News @ M-Media

Tag: Kayin_State

  • ခရစ်ယာန် ဘုရားကျောင်း အတွင်း စေတီတည်မှု ရပ်ဆိုင်းရန် တောင်းဆို

    ခရစ်ယာန် ဘုရားကျောင်း အတွင်း စေတီတည်မှု ရပ်ဆိုင်းရန် တောင်းဆို

    စက်တင်ဘာ ၂ ၊ ၂၀၁၅
    DVB မှ ကူးယူဖော်ပြသည်။
    .11918958_1484400468548509_9141988231657157500_n-622x350
    ကရင်ပြည်နယ် ဘားဘံမြို့နယ် မီးဇိုင်းကျေးရွာရှိ မယ်စိထာ ကရင်နှစ်ခြင်းအသင်းတော် ခရစ်ယာန် ဘုရားကျောင်း မြေ၀င်း အတွင်း စေတီ တည်ဆောက်တာကို ခေတ္တရပ်နားပေးဖို့ ကရင်အမျိုးသားစည်းလုံးရေးနှင့်ငြိမ်းချမ်းရေးကောင်စီ (KUPC) က မြိုင်ကြီးငူဆရာတော် ဦးသုဇနထံ မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
    .
    ဖြစ်စဉ်မှာ မိဇိုင်းရွာမှာ ရှိတဲ့ “မယ်စိထာကရင်နှစ်ခြင်း အသင်းတော်” ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းမှာ မြိုင်ကြီးငူဆရာတော်ရဲ့ တပည့်တွေက သြဂုတ် ၂၁ ရက်နေ့ကစပြီး စေတီ တည်ဆောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
    .
    ဒီလို တည်ဆောက်တဲ့နေရာမှာ မယ်စိထာ ကရင်နှစ်ခြင်း အသင်းတော်က တာဝန်ရှိ သူတွေ၊ သင်းအုပ်ဆရာတွေကို အကြောင်းကြားခြင်းမရှိဘဲ လာရောက်လုပ်ဆောင်ခဲ့ပါတယ်။
    .
    ဒီအပေါ် အသင်းတော် တာဝန်ရှိသူတွေက တားမြစ်ပေမယ့် မရဘဲဖြစ်ခဲ့တဲ့အတွက် မြန်မာ နိုင်ငံ ကရင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် ကနေတဆင့် ကရင် အမျိုးသား စည်းလုံးရေးနှင့်ငြိမ်းချမ်းရေးကောင်စီက တင်ပြတဲ့အတွက် အခုလို စာရေးသား ပန်ကြားရတာလို့ မန်းအောင်ပြည်စိုးက ပြောပါတယ်။
    .
    “မြိုင်ကြီးငူဆရာတော်ရဲ့ တပည့်တွေက သွားတည်တော့ အဲဒီက ဘာသာရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေက မကျေနပ်ကြဘူးပေါ့။ မကျေနပ်တော့ ဟိုပြောဒီပြော ဟိုသွားဒီသွားလည်း မရတော့ ကရင်ပြည်နယ် အစိုးရအဖွဲ့ကို တင်တော့လည်းမရဘူး။ ဒါကြောင့် KUPC ကို အကူအညီတောင်းတဲ့ သဘောပေါ့။ ကျနော်တို့ကတော့ ကရင်အမျိုးသားတွေအနေနဲ့ ပြေပြေလည်လည် ချစ်ချစ်ခင်ခင်နဲ့ အမျိုးသား ကိစ္စတွေရော၊ ဘာသာရေးအချင်းချင်းတွေကလည်း ပြေပြေလည်လည် ချစ်ချစ်ခင်ခင်နဲ့ ရှိဖို့အတွက် မျော်လင့်တယ်လေ။ ”

    11990647_1484469008541655_3199501992842733717_n-622x350
    .
    မြိုင်ကြီးငူဆရာတော်ဆီ သြဂုတ်လ ၂၈ ရက်နေ့ကတည်းက ပန်ကြားလွှာပေးမယ့် အခုချိန်ထိ တစုံတရာ အကြောင်းပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။
    .
    အဲဒီနေရာမှာ စေတီတည်ဖို့ မြိုင်ကြီးငူ ဆရာတော်က အာရုံရလို့ တည်ဆောက်ခိုင်း တာလို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

    ရုပ်သံနှင့်ဓာတ်ပုံ – Saw Black Karen

    http://burmese.dvb.no/archives/110332

  • ဘားအံမြို့တွင် ဘုန်းကြီးမှ သပိတ်ဖြင့် ရိုက်၍ မွတ်စလင်မ် အမျိုးသမီးကြီး ခေါင်းကွဲ

    ဘားအံမြို့တွင် ဘုန်းကြီးမှ သပိတ်ဖြင့် ရိုက်၍ မွတ်စလင်မ် အမျိုးသမီးကြီး ခေါင်းကွဲ

    ဧပြီ ၂၈၊ ၂၀၁၃
    M-Media
    ဇာဏီ

    ဘားအံ ။ ။ ဘားအံမြို့ပေါ်တွင် ဆွမ်းခံထွက်လာသော ဘုန်းကြီးများမှ မွတ်စလင်မ် အမျိုးသမီးကြီး တစ်ဦးအား သပိတ်ဖြင့် ရိုက်နှက်မှုတစ်ခု ရာဘာခြံ ၁-လမ်းထိပ်တွင် ယနေ့မနက် ၈-နာရီ ၁၅-မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    ဖြစ်ပွားပုံမှာ ယနေ့မနက်ပိုင်း ဘုန်းကြီးများ ဆွမ်းခံထွက်လာချိန် ဘားအံမြို့ ရာဘာခြံ ၁-လမ်းထိပ်အရောက်တွင်ရာဘာခြံ ၃-လမ်းနေ အသက်(၅၀)ကျော် အရွယ်ရှိ ဒေါ်မခင်(ခ)ဒေါ်ရှကီရာဆိုသည့် မွတ်စလင်မ် အမျိုးသမီးကြီးတစ်ဦးက  ဘုန်းကြီးများ ကြွလာသည်ကိုမြင်၍ ဘေးနားတွင်မတ်တပ်ရပ်နေခဲ့သည်။  ထိုသို့ မတ်တပ် ရပ်နေသည့်ကို  ဘုန်းကြီးမှ ဆွမ်းခံကြွလာတာကို လမ်းဖြတ်ကူးသည်ဟု စွပ်စွဲပြောဆိုပြီး ခေါင်းကို သပိတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ယင်းရိုက်နှက်မှုကြောင့် ဒေါ်မခင် မှာ ခေါင်းကွဲပြိး  သွေးများကျကာ လဲကျသွားသည်။  လဲကျသွားသည်ကို အနီးအနားမှ မြင်ကြသော်လည်း ဘုန်းကြီးမှ ရိုက်နှက်မှုဖြစ်သည့်အတွက် မည်သူမျှလာရောက်၍ ကူညီမှု မပေးရဲသည့် အတွက် ဒီအတိုင်းကြည့်နေကြသည်။ ခဏကြာမှ ဒေါ်မခင် ၏ သမီးရောက်ရှိလာပြီး ဒေါ်မခင် အား ဆေးရုံသို့ ခေါ်ဆောင်သွား ခဲ့ကြောင်းနှင့် သက်ဆိုင်ရာမှလည်း လာရောက်ကြည့်ရှုခဲ့သော်လည်း ရိုက်နှက်သည့် ဘုန်းကြီးအား မည်သည့် အရေးယူမှုမျိုးမှ မရှိခဲ့ကြောင်းလည်းသိရသည်။

    ယခု မွတ်စလင်မ် အမျိုးသမီးကြီး ဒေါ်မခင်ကို ရိုက်နှက်သည့် ဘုန်းကြီးမှာ သစ္စာမဏ္ဍိုင်ကျောင်းတွင် သီးတင်းနေထိုင်သည့် ဘုန်းကြီးဖြစ်ကြောင်းသိရသည်။ ဒေါ်မခင်မှာ ယခု အခါ ရိုက်နှက်ခံရသည့် ခေါင်းတွင် ထိခိုက်ဒဏ်ရကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်းသ တင်းရရှိပါသည်။

    ဘားအံမြို့တွင်  ဘုန်းကြီးများမှာ ဆွမ်းခံထွက်သည့် လမ်းဖြတ်ကူးသည်ဟူသော အကြောင်းပြချက်ဖြင့်  ဘားအံမြို့တွင် နေထိုင်သည့် မွတ်စလင်မ်များကို ရိုက်နှက်လေ့ရှိကြောင်း ၂၀၁၂-ခုအတွင်းက ဖြစ်ပွားခဲ့သည့် ရိုက်နှက်မှု ဖြစ်စဉ်တခုတွင်   အဖိုးအိုတစ်ဦး ရိုက်နှက်ခံရသည့် ဒဏ်ရများဖြင့် သေဆုံးသွားခဲ့ရသည်။ ၄င်းဖြစ်စဉ်  နောက်ပိုင်းတွင်လည်း ယင်းကဲ့သို့ ရိုက်နှက်မှုများရှိခဲ့သည်မှာ ၁၀-ယောက်ထက်မနည်းရှိပြီဖြစ်ကြောင်းနှင့် ယင်းကဲ့သို့သော အပြုအမူများအတွက်လည်း မည်ကဲ့သို့မှ အရေးယူမှု မရှိသည့်အတွက် ဘားအံမြို့ခံ မွတ်စလင်မ်များမှလည်း စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

    လွန်ခဲ့သည့် အပတ် ဧပြီလ ၂၀-ရက်နေ့မှ ၂၂-ရက်နေ့အထိ ၃ ညတိုင်တိုင် ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်းတွင် ပြုလုပ်ခဲ့သည့် ၉၆၉ တရားပွဲတွင် ဦးဝီရသူမှ အစ္စလာမ်မုန်းတီးရေး တရားများ ဟောပြောပြိးနောက် ယခုကဲ့သို့ ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

  • အစ္စလာမ် ဆန့််ကျင်ရေး လုပ်ဆောင်မှုများကို တားဆီးပေးဖို့ ကရင်ပြည်နယ် အစိုးရအား တိုင်ကြားထား

    အစ္စလာမ် ဆန့််ကျင်ရေး လုပ်ဆောင်မှုများကို တားဆီးပေးဖို့ ကရင်ပြည်နယ် အစိုးရအား တိုင်ကြားထား

    ဇန်နဝါရီ ၂၅၊ ၂၀၁၃
    M-Media
    သောင်းထိုက်

    ကရင်ပြည်နယ် အတွင်း အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေတဲ့ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု့များကို ကာကွယ်တားဆီးပေးဖို့ တိုင်ကြားလွှာ စာတစောင်ကို ပြည်နယ် အစ္စလာမ်ဘာသာရေး အဖွဲ့ (၃) ခုမှ  လက်မှတ်ရေးထိုးပြီး ကရင်ပြည်နယ်အစိုးရ ထံသို့  ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်ပေးပို့လိုက်ကြောင်း သတင်းရရှိပါသည်။

    တိုင်ကြားလွှာတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစ္စလာမ်ဘာသာကို လုပ်ကြံဖန်တီးထားသည့် စာပေများ ဖြန့်ဝေခဲ့သည့် အကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့နှင့် ဆက်ဆံမှုမပြုရန်၊ အစ္စလာမ်ဆန့်ကျင်ရေးဟောပြောပွဲ ရုပ်သံခွေများကိုပြည်နယ် အနှံ့အခမဲ့ဖြန့်ဝေခဲ့ကြောင်း၊ ဇန်နဝါရီ(၂၀) ရက်နေ့မှာ ဘားအံမြို့မဈေးနှင့်ဈေးကြီး ပတ်ဝန်းကျင်တွင် အစ္စလာမ်ဘာသာဝင်တို့ရောင်းချသည့် ဆိုင်များတွင်ဈေး မဝယ်ရန်၊ ဈေးဝယ်နေသူများကို ဆိုင်တွင်းမှဆွဲထုတ်ခြင်း၊ ဝယ်ပြီးသား ပစ္စည်များကို ငွေပြန်အမ်းခိုင်းခြင်း၊ ပစ္စည်များ ပြန်ပေးခိုင်းခြင်း၊ နောက်ရက်များတွင် သံဃာအချို့နှင့် (လူမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့) စာတမ်းပါ လူငယ် အမျိုးသား/အမျိုးသမီး(၂၀) ခန့်  အစ္စလာမ်ဘာသာဝင်တို့ ထံမှာ ဈေးမဝယ်ရန် ဝယ်ယူလျှင် အရေးယူမည့် ဟု ခြိမ်းခြောက်ပြောဆို မှုများလုပ်ဆောင်ခဲ့ကြောင်း ပါရှိသည်။

    kayin case
    ပြည်နယ်အစိုးရသို့ ပေးပို့ထားသော တိုင်ကြားလွှာ အပြည့်အစုံ

    ပြည်နယ်အတွင်း အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြခြင်းကို ပျက်ပြားအောင် သွေးခွဲ လုပ်ဆောင်နေသည့် အဖွဲ့အား အရေးယူ ဆောင်ရွက်ပေးဖို့နှင့် လူနည်းစု အစ္စလာမ် ဘာသာဝင်များကို ကာကွယ်စောင့်ရှောက်ပေးရန် ထည့်သွင်းရေးသား ထားပါသည်။

    အဆိုပါ တိုင်ကြားလွှာကို ကရင်ပြည်နယ် အိုလမာ-အစ္စလာမ့် သာသနာပညာရှင်များအဖွဲ့၊ ပြည်နယ်အစ္စလာမ် သာသနာရေးကောင်စီ အဖွဲ့၊ ပြည်နယ် မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ တို့ လက်မှတ်ရေးထိုးပြီး ကရင်ပြည်နယ် အစိုးရသို့ ပေးဖို့ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဖြစ်စဉ်များအစမှာ ဘာသာမတူသူများနှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။

    မကြာမီ ရက်များက ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် လှုံဆော်သည့် စာရွက်များ ဖြန့်ဝေပြီးနောက် ယခုကဲ့သို့ အစ္စလာမ်ဆန့်ကျင်ရေး လုပ်ဆောင်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာခြင်းဖြစ်သည်။

  • သင်္ဃန်းဝတ်သူ တစ်စု ကရင်ပြည်သူများ၏ နိုင်ငံသား အခွင့်အရေးကို ဗြောင်ကျကျ ချိုးဖောက်

    ဇန်နဝါရီ ၂၀ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    IMG_20130120_093023
    လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ

    ဘားအံမြို့ သရက်တောကျောင်းတိုက်မှ သင်္ဃန်းဝတ် ၇ဦးနှင့် အ၀ါရောင်ဝတ် လူငယ်အမျိုးသား အမျိုးသမီး ၂၀ ဦးပါဝင်သော အဖွဲ့သည် ဘားအံမြို့ မြို့မ ဈေးအပြင်ဘက် ပျံကျ ဈေးတန်း အတွင်းသို့ ၀င်ရောက်ကာ ပြည်သူများ၏ အေးချမ်း လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားမှုကို ၀င်ရောက်နှောက်ယှက်ခဲ့သည်။

    ဇန်န၀ါရီ ၂၀ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဘာသာခြား ဆိုင်များတွင် ဈေးဝယ် ခြင်းမပြုရန် ဈေးအတွင်း ၀င်ရောက် လှုံ့ဆော် ခဲ့ပြီး ဈေးဝယ်နေသူ ကရင် လူမျိုးများအား အတင်းအဓမ္မ ပိတ်ပင် ဟန့်တားခဲ့ကြောင်း ဘားအံမြို့ခံ တစ်ဦးက ပြောပါသည်။

    မြို့မဈေး အပြင်ဘက်တန်းရှိ ဆိုင်များမှ ၄င်းတို့လိုအပ်သော ပစ္စည်းများဝယ်ခြမ်းခဲ့သည့် ကရင်လူမျိုး အချို့အား ၀ယ်ယူပြီးသော ပစ္စည်းများကို ဆိုင်ရှင်ထံ ပြန်ပေးအပ်ရန်  ဘုန်းကြီး ၇ ဦးနှင့် အဖွဲ့က အတင်းအဓမ္မ စေခိုင်း ခဲ့ကြသဖြင့် ဈေးဝယ်လာပြည်သူများ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြောင်း ၄င်းမြို့ခံ က ပြောပါသည်။

    အဆိုပါ မြို့မဈေးအပြင်ဘက်တန်းအနီးတွင် ရဲတပ်ဖွဲ့ စခန်းရှိသော်လည်း ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မည်သို့မျှ တားမြစ်ဟန့်တားပေးခြင်းမရှိဟု ၄င်းမြို့ခံက ပြောပါသည်။

    အာဏာပိုင် အဖွဲ့အစည်းများကဲ့သို့ သင်္ဃန်းဝတ် ထားသူတစ်စုမှ ကရင်ပြည်သူများ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့် မရှိအောင် ပိတ်ပင်ဟန့်တား၊ နှောက်ယှက်နေခြင်း များကြောင့် ကရင်ပြည်သူများ နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံ နေရသော်လည်း ယနေ့အချိန်အထိ  ကရင်ပြည်နယ် အစိုးရမှ သော်လည်း ကောင်း၊ ရဲတပ်ဖွဲ့ ကသော်လည်းကောင်း၊ ဥပဒေနှင့်အညီ ၀င်ရောက်တားဆီး ပိတ်ပင် ပေးခြင်းမရှိခဲ့ချေ။

    နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) အပိုဒ် ၃၄၉ အပိုဒ်ခွဲ (ဂ)နှင့် (ဃ) တို့တွင် ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု ၊ စီးပွားရေး လုပ်ကိုင်မှု များနှင့် ပတ်သက်၍ ဘာသာ၊ လူမျိုးမခွဲခြားပဲ နိုင်ငံသားတိုင်း တူညီသော အခွင့်အရေး ရရှိစေရမည် ဟု တွင် ပြဌာန်းထားသော်လည်း သင်္ဃန်းဝတ် သူတစ်စုမှ ကရင်လူမျိုး ဗုဒ္ဓ ဘာသာဝင် များ၏ နိုင်ငံသားအခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက် လျက်ရှိသည်။

    ပြည်နယ်အစိုးရနှင့် ရဲတပ်ဖွဲ့တို့သည် ၄င်းတို့၏ လုပ်ရပ်များကို တားဆီးပိတ်ပင်ပေးခြင်းမရှိ ဆက်လက် မျက်ကွယ်ပြုနေပါက ကရင်ပြည်သူများ၏ နိုင်ငံသား အခွင့်အရေး ချိုးဖောက်မှု တွင် ပါဝင်ပတ်သက်သည်ဟု ယူဆရဖွယ် ရှိကြောင်း ဘားအံ ဒေသခံများက ပြောဆိုကြသည်။

  • ဘားအံမြို့ပေါ်တွင် အစ္စလာမ် ဆန့်ကျင်ရေး ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေ

    ဇန်နဝါရီ ၂၀ ၂၀၁၃
    M-Media
    ဘားအံသား

    IMG_20130120_093023
    လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ

    ယနေ့နံနက် (၉း၁၅)ခန့်တွင်ဘားအံမြို့၊ မြို့မဈေးကြီး ပတ်ဝန်းကျင်ရှိဆိုင်များတွင် လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟူသောစာတန်း ပါတီရှပ်များ ၀တ်ဆင်ထားသည့် လူငယ်အမျိုးသား၊ အမျိုးသမီးတစ်ချို့နှင့် ကိုရင်အရွယ် သံဃာအချို့တို့သည် မွတ်စလင်မ် ဆိုင်များ တွင်ဝယ်ယူအားပေးကြသည့် ဗုဒ္ဓဘာသာဝင်များအား လိုက်လံစစ်ဆေး၍ ပစ္စည်းများပြန်ပေးခိုင်း သည့်ဖြစ်စဉ် တစ်ချို့ဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်တစ်ခုမှာ-မွတ်စလင်မ် ဆိုင် တစ်ဆိုင်တွင်သွပ်ပြား ၀ယ်ယူသွားသည့် ကရင်လူမျိုးတစ်ဦးအား ၎င်းအဖွဲ့ဝင်များက တွေ့ရှိသွား၍ ထိုဆိုင်သို့  ပစ္စည်းပြန်အပ်ပြီး မွတ်စလင်မ် မဟုတ်သောဆိုင်တွင်သာ ၀ယ်ယူရန် လက်တွေ့ဆောင်ရွက်မှုကို ထိုပတ်ဝန်းကျင်ရှိ  ဘာသာဝင်အသီးသီးတို့က မြင်တွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။

    ဤကဲ့သို့ဆောင်ရွက်ခြင်းမှာဘားအံမြို့အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟုသိရသည်။ ထို့ပြင်ကမ္ဘောဇဘဏ် အနီးတွင်လည်း ၎င်းလူငယ်အစောင့် သုံးဦးချထားပြီး ထိုအနီးအနားရှိ မွတ်စလင်မ် ဆိုင်များတွင် ဈေးဝယ်မည့်သူများအား စောင့်ကြပ်လျှက်ရှိနေကြောင်း သိရှိရသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရပါသည်။

    ထို့ပြင် ဘားအံမြို့အနီးရှိ ကော့ကျိုက်နှင့်အခြားရွာများတွင် ‘ ဒီစာကိုဖတ်ဖြစ်အောင်ဖတ်ပါ” ဟူသောခေါင်းစဉ်ပေးထားသည့် ရေးသူဖော်ပြမထားသော အစ္စလာမ်ဆန့်ကျင်ရေး စာအုပ်များကို မကြာမီကဖြန့်ချိခဲ့သည်။ထိုစာအုပ်တွင် အစ္စလာမ်နှင့်ပတ်သက်သည့် အချက်အလက်များကို မှားယွင်းစွာဖော်ပြထားပြီး  တမန်တော်မုဟမ္မဒ် အပေါ် စော်ကားထားသည့် အောက်တန်းကျသော အရေးအသားများ ပါဝင်နေကြောင်း ဘားအံမြိုမှ အစ္စလာမ်ဘာသာဝင် တစ်ဥိးမှ M-Media သို့ပြောကြားပါသည်။  ယခင်က ကော့ကျိုက်ရွာမှာ ပတ်ဝန်းကျင်ကျေးရွာများနှင့် အရောင်းအ၀ယ် ကူးလူးဆက်ဆံမှုများ ပုံမှန်ရှိခဲ့သော်လည်း ကန့်သတ်မှုများနောက်ပိုင်းတွင် မိမိတို့ ရွာတွင်သာ ရောင်းဝယ် လုပ်ကိုင်ကြရကြောင်း သိရှိရသည်။

    အဆိုပါဖြစ်စဉ်များအစမှာ ဘာသာမတူသူများနှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။

    မကြာမီ ရက်များက ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် ဟု ဖော်ပြထားသည်။

    pahan

    Pa Aan_ Kayin_State
    ဘာသာခြားဆိုင်မျာသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀ ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည်