စက်တင်ဘာ ၁၀၊ ၂၀၁၅
M-Media
– မိမိတို့ တိုက်စစ်မှူး ရော်နယ်ဒိုအား ခေါ်ယူချင်ပါက ပီအက်စ်ဂျီအသင်းမှာ ယူရို ၁ ဘီလီယံ အသုံးပြုရမည်ဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က သတိပေး ပြောကြားလိုက်သည်။
ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းမှာ လွန်ခဲ့သည့် ၂ နှစ်စလုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည့် ရော်နယ်ဒိုအား ခေါ်ယူရန် အချိန်အတော်အကြာကတည်းက ကြိုးပမ်းနေခဲ့ပြီး လာမည့်နှစ် နွေရာသီတွင် အရ ခေါ်ယူသွားမည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေသည်။
သို့သော်လည်း ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ကမူ ပီအက်စ်ဂျီအနေဖြင့် ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးကို မပေးနိုင်သမျှ ကာလပတ်လုံး မိမိတို့အသင်း၏ တိုက်စစ်မှူးကို ခေါ်ယူရန် အခွင့်အရေးမရှိဟု ပြောကြားခဲ့သည်။
“တကယ်လို့ ပီအက်စ်ဂျီဟာ ရော်နယ်ဒိုကို ခေါ်ချင်ရင် ယူရို ၁ဘီလီယံလောက် ပေးရပါမယ်။ ဘောလုံးလောကမှာ ဘယ်သူမှ ဆရာမရှိပါဘူး။ ဒါပေမယ့် သူ့ကို ကျွန်တော်တို့ ၂၀၁၆ မှာလည်း မရောင်းချင်ပါဘူး။ သူ့နဲ့ စာချုပ် ၃ နှစ်လောက် ကျန်နေပါသေးတယ်” ဟု ပီရက်စ်က Cadena COPE သို့ ပြောကြားခဲ့သည်။
ထို့ပြင် ပရိတ်သတ်များ၏ ညိုငြင်မှုကို ခံနေရသည့် နောက်ခံလူ ဂျရတ်ပီကေးနှင့်ပတ်သက်သော ကောလဟာလများ အကြောင်းကိုလည်း ပီရက်ဇ်က ကာကွယ်ပြောကြားခဲ့သည်။
“လူဟာ တစ်ခါတစ်လေမှာ အမှားလုပ်တတ်တာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကွင်းထဲမှာ ၀ိုင်းလှောင်တာကတော့ မှန်တယ်လို့ ယူဆလို့ မရပါဘူး။ စပိန်အသင်းအင်္ကျီကို ၀တ်မထားတဲ့ သူကိုတောင်မှ ဒီလိုမလုပ်ရပါဘူး။ ကျွန်တော် သူ့အတွက် စိတ်မကောင်းပါဘူး”
Ref: Goal
Leave a Reply
You must be logged in to post a comment.