News @ M-Media

Tag: Laliga 2015-2016

  • မိမိသာလျှင် အကောင်းဆုံးဟု ရော်နယ်ဒိုပြော

    မိမိသာလျှင် အကောင်းဆုံးဟု ရော်နယ်ဒိုပြော

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    rnl

    – ၂၀၁၅ ခုနှစ်တွင် မက်ဆီ၏ စွမ်းဆောင်ရည်ကောင်းများက မိမိအား ထိခိုက်စေလိမ့်မည် မဟုတ်ဘဲ မိမိသာလျှင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    လာလီဂါတွင် ခါးသီးသော ပြိုင်ဘက်အသင်း ၂ သင်း၌ ကစားနေသည့် ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား နေရာကိုလည်း ပြိုင်လုနေရပြီး ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ရော်နယ်ဒိုက မက်ဆီကို ကျော်ဖြတ်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုကို ရရှိခဲ့သည်။ မက်ဆီမှာမူ ယခုနှစ်အတွင်း ဘာစီလိုနာနှင့် ဖလား ၃ လုံး ရယူနိုင်ခြင်း အပါအ၀င် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သည်။

    “ဒါတွေက ကျွန်တော့်အတွက် အနှောက်အယှက် မဖြစ်ပါဘူး။ လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရင် ကျွန်တော်ဟာ အမြဲတမ်း ထိပ်ဆုံးမှာပဲ ရှိပါတယ်။ ပြီးတော့ ဒီလို ရှိနေဖို့ဆိုတာလည်း ခက်ခဲပါတယ်။ ဒီလိုဖြစ်အောင် လုပ်နိုင်တဲ့ ကစားသမား တစ်ယောက်တစ်လေလောက်ကို ပြောပြပါလား။ အဲဒါဆိုရင် နံပါတ် ၁၊ ဒါမှမဟုတ် နံပါတ် ၂ ဖြစ်တာ၊ ဖလားရတာ၊ မရတာတွေက သိပ် အရေးမပါတော့ပါဘူး။ ခင်ဗျားအတွက်တော့ မက်ဆီက အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ခေါင်းထဲမှာတော့ ကျွန်တော့်က အကောင်းဆုံးပါပဲ” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အနီးဆုံးပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တဲ့ ရီးယဲလ်၊ ဆွာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ အသက်ရှုချောင်သွားတဲ့ ဘာကာတို့ရဲ့ လာလီဂါပွဲစဉ် ၉

    အနီးဆုံးပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တဲ့ ရီးယဲလ်၊ ဆွာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ အသက်ရှုချောင်သွားတဲ့ ဘာကာတို့ရဲ့ လာလီဂါပွဲစဉ် ၉

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာ ထိပ်ဆုံးကရီးယဲလ်က သူ့နောက်မှာ ကပ်လိုက်လာတဲ့ ရှုံးပွဲမရှိ ဆဲလ်တာဗီဂိုကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားပြီး ဇယားကို ဆက်ဦးဆောင်နေပါတယ်။ ရော်နယ်ဒို၊ ဒါနီလိုနဲ့ မာဆယ်လိုတို့က တစ်ဂိုးစီ သွင်းပေးခဲ့ပေမယ့် ရီးယဲလ်နိုင်ပွဲအတွက် အဓိကျသူကတော့ ဂိုးသမား ကီလာနာဗက်စ်ဖြစ်ပြီး ဆဲလ်တာဗီဂိုရဲ့ အပိုင် ဂိုးသွင့်ခွင့် ၃ လုံးလောက်ကို လက်စွမ်းပြ ကာကွယ်ပေးသွားခဲ့ပါတယ်။

    ဘာကာကလည်း ဦဆောင်ဂိုးပေးခဲ့ရပြီး မာရှေရာနိုပါ အထုတ်ခံရပေမယ့် နေးမာ-ဆွာရက်ဇ် အတွဲအဖက်မိမှုနဲ့အတူ ဆွာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ အဆိပ်ရှိတဲ့ အိုက်ဘာကို အနိုင်ရပြီး ရီးယဲလ်ကို ထပ်မံ ဖိအားပေးနိုင်ဆဲပါပဲ။

    ၃၂ မိနစ်နဲ့ မိနစ် ၄၀ မှာ ရရှိခဲ့တဲ့ ဂိုး ၂ ဂိုးနဲ့အတူ အက်သလက်တီကိုက ခြေကျနေတဲ့ ဗလင်စီယာကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး တတိယနေရာကို ရောက်လာပါတယ်။ ဗလင်စီယာဂိုးသမားရဲ့ လက်စွမ်းကြောင့် အိမ်ရှင်တို့ ဒီထက်ပို ဂိုးမပြတ်ခဲ့တာပါ။

    ရာသီအစ ရုlaliga 3န်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ ၃ ပွဲလောက်ကစပြီး ခြေစွမ်းပြလာနိုင်တဲ့ ဆီးဗီးလား ဒီတစ်ပတ်မှာလည်း ဂါမီရိုရဲ့ ဟက်ထရစ်နဲ့အတူ ဂီတာဖေးကို ၅ ဂိုးပြတ်နဲ့ နှိပ်ကွပ်ခဲ့ပါတယ်။
    လာလီဂါ ပွဲစဉ် ၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဗယ်လက်ကာနို ၃-၀ အက်စပန်ညို
    ဆဲလ်တာဗီဂို ၁-၃ ရီးယဲလ်
    ဂရာနာဒါ ၁-၁ ရီးယဲလ်ဘက်တစ်
    ဆီးဗီးလား ၅-၀ ဂီတာဖေး
    မာလာဂါ ၂-၀ ဒီပို့တီဗို
    လီဗန်တေး ၀-၄ ဆိုစီဒက်
    လက်ပါးလ်မားစ် ၀-၀ ဗီလာရီးယဲလ်
    ဘာစီလိုနာ ၃-၁ အိုက်ဘာ
    အက်သလက်တီကို ၂-၁ ဗလင်စီယာ
    ဘီဘာအို ၃-၀ စပို့တင်းဂီဂျွန်

  • ဟက်ထရစ်ရှင် ဆွာရက်ဇ်ကို ဘာကာနည်းပြ ချီးကျူး

    ဟက်ထရစ်ရှင် ဆွာရက်ဇ်ကို ဘာကာနည်းပြ ချီးကျူး

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    baca

    – အသင်း၌ ပါဝင်ကစားခဲ့ရသည့် တစ်နှစ်တင်းတင်း ပြည့်သောအချိန်တွင် ဟက်ထရစ်သွင်းယူကာ အသင်းအနိုင်ရရှိရေးအတွက် ကူညီပေးခဲ့သည့် တိုက်စစ်မှူး ဆွာရက်ဇ်အား ဘာစီလိုနာနည်းပြ အန်းရစ်က ချီးကျူးပြောဆိုလိုက်သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဆွာရက်ဇ်မှာ အသင်းနှင့် ပွဲထွက်ခွင့်ရခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့် အိုက်ဘာနှင့်ပွဲတွင်လည်း ဟက်ထရစ်သွင်းယူခဲ့ကာ ၁၀ ယောက်ကျန် ဘာစီလိုနာအား အနိုင် ၃ မှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    “ဆွာရက်ဇ်ဟာ ကျွန်တော်တို့အတွက် အများကြီး ပေးဆပ်ခဲ့ပါတယ်။ သူပေးဆပ်ခဲ့တာတွေက တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဂိုးစည်းထဲမှာ သူက ကျွန်တော်တို့ရဲ့ စွမ်းအားဖြစ်တယ်။ သူဟာ အစားထိုးလို့မရတဲ့ ကစားသမားတစ်ဦးပါ။ ပြီးတော့ ခံစစ်အတွက်လည်း သူက တော်တော်လေး အားကိုးရပါတယ်” ဟု အန်းရစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဘာကာတွင်ရသည့် အောင်မြင်မှုကို မစဉ်းစားခဲ့ဖူးဟု ဆွာရက်ဇ်ပြော

    ဘာကာတွင်ရသည့် အောင်မြင်မှုကို မစဉ်းစားခဲ့ဖူးဟု ဆွာရက်ဇ်ပြော

    အောက်တိုဘာ ၂၄၊ ၂၀၁၅
    M-Media

    sw

    – ဘာစီလိုနာတွင် မိမိ၏ ပထမဆုံးနှစ်မှာ မယုံကြည်နိုင်စရာ ဖြစ်ခဲ့ပြီး ထိုကဲ့သို့ အခြေအနေမျိုး ရရှိရန် မစဉ်းစားခဲ့ဖူးဘဲ အသင်းနှင့် ဆုဖလားများ ထပ်မံရယူရန် ဆန္ဒရှိနေသည်ဟု တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    လီဗာပူးလ်မှ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ယခုလိုအချိန် ရီးယဲလ်ပွဲ၌ ပွဲထွက်ခွင့်ရခဲ့သည့် ဆွာရက်ဇ်မှာ အသင်းအတွက် စုစုပေါင်း ၄၃ ပွဲကစားခဲ့ပြီး ၂၅ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    “ဘာစီလိုနာနဲ့ ပထမရာသီမှာ ဖလားသုံးလုံးရလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပါဘူး။ ဒီလိုတောက်ပတဲ့ ရာသီမျိုးရဖို့ ကျွန်တော်တို့ဟာ အခက်အခဲအတားအဆီး တော်တော်များများကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါဟာ မယုံကြည်နိုင်လောက်စရာ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဖလား ၃ လုံးရဖို့ဆိုတာ တော်တ်ာမလွယ်ပါဘူး” ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။

    Ref: Goal

  • နည်းပြနှင့်ပြဿနာအားလုံး ပြီးသွားပြီးဟု ရီးယဲလ်နောက်ခံလူ ရာမို့စ်ပြော

    နည်းပြနှင့်ပြဿနာအားလုံး ပြီးသွားပြီးဟု ရီးယဲလ်နောက်ခံလူ ရာမို့စ်ပြော

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    real

    – မိမိနှင့် နည်းပြဘင်နီတက်ဇ်တို့အကြား စကားလုံးတိုက်ပွဲများမှာ အဆုံးသတ်သွားပြီဟု နောက်ခံလူ ဆာဂျီယို ရာမို့စ်က ပြောကြားလိုက်သည်။

    မြို့ခံပြိုက်ဘက် အက်သလက်တီကိုအသင်းအား သရေကျခဲ့သည့်ပွဲတွင် ပေးခဲ့ရသော ပင်နယ်တီအတွက် ဘင်နီတက်ဇ်က ရာမို့စ်အား ဝေဖန်ခဲ့ပြီး၊ ရာမို့စ်ကလည်း ထိုပွဲတွင် နည်းပြ၏ လူစားလဲမှုအတွက် ပြန်လည် ပြစ်တင်ခဲ့ကာ ၎င်းတို့နှစ်ဦးအကြား တင်းမာမှုများ ဖြစ်လာခဲ့သည်။

    “ဘင်နီတက်ဇ်နဲ့ ပြဿနာအားလုံး ဖြေရှင်းပြီးပါပြီ။ နောက်ဆုံး ပြစ်တင်ပြောဆိုမှုတွေအပြီး နောက်နေ့မှာ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်က အမြင်တစ်ခုရှိတယ်။ သူက အခြားအမြင်တစ်ခု ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ အဆုံးပိုင်းမှာ ကစားသမားတွေနဲ့ အသင်းနည်းပြဟာ တွေ့ဆုံစကားပြောဆိုရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဆက်ဆံရေးတွေဟာ စုစည်းညီညွတ်သွားပါတယ်။ ဘင်နီတက်ဇ်နဲ့ပတ်သက်ပြီး ဘာမှ
    အဖုအထစ်မရှိပါဘူး” ဟု ရာမို့စ်က ယနေ့မနက် ချန်ပီယံလိဂ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal