News @ M-Media

Tag: Laliga 2015-2016

  • အားပေးစကားအတွက် ပရိသတ်များကို မက်ဆီ ကျေးဇူးတင်

    အားပေးစကားအတွက် ပရိသတ်များကို မက်ဆီ ကျေးဇူးတင်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    messi

    – မိမိ၏ ဒဏ်ရာရမှုအတွက် အားပေးစကားပြောကြားသူများကို အလွန်ကျေးဇူးတင်သည်ဟု ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည်စနေနေ့က လာလီဂါပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့် မက်ဆီမှာ အနည်းဆုံး ၂ လခန့် အနားယူရမည်ဖြစ်ပြီး ယမန်နေ့က ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိတ်သတ်များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော့်ကို အားပေးစကားပြောကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘောလုံးကို ချစ်မြတ်နိုးတဲ့ဘယ်သူမဆို အခက်ခဲဆုံးအရာက ကွင်းထဲမှာ မရှိတာပါပဲ။ အခုအချိန်မှာတော့ ကောင်းကောင်းမွန်မွန်ပြန်လာနိုင်ဖို့ အားမွေးရမယ့်အချိန်ပါ။ ကျေးဇူးအထူးတင်ပါတယ်”

    Ref: Goal

  • ရှုံးပွဲမရှိ ဗီလာရီးယဲလ် ထိပ်ဆုံးရောက်လာတဲ့ လာလီဂါ ပွဲစဉ် ၆

    ရှုံးပွဲမရှိ ဗီလာရီးယဲလ် ထိပ်ဆုံးရောက်လာတဲ့ လာလီဂါ ပွဲစဉ် ၆

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    laliga 1

    – ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၆ မှာတော့ ရှုံးပွဲမရှိသေးတဲ့ ဗီလာရီးယဲလ် ထိပ်ဆုံးရောက်ခဲ့ပြီး အသင်းကြီးတွေကတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ကြပါဘူး။

    ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြပြီး ရှုံးပွဲမရှိသေးတဲ့ ဗီလာရီးယဲလ်တို့ ကစားရခက်တဲ့ အက်သလက်တီကို ကို အိမ်ကွင်းမှာအနိုင်ယူပြီး ဇယားထိပ်ကို ရောက်လာခဲ့ပါတယ်။ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ တိုက်စစ်ခံစစ် ပြောစရာမရှိခဲ့တဲ့ အိမ်ရှင်တို့ အနိုင်နဲ့ထိုက်တန်ခဲ့ပြီး၊ တစ်လုံးတည်းသော အနိုင်ဂိုးတော့ လီယို ဘက်တစ္စတာအိုက ပွဲအစ ၁၄ မိနစ်မှာ သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

    ရီးယဲလ်ရဲ့ အိမ်ကွင်း ဂိုးမရှိသရေရလဒ်ကတော့ ကံတရားကိုပဲ အပြစ်ပုံချရမှာပါ။ မာလာဂါကို တစ်ဖက်သတ်ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း မရေမတွက်နိုင်ခဲ့ဘဲ နောက်ဆုံး ၁၅ မိနစ်လောက်လည်း တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် လိုချင်တဲ့ဂိုး မရခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ မာလာဂါဂိုးသမား ကာမေနီရဲ့ အံ့ဖွယ်ကာကွယ်မှုကြောင့်လည်း ရီးယဲလ်တို့ ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပါတယ်။

    ပွဲစဉ် ၅ အထိ နိုင်ပွဲမရှိတဲ့ ယူရိုပါချန်ပီယံ ဆီးဗီးလား ဒီတစ်ပတ်မှာတော့ အိမ်ကွင်းမှာ ဗယ်လက်ကာနိုကို နောက်ကျအနိုင်ဂိုးနဲ့ ကံကောင်းစွာ နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်ဂိုးသွင်းထားနိုင်ပေမယ့် ဒုတိယပိုင်းမှာ ၂ ဂိုးပြန်ပေးခဲ့ရပြီး ဂိုးသမား ကောင်းလွန်တာကြောင့်သာ ဆီးဗီးလား အသက်ရှုချောင်ခဲ့တာပါ။ အနိုင်ဂိုးကိုတော့ ၈၆ မိနစ်မှ ရခဲ့တာဖြစ်ပါတယ်။

    ဘာစီလိုနာက laligaတန်းတက်လက်စ်ပါးလ်မက်စ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပေမယ့် ပွဲအစ ၁၀ မိနစ်မှာပဲ မက်ဆီဒဏ်ရာရကာ ပေးဆပ်မှု ကြီးမားခဲ့ပါတယ်။ ဆွာရက်ဇ်က အသင်းရတဲ့ ၂ ဂိုးစလုံးကို သွင်းပေးခဲ့ပြီး ၆၆ မိနစ်မှာ နေးမာက ပင်နယ်တီ မ၀င်ခဲ့ပါဘူး။
    လာလီဂါပွဲစဉ် ၆ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဗလင်စီယာ ၁-၀ ဂရာနာဒါ
    ဘာစီလိုနာ ၂-၁ လက်စ်ပါးလ်မက်စ်
    ရီးယဲလ် ၀-၀ မာလာဂါ
    ဗီလာရီးယဲလ် ၁-၀ အက်သလက်တီကို
    ဆီးဗီးလား ၃-၂ ဗယ်လက်ကာနို
    အိုက်ဘာ ၁-၁ ဆဲလ်တာဗီဂို
    စပို့တင်းဂီဂျွန် ၁-၂ ဘက်တစ်
    ဒီပို့တီဗို ၃-၀ အက်စပန်ညို
    ဂီတာဖေး ၃-၀ လီဗန်တေး
    ဆိုစီဒက် ၀- ၀ ဘီဘာအို

  • ဘာကာစတား မက်ဆီ မျှော်လင့်ထားသည့်ထက် ပိုမြန်မြန် ပြန်ကစားနိုင်မည်

    ဘာကာစတား မက်ဆီ မျှော်လင့်ထားသည့်ထက် ပိုမြန်မြန် ပြန်ကစားနိုင်မည်

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    messi

    – စနေနေ့က လက်စ်ပါးလ်မက်စ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပွဲတွင် ဘယ်ဘက်ဒူး၌ အရွတ်ဒဏ်ရာ ရသွားခဲ့သည့် တိုက်စစ်မှူး မက်ဆီမှာ ၂ လထက်မပိုဘဲ ပြန်ကောင်းလာမည်ဟု ဘာစီလိုနာ အသင်းဆရာဝန် ဒိုနာတို ဗီလာနီက ပြောကြားခဲ့သည်။

    ပွဲအစ မကြာခင်မှာပင် မက်ဆီမှာ လက်စ်ပါးလ်မက်စ်၏ နောက်ခံလူတစ်ဦးနှင့် ခိုက်မိကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းမပါဝင်နိုင်ခြင်းက ပြိုင်ဆိုင်မှုပြင်းထန်သည့် လာလီဂါတွင် မတိမ်းမစောင်းအောင် ကြိုးပမ်းနေရသည့် ဘာစီလိုနာအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ခဲ့သည်။

    ဗီလာနီကမူ ဒဏ်ရာမှာ ခွဲစိတ်ရန် လိုအပ်ပြီး မျှော်လင့်ထားသည်ထက်စောကာ သီတင်းပတ် ၆ ပတ်မှ၊ ၈ ပတ်အတွင်း ပြန်လည်ကစားနိုင်မည်ဟု ဆိုသည်။

    Ref: Goal

  • အသင်းငယ်တွေ ခြေစွမ်းပြခဲ့တဲ့ လာလီဂါ ပွဲစဉ် ၎

    အသင်းငယ်တွေ ခြေစွမ်းပြခဲ့တဲ့ လာလီဂါ ပွဲစဉ် ၎

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    laliga 4

    – ဒီတစ်ပတ် လာလီဂါပွဲစဉ် ၅ မှာတော့ ရှုံးပွဲမရှိသေးတဲ့ အသင်း ၇ သင်းက ၂ သင်းဟာ ရှုံးပွဲတွေ့ခဲ့ပြီး အသင်းကြီးတွေကတော့ ဆက်လက် ပန်းပန်လျက်ပါပဲ။

    နောက်ဆုံး ၃ ပွဲမှာ ၁၅ ဂိုးအထိ သွင်းထားတဲ့ ရီးယဲလ် အိမ်ကွင်းမှာ အသင်းငယ် ဂရာနာဒါကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ ဘန်ဇီမာက ၅၅ မိနစ်မှာ အသည်းအသန် သွင်းယူခဲ့ရတာပါ။ ပထမပိုင်းမှာ ဧည့်သည်အသင်းရဲ့ တန်ပြန်တိုက်စစ်က ထိရောက်ခဲ့ပြီး၊ ဂိုးသမားကလည်း ရီးယဲလ်ရဲ့ အပိုင်ဂိုးသွင်းခွင့်အချို့ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာက အိမ်ကွင်းမှာ မက်ဆီနဲ့ နေးမာတို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ လီဗန်တေးကို ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲ ဆက်ခဲ့ပါတယ်။

    ပွဲစဉ် ၄ အထိ ရှုံးပွဲမရှိသေးတဲ့ ဒီပို့တီဗိုက နိုင်ပွဲမရှိသေးတဲ့ တန်းတက် စပို့တင်းဂီဂျွန်ကို အိမ်ကွင်းမှာ ပထမပိုင်းသွင်းဂိုးတွေနဲ့ အံ့ဖွယ် အရှုံးပေးခဲ့ရပါတယ်။ ဒီနှစ်မှာ တန်းတက်လာပြီး ခြေစွမ်းပြကာ ရှုံးပွဲမရှိတဲ့ အိုက်ဘာတို့လည်း အက်သလက်တီကို ကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ဘဲ လာလီဂါ ပထမဆုံးအရှုံးကို မြည်းစမ်းခဲ့ရပါတယ်။

    ရာသီသစ်မှာlaliga 3 ခြေပျက်ပြီး နိုင်ပွဲမရသေးတဲ့ ဆီးဗီးလားက အိမ်ကွင်းမှာ ရှုံးပွဲမရှိတဲ့ ဆဲလ်တာဗီဂိုကိုရှုံးကာ ဇယားအောက်ဆုံးကို ရောက်သွားခဲ့ပါတယ်။
    လာလီဂါပွဲစဉ် ၄ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဂီတာဖေး ၁-၀ မာလာဂါ
    ရီးယဲလ် ၁-၀ ဂရာနာဒါ
    ဗလင်စီယာ ၀-၀ ဘက်တစ်
    အိုက်ဘာ ၀-၂ အက်သလက်တီကို
    ဆိုစီဒက် ၂-၃ အက်စပန်ညို
    ဆီးဗီးလား ၁-၂ ဆလ်တာဗီဂို
    ဒီပို့တီဗို ၂-၃ စပို့တင်းဂီဂျွန်
    ဗီလာရီးယဲလ် ၂-၁ ဘီဘာအို
    ဘာစီလိုနာ ၄-၁ လီဗန်တေး
    လက်စ်ပါးလ်မက်စ် ၀-၁ ဗယ်လက်ကာနို

  • ရှုံးပွဲမရှိ ၇ သင်းနဲ့အတူ အကြိတ်အနယ်ရှိတဲ့ လာလီဂါ ပွဲစဉ် ၃

    ရှုံးပွဲမရှိ ၇ သင်းနဲ့အတူ အကြိတ်အနယ်ရှိတဲ့ လာလီဂါ ပွဲစဉ် ၃

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    laliga 1

    – ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၃ မှာ ဘာစီလိုနာက တောင်အမေရိက တိုက်စစ်အတွဲ နေးမာနဲ့ မက်ဆီတို့ရဲ့ ဒုတိယပိုင်းဂိုးတွေနဲ့ အက်သလက်တီကိုကို အဝေးကွင်းမှာ အနိုင်ကစားက ၃ မှတ် ယူနိုင်ခဲ့ပါတယ်။ ကစားကွက်အသာရခဲ့တဲ့ ဘာကာဟာ ဒုတိယပိုင်းအစမှာ ဦးဆောင်ဂိုး အရင်ပေးလိုက်ရတာပါ။ ရီးယဲလ်ကတော့ အက်စ်ပန်ညိုကွင်းမှာ ၆ ဂိုးပြတ်ခဲ့ပြီး ရော်နယ်ဒိုက ၅ ဂိုး သွင်းပေးခဲ့ပါတယ်။ ဒီဂိုးတွေကြောင့် ရော်နယ်ဒိုဟာ ရီးယဲလ်ဂန္တ၀င်တိုက်စစ်မှူး ရာအူးလ်ရဲ့ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က အဆင့် ၁ နေရာမှာရှိခဲ့တဲ့ ဆဲလ်တာဗီဂိုဟာ ပထမပိုင်း မိနစ် ၂၀ မှာပဲ ၂ ဂိုးပြတ်နဲ့ တစ်ယောက်အသာ ကစားခဲ့ရပေမယ့် မထိန်းနိုင်တာကြောင့် တန်းတက် လက်စ်ပါလ်းမက်နဲ့ ၃ ဂိုးစီ သရေကျခဲ့ပါတယ်။

    ခြေစွမ်းကောင်ြးlaliga 3ပနေတဲ့ တန်းတက်အိုက်ဘာကတော့ မာလာဂါကို အဝေးကွင်းမှာ ခံစစ်အားပြုကစားခဲ့ပြီး သရေကျခဲ့တဲ့အတွက် ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ လာလီဂါ ၃ ပွဲအပြီးမှာ ထိပ်ဆုံးက ၅ သင်းနဲ့ ဒီပို့တီဗို၊ ဗလင်စီယာတို့ ရှုံးပွဲမရှိသေးဘဲ အကြိတ်အနယ်ရှိနေပါတယ်။

    လာလီဂါ ပွဲစဉ် ၃ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    လီဗန်တေး ၁-၁ ဆီးဗီးလား
    အက်စပန်ညို ၀-၆ ရီးယဲလ်
    စပို့တင်းဂီဂျွန် ၀-၁ ဗလင်စီယာ
    အက်သလက်တီကို ၁-၂ ဘာစီလိုနာ
    ရီးယဲလ်ဘက်တစ် ၁-၀ ဆိုစီဒက်
    ဂရာနာဒါ ၁-၃ ဗီလာရီးယဲလ်
    ဘီဘာအို ၃-၁ ဂီတာဖေး
    ဆဲလ်တာဗီဂို ၃-၃ လက်စ်ပါးလ်မက်စ်
    မာလာဂါ ၀-၀ အိုက်ဘာ
    ဗယ်လက်ကာနို ၁-၃ ဒီပို့တီဗို