပေါင်း သောင်းချီတက်ရောက်ခဲ့ကြပါတယ်။ မလေးရှားနိုင်ငံသား မလေးလူမျိုးများ အပြင် ၊ တရုတ်နွယ်ဖွားနှင့် အိန္ဒိယနွယ်ဖွား မလေးနိုင်ငံသားများ ၊ မလေးရှားနိုင်ငံရောက်ရှိနေသည့် နိုင်ငံစုံမု ပြည်သူများ တက်ေ၇ာက်ခဲ့ကြတာကို တွေ့ရှိရပါတယ်။