Tag: Japan
-
သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
စက်တင်ဘာ ၇၊ ၂၀၁၈M-Mediaဂျပန်တွင် ငလျင်ကြောင့် သေဆုံးသူ ၁၆ ဦး ရှိလာ===============ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းမှာ မနေ့မနက်အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၆ ဦးအထိ ရှိလာခဲ့ပြီး လူ ၂ သန်းကျော်လောက်ဟာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ငလျင်ကြောင့် နေအိမ်တွေ၊ အဆောက်အဦးတွေ ပြိုကျပျက်ဆီးတာ၊ မြေပြိုတာတွေရှိခဲ့ပြီး ၂၆ ဦး ပျောက်ဆုံးနေပါတယ်။ ဂျပန်ဟာ ပြီးခဲ့တဲ့လတွေအတွင်း တိုင်းဖုန်းမုန်တိုင်း၊ ရေကြီးမှုနဲ့ အပူလှိုင်းဖြတ်မှုဒဏ်တွေကို ခံစားခဲ့ရပြီး လူအသေအပျောက်များခဲ့သလို၊ အခုတစ်ပတ်အစောပိုင်းမှာလည်း တိုင်ဖုန်းမုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးတွင် ပစ်ခတ်မှုဖြစ်==============အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့လယ်ကောင်က ဘဏ်မှာ မနေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားဟာအသက် ၂၉ နှစ်အရွယ် အိုမာရ် အန်းရစ် ဆန်တာ ပီရက်ဇ်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုနောက်ကွယ်က အကြောင်းအရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အမေရိကန်နိုင်ငံမှာ အခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုပေါင်း ၅၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံးကတော့ ဖေဖော်ဝါရီလက ဖလော်ရီဒါပြည်နယ် ပါ့က်လန်းမြို့က Stoneman Douglas အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပါတယ်။ အဲဒီ ပစ်ခတ်မှုအတွင်း ကလေးငယ်အများစုအပါအ၀င် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။အမေရိကန်-အိန္ဒိယ စစ်ရေးစာချုပ်တစ်ခု ချုပ်ဆို=============စက်ဖက်ဆိုင်ရာ အဆင့်မြင့် ဆက်သွယ်ရေးကိရိယာတွေကို ၀ယ်ယူဖို့အတွက် အိန္ဒိယနိုင်ငံမဟာ မနေ့မှာ အမေရိကန်နဲ့ သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။ အိန္ဒိယကို ရောက်ရှိနေပြီး လက်မှတ်ထိုးရာမှာ ပါဝင်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဒီသဘောတူညီချက်ဟာ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီသဘောတူညီချက်ကြောင့် အိန္ဒိယနိုင်ငံရဲ့ ရေတပ်ဟာ အထူး အကျိုးခံစားရဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ရုရှားစီးပွားရေးဖိုရမ်သို့ တရုတ်သမ္မတ တက်ရောက်မည်==============စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ ရှိနေတဲ့ ‘အရှေ့တိုင်း စီးပွားရေးဖိုရမ်’ ကို သမ္မတ ရှီကျင့်ဖျင် တက်ရောက်မယ်လို့ တရုတ်က ပြောကြားလိုက်ပါတယ်။ ဒါဟာ ရုရှားက နှစ်စဉ်ကျင်းပတဲ့ ဒီ စီးပွားရေးဖိုရမ်ကို တရုတ်ခေါင်းဆောင်တစ်ယောက် ပထမဆုံးအကြိမ် တက်ရောက်မှုလည်း ဖြစ်ပါတယ်။ အဲဒီ ဖိုရမ်ကို ဂျပန်နဲ့ တောင်ကိုရီးယားတို့က ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ရုရှားသမ္မတ ပူတင်က ဖိုရမ်တက်ရောက်ဖို့ ဖိတ်ကြားထားပေမယ့် အကြောင်းပြန်ချက် မရသေးပါဘူး။Ref: Aljazeera, CNA -
ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
စက်တင်ဘာ ၆၊ ၂၀၁၈
M-Mediaပါလက်စတိုင်းရှိ ဘဒူအင်ရွာ ပါလက်စတိုင်းရွာတစ်ခုကို ဖျက်ဆီးရန် အစ္စရေး စီစဉ်
============
ပါလက်စတိုင်းပိုက်နက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်း ဂျေရုစလင်မြို့နားက ချန် အလ်-အေမာရ်ရွာကို ဖြိုချဖျက်ဆီးဖို့အတွက် အစ္စရေးတရားရုံးက မနေ့မှာ စစ်တပ်ကို ခွင့်ပြုချက် ပေးလိုက်ပါတယ်။ ဘဒူအင်လူမျိုးတွေနေထိုင်တဲ့ အဲဒီနေရာဟာ အစ္စရေးရဲ့ ကျူးကျော်အိမ်ယာနှစ်ခု အလယ်မှာ ရှိနေတာပါ။ အစ္စရေးအာဏာပိုင်တွေက အလ်-အေမာရ်ရွာမှာ ကျူးကျော်အိမ်ယာတည်ဆောက်ကာ ဂျေရုစလင်ကို ပါလက်စတိုင်းရွာတွေနဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ရွာဖြိုချမှုကြောင့် ပါလက်စတိုင်း ၁၈၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ဖို့ ရှိနေပြီး၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ဂျပန်တွင် ငလျင်လှုပ်မှုကြောင့် ၁ ဦးသေဆုံး
================
ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းမှာ ဒီနေ့မနက် အစောပိုင်းက ပြင်းအား ၆.၆ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၁ ဦးသေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးနေပါတယ်။ ငလျင်ကြောင့် မြေပြိုမှုတွေ အဆောက်အဦး ပြိုကျပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ နောက်ဆက်တွဲငလျင် တော်တော်များများလည်း တစ်ညလုံ လှုပ်ခတ်ခဲ့ပါတယ်။ ဇွန်လတုန်းက အိုဆာကာမှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ၅ ဦးသေဆုံးပြီး ၃၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဂျပန်နိုင်ငံအနောက်ပိုင်းမှာလည်း မနေ့က တိုင်ဖုန်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရပါတယ်။ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးတွေ့ဆုံပွဲ ယခုလအတွင်း ပြုလုပ်မည်
============
အခုလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်မှာ နျူဖျက်သိမ်းရေး ထိပ်သီးအစည်းအဝေး ကျင်းပဖို့အတွက် ကိုရီးယားနှစ်နိုင်ငံက မနေ့မှာ သဘောတူလိုက်ပါတယ်။ ဒါဟာ အခုနှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေ ၃ ကြိမ်မြောက်တွေ့ဆုံမှု ဖြစ်လာမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေးနဲ့ မနေ့က တွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သူ့အနေနဲ့ နျူကင်းစင်ရေးကို တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။Ref: Aljazeera, CNA
-
ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ
စက်တင်ဘာ ၅၊ ၂၀၁၈
M-Mediaဂျပန်မုန်တိုင်း တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်တွင် လူ ၉ ဦး သေဆုံး
================
၂၅ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ တိုင်ဖုန်းမုန်တိုင်း ဂျီဘီကြောင့် ဂျပန်နိုင်ငံမှာ သေဆုံးသူ ၉ ဦး ရှိလာပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အိုဆာကာမြို့က လေဆိပ်ဟာ ရေတွေဖုံးလွှမ်းသွားတာကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းခဲ့ရပြီး ခရီးသည် တော်တော်များများကလည်း လေဆိပ်မှာ သောင်တင်ခဲ့ပါတယ်။ လက်ရှိမှာ မုန်တိုင်းဟာ နိုင်ငံအလယ်ပိုင်းကို ဦးတည်နေတာကြောင့် တစ်နိုင်ငံလုံးမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။စပိန်တွင် အခွန်ရှောင်မှုအတွက် မော်ရင်ဟို ထောင်တစ်နှစ်ကျ
==========
စပိန်နိုင်ငံမှာ အခွန်ရှောင်မှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် တစ်နှစ်ကို မန်ယူနည်းပြ မော်ရင်ဟိုက လက်ခံလိုက်တယ်လို့ စပိန်မီဒီယာတွေက မနေ့မှာ ဖော်ပြပါတယ်။ စပိန်ဥပဒေအရ ၂ နှစ်အောင် ထောင်ဒဏ်တွေဟာ ဆိုင်းငံ့ထောင်ဒဏ်တွေဖြစ်တာကြောင့် မော်ရင်ဟိုအနေနဲ့ အမှန်တကယ် ထောင်ကျဖို့ မရှိပါဘူး။ အခွန်ရှောင်မှုအတွက် ကန်ဒေါ်လာ ၁.၁၅ သန်း ဒဏ်ငွေပေးဆောင်ဖို့ အရင်က အမိန့်ချခဲ့ပေမယ့် အဲဒီ ဒဏ်ငွေကိစ္စမှာ မော်ရင်ဟိုဟာ စာရွက်စာတမ်းတစ်ချို့ လိမ်လည်တင်ပြတာကို တွေ့ရတာကြောင့် အခုလို နောက်ထပ် ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။ဆော်ဒီသို့ လက်နက်ရောင်းချမှုကို စပိန်ရပ်ဆိုင်း
===================
ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ယီမင်ပြည်တွင်းစစ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် စပိန်က ဆော်ဒီကို ဒုံးကျည်ရာနဲ့ချီ ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ အရောင်းအ၀ယ်စာချုပ်ကို ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တာဖြစ်ပြီး ပေးထားတဲ့ ကန်ဒေါ်လာ ၁၀ သန်းကို ဆော်ဒီထံ ပြန်ပေးသွားမယ်လို့ စပိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ စပိန်ဟာ ယီမင်မှာ အရပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ လက ရှုတ်ချခဲ့ဖူးပါတယ်။အိန္ဒိယတွင် တံတားကျိုးကျမှုကြောင့် လူ ၁ ဦးသေဆုံး
=================
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ်ပြည်နယ်မြို့တော် ကိုလ်ကတားမှာ မနေ့က တံတားတစ်ခု ကျိုးကျမှုကြောင့် အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အပျက်အဆီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိလားဆိုတာကို ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေနေကြပါတယ်။ အဲဒီတံတားသက်တမ်းဟာ နှစ် ၄၀ လောက်ရှိနေပြီး ကျိုးကျတဲ့ အကြောင်းအရင်းကို မသိရှိရသေးပါဘူး။ ၂၀၁၆ ခုနှစ် မတ်လမှာလည်း ကိုလ်ကတားက တံတားတစ်စင်း ကျိုးကျမှုကြောင့် လူ ၂ ဒါဇင်ကျော်လောက် သေဆုံးခဲ့ပါတယ်။Ref: Aljazeera, CNA
-
အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
သြဂုတ် ၂၈၊ ၂၀၁၈
M-Mediaကနေဒါ ကုန်သွယ်ရေးဝန်ကြီး ဂျင်မ်ကာရ် မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားတို့ကို စိုးရိမ်ကြောင်း ဂျပန်ပြော
===============
ဒုံးကျည်စမ်းသပ်တဲ့နေရာတွေကို ဖျက်ဆီးပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်ရေး လုပ်သွားမယ်လို့ ကင်ဂျုံအွန်က ကတိပြုထားပေမယ့် မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေက မိမိတို့အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေတုန်းပဲဖြစ်တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ စစ်ရေးအင်အား ကြီးထွားလာမှုနဲ့ ပိုင်နက်ချဲ့ထွင်လိုမှုတွေ၊ ရုရှားရဲ့ အင်အား ပြန်လည်တည်ဆောက်လိုမှုတွေကိုလည်း စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။ ဇွန်လအတွင်း ထရမ့်နဲ့ ကင်ဂျုံအွန်တို့ တွေ့ဆုံပြီးနောက်ပိုင်း လက်ရှိ မြောက်ကိုရီးယား နျူအရေးဟာ အနည်းငယ် ပြန်လည်တင်းမာလာခဲ့ပါတယ်။ဖိလစ်ပိုင်ပြည်သူများက ဒူတာတေးကို ICC သို့ တိုင်ကြား
==============
ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ မူးယစ်နှိမ်နှင်းရေးစစ်ပွဲမှာ သတ်ဖြတ်ခံလိုက်ရသူ ၈ ဦးရဲ့ မိသားစုတွေနဲ့ တက်ကြွလှုပ်ရှားတွေက ဒူတာတေးကို အရေးယူပေးဖို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ကို ဒီကနေ့မှာ တိုင်ကြားလိုက်ပါတယ်။ ဒါဟာ နိုင်ငံအတွင် တရားလက်လွတ်သတ်ဖြတ်မှု၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ရှိတယ်လို့ စွပ်စွဲကာ ဒူတာတေးကို ဒုတိယမြောက် တိုင်ကြားမှုလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလက တိုင်ကြားမှုကို ICC က ကနဦး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ မူးယစ်နှိမ်နှင်းမှုမှာ တရားလက်လွတ် သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့သတင်းတွေကို ဒူတာတေးက ငြင်းဆိုထားပါတယ်။အာဆီယံနှင့် ကုန်သွယ်ရန် စိတ်ဝင်စားနေဟု ကနေဒါပြော
===============
အာဆီယံနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကုန်သွယ်နိုင်ဖို့ ကနေဒါက ဆန္ဒရှိနေတယ်လို့ ထိုင်းနဲ့ စင်ကာပူတို့ကို သွားရောက်မယ့် ကနေဒါကုန်သွယ်ရေးဝန်ကြီး ဂျင်မ်ကာရ်က မနေ့မှာ ပြောပါတယ်။ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အတွက် အမေရိကန်နဲ့ မက္ကဆီကိုတို့အကြား ဆွေးနွေးမှု အောင်မြင်ခဲ့ပြီးတဲ့နောက် ကနေဒါဟာ ကုန်သွယ်ရေးဆိုင်ရာ အကြပ်အတည်းနဲ့ တွေ့နေတာပါ။ ဂျင်မ်ကာရ်က အာဆီယံဟာ အလျင်အမြန် တိုးတက်နေတဲ့ ဈေးကွက်ကြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂကလည်း အာဆီယံနဲ့ ကုန်သွယ်ဖို့ စိတ်ဝင်စားနေပါတယ်။Ref: CNA,Aljazeera
-
သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
သြဂုတ် ၂၄၊ ၂၀၁၈
M-Mediaပျောက်ဆုံးရေဒီယိုသတ္ထုကြွပစ္စည်း ရှာဖွေရေး မလေးရှားက အထူးအဖွဲ့ဖွဲ့
=============
အခုလအစောပိုင်းက မြို့တော် ကွာလာလမ်ပူ ဆင်ခြေဖုံးမှာ ပျောက်ဆုံးသွားတဲ့ ရေဒီယိုသတ္တုကြွပစ္စည်းပါ ကိရိယာတစ်ခုကို ရှာဖွေရေး အထူးအဖွဲ့တစ်ခုကို မလေးရှားက မနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကိရိယာကို စစ်သွေးကြွတွေ ရရှိကာ ဗုံးပြုလုပ်မှာကို စိုးရိမ်မှုတွေ ရှိနေပြီး ဆီလန်ဂေါပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ မဇ်လန် မန်ဆူရ်က လက်ရှိအချိန်အထိ ဒီကိရိယာ ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေရဲ့လက်ထဲ ရောက်သွားတဲ့ လက္ခဏာမျိုး မရှိသေးဘူးလို့လည်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲ အဖြေမထွက်
================
ကုန်သွယ်ရေးဆိုင်ရာ တင်းမာနေမှုကို လျှော့ဖို့အတွက် အမေရိကန်နဲ့ တရုတ်တာဝန်ရှိသူတွေရဲ့ ၂ ရက်တာအစည်းအဝေးဟာ မနေ့မှာ ပြီးဆုံးခဲ့ပေမယ့် ဒီပြဿနာဖြေရှင်းနိုင်မယ့် သဘောတူညီချက်မျိုးတော့ မရခဲ့ပါဘူး။ အမေရိကန်နဲ့ တရုတ်တို့ဟာ ကန်ဒေါ်လာ ဘီလီယံ ၅၀ ဖိုးရှိတဲ့ ကုန်စည်တွေအတွက် အပြန်အလှန် အခွန်တိုးမြှင့်မှုတွေ ပြုလုပ်ထားပါတယ်။ အခုဆွေးနွေးပွဲမှာ ကုန်သွယ်ရေးဆိုင်ရာ မျှတမှု၊ အမေရိကန်ရဲ့ ဉာဏထုတ်ကုန်တွေကိစ္စ၊ နည်းပညာလွှဲပြောင်းပေးရေး ပေါ်လစီတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ဂျပန်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်းတစ်ခု ၀င်ရောက်နေ
================
ပြီးခဲ့တဲ့လက ရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ မနေ့ကစတင်ကာ ဆီမာရွန်လို့ အမည်ရတဲ့ တိုင်ဖုန်းမုန်တိုင်းတစ်ခု ၀င်ရောက်နေတာကြောင့် လေယာဉ်ခရီးစဉ်တွေ၊ ရထားလိုင်းတွေ ရပ်ထားရပြီး ဓာတ်အားပြတ်တောက်မှုတစ်ချို့လည်း ရှိနေပါတယ်။ ဒီကနေ့မနက်အထိ အသေအပျောက်မရှိသေးဘဲ ထိခိုက်ဒဏ်ရာရမှုတစ်ချို့ ပျက်ဆီးမှုတစ်ချို့ ရှိနေပါတယ်။ အာဏာပိုင်တွေက ရေကြီးမှု၊ မြေပြိုမှု၊ လှိုင်းကြီးမှုတွေ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ မုန်တိုင်းဟာ ဒီကနေ့နှောင်းပိုင်းမှာ ကုန်းတွင်းပိုင်းကို ၀င်ရောက်ဖို့ ရှိနေပါတယ်။Ref: CNA