News @ M-Media

Tag: Laliga 2015-2016

  • ရော်နယ်ဒိုမှာ သမိုင်းတွင် နေရာတစ်နေရာ ရခဲ့ပြီဟု ဘင်နီတက်ဇ်ပြော

    ရော်နယ်ဒိုမှာ သမိုင်းတွင် နေရာတစ်နေရာ ရခဲ့ပြီဟု ဘင်နီတက်ဇ်ပြော

    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    rnd

    – အက်စ်ပန်ညိုနှင့်ပွဲတွင် ဂိုးမြူးခဲ့သည့် ရော်နယ်ဒိုအား ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်က ချီးကျူးလိုက်ပြီး သမိုင်းတွင် နေရာတစ်နေရာ ရခဲ့ပြီဟု ပြောကြားခဲ့သည်။

    ယမန်နေ့က ကစားခဲ့သည့် ထိုပွဲတွင် ရီးယဲလ်မှာ ၆ ဂိုး ပြတ်ဖြင့် အနိုင်ရခဲ့ပြီး ပြီးခဲ့သည့်ပွဲများတွင် ဂိုးပေါက်ပျောက်မှုအတွက် ဝေဖန်ခံနေရသည့် ရော်နယ်ဒိုက ၅ ဂိုး သွင်းယူပေးခဲ့သည်။

    ထို့ကြောင့် ရော်နယ်ဒိုမှာ ရီးယဲလ်အတွက် ပွဲပေါင်း ၂၀၃ ပွဲကစားခဲ့ပြီး ဂိုး ၂၃၀ သွင်းယူထားနိုင်ကာ ဂန္တ၀င်တိုက်စစ်မှူး ရာအူးလ်၏ ရီးယဲလ်အတွက် သွင်းဂိုးအများဆုံးစံချိန် ၂၂၈ ဂိုးကို ကျော်ဖြတ်သွားပြီးဖြစ်သည်။ ရာအူးလ်မှာ ထိုစံချိန်အတွက် ပွဲပေါင်း ၅၅၀ ကစားခဲ့ရသည်။

    နည်းပြဘင်နီတက်ဇ်ကမူ ရော်နယ်ဒိုကို ချီးကျူးခဲ့ပြီး ရော်နယ်ဒိုမှာ သမိုင်းတွင် နေရာတစ်နေရာ ရခဲ့ပြီဟု ဆိုသည်။ သို့သော်လည်း အသင်းမှာ မပြည့်စုံသေးဟု ပြောကြားခဲ့သည်။

    “သွင်းဂိုးအရေအတွက်တွေက စကားပြောနေပါတယ်။ သမိုင်းမှာ သူက နေရာတစ်နေရာ ရှိခဲ့ပါပြီ။ သူ့ရဲ့ မှတ်တမ်းတွေကို ထပ်ပေါင်းထည့်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီလိုရလဒ်နဲ့ အောင်မြင်မှုရတဲ့အခါ အသင်းအကြောင်းကို ကျွန်တော်ပြောရမယ်ဆိုရင်၊ ရော်နယ်ဒို ၅ ဂိုး သွင်းပြီး ၆ ဂိုးပြတ်နဲ့ နိုင်တာကို မီးမောင်းထိုးပြတာကလွဲလို့ ဘာမှ မရှိပါဘူး။ တိုးတက်ဖို့ လိုတာတွေက အမြဲတမ်းရှိနေပြီး ဒါတွေကို ကျွန်တော်တို့ လုပ်ရမှာပါ” ဟု ဘင်နီတက်ဇ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ရီးယဲလ်မှာ လာလီဂါ ၃ ပွဲကစားပြီးချိန်တွင် ၁၁ ဂိုး သွင်းယူထားနိုင်ပြီး ပေးဂိုးမရှိသေးဘဲ၊ ဘင်နီတက်ဇ်က ထိုမျှတမှုအတွက် ကျေနပ်သည်ဟုဆိုသည်။

    Ref: Goal

  • ရော်နယ်ဒိုကိုခေါ်ယူရန် ယူရို ၁ ဘီလီယံ သုံးရမည်ဟု ရီးယဲလ် သတိပေး

    ရော်နယ်ဒိုကိုခေါ်ယူရန် ယူရို ၁ ဘီလီယံ သုံးရမည်ဟု ရီးယဲလ် သတိပေး

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    rnl

    – မိမိတို့ တိုက်စစ်မှူး ရော်နယ်ဒိုအား ခေါ်ယူချင်ပါက ပီအက်စ်ဂျီအသင်းမှာ ယူရို ၁ ဘီလီယံ အသုံးပြုရမည်ဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က သတိပေး ပြောကြားလိုက်သည်။

    ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းမှာ လွန်ခဲ့သည့် ၂ နှစ်စလုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည့် ရော်နယ်ဒိုအား ခေါ်ယူရန် အချိန်အတော်အကြာကတည်းက ကြိုးပမ်းနေခဲ့ပြီး လာမည့်နှစ် နွေရာသီတွင် အရ ခေါ်ယူသွားမည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေသည်။

    သို့သော်လည်း ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ကမူ ပီအက်စ်ဂျီအနေဖြင့် ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးကို မပေးနိုင်သမျှ ကာလပတ်လုံး မိမိတို့အသင်း၏ တိုက်စစ်မှူးကို ခေါ်ယူရန် အခွင့်အရေးမရှိဟု ပြောကြားခဲ့သည်။

    “တကယ်လို့ ပီအက်စ်ဂျီဟာ ရော်နယ်ဒိုကို ခေါ်ချင်ရင် ယူရို ၁ဘီလီယံလောက် ပေးရပါမယ်။ ဘောလုံးလောကမှာ ဘယ်သူမှ ဆရာမရှိပါဘူး။ ဒါပေမယ့် သူ့ကို ကျွန်တော်တို့ ၂၀၁၆ မှာလည်း မရောင်းချင်ပါဘူး။ သူ့နဲ့ စာချုပ် ၃ နှစ်လောက် ကျန်နေပါသေးတယ်” ဟု ပီရက်စ်က Cadena COPE သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ပရိတ်သတ်များ၏ ညိုငြင်မှုကို ခံနေရသည့် နောက်ခံလူ ဂျရတ်ပီကေးနှင့်ပတ်သက်သော ကောလဟာလများ အကြောင်းကိုလည်း ပီရက်ဇ်က ကာကွယ်ပြောကြားခဲ့သည်။

    “လူဟာ တစ်ခါတစ်လေမှာ အမှားလုပ်တတ်တာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကွင်းထဲမှာ ၀ိုင်းလှောင်တာကတော့ မှန်တယ်လို့ ယူဆလို့ မရပါဘူး။ စပိန်အသင်းအင်္ကျီကို ၀တ်မထားတဲ့ သူကိုတောင်မှ ဒီလိုမလုပ်ရပါဘူး။ ကျွန်တော် သူ့အတွက် စိတ်မကောင်းပါဘူး”

    Ref: Goal

  • ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု မိုယက်စ်ပြော

    ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု မိုယက်စ်ပြော

    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media

    moyes

    – ရီးယဲလ်ဆိုစီဒက်အသင်းတွင်သာ ဆက်နေရန်အတွက် နွေရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်ကလပ်အသင်းများမှ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့သည်။

    မန်ယူအသင်းတွင် ၁၀ လတာ နည်းပြတာဝန်ယူခဲ့သည့် မိုယက်စ်မှာ အောင်မြင်မှုရရှိအောင် မစွမ်းဆောင်နိုင်သောကြောင့် ပြီးခဲ့သည့်နှစ် ဧပြီလတွင် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ထို့နောက် နိုဝင်ဘာလတွင် လာလီဂါကလပ် ဆိုစီဒက်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ တန်းဆင်းဇုန်နား ရောက်နေသည့်အသင်းကို အဆင့် ၁၂ ဖြင့် ရာသီသိမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။

    မိုယက်စ်ကမူ နွေရာသီတွင် မိမိအား အင်္ဂလိပ်ကလပ်အသင်းများက ခေါ်ယူရန် ဆက်သွယ်ခဲ့သော်လည်း မိမိအနေဖြင့် ဆိုစီဒက်တွင်သာ သာပျော်ရွှင်ပြီး၊ လာလီဂါအတွေ့အကြုံကို နှစ်ချိုက်သဘောကျသည်ဟု ပြောကြားခဲ့သည်။

    “ဒီနွေရာသီမှာ ကျွန်တော်ဟာ ပရီးမီးယားလိဂ်ကို ပြန်ဖို့ ကမ်းလှမ်းမှုအများကြီး ရခဲ့ပါတယ်။ ဒါပေမယ့် ဒီမှာပဲနေဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီအလုပ်ကို ကျွန်တော်ယုံကြည်ပြီး၊ ကစားသမားတွေကိုလည်း ကျွန်တော် ယုံလို့ပါ။ သူတို့နဲ့ အခု ကျွန်တော် တော်တော် ရင်းနှီးကျွမ်းဝင်နေပါပြီ” ဟု မိုယက်စ်က El Diario Vasco သို့ ပြောကြားခဲ့သည်။

    ဆိုစီဒက်မှာ လာလီဂါအဖွင့်ပွဲစဉ် ၂ ခုတွင် သရေသာရခဲ့ပြီး မိုယက်စ်ကမူ ၎င်း၏အသင်းမှာ ယခုနှစ်တွင် မြင့်မားသည့်အဆင့်ကို လှမ်းနိုင်မည်ဟု ဆိုသည်။

    Ref: Goal

  • မက်ဆီအောင်မြင်ရန်အတွက် ရော်နယ်ဒိုလိုသည်ဟု ကလွိုက်ဗတ် ပြော

    မက်ဆီအောင်မြင်ရန်အတွက် ရော်နယ်ဒိုလိုသည်ဟု ကလွိုက်ဗတ် ပြော

    စက်တင်ဘာ ၆၊ ၂၀၁၅
    M-Media

    messi

    – ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသာ မရှိပါက မက်ဆီမှာ ယခုကဲ့သို့ ကောင်းလာမည်မဟုတ်ဘဲ မက်ဆီအတွက် ရော်နယ်ဒိုလိုအပ်သည်ဟု ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ကလွိုက်ဗတ်က ပြောကြားလိုက်သည်။

    မက်ဆီမှာ ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပြီး ဘာစီလိုနာနှင့် ဖလား ၃ လုံး ရရှိခဲ့သည်။ ၎င်း၏ ထိုစွမ်းဆောင်ရည်ကြောင့် ပြီးခဲ့သည့်လအတွင်းက ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ရော်နယ်ဒိုကိုကျော်ကာ ဆွတ်ခူးရရှိခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့် ၂ နှစ်အတွင်း ရော်နယ်ဒိုဆွတ်ခူးခဲ့သော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆုကိုလည်း ယခုနှစ်တွင် ရရှိရန် ရေပန်းစားနေသည်။ စပိန်ရှိ ခါးသီးသော ပြိုင်ဘက်များဖြစ်သည့် ရီးယဲလ်နှင့် ဘာစီလိုနာတို့တွင် ၎င်းတို့နှစ်ဦး ကစားနေမှုကလည်း ၎င်းတို့ကြားရှိ ပြိုင်ဆိုင်မှုကို မြင့်တက်စေသည်။

    ကလွိုက်ဗတ်ကမူ မက်ဆီ၏ အောင်မြင်မှုအတွက် ရော်နယ်ဒိုမှာ မရှိမဖြစ်ဟု ဆိုသည်။

    “မက်ဆီဟာ သူ့ရဲ့ ဘောလုံးကစားဟန်နဲ့ပတ်သက်ပြီး မတူညီတဲ့ အနေအထားကို ရောက်နေပါတယ်။ ဒါပေမယ့် သူဟာ ရော်နယ်ဒိုလို တစ်ယောက်ယောက်ကို အလျင်အမြန် လိုအပ်နေပါတယ်။ သူဟာ ပွဲတိုင်းကို စိန်ခေါ်မှုတစ်ခုအဖြစ်၊ အာပေးအားမြှောက်အဖြစ် လုပ်ပေးနိုင်မယ့် လူတစ်ယောက်ယောက် လိုပါတယ်။ နှစ်ယောက်စလုံးဟာ ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်ပြီး အားလုံးထက်လည်း သာပါတယ်” ဟု ကလွိုက်ဗတ်က Voetbal Zone သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီမှာ ၎င်း၏ အသင်းဖော်များမရှိဘဲ မည်သည့်အရာမှ စွမ်းဆောင်နိုင်မည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ကလွိုက်ဗတ်မှာ လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် ၁၄၈ နေရာတွင်ရှိသော ကာရစ်ဘီယံမှ ကူရာကာအိုနိုင်ငံ လက်ရွေးစင်အသင်းကို နည်းပြနေပြီး ဘာစီလိုနာအသင်း၏ နည်းပြရာထူးကိုလည်း မျက်စပစ်နေသည်။

    “တကယ်ပါ။ ဘာစီလိုနာနည်းပြဖြစ်ဖို့ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်ပါ။ ပြီးတော့ ဒါဟာ တော်တော်အလှမ်းကွာဝေးတဲ့ ဖြစ်နိုင်ခြေဆိုတာကိုလည်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဘာဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မလဲဗျာ”

    Ref: Goal

  • အသင်းငယ်နှစ်သင်း ဇယားကိုဦးဆောင်နေတဲ့ လာလီဂါပွဲစဉ် ၂

    အသင်းငယ်နှစ်သင်း ဇယားကိုဦးဆောင်နေတဲ့ လာလီဂါပွဲစဉ် ၂

    စက်တင်ဘာ ၁၊ ၂၀၁၅
    M-Media

    laliga 2

    – ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၂ မှာ အဖွင့်ပွဲက မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ ရီးယဲလ် အိမ်ကွင်းမှာ ပေါက်ကွဲပြခဲ့ပြီး ရီးယဲဘက်တစ်ကို ၅ ဂိုး ပြတ်ခဲ့ပါတယ်။ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဘေးလ်နဲ့ ရော်ဒရီဂက်စ်တို့က ၂ ဂိုးစီသွင်းခဲ့ပြီး ဘန်ဇီမာက တစ်ဂိုး သွင်းခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ရာသီသစ်မှာ ဂိုးပေါက်ပျောက်နေဆဲပါပဲ။

    ခံစစ်ကို ပိတ်ထားပြီး အံ့သြလောက်စရာစွမ်းရည်ကို ပြခဲ့တဲ့ ဂိုးသမားနဲ့ မာလာဂါကို ဘောလုံးပိုင်ဆိုင်မှုအသာရတဲ့ ဘာစီလိုနာတို့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး ဗာမေလန်ရဲ့ ၇၃ မိနစ် ဂိုးကြောင့် ရာသီသစ် ရာနှုန်းပြည့်နိုင်ပွဲ ရရှိခဲ့ပါတယ်။

    တန်းတက် အီဘာနဲ့ ဆဲလ်တာဗီဂိုတို့ဟာလည်း ပြိုင်ဘက်တွေကို ဂိုးပြတ်တွေနဲ့ အသီးသီး နှိပ်ကွပ်ခဲ့ပြီး နှစ်ပွဲနိုင် ၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ယူရိုပါချန်ပီယံ ဆီးဗီးလားဟာ အိမ်ကွင်းမှာ အက်သလက်တီကို ကို ဂိုးပြတ်ရှုံးခဲ့ပြီး၊ ဗလင်စီယာကလည်း ဒီတစ်ပတ်မှာ သရေထပ်ကျခဲ့ပါတယ်။

    လာလီဂါပွဲစဉ် ၂laliga 1 ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဗီလာရီးယဲလ် ၃-၁ အက်စပန်ညို
    ရီးယဲလ်ဆိုစီဒက် ၀-၀ စပို့တင်းဂီဂျွန်
    ဘာစီလိုနာ ၁-၀ မာလာဂါ
    ဆဲလ်တာဗီဂို ၃-၀ ဗယ်လက်ကာနို
    ရီးယဲလ် ၅-၀ ဘက်တစ်
    အီဘာ ၂-၀ ဘီဘာအို
    ဗလင်စီယာ ၁-၁ ဒီပို့တီဗို
    ဆီးဗီးလား ၀-၃ အက်သလက်တီကို
    ဂီတာဖေး ၁-၂ ဂရာနာဒါ
    လက်စ် ပါးလ်မက်စ် ၀-၀ လီဗန်တေး