News @ M-Media

Tag: Laliga 2015-2016

  • ဇယားကို ဘာစီလိုနာ ဦးဆောင်နေပြီး အကောင်းဆုံးဆုတွေနဲ့ အဆုံးသတ်ခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁၃

    ဇယားကို ဘာစီလိုနာ ဦးဆောင်နေပြီး အကောင်းဆုံးဆုတွေနဲ့ အဆုံးသတ်ခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁၃

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာ ဘာစီလိုနာက ဆိုစီဒက်ကို အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ နေးမာ (၂ ဂိုး)၊ ဆွာရက်ဇ်၊ မက်ဆီတို့ရဲ့ ဂိုးတွေနဲ့ အိမ်ကွင်းမှာ ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ လေးပွဲဆက်တိုက် ပေးဂိုးမရှိတဲ့ပွဲ ဖြစ်ခဲ့ပြီး နောက်ဆုံး ၅ ပွဲ ရဂိုးကတော့ ၁၆ ဂိုးအထိ ရှိနေပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ ဘာစီလိုနာကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ရီးယဲလ်၊ ဒီတစ်ပတ်မှာ အမှားမခံခဲ့ဘဲ ဘေးလ်၊ ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဇယားအလယ်က အိုက်ဘာကို အဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့ပါတယ်။

    အိမ်ကွင်းမှာ အက်စပန်ညိုကို ဧည့်ခံခဲ့ရတဲ့ အက်သလက်တီကိုက ပွဲအစ ၃ မိနစ်မှာပဲ ဂရီဇ်မန်က ဦးဆောင်ဂိုး သွင်းခဲ့ပြီး အဲဒီ ၁ ဂိုးတည်းနဲ့ ၃ မှတ်ရခဲ့ကာ ဒုတိယနေရာကို မလွှတ်တမ်း ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ခြေပျက်နေတဲ့ဆီးဗီးလား ဗင်လင်စီယာကို အကြိတ်အနယ်ကစားပြီး အနိုင်ရခဲ့သလို၊ ဆဲလ်တာဗီဂိုကလည်း နောက်ကျအနိုင်ဂိုးနဲ့ စပို့တင်းဂီဂျွန်ကို အနိုင်ယူပြီး အဆင့် ၄ နေရာကို ပြန်တက်လာခဲ့ပါတယ်။

    ၂၀၁၄-၁၅ လာလီဂါ ဘောလုံးရာသီရဲ့ အကောင်းဆုံး ဆုတွေကို ဒီတစ်ပတ်မှာ ပေးအပ်ခဲ့ပြီး အကောင်းဆုံး တိုက်စစ်မှူးဆုကို မက်ဆီ၊ ပရိတ်သတ်ေlalig 2တွက ရွေးချယ်တဲ့ ကြယ်ငါးပွင့်ကစားသမားဆုကို ရော်နယ်ဒို၊ အကောင်းဆုံး အလယ်တန်းကစားသမားဆုကို ရော်ဒရီဂက်စ်၊ အကောင်းဆုံး အာဖရိက ကစားသမားဆုကို အလ်ဂျီးရီးယားကစားသမား ဖီဂူလီတို့က အသီးသီး ရရှိခဲ့ပါတယ်။
    ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၁၃ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    လီဗန်တေး ၀-၁ ဘက်တစ်
    ဘာစီလိုနာ ၄-၀ ဆိုစီဒက်
    အက်သလက်တီကို ၁-၀ အက်စပန်ညို
    မာလာဂါ ၂-၂ ဂရန်နာဒါ
    လက်စ်ပါးလ်မားစ် ၀-၂ ဒီပို့တီဗို
    ဆဲလ်တာဗီဂို ၂-၁ စပို့တင်း ဂီဂျွန်
    ဂီတာဖေး ၂-၀ ဗီလာရီးယဲလ်
    အိုက်ဘာ ၀-၂ ရီးယဲလ်
    ဗယ်လက်ကာနို ၀-၃ အက်သလက်တီကို
    ဆီးဗီးလား ၁-၀ ဗလင်စီယာ

  • အနာဂတ်မငြိမ်သော်လည်း ဘာကာတွင်ဆက်နေရန် နေးမာ ဆန္ဒရှိနေ

    အနာဂတ်မငြိမ်သော်လည်း ဘာကာတွင်ဆက်နေရန် နေးမာ ဆန္ဒရှိနေ

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    neymar

    – အသင်းမှထွက်ခွာတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့် တိုက်စစ်မှူးနေမားက မိမိမှာ ဘာစီလိုနာအသင်းတွင်ပင် တတ်နိုင်သလောက် ကစားသွားမည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နွေရာသီက နေးမာကို မန်ယူအသင်းက ခေါ်ယူရန် ဆက်သွယ်မှုများရှိခဲ့ပြီး၊ ၎င်း၏ အေးဂျင့်ဖြစ်သူ ဖခင်ကလည်း နေးမာအနေဖြင့် ဘာစီလိုနာသို့ အပြောင်းအရွှေ့တွင် အခွန်ရှောင်မှုကိစ္စနှင့် ပတ်သက်၍ ကျေနပ်လောက်စရာ အဖြေကို မရခဲ့ပါက ထွက်ခွာတော့မည်ဟု ယခုလအစောပိုင်းက ပြောကြားထားသည်။

    “ကျွန်တော့်စာချုပ်မှာ နှစ်အများကြီး ကျန်ပါသေးတယ်။ ကျွန်တော့်အဖေက အနာဂတ်နဲ့ပတ်သက်ပြီး ပြေားထားပြီးပါပြီ။ ကျွန်တော်တို့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီး ဒါဟာ ကျွန်တော်က ဆက်နေချင်တဲ့ဆန္ဒ ရှိနေတာကြောင့်ပါ” ဟု နေးမာက ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းနှင့်ပတ်သက်၍လည်း “ကျွန်တော်တို့ လုပ်နိုင်နေတာတွေအတွက် ကျွန်တော် အရမ်း ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့အသင်းက ကြီးကျယ်တဲ့ အဆင့်တစ်ခုမှာ ရှိပါတယ်။ အသင်းဖော်တွေကို ကျွန်တော် ကူညီချင်တယ်။ ပြီးတော့ ဂိုးတွေ ဆက်သွင်းချင်ပြီး ဖန်တီးပေးပို့မှုတွေကိုလည်း ဆက်လုပ်ချင်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ရီးယဲလ်နည်းပြနှင့် ထိပ်တန်း ကစားသမားများ ဆက်ဆံရေး ပြိုကွဲနေတယ်လို့ ဘယ်သူပြောတာလဲ

    ရီးယဲလ်နည်းပြနှင့် ထိပ်တန်း ကစားသမားများ ဆက်ဆံရေး ပြိုကွဲနေတယ်လို့ ဘယ်သူပြောတာလဲ

    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    hi-res-febd6685b85711536496e37941c27fb8_crop_north
    – ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်အနေဖြင့် ထိပ်တန်း ကစားသမားများနှင့် ဆက်ဆံရေးမှာ ပြိုကွဲနေပြီး၊ ထိုကစားသမားများအား စီမံခန့်ခွဲနိုင်ရန် နည်းလမ်းများကို ပြောင်းလဲရမည်ဟု လီဗာပူးလ် ကွင်းလယ်လူဟောင်း စတီဗင် ဂျရတ်က ပြောကြားလိုက်သည်။

    ဘာစီလိုနာကို အိမ်ကွင်း၌ ၄ ဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဘင်နီတက်ဇ်၏ အနာဂတ်အတွက် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့သော်လည်း ရီးယဲလ်ဘုတ်အဖွဲ့က တနင်္လာနေ့တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူကာ နည်းပြအား ထောက်ခံကြောင်း မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ဘင်နီတက်ဇ်မှာ ရော်နယ်ဒိုအပါအ၀င် အသင်းရှိ နာမည်ကြီး ကစားသမားများနှင့် မကျေမလည် ဖြစ်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

    “သူ့ကို ယုံကြည်ကြောင်းတော့ မဲပေးခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ များသောအားဖြင့် သိပ်မလွယ်ပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။

    ရာဖာဟာ ကျွန်တော့်အတွက်တော့ နည်းပြကောင်းတစ်ယောက်ပါ။ အ၀တ်လဲခန်းမှာ ထိပ်တန်းကစားသမားတွေနဲ့ သူ့ရဲ့ ဆက်ဆံရေးကိုပဲ ကျွန်တော် တွေးမိပါတယ်။

    အပြင်ကနေကြည့်ရင်တော့ အခုအချိန်မှာ အဲဒီဆက်ဆံရေးဟာ သိပ်မကောင်းတဲ့ အနေအထားပါပဲ။ အချိန်က စကားပြောသွားပါလိမ့်မယ်” ဟု ဂျရတ်က ပြောကြားခဲ့သည်။

    ထို့ပြင် ရီးယဲလ်၏ ရလဒ်ဆိုးများအတွက် ဘင်နီတက်ဇ် တစ်ဦးတည်းကို လက်ညှိုးထိုး၍ မဖြစ်နိုင်ဘဲ အသင်းသားအားလုံးတွင်လည်း တာဝန်ရှိသည်ဟု ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ရော်နယ်ဒိုကို ခေါ်ချင်သည်ဟု ဗန်ဂါးလ်ပြော

    ရော်နယ်ဒိုကို ခေါ်ချင်သည်ဟု ဗန်ဂါးလ်ပြော

    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    rnal

    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုအား ခေါ်ယူရန်အတွက် မိမိတို့မှာ စိတ်ဝင်စားနေကာ အခွင့်အရေးကိုလည်း စောင့်နေသည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ရော်နယ်ဒိုမှာ ရီးယဲလ်မှ ထွက်ခွာချင်နေသည်ဟု သတင်းများက ဖော်ပြကြပြီး အီအက်စ်ဂျီနှင့် မန်ယူတို့ကလည်း ခေါ်ယူရန် ဆက်သွယ်နေသည်ဟု ဆိုသည်။ ထို့ပြင် ရော်နယ်ဒိုမှာ ပီအက်စ်ဂျီတွင် ကစားရန် နှစ်သက်သည်ဟု ပြီးခဲ့သည့်တစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပီအက်စ်ဂျီနည်းပြ လောရန့် ဘလန့်အား ပြောကြားခဲ့သည်ဟု သတင်းများကြောင့် ၎င်း၏ ဘာနေဗျူးအနာဂတ်မှာ မရေမရာဖြစ်နေသည်။

    “တောင်ပံမှာကစားတဲ့ ရော်နယ်ဒိုဟာ လျင်မြန်ပြီး ဂိုးတွေလည်း သွင်းတတ်ပါတယ်။ သူ့ကိုမကြိုက်တဲ့ နည်းပြဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ တကယ်တော့ ကျွန်တော်တို့လည်း စောင့်ကြည့်နေတာပါ။ ဒါပေမယ့် ရော်နယ်ဒိုမှမဟုတ်ပါဘူး။ ကစားသမားအားလုံးကို စောင့်ကြည့်နေတာပါ။ အဲဒီလို ကစားသမားမျိုးတွေကို သိပ်မရတတ်ပါဘူး။ ရော်နယ်ဒိုဆိုရင်တော့ ကျွန်တော်တို့ စောင့်ပြီး မျှော်လင့်ရမှာပေါ့လေ” ဟု ယမန်နေ့က ၀က်ဖို့ဒ်အသင်းအား အနိုင်ရခဲ့သည့် ပွဲအပြီးတွင် ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    Ref: Goal

  • ဘာကာအားရှုံးလျှင် ဘင်နီတက်ဇ် ထုတ်ပယ်ခံရမည်ဟု သတင်းများထွက်ပေါ်

    ဘာကာအားရှုံးလျှင် ဘင်နီတက်ဇ် ထုတ်ပယ်ခံရမည်ဟု သတင်းများထွက်ပေါ်

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    bennitez

    – ယခုတစ်ပတ်တွင်ကစားမည့် ဘာစီလိုနာအသင်းနှင့် လာလီဂါပွဲတွင် ရှုံးနိမ့်ပါက ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်မှာ ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    ဘန်နီတက်ဇ်မှာ ရီးယဲလ်သို့ ရောက်လာစဉ်ကတည်းက ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ၎င်း၏ ခံစစ်ဦးစားပေး ကစားပုံမှာ အသင်းနှင့် လိုက်ဖက်မှုမရှိဟု အများစုက သုံးသပ်မှုများလည်း ရှိနေသည်။

    ရီးယဲလ်အသင်းပိုင်ရှင် ပီရက်ဇ်ကလည်း ဘင်နီတက်ဇ်၏ အခြေအနေကို စောင့်ကြည့်နေကာ ယခုတစ်ပတ် ဘာစီလိုနာနှင့်ပွဲ၌ ရှုံးနိမ့်ပါက နည်းပြအပြောင်းအလဲ ပြုလုပ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ဆိုသည်။

    ဘင်နီတက်ဇ် အထုတ်ခံရပါက ရီးယဲလ်အရန်အသင်းကို နည်းပြနေသည့် ရီးယဲလ်ကစားသမားဟောင်း ဇီဒိန်းက နည်းပြဖြစ်ရန် ရေပန်းစားနေသည်။ ဇီဒိန်းကလည်း ရီးယဲလ်နည်းပြရာထူးအား စိတ်ဝင်စားနေသည်။

    Ref: Goal