News @ M-Media

Tag: Japan

  • ဂျပန်တွင် အင်အားပြင်းငလျင် လှုပ်၊ လူအများအပြား ဒဏ်ရာရ

    ဂျပန်တွင် အင်အားပြင်းငလျင် လှုပ်၊ လူအများအပြား ဒဏ်ရာရ

    နိုဝင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    141122115121-nagano-earthquake-1122-story-top
    – ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် ယမန်နေ့ညပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် လူအများအပြား ဒဏ်ရာရခဲ့ကြပြီး အိမ်များလည်း ပျက်ဆီးခဲ့သည်ဟု သိရသည်။

    တောင်တန်းများရှိရာ  နာဂါနိုပြည်နယ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား ၆.၈ မဂ္ဂနီကျု ရှိသည်ဟု ဂျပန်မိုးလေ၀သ အေဂျင်စီက ကြေညာခဲ့သည်။ အမေရိကန် မိုးလေ၀သဆိုင်ရာ လေ့လာရေးစင်တာကမူ အင်အား ၆.၂ မဂ္ဂနီကျုဟု ဖော်ပြခဲ့သည်။

    ငလျင်ဒဏ်အခံရဆုံး ဒေသမှာ နှင်းလျှောစီးအပန်းဖြေစခန်းများရှိရာ ဟာကူဘာရွာဖြစ်ပြီး အိမ် ၅ လုံးနှင့် ဂိုထောင်များ ပြိုကြခဲ့သည်။ လူပေါင်း ၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲမှ ၇ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်ဟု နာဂါနိုပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ငလျဉ်ဒဏ်ကြောင့် မြေပြိုမှုများလည်း ဖြစ်ပွားခဲ့ပြီး ကားလမ်းများ၊ ရထားလမ်းများလည်း ပျက်ဆီးခဲ့သည်။ သို့သော်လည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် နျူကလီးယား ဓာတ်အားပေးစက်ရုံများ ထိခိုက်ခဲ့ခြင်း မရှိချေ။

    ပျက်ဆီးမှုများအား ရှင်းလင်းခြင်းနှင့် ပိတ်မိနေသူများကို ကယ်တင်ရန်အတွက် ကယ်ဆယ်ရေလုပ်သား ၃၀၀ ကျော်ဖြင့်ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးခဲ့ပြီဟု ဂျပန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အဆိုပါငလျင်ပြီးနောက် အင်အား ၄.၁ မဂ္ဂနီကျုရှိသည့် နောက်ဆက်တွဲငလျင်တစ်ခုလည်း ထပ်မံ လှုပ်ခတ်သွားသည်ဟု ဂျပန်မိုးလလေ၀သ အေဂျင်စီမှ ထပ်မံကြေညာခဲ့သည်။

    ref_ CNN

  • အမေရိကန်၏ ပလူတိုနီယံ စမ်းသပ်မှုအား ဟီရိုရှီးမားနှင့် နာဂါဆာကီမှ မြို့တော်ဝန်များ ရှုတ်ချ

    အမေရိကန်၏ ပလူတိုနီယံ စမ်းသပ်မှုအား ဟီရိုရှီးမားနှင့် နာဂါဆာကီမှ မြို့တော်ဝန်များ ရှုတ်ချ

    နိုဝင်ဘာ ၅ ၊ ၂၀၁၄
    M-Media

    – ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တို့၏ နျူကလီးယားဗုံးဒဏ် ခံခဲ့ရသော ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များမှ မြို့တော်ဝန်များမှ မကြာသေးမီက အမေရိကန်တွင် ပြုလုပ်ခဲ့သည့် ပလူတိုနီယံ စမ်းသပ်မှုအား ရှုတ်ချကြောင် အမေရိကန် သမ္မတ ဘာရက်အိုဘားမားထံသို့ စာပို့ခဲ့သည်ဟု သိရသည်။

    နူကလီးယားလက်နက်များ ထုတ်လုပ်နိုင်သည့် ပလူတိုနီယံသတ္ထုအား အမေရိကန်က စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စမ်းသပ်ခဲ့ပြီး ထိုသို့စမ်းသပ်မှုက ခွင့်မလွှတ်နိုင်စရာဖြစ်ကာ အိုဘားမားကိုယ်တိုင် ၂၀၀၉ ခုနှစ်က တင်သွင်းခဲ့သည့်နျူလက်နက်ကင်းစင်သည့် ကမ္ဘာကြီးဖြစ်လာရေး အဆိုပြုချက်ကို လက်ခံရန် ခက်ခဲအောင် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဟီရိုရှီးမား မြို့တော်ဝန် ကာဇူမီ မတ်ဆူအီက အဆိုပါစာတွင် ရေးသားဖော်ပြခဲ့သည်။

    နာဂါဆာကီ မြို့တော်ဝန် တိုမီဟီစာကမူ ၎င်း၏စာတွင် နျူကီးယားကင်းစင်သော ကမ္ဘာကြီး အမှန်တကယ်ဖြစ်ပေါ်လာအောင် ဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးရန် အိုဘားမားအား တိုက်တွန်းထားသည်။ ထို့ပြင် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကာရိုလိုင်း ကနေဒီ သို့လည်း ပလူတိုနီယံစမ်းသပ်မှုအတွက် ကန့်ကွက်စာပေးပို့ထားပြီး အဆိုပါ စမ်းသပ်မှုများက နျူလက်နက်များ ဖျက်သိမ်းရန် ကမ္ဘာတစ်ဝှမ်းလုံးမှ ပြည်သူများ၏ အားထုတ်မှုများကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    အမေရိကန်၏ အဆိုပါ ပလူတိုနီယံစမ်းသပ်မှုမှာ နျူလက်နက်များ၏ လုပ်ဆောင်နိုင်စွမ်းနှင့် ပတ်သက်၍ စမ်းသပ်ခြင်းလည်းဖြစ်သည်။

    ref_ ဆင်ဟွာ

  • နှစ်တစ်ရာ အတွင်း ဖြစ်ပွားနိုင်သည့် မီးတောင်ပေါက်ကွဲမှုကြောင့် ဂျပန်နိုင်ငံ ကွယ်ပျောက်နိုင်

    နှစ်တစ်ရာ အတွင်း ဖြစ်ပွားနိုင်သည့် မီးတောင်ပေါက်ကွဲမှုကြောင့် ဂျပန်နိုင်ငံ ကွယ်ပျောက်နိုင်

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    jap
    – လာမည့် ရာစုနှစ်အတွင်း အချိန်မရွေးဖြစ်နိုင်သည့် ကြီးမားသော မီးတောင်ပေါက်ကွဲမှုကြောင့် ဂျပန်လူဦးရေ၏ ၉၅ ရာခိုင်နှုန်းမှာ အန္တရာယ်ရှိနေသည်ဟု ဂျပန်သိပ္ပံပညာရှင်များ၏ လေ့လာမှုများအရ သိရသည်။

    အဆိုပါလေ့လာမှုမှ တွေ့ရှိချက်များကို ကိုဘေးတက္ကသိုလ်တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရှင်းလင်းပြောကြာခဲ့ခြင်းဖြစ်သည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀၀၀၀ က ဖြစ်ပွားခဲ့သည့် မီးတောင်ပေါက်ကွဲမှု ကြိမ်နှုန်းများနှင့် အင်အားများကို လေ့လာခဲ့သည့် အဆိုပါ တက္ကသိုလ်မှ ပါမောက္ခ ယိုရှိယုကီနှင့် ကီကို ဆူဇူးကီး တို့ကမူ လာမည့် နှစ်ပေါင်း ၁၀၀ တွင် ကြီးမားသည့် မီးတောင်ပေါက်ကွဲမှုကြီး ဖြစ်ပွားနိုင်ချေမှာ ၁ ရာခိုင်နှုန်ရှိနေပြီး ဂျပန်၏ အဓိကကျွန်းမကြီးဖြစ်သော ဟွန်ရှူတွင် နေထိုင်သည့် လူပေါင်း သန်း ၁၂၀ မှာ ပျောက်ကွယ်သွားနိုင်သည်ဟု ပြောကြားခဲ့သည်။

    “အလွန်ကြီးမားတဲ့ မီးတောင်ပေါက်ကွဲမှုကြီးကြောင့် ဂျပန်နိုင်ငံပျောက်ကွယ်သွားမယ်လို့ ပြောဆိုခြင်းဟာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပါဘူး” ဟု ရှင်းလင်းပွဲတွင် ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့တွက်ချက်မှုကို လျော့တွက်၍ မရဟုလည်း သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။ ၁၉၉၅ ခုနှစ်က ကိုဘေးမြို့တွင် လူပေါင်း ၆၄၀၀ သေဆုံးခဲ့သော ပြင်းအား ၇.၂ မဂ္ဂနီကျုရှိသည့် ငလျင်မလှုပ်ခင်ကလည်း ဆိပ်ကမ်းမြို့ဖြစ်သော ကိုဘေးတွင် ငလျင်လှုပ်နိုင်ခြေမှာ ၁ ရာခိုင်နှုန်းရှိသည်ဟု ပညာရှင်များက တွက်ချက်ခဲ့ဖူးသည်။

    လူဦးရေ ၁၂၇ သန်းရှိသော ဂျပန်နိုင်ငံအတွင်းရှိ မီးတောင်များ၏ ၇ ရာခိုင်နှုန်းမှာ လွန်ခဲ့သည့် နှစ် ပေါင်း ၁၀၀၀၀ အတွင်း ပေါက်ကွဲခဲ့သည်။

    ref_ RT

  • ဟာလာလ် ကုန်စည်ပြပွဲနှင့် ဖိုရမ်ကို ဂျပန်တွင် ပထမဆုံး အကြိမ်ဖြစ် ကျင်းပမည်

    ဟာလာလ် ကုန်စည်ပြပွဲနှင့် ဖိုရမ်ကို ဂျပန်တွင် ပထမဆုံး အကြိမ်ဖြစ် ကျင်းပမည်

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    26-09-14_Japan-Hosts-First-Intl-Halal-Expo
    – မွတ်စလင်ခရီးသွားလုပ်ငန်းကို တိုးချဲ့ရန်နှင့် နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား ထိုလုပ်ငန်းအကြောင်း အသိပေးရန် ရည်ရွယ်၍ ဟာလာလ်ဖိုရမ်နှင့် ကုန်စည်ပြပွဲတစ်ခုကို ယခုနှစ်ကုန်ပိုင်းတွင် ဂျပန်နိုင်ငံ၌ ပြုလုပ်သွားမည်ဟု သိရသည်။

    “ဒီကုန်စည်ပြပွဲဟာ ပြည်တွင်းဟာလာလ်လုပ်ငန်း ဖွံ့ဖြိုးမှုနဲ့ ဂျပန်ကုမ္ပဏီတွေက အစ္စလာမ့်ဈေးကွက်ကို အကောင်အထည်ဖော်ရာမှာ အကူအညီဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ဂျပန်ဟာလာလ်ကုန်စည်ပြပွဲ ၀ဘ်ဆိုက်တွင် ရေးသားထားသည်

    အဆိုပါ “၂၀၁၄ ဂျပန်ဟာလာလ်ကုန်စည်ပြပွဲ” ၏ ဆောင်ပုဒ်မှာ “Global expansion of Made in Japan Halal and development of a domestic Halal environment” ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် ပြုလုပ်သွားမည်ဖြစ်သည်။

    ကုန်စည်ပြပွဲတွင် ဂျပန်နိုင်ငံမှ ထုတ်လုပ်သော ဟာလာလ်ထုတ်ကုန်များကို ပြသသွားမည်ဖြစ်ပြီး၊ ဖိုရမ်တွင်လည်း ပြည်တွင်းနှင့် နိုင်ငံတကာမှာ ရှယ်ယာရှင်များ၊ ဟာလာလ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူများနှင့် ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကာ ဟောပြောပို့ချမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

    ထို့ပြင် အဆိုပါကုန်စည်ပြပွဲမှာ ဂျပန်နိုင်ငံတွင် ဟာလာလ်စားသောက်ဆိုင်များ တိုးပွားလာရန်အတွက်လည်း ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

    ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မွတ်စလင်ခရီးသွားများ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်မှုမှာ ၇.၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး၊ လာမည့် ၇ နှစ်အတွင်း ၁၈.၇ ရာခိုင်နှုန်းအထိ တိုးလာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

    ထို့ကြောင့် အစ္စလာမ့်ခရီးသွားလာရေးလုပ်ငန်းစာရင်းတွင် ဂျပန်နိုင်ငံမှာ အဆင့် ၅၀ မှ တစ်နှစ်အတွင်း အဆင့် ၄၀ အထိ ခုန်တက်သွားခဲ့သည်။

    မွတ်စလင်ခရီးသွားများ များပြားလာခြင်းနှင့်အတူ ဟာလာလ် ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်စေရန် ဆောင်ရွက်သွားမည်ဟု ဂျပန်အစိုးရက ကြေညာခဲ့ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဂျပန်ရှိ နိုင်ငံတကာလေဆိပ်များတွင် အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုနိုင်ရန်အတွက် ၀တ်ပြုဆောင်များနှင့် ဟာလာလ်အစားအသောက်များ ရရှိရန် စီစဉ်ပေးခဲ့သည်။

    ref_ OnIslam & Newspapers

  • (၂၀၂၀)တွင် မွတ်စ်လင်မ် ခရီးသွားဧည့်သည် သန်းဂဏန်းထိ ၀င်ရောက်မည်ဟု ဂျပန်ခန့်မှန်း

    (၂၀၂၀)တွင် မွတ်စ်လင်မ် ခရီးသွားဧည့်သည် သန်းဂဏန်းထိ ၀င်ရောက်မည်ဟု ဂျပန်ခန့်မှန်း

    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    JAPAN-TOURISM-RELIGION-ISLAM
    ဂျပန်သို့လာရောက်မည့် မွတ်စ်လင်မ်ဧည့်သည်များမှာ (၂၀၁၃)ခုနှစ် ပမာဏထက် သုံးဆတိုး၍ (၂၀၁၀)ခုနှစ်၌ တစ်သန်းထိရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ခရီးသွားသုတေသန အဖွဲ့မှ သောကြာနေ့တွင် ပြောကြားသည်။

    တိုကျိုမှ ဗီဇာလိုအပ်ချက်များ လျှော့ချလိုက်လျှင် မွတ်စ်လင်မ် ခရီးသွားများ အများဆုံးဝင်ရောက်နိုင်သည်မှာ အရှေ့တောင်အာရှဖြစ်သည်ဟု ဟလာလ် ခရီးသွား လုပ်ငန်းအား ဈေးကွက်မြင့်တင်မှု လုပ်နေသော စင်္ကာပူအခြေစိုက် CrescentRating ကလည်း ဆိုသည်။

    အင်ဒိုနီးရှားနိုင်ငံသားများအတွက် (၁၅)ရက်တာ အခမဲ့ပြည်ဝင်ခွင့်ပေးကြောင်း၊ မလေးနှင့် ထိုင်းနိုင်ငံသားတို့ အတွက်လည်း အလားတူ လျှော့ပေါ့ပြင်ဆင်ပေး လိုက်ကြောင်း ဇွန်လအတွင်း ဂျပန်မှ ကြေငြာခဲ့သည်။

    အင်ဒိုနီးရှားသည် ကမ္ဘာ့မွတ်စ်လင်မ်လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး၊ (၂၀၁၃)ခုနှစ်အတွင်း ဂျပန်သို့လာရောက်ခဲ့သည့် မွတ်စ်လင်မ်ဧည့်သည် အဓိကဈေးကွက်များမှာ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူတို့ ဖြစ်ကြသည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မိမိ၏လက်ထက်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအား အဓိကလုပ်ငန်းစဉ် တစ်ခုအဖြစ် ချမှတ်ဖော်ဆောင်လျက်ရှိသည်။ (၂၀၂၀)ခုနှစ်တွင် အိုလံပစ်ပွဲတော် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဂျပန်နိုင်ငံအဖို့ ခရီးသွား လုပ်ငန်းဖြင့် အကျိုးအမြတ် များစွာ ဖြစ်ထွန်းဦးမည်ဖြစ်ကြောင်း၊ ယမန်နှစ်မှစ၍ ထိုင်း၊ မလေး၊ စင်္ကာပူ၊ အင်ဒို အပါအ၀င် မွတ်စ်လင်မ်လူဦးရေ များပြားသည့် နိုင်ငံများအတွက် အထူးဗီဇာများကို စီမံပေးမှုကြောင့် အလားအလာကောင်းသည့် ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်းဟုလည်း ခရီးသွားဝန်ဆောင်မှုနှင့် နည်းပညာအုပ်စု Amadeus Asia Pacific ၏ ဆက်သွယ်ရေးနှင့်ဈေးကွက်ဌာန ဒုဥက္ကဌ Karun Budhraja က AFP သို့ ပြောကြားသည်။

    Source : AFP