News @ M-Media

Tag: Japan

  • အငြင်းပွားနေသော ကျွန်းအား မူလတန်းပြဌာန်း စာအုပ်တွင် ဂျပန်ထည့်သွင်းမှု တောင်ကိုရီးယားဝေဖန်

    အငြင်းပွားနေသော ကျွန်းအား မူလတန်းပြဌာန်း စာအုပ်တွင် ဂျပန်ထည့်သွင်းမှု တောင်ကိုရီးယားဝေဖန်

    ဧပြီ ၅၊ ၂၀၁၄
    M-Media
    – နှစ်နိုင်ငံ အငြင်းပွားနေသည့် ကျွန်းအား မူလတန်းကျောင်း ပြဌာန်း စာအုပ်တွင် ဂျပန်ပိုင် အဖြစ် ဖော်ပြထားခြင်းကို တောင်ကိုရီးယားနိုင်ငံက ယနေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားမှု ပြုလုပ်ခဲ့သည်။

    ဂျပန်မူလတန်းကျောင်း Grade 5 နှင့် Grade 6 လူမှုရေး ပြဌာန်း စာအုပ်တွင် တောင်ကိုရီးယားက Dokdo ဟုခေါ်ပြီး ဂျပန်နိုင်ငံမှ Takeshima ဟု အမည်ပေးထားသည့် ဂျပန် ပင်လယ်ပြင်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော အဆိုပါကျွန်းအား ဂျပန် ပိုင်နက်အဖြစ် ဖော်ပြရန် ပညာရေးဝန်ကြီးဌာက ပုံနှိပ်လုပ်ငန်း ၄ ခုအား ခွင့်ပြုခဲ့ပြီးနောက် တောင်ကိုရီးယား ဘက်က ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းက တောင်ကိုရီးယား ပိုင်နက်အား တရားမ၀င် ကျူးကျော် သိမ်းပိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ ပြဌာန်းစာအုပ်အား ၂၀၁၅ ခုနှစ် ပညာသင်နှစ်တွင် စတင်အသုံးပြုမည်ဖြစ်ပြီး၊ တောင်တရုတ် ပင်လယ်အတွင်းရှိ ဂျပန်ပိုင် Senkaku(တရုတ်အခေါ် Diaoyu) ကျွန်းကို တရုတ်သင်္ဘောများက တရားမ၀င် ထိန်းချုပ်ထားသည်ဟုပါ ထည့်သွင်းဖေါ်ပြထားသည်။

    ဂျပန်မူလတန်းကျောင်းသားများအတွက် ၂၀၁၀ ခုနှစ်တွင် အတည်ပြုခဲ့သည့် ပြဌာန်းစာအုပ် ငါးအုပ်၌ တစ်အုပ်တွင်သာ Dokdoနှင့် Diaoyu ကျွန်းများ အကြောင်းဖော်ပြထားသည်။ ထို့ပြင် အငယ်တန်းနှင့် အကြီးတန်း အထက်တန်းကျောင်းသားများအား သင်ကြားရေး လက်စွဲစာအုပ်များတွင် Dokdoနှင့် Diaoyu ကျွန်းတို့အား ဂျပန်ပိုက်နက်အဖြစ် ပြင်ဆင်ရန် ယခုနှစ်ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ဂျပန်အစိုးရက သဘောတူခဲ့သောကြောင့် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ဒေါသထွက်ခဲ့သည်။

    အထက်တန်းကျောင်းသားများ၏ သင်ကြားရေး လက်စွဲ စာအုပ်များတွင် ထိုကဲ့သို့ ပြင်ဆင်ခဲ့ပြီး မူလတန်း ပြဌာန်း စာအုပ်များတွင်ပါ ထိုအကြောင်းအရာအား ထည့်သွင်းရန် ဂျပန်အစိုးရ၏ ခွင့်ပြုမှုကို မိမိတို့အစိုးရက ရှုတ်ချကြောင်း ၊ လိုရာဆွဲ သင်ကြားခြင်း၊ အဖြစ်မှန်အား ဖုံးကွယ်ထားခြင်းက နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဝေးကွာ စေသည့် ရလဒ်သာ ထွက်ပေါ်လာလိမ့်မည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။
    ဆင်ဟွာ

  • ဂျပန်ဖက်ရှင် သီတင်းပတ်တွင် ဟိဂျဘ်ဖက်ရှင် လူကြိုက်များ

    မတ် ၂၉ ၊ ၂၀၁၄
    M-Media

    Hijab-Shines-At-Tokyo-Fashion-Week-1
    – ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် ဖက်ရှင်သီတင်းပတ်တွင် လှပသည့် ဖက်ရှင်ဝတ်စုံများနှင့် ဟိဂျဘ်များပေါင်းစပ်ကာ ဒီဇိုင်းထုတ် ပြသမှုများရှိခဲ့ပြီး ပရိတ်သတ်များ၏ အားပေးထောက်ခံမှုလည်း ရရှိခဲ့သည်ဟု သိရသည်။

    “ရိုးရိုးယဉ်ယဉ်ဟိဂျဘ်တွေဟာ အတားအဆီးမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဒီလိုဆင်မြန်းပြီး၊ ပေါ့ပေါ့ပါးပါးနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ပြတာပါပဲ” ဟု အဆိုပါ ဖက်ရှင် သီတင်းပတ်တွင် ၀င်ရောက်ပြသခဲ့သည့် ဒီဇိုင်နာ ၀ီဒီယက်စတာ ဒါရီက သတင်းထောက်များအား ပြောကြားခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    တိုကျိုဖက်ရှင်သီတင်းပတ်ကို တစ်နှစ်လျှင်နှစ်ကြိမ် ပြုလုပ်လေ့ရှိပြီး ဟိဂျဘ်ဝတ်ဆင်မှုအား ကမ္ဘာကို တင်ဆက်ပြသည့် အာရှမှ ဒီဇိုင်နာများလည်း ၀င်ရောက်ယှဉ်ပြိုင်ကြသည်။ ဒီဇိုင်နာ နူရ်ဇာဟာက “သစ္စာအလွှာများ” ခေါင်းစဉ်ဖြင့် နွေဦးရာသီနှင့် ဆောင်းရာသီဖက်ရှင်များကို ပြသခဲ့ပြီး ရိုးရိုးယဉ်ယဉ် ဟိဂျဘ်များကို ဆန်းပြားသောဖက်ရှင်ပုံစံဖြစ်လာအောင် တီထွင်ပြသသွားခဲ့သည်။

    နူရ်ဇာဟာပြသည့် ဒီဇိုင်းများတွင် ရှီဘိုရီဟု ခေါ်သည် ဂျပန်တို့၏ ရိုးရာဖြစ်သော သဘာဝအတိုင်း အင်္ကျီဆေးဆိုးနည်းနှင့် အင်ဒို ပါတိတ်ဆေးဆိုးနည်းတို့ကို အသုံးပြုထားသည့် အ၀တ်များအား ချည်သား သို့မဟုတ် ပိုးသားဟိဂျဘ်များဖြင့် တွဲဖက်ကာ ဆင်မြန်းထားသည့် ဖက်ရှင်များလည်း ပါဝင်သည်။ ထို့ပြင် ကနုတ်များဖြင့် ကြာပွင့်များ၊ ပန်းပွင့်များသဏ္ဍာန် ပုံဖော်ထားသည့် ဒီဇိုင်းများနှင့် တူရကီတို့၏ ပန်းပွင့်များဖြင့် ပုံဖော်ထားသည့် ဒီဇိုင်းများလည်းပါဝင်သည်။

    သာမန်ပုဝါများအား စတိုင်ကျသော အ၀တ်အစားများနှင့် ပေါင်းစပ်ကာ ပြုလုပ်ခဲ့သည့် ဒီဇိုင်းအသစ်များမှာ ပေါ့ပေါ့ပါးပါးရှိသည်ဟု ဒါရီက ပြောကြားခဲ့သည်။

    “ဟီဂျဘ်ဆင်မြန်းတာဟာ ခက်ခဲတဲ့အရာမဟုတ်ဘဲ ဘယ်သူမဆို ၀တ်ဆင်နိုင်တယ်ဆိုတာကို လူတွေအားကျလာစေချင်တာပါ” ဟု သူမကဆိုသည်။

    အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများမှ ကျန်မာရေးနှင့်ညီညွတ်သော ဟာလာလ်အစားအသောက်များအထိ ကျယ်ပြန့်လာခဲ့သည့် အစ္စလာမ့်ရှရီအသ်နှင့် ဆက်စပ်သည့် ကဏ္ဍများတွင် အစ္စလာမ့်ဖက်ရှင်မှာလည်း လူအများနှစ်ခြိုက်မှုများလာသည့် ကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။ ဘာသာတရား အဆုံးအမနှင့် ညီညွတ်မှု၊ ဣနြေ္ဒသိက္ခာရှိမှုတို့မှာ တိုးတက်လာသော အစ္စလာမ့်ဖက်ရှင်၏ အဓိကအသက်ဖြစ်ပြီး အင်ဒိုနီးရှား၊ ဒူဘိုင်းတို့မှ အစပြုကာ အစ္စလာမ့်ဖက်ရှင်မှာ မွန်တီကာလိုအထိ ကျယ်ပြန့်လာခဲ့သည်။

    ဂျပန်နိုင်ငံတွင် အစ္စလာမ်သာသနာမှာ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး လူဦရေး ၁၂၇ သန်းရှိသည့် ထိုနိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေမှာ ယခုအခါ ၁၂၀၀၀၀ ခန့် ရှိလာသည်။

    OnIslam & News Agencies

  • တိုဟိုကူး ငလျင်နှင့် ဆူနာမီ (၃) နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဂျပန်မှာကျင်းပ (ဓါတ်ပုံ သတင်း)

    မတ် ၁၂ ၊ ၂၀၁၄
    M-Media
    1921087_798055493555113_2038007538_o
    ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံ တိုဟိုကူကျွန်းမှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံး သွားခဲ့ရသူတွေ အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တစ်မိနစ်ခန့် ငြိမ်သက် ဆုတောင်းနေတာဖြစ်ပါတယ်။

    ငလျင်လှုပ်ခတ်သွားခဲ့တဲ့ နေ့လည် ၂ နာရီ ၄၆ မိနစ်တိတိ အချိန် မြို့တော်တိုကျိုရဲ့ ပန်းခြံမှာ ပြလုပ်ခဲ့ကြတာပါ။ ငလျင်ပြင်းအား ၉.၀  ရှိတဲ့ အဲဒီငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး၊ ဂျပန်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး နျူကလီးယား ပြဿနာနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီဆူနာမီ ငလျင်လှုပ်ခတ်ခဲ့တာ မနေ့က သုံးနှစ်ပြည့်ခဲ့ပါတယ်။

    Reuters photo

  • မြန်မာနှင့် ကမ္ဗောဒီးယား၌ အမျိုးသမီးများ ဘ၀မြင့်မားရေး ဂျပန်နှင့် အမေရိကန် ကူမည်

    ဖေဖော်ဝါရီ – ၁၈ ၊ ၂၀၁၄
    M-Media

    EmpoweringWomen

    ကျိုဒို။    ။ မြန်မာနှင့်ကမ္ဗောဒီးယား အပါအ၀င် အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၌လည်းကောင်း၊ အာဖရိက၌လည်းကောင်း အမျိုးသမီးများ ဘ၀မြင့်မားရေး ဖက်စပ်စီမံချက်တစ်ရပ်ကို စတင်ဆောင်ရွက်သွားမည်ဟု ဂျပန်နှင့် အမေရိကန်အစိုးရများက လွန်ခဲ့သော စနေနေ့တွင် ဆိုလိုက်သည်။

    လူ့အဖွဲ့အစည်းရှိအမျိုးသမီးတို့အတွက် အခွင့်အလမ်းများတိုးတက်လာရေးကို ရည်မျှော်သည့် အစီအမံများတိုးမြှင့်ဆောင်ရွက်ရန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် သမ္မတ ဘားရက်အိုဘားမားမှ ကတိပြုပြောကြားထားသည်နှင့် အညီ အစိုးရနှစ်ခုလုံးက ယင်းစီမံချက်များကို ဆောင်ရွက်သွားကြမည်။

    အမျိုးသမီးများ၏အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ရေး အပါအ၀င် ယင်းဦးတည်စီမံချက်နှင့်စပ်လျဉ်း၍ ဂျပန်နှင့်အမေရိကန်မှ အလုပ်အကိုင် စီမံရေးအရာရှိများသည် ယခုလနှောင်းပိုင်းတွင် တတ်နိုင်သမျှ အသေးစိပ်အချက် အလက်များ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယခုနှစ်နှောင်းပိုင်းကို နောက်ဆုံးထား အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အာဏာပိုင်များ ထံမှ သိရသည်။

    များစွာသောအစီအမံများအနက် အမျိုးသမီးများအတွက် အလုပ်အကိုင်ဆိုင်ရာ အရည်အသွေးမြင့် သင်တန်းများ ကျယ်ပြန့်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်မှု၌ကူညီရေး၊ ဆေးဝါးလုပ်ငန်းများတွင် အမျိုးသမီးတို့ ပိုမိုပါဝင်နိုင်ရေး၊ မိန်းကလေးငယ်များ ပိုမိုကျောင်းတက်နိုင်ရေးတို့ကို နှစ်ဖက်စလုံးမှ စဉ်းစားနေပြီဖြစ်သည်။ ကမ္ဘာ့အမျိုးသမီးရေးရာ အမေရိကန်သံအမတ် ကက်သရင်း ရပ်ဆဲလ် Catherine Russell က ယင်းနယ်ပယ်တွင် ဂျပန်နှင့် အနီးကပ်လက်တွဲဆောင်ရွက်လိုခြင်းနှင့်ပတ်သက်၍ “ နေရာများစွာမှာ အကောင်းဆုံး တွဲဖက်တစ်ဦးလိုမျိုး ဂျပန်ကို တွေ့ရမယ်လို့ ကျွန်မ ထင်မြင်ပါတယ် ” ဟု ကျိုတိုသတင်းဌာနသို့ ပြောကြားခဲ့သည်။

    စက်တင်ဘာလတွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အာဘေးမှ မိန့်ခွန်းပြောကြားရာတွင် အမျိုးသမီးများ ဘ၀မြှင့်တင်ရေး သုံးနှစ်တာကာလအတွက် ဒေါ်လာ ၃ ဘီလီယံထောက်ပံ့မှု အစီအစဉ်ရှိကြောင်း အခိုင်အမာဆိုခဲ့သည်။

    အိုဘားမားအစိုးရသည် အမျိုးသမီးများ ဘ၀မြှင့်တင်ရေးကို မဲခေါင်မြစ်ဝှမ်းဒေသများ တစ်လျှောက်၌ အဓိကထားဆောင်ရွက် လိုပြီး မြန်မာနှင့် ကမ္ဗောဒီးယား၌ တိုကျိုနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ရှိသည်ဟု အာဏာပိုင်များက ပြောကြားသည်။

    “ အမျိုးသမီးတွေ ကောင်းစားရင် သူတို့မိသားစုတွေ ကောင်းစားလာမယ်။ မိသားစုတွေ ကောင်းစားရင် သူတို့ လူ့အသိုင်းအ၀ိုင်းကလည်း ကောင်းစားလာမယ် ဆိုတာကို ဖော်ပြနိုင်တဲ့ အချက်အလက် အများအပြား ရှိနေပါတယ်။ အသေးစားချေးငွေဖြစ်ဖြစ် သင်တန်းဖြစ်ဖြစ် သူတို့ကို အခွင့်အလမ်းတွေဖော်ဆောင်ပေးပါမယ်။ ဒါမှသာလျှင် သူတို့ဟာ လုပ်ငန်းစတင်ဖို့ အခွင့်အရေး ရရှိကြမှာဖြစ်ပါတယ် ” ဟု ကမ္ဘာ့အမျိုးသမီးရေးရာဌာနဦးစီးအရာရှိ ရပ်ဆဲလ် က ဆိုပါသည်။

    ၎င်းအပြင် မဲခေါင်ဒေသရှိ လူအများအပြားသည် ဂျပန်ကို ဦးဆောင်သူအဖြစ် သတ်မှတ်ထားကြောင်း၊ ထိုအချက်ကြောင့် ဂျပန်သည် ထိုဒေသများတွင် ဦးဆောင်မှု အခန်းကဏ္ဍပေးနိုင်ရန် ထင်ရှားကြောင်း ဖြည့်စွက်ပြော ဆိုသည်။

    ယခင်အပတ် တနင်္လာနေ့က ယိုကိုဟားမားတွင် အမျိုးသမီးများ ဘ၀မြင့်မားရေးဆိုင်ရာ ကျွမ်းကျင်သူများ နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို အာဖရိကအမျိုးသမီးလုပ်ငန်းရှင်များကိုဖိတ်ကြား၍ ဂျပန်နှင့်အမေရိကန် အာဏာပိုင်များမှ ပြုလုပ်ကျင်းပခဲ့ပြီး အသေးစိပ် အစီအမံများ စီစဉ်ခဲ့ကြောင်း သိရသည်။ အလားတူခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာကွန်ဖရင့်တစ်ရပ်ကိုလည်း ပါပူးဝါးနယူးဂီနီ၌ မတ်လအတွင်း ၎င်းတို့မှ ဦးဆောင်သွားမည်ဖြစ်သည်။

  • ဆိုးရွားသော နှင်းမုန်တိုင်းကြောင့် ဂျပန်တွင် လူ တစ်ဒါဇင်ခန့်သေဆုံး

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media

    japan-snowstorm-1
    – အအေးလွန်ကဲပြီး ရာသီဥတု ဆိုးဝါးနေသည့် ဂျပန်နိုင်ငံတွင် ပြင်းထန်သော နှင်းမုန်တိုင်းများကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ကာ ၁၇၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်ဟု ဂျပန်မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    စံချိန်တင်နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရှိ ပြည်နယ် ၇ ခုတွင် နှင်းမုန်တိုင်းနှင့် ပက်သက်သည့် မတော်တဆမှုများကြောင့် လူများ သေဆုံးခဲ့ခြင်းဖြစ်သည်။ တိုကျိုမြို့တွင် နှင်းထုမှာ ၂၇ စင်တီမီတာရှိသည်ဟု ကျိုဒိုသတင်းအေဂျင်ဆီက ထုတ်ပြန်ခဲ့ကာ၊ နှင်းမုန်တိုင်းကြောင့် လမ်းမများတွင် အနည်းဆုံး ကားအစီး ၈၀၀ ခန့်ပိတ်မိနေသည်ဟု အာဏာပိုင်များက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ထို့ပြင် နှင်းထုများကြီမားလာပြီး နေအိမ်များ ပြိုကျမည်ကိုစိုးရိမ်ရသောကြောင့် ပြည်သူ ၂၁၅၀ ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု NHK သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ သောကြာနေ့နှင့် စနေနေ့များတွင် ထွက်ခွာရန်ရှိသည့် လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပြီး၊ ရထားလမ်းများကိုလည်း ပိတ်ထားခဲ့ရသည်။

    ထိုမုန်တိုင်းမှာ ယခုအခါ မြောက်ဘက်စွန်းစွန်းသို့ ရွေ့လျားနေပြီး မနက်ဖြန်တွင် အားကောင်းလာဖွယ်ရှိသည်ဟု ဂျပန် မိုးလေ၀သနှင့် ဇလဗေဒ ဌာနက သတင်းထုတ်ပြန်ခဲ့ကာ၊ နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ ပင်လယ်ပြင်များတွင် လှိုင်းများ ကြီးနိုင်ကာ၊ နှင်းသည်းထည်စွာကျခြင်း၊ နှင်းထု၊ ရေခဲထုများ အမြင့်မှကျဆင်းခြင်းတို့ ဖြစ်ပေါ်မည်ဟု သတိပေးထားသည်။
    Ref: CNA