News @ M-Media

Tag: Laliga 2015-2016

  • ဘန်ဇီမာရောက်လာပါက ကြိုဆိုမည်ဟု ဂျရူးပြော

    ဘန်ဇီမာရောက်လာပါက ကြိုဆိုမည်ဟု ဂျရူးပြော

    သြဂုတ် ၃၁၊ ၂၀၁၅
    M-Media

    real

    – ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာအား ခေါ်ပါက အာဆင်နယ်အတွက် ကောင်းမွန်မည်ဖြစ်ပြီး မိမိအနေဖြင့်လည်း ကြိုဆိုသွားမည်ဟု တိုက်စစ်မှူး ဂျရူးက ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ ဘန်ဇီမာအားခေါ်ယူရန် တစ်စိုက်မတ်မတ် ကြိုးစားနေပြီး အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးအချိန်အထိ ၀င်းဂါးက စောင့်ဆိုင်းနေသည်။

    ယခုနောက်ပိုင်းတွင်မှာ ဘန်ဇီမာမှာ မက်ဒရစ်တွင်သာ ဆက်လက်နေသွားမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဂျရူးကမူ တစ်နိုင်ငံတည်းသား တိုက်စစ်မှူး ဘန်ဇီမာ အာဆင်နယ်သို့ ရောက်လာပါက အသင်းအင်အား တောင့်တင်းသွားမည်ဟု ဆိုသည်။

    “နည်းပြ (၀င်းဂါးက) သူဘာလုပ်နေလဲဆိုတာ သူသိပါတယ်။ ပြီးတော့ တစ်ခါတစ်ရံမှာ မ၀ယ်ဖြစ်တာ၊ တစ်ခါတစ်ရံမှာ ရတာမလို၊ လိုတာမရဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့မှာ အရည်သွေးရှိတဲ့ ကစားသမားကောင်းတွေရှိပါတယ်။ ပြီးတော့ ဒီလူစာရင်းနဲ့ တော်တော်မြင့်မြင့်သွားနိုင်ပါတယ်။ ဒါပေမယ့် ကရင်မ် (ဘန်ဇီမာ) ကို စာချုပ်ချုပ်ရင်လည်း ကောင်းမှာပါ” ဟု ဂျရူးက belN Sports သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် အသင်းမှ ထွက်ခွာမည်မဟုတ်ဟုလည်း ဂျရူးက ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော် အသင်းကနေ ထွက်ခွာသွားနိုင်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ခင်ဗျားတို့ဖတ်ရရင် အံ့သြကြမှာပါ။ ဘာ့ကြောင်လည်းဆိုတော့ စားပွဲပေါ်မှာ ဘယ်တော့ မဖြစ်မလို့ပဲပါ။ အခု ကျွန်တော် ဒီမှာ အခြေအနေ ကောင်းနေပါတယ်။ ထပ်ပြောရရင် နှစ်တိုင်း အသင်းကို တိုက်စစ်မှူးသစ်ရောက်မယ်လို့ သတင်းထွက်နေကြပါပဲ”

    Ref: Goal

  • တိုက်စစ်မှူး ရော်ဒရီဂက်စ်ကို ရီးယဲလ်နည်းပြ ချီးကျူးခဲ့ပြီး ရော်နယ်ဒိုကို ကာကွယ်

    တိုက်စစ်မှူး ရော်ဒရီဂက်စ်ကို ရီးယဲလ်နည်းပြ ချီးကျူးခဲ့ပြီး ရော်နယ်ဒိုကို ကာကွယ်

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    real

    – ရီးယဲလ်ဘက်တစ်အသင်းအား ဂိုးပြတ်နှင့် အနိုင်ရခဲ့သည့်ပွဲတွင် ခြေစွမ်းပြခဲ့သော ရီးယဲလ်တိုက်စစ်မှူး ဂျိမ်းစ်ရော်ဒရီဂက်စ်ကို နည်းပြ ဘန်နီတက်ဇ်က ချီးကျူးလိုက်ပြီး ရော်နယ်ဒို၏ ဂိုးမသွင်းနိုင်မှုကိုလည်း ကာကွယ်ပြောဆိုခဲ့သည်။

    လာလီဂါအဖွင့်ပွဲတွင် တန်းတက် စပို့တင်းဂီဂျွန်အသင်းအား ဂိုးမရှိသရေသာ ရခဲ့သည့် ရီးယဲလ်မှာ ယမန်နေ့က ဘက်တစ်အား ၅ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲတွင် ရော်ဒရီဂက်စ်မှာ ဒုတိယမြောက်ဂိုးကို ဖရီးကစ်မှတစ်ဆင့် တိကျစွာ သွင်းယူပေးခဲ့ပြီး စတုတ္ထမြောက်ဂိုးကိုလည်း ဘိုင်စကယ်ကန်ချက်ဖြင့် လှလှပပ သွင်းယူပေးခဲ့သည်။

    တိုက်စစ်မှူးဘေးလ်လည်း ၂ ဂိုးသွင်းယူပေးခဲ့ပြီး၊ ဘင်ဇီမာက တစ်ဂိုးသွင်းယူပေးခဲ့ကာ ပြီးခဲ့သည့်ရာသီက ဂိုးသွင်းစက်ဖြစ်ခဲ့သည့် ရော်နယ်ဒိုမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိချေ။ ဘင်နီတက်ဇ်ကမှာ ခြေစွမ်းပြခဲ့သည့် တိုက်စစ်မှူးများကို ချီးကျူးခဲ့သည်။

    “ဂျိမ်းစ်ဟာ အခြားအသင်းဖော်တွေရဲ့ ကြံ့ခိုင်မှုမျိုးကို ရရှိနေပါပြီ။ သူ့ရဲ့ စွမ်းရည်ကို ငြင်းပယ်လို့ မရပါဘူး။ ဒီကောင်လေး ကစားနိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ငြင်းခုံစရာမရှိပါဘူး” ဟု ဘင်နီတက်ဇ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ရာသီသစ်တွင် ဂိုးပေါက်ပျောက်နေသည့် တိုက်စစ်မှူးရော်နယ်ဒိုကိုလည်း ၎င်းက ကာကွယ်ပြောကြားခဲ့သည်။

    “ရော်နယ်ဒိုဟာ ဂိုးပေါက်ကို ကန်သွင်းမှုအများဆုံး လုပ်တဲ့သူတစ်ယောက်ပါ။ တကယ်လို့ အသင်းဟာ အခွင့်အရေးတွေအများကြီးကို ဆက်လက်ဖန်တီးမယ်ဆိုရင် မကြာခင်သူဟာ ဂိုးလုံလုံလောက်လောက် သွင်းနိုင်မှာပါ”

    အန်ဆယ်လော့တီအား ထုတ်ပယ်ခဲ့ပြီးနောက် ခန့်အပ်ခဲ့သော်လည်း ရီးယဲလ်ပရိတ်သတ်များအကြား ကြိုက်နှစ်သက်မှုနည်းပါးသည့် ဘင်နီတက်ဇ်အတွက် ယခုနိုင်ပွဲမှာ ဖိအားလျော့ကျစေသည့် နိုင်ပွဲလည်းဖြစ်သည်။

    Ref: Goal

  • ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးရခြင်းကို အကြောက်ဆုံးဟု ရော်နယ်ဒိုပြော

    ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးရခြင်းကို အကြောက်ဆုံးဟု ရော်နယ်ဒိုပြော

    သြဂုတ် ၂၉၊ ၂၀၁၅
    M-Media

    rnl

    – မိမိ၏ အချိန်များကို မိသားစုဖြင့် ကုန်ဆုံးရခြင်းမှာ အရေးပါဆုံးဖြစ်ပြီး မိမိအကြောက်ဆုံးမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးခြင်းဖြစ်သည်ဟု ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    ရော်နယ်ဒိုတွင် အသက် ၅ နှစ်အရွယ် သားတစ်ဦးရှိပြီး ၎င်းကမူ မိမိအတွက် မိသားစုနှင့် သူငယ်ချင်းများထက် မည်သည့်အရာမှ ပို၍ အရေးမကြီးဟု ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းမှာ ပျော်ပျော်ရွှင်ရွှင်ဖြင့် အသက်ရှည်စွာဖြင့် နေလိုသည်ဟု ဆိုသည်။

    “ကျွန်တော်အကြောက်ဆုံက ငယ်ငယ်ရွယ်ရွယ်နဲ့ သေရမှာကိုပါပဲ။ ငယ်ငယ်လေးနဲ့ ကျွန်တော် မသေချင်ပါဘူး။ အသက် ၈၀၊ ၉၀ အရွယ်လောက်မှ သေချင်ပါတယ်။ ကျွန်တော့် မိသားစု၊ သူငယ်ချင်းတွေနဲ့ ရိုးရိုးကိစ္စလေးတွေလုပ်ဖို့ ကြိုးစားပါတယ်။ တတ်နိုင်သလောက် ကျွန်တော် သာမန်လိုနေဖို့ ကြိုးစားပါတယ်။ ကျွန်တော် အနှစ်သက်ဆုံး အချိန်ကုန်ဆုံးခြင်းကတော့ သားနဲ့ ကစားတဲ့အချိန်ပါပဲ” ဟု ရော်နယ်ဒိုက Libero သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိပတ်ဝန်းကျင်ရှိ လူများမှာ မိမိအား အမြဲတမ်း လှုံ့ဆော်ပေးပြီး၊ ကောင်းမွန်သော စိတ်နေစိတ်ထားကို ဖြစ်စေကာ အပြုသဘောဆောင်သည့် စွမ်းအားများကိုလည်း ပေးကြောင်း၊ ထိုအရာများမှာ မိမိအတွက် အရေးပါဆုံးဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “အချိန်တွေကို ပျော်ရွှင်အောင် ကျွန်တော် ကြိုးစားပါတယ်။ ဘောလုံးကစားရတာကို ကျွန်တော်ကြိုက်ပြီး၊ ကျွန်တော်ပျော်ရွှင်သလောက် ပရိတ်သတ်တွေကိုလည်း ပျော်ရွှင်စေချင်ပါတယ်”

    Ref: Goal

  • နေးမာကို အသင်း၌ပင် အနားယူစေချင်သည်ဟု ဘာကာဥက္ကဌဆို

    နေးမာကို အသင်း၌ပင် အနားယူစေချင်သည်ဟု ဘာကာဥက္ကဌဆို

    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media

    naymar

    – မန်ယူက ခေါ်ယူရန် အလွန်အမင်း စိတ်ဝင်စားနေသည့် နေးမာအား အသင်းတွင်ပင် ကစားသမားဘ၀ကို အဆုံးသတ်စေချင်သည်ဟု ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ပြောကြားလိုက်သည်။

    နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မန်ယူမှာ နေးမာအား စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စဉ်းစားနေပြီး နေးမာကလည်း အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသည်ဟု သတင်းများက ဖော်ပြကြသည်။

    သို့သော်လည်း ဘာတိုမြူကမူ မိမိတို့မှာ ပြီးခဲ့သည့်နှစ် ဖလားသုံးလုံးရခဲ့မှုအတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော နေးမာအား ရောင်းချရန် စိတ်ကူးမရှိဘဲ မကြာမီ နေးမာအား ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမည်ဟု ဆိုသည်။

    “နေးမာ အသင်းကထွက်ခွာသွားတာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ သူက ငယ်သေးပြီး အသင်းမှာပဲ ကစားသမားဘ၀ အဆုံးသတ်စေချင်ပါတယ်။ လာမယ့်လပိုင်းအချိန်လောက်မှာ ကျွန်တော်တို့ဟာ နေးမာကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးသွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူ ဒီမှာ ရှိကိုရှိနေရမှာပါ။ နောက်ထပ် ၃ နှစ်မဟုတ်ပါဘူး၊ လေးငါးဆယ်နှစ်လောက်ပါ” ဟု ဘာတိုမြူက Radio Catalunya သို့ ပြောကြားခဲ့သည်။

    နေးမာမှာ ဘာစီလိုနာသို့ ၂၀၁၃ ခုနှစ်က ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြဿနာနှင့် အပြောင်းအရွှေ့အရှုပ်အထွေး ပြဿနာများကို ရင်ဆိုင်ခဲ့ရသည့် နေးမာမှာ ပထမဆုံးရာသီတွင် အကောင်းဆုံးပုံစံပြသရန် ရုန်းကန်ခဲ့ရသည်။

    သို့သော်လည်း ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ထင်ရှားသည့်ကစားသမား ဖြစ်လာခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် ဘာစီလိုနာအတွက် ၅၁ ပွဲကစားကာ ၃၉ ဂိုး သွင်းယူနိုင်ခဲ့သည်။

    Ref: Goal

  • ဘာကာ၊ အက်သလက်တီကိုတို့ အဖွင့်လှခဲ့ပြီး၊ ရီးယဲလ် ၁ မှတ်သာရခဲ့တဲ့ လာလီဂါပွဲစဉ် ၁

    ဘာကာ၊ အက်သလက်တီကိုတို့ အဖွင့်လှခဲ့ပြီး၊ ရီးယဲလ် ၁ မှတ်သာရခဲ့တဲ့ လာလီဂါပွဲစဉ် ၁

    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media

    liga

    – စပိန်လာလီဂါရဲ့အဖွင့်ပွဲစဉ်တွေကို ဒီတစ်ပတ်မှာ စတင်ကစားခဲ့ပြီး ဘင်နီတက်ဇ်ရဲ့ ရီးယဲလ်မက်ဒရစ်က တန်းတက် စပို့တင်းဂီဂျွန်အသင်းကို ဂိုးမရှိသရေသာ ရခဲ့ပါတယ်။ ကစားကွက်အသာရပြီး ရော်နယ်ဒို၊ ဘေးလ်တို့ အပိုင်ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

    ဘာစီလိုနာက စပိန်စူပါဖလားရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီး ဘီဘာလ်အိုကို ဆွာရက်ဇ်ရဲ့ ၅၄ မိနစ်သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ၃၁ မိနစ်မှာ မက်ဆီ ပင်နယ်တီရခဲ့ပေမယ့် ဘီဘာအိုဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ အက်သလက်တီကိုက အိမ်ကွင်းမှာ ကံကောင်းခဲ့ပြီး ဂရီဇ်မန်ရဲ့ ၁၆ မိနစ် ဖရီးကစ်ဂိုး လူထိလမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ အဲဒီတစ်ဂိုးနဲ့ တန်းတက် လက်စ်ပါးလ်မက်စ်အသင်းကို အနိုင်ရခဲ့တာပါ။ တန်းတက်အသင်းရဲ့ ဂိုးသွင်းခွင့်အချို့ ဘားထိထွက်တာ၊ ဂိုးသမား အိုဘလက် တားဆီးနိုင်တာတွေကြောင့်လည်း သက်သာရာရခဲ့တာဖြစ်ပါတယ်။ တန်းတက်အသင်းတွေထဲမှာတော့ အိုက်ဘာအသင်းဟာ အဝေးကွင်းမှာ ဂရာနာဒါကို အံဖွယ် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ liga 3ယူရိုပါချန်ပီယံ ဆီးဗီးလားကတော့ အနိုင်ရသင့်ခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် မာလာဂါနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။
    လာလီဂါအဖွင့်ပွဲစဉ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မာလာဂါ ၀-၀ ဆီးဗီးလား
    ဒီပို့တီဗို ၀-၀ ဆိုစီဒက်
    အက်စ်ပန်ညို ၁-၀ ဂီတာဖေး
    အက်သလက်တီကို ၁-၀ လက်စ်ပါးလ်မက်စ်
    ဗယ်လက်ကာနို ၀-၀ ဗလင်စီယာ
    ဘီဘာအို ၀-၁ ဘာစီလိုနာ
    စပို့တင်းဂီဂျွန် ၀-၀ ရီးယဲလ်
    လီဗန်တေး ၁-၂ ဆဲလ်တာဗီဂို
    ဘက်တစ် ၁-၁ ဗီလာရီးယဲလ်
    ဂရာနာဒါ ၁-၃ အိုက်ဘာ